မိန်းကလေးတစ်ယောက်ကလေးလေး၏လက်ကိုတွဲပြီးဆေးရုံထဲသို့ဝင်လာသည် ။ ထိုမိန်းကလေးသည်မြန်မာဝတ်စုံပန်းရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားသည် ။ ထိုမိန်းကလေးဝင်လာသည်ကိုသူနာပြုမလေးတွေကလိုက်ငေးကြည့်နေသည် ။
သိပ်လှလွန်းသည့်မိန်းကလေးပဲ ...... ။
ထိုမိန်းကလေးကခွဲစိတ်ဌာနဘက်ကိုဦးတည်၍သွားနေသည် ။ ခွဲစိတ်ဌာနတွင် ခွန်လေးနဲ့တွေ့လေသည် ။
"ဒီမှာ ဒီမှာ"
ဌာနထဲမှထွက်သွားသည့်ခွန်လေးကိုသူမ မြင်လိုက်တော့လှမ်းခေါ်လိုက်သည် ။ ခွန်လေးက လှည့်ကြည့်လိုက်သည် ။ ထိုမိန်းကလေးရဲ့အလှမှာခွန်လေးခေတ္တခဏမြောပါသွားသေးသည် ။
"ဒီမှာလေ ကိုခွန်းရှိလားမသိဘူး ၊ ဒေါက်တာသျှားခွန်းသကိုမေးတာပါ"
ထိုမိန်းကလေးအသံကြားမှ သူသတိပြန်ဝင်လာပြီး ခေါင်းတွေချည်းဇွတ်အတင်းညိမ့်ပြနေတော့သည် ။ ထိုမိန်းကလေးကခွန်လေးကိုကြည့်ပြီးပြုံးပြသည် ။ ခွန်လေးလည်းပြန်ပြုံးပြလိုက်သည် ။
"အထဲမှာရှိပါတယ် ၊ ဝင်သွားလိုက်နော်"
"ဟုတ်ကဲ့ ကျေးဇူးပါနော်ကိုတံခွန်သစ်"
ထိုမိန်းကလေးကပြုံးစိစိနဲ့သူ့ကိုကြည့်သွားပြီးအထဲသို့ဝင်သွားသည် ။ သူ့နာမည်ကိုခေါ်သွားတော့သူလည်းကြောင်တောင်တောင်ဖြစ်သွားရသည် ။
နာမည်ကိုဘယ်လိုလုပ်သိနေတာလဲ ..... ။ သူမကိုလည်းမြင်ဖူးနေလိုက်တာ ..... ။ သြော် ကိုကို့ရဲ့ဇနီးလားမသိဘူး ..... ။
"ဟာ ရောက်လာကြတာအစောကြီးပါလား"
ထိုမိန်းကလေးအထဲကိုဝင်လာတာနဲ့ ခွန်းသကထိုင်နေရာမှထပြီးကလေးကိုကောက်ချီလိုက်သည် ။
"ဦးငယ် တားတားဆေးမရှစ်ချင်တော့ဝူး"
(ဦးငယ် သားသားဆေးမစစ်ချင်တော့ဘူး)"အို သားကဘာလို့ဆေးမစစ်ချင်ရတာလဲ"
"ကိုခွန်းရဲ့တူကအရမ်းဂျီတိုက်တာပဲ ၊ ညီမလေးရိုက်ချင်တာလက်ကိုယားနေတာပဲ"
YOU ARE READING
SHADOW
RomanceYou can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သျှားခွန်းသ & တံခွန်သစ် From 8. 10. 2019 To 20. 4. 2020