ခွန်းသ၏ပူဆာမှုကြောင့် မိမိအိမ်ရှိနေသည့်အထပ်အားကျော်ပြီး
ခွန်းသ၏အိမ်သို့လိုက်လာသည် ။ လွယ်အိတ်ကလေးကိုချပြီး ကုတင်ပေါ်ကိုပစ်လှဲလိုက်သည် ။ ကားစီးရတာတစ်ကိုယ်လုံးညောင်းချိ
နေသည်များကအခုလိုခြေဆန့်လက်ဆန့်ပစ်လှဲလိုက်တော့တကယ်ကို
အရသာရှိလွန်းသည် ။ ခွန်းသကခွန်လေး၏ဘေးနားတွင်ဝင်လှဲလိုက်သည် ။"ကိုကို့မေမေကကျွန်တော်တို့ကိုကန့်ကွက်မယ်ထင်တယ်နော်"
"အင်း ဒါကကိုယ်တို့ရင်ဆိုင်ရမယ့်အရာပဲလေ ၊ ဘယ်လိုအခြေအနေတွေပဲကြုံလာကြုံလာ အသေချာဆုံးတစ်ခုကတော့ကိုကိုခွန်လေး
နဲ့ဘယ်တော့မှလမ်းခွဲမှာမဟုတ်ဘူး""ဒါဆို ကိုကို့ကိုမာမားနဲ့မိတ်ဆက်ပေးချင်တယ် ၊ ပြီးရင်ကျွန်တော့်
အိမ်ကိုသွားရအောင်လေ"ခွန်းသကခွန်လေးကိုပြုံးပြီးကြည့်နေသည် ။ ခွန်လေး၏နဖူးလေးကိုခပ်ဖွဖွလေးနမ်းလိုက်သည် ။ ခရီးကပြန်လာတော့ရေချိုးပစ်
လိုက်ပြီး ခွန်လေးတို့အိမ်ရှိသည့်အောက်ထပ်သို့ဆင်းလာလိုက်သည်။
မာမားကတံခါးလာဖွင့်ပေးသည် ။"ဟယ် သားငယ် ဘယ်တုန်းကပြန်ရောက်တာလဲ ၊ မာမားကိုဖုန်း
ဆက်လိုက်ရင် လာကြိုမှာပေါ့ ၊ သြော် ဧည့်သည်လည်းပါလာတာပဲ"ခွန်လေးအနောက်ကနေခွန်းသလိုက်ဝင်လာသည် ။ သူ့ရဲ့လွယ်အိတ်
ကလေးကိုအခန်းထဲသွားထားပြီးပြန်ထွက်လာသည် ။ ခွန်းသဘေးနားတွင်ဝင်ထိုင်လိုက်သည် ။ မာမားနဲ့ပါပါးကမျက်နှာချင်းဆိုင်တွင်
ထိုင်နေသည် ။"မာမား ပါပါး သား ..... သားပြောစရာရှိတယ်"
"ပြောလေသားငယ် ၊ မာမားတို့နားထောင်နေတယ်"
"ဟို ဟို သား သားမှာ သားမှာ ....."
"သားငယ်ရယ် သားမှာချစ်သူရှိပါတယ် ၊ အဲ့တာကလည်းယောကျာ်း
လေးပါ ၊ သားဘေးနားမှာထိုင်နေတဲ့သူပါလို့ပြောမလို့မလား""မာမား ! မာမားက ......"
ခွန်းသတော့တုပ်တုပ်မျှမလှုပ်နိုင် ။ စိတ်တွေလှုပ်ရှားပြီးစကားတစ်
ခွန်းမှပြောမထွက် ။ မာမားကခွန်လေးဘေးနားကိုရောက်လာသည်။
ခွန်လေးလက်ကိုဆုပ်ကိုင်လိုက်သည် ။
YOU ARE READING
SHADOW
RomanceYou can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သျှားခွန်းသ & တံခွန်သစ် From 8. 10. 2019 To 20. 4. 2020