မိမိချစ်သူနဲ့ကတိပေးထားသည့်အတိုင်းသောကြာနေ့တစ်ရက်ကိုခွင့်တင်ပြီးကလောကနေအင်းလေးကိုTrekkingသွားဖို့သဘောတူလိုက်သည် ။ ကလောကိုကားနဲ့သွားရမှာဖြစ်လို့ကားလက်မှတ်ဖြတ်
လိုက်ကြသည် ။ မနက်ဖြန်မနက်ခရီးသွားဖို့အတွက်နှစ်ဦးစလုံစိတ်
လှုပ်ရှားနေကြသည် ။ လက်ထောက်ဆရာဝန်လေးကမနက်ကတည်းကအထုပ်တွေနဲ့ရောက်လာသည် ။"ခွန်လေး ဒါကဘာတွေလဲ ?"
"ဒါကခရီးသွားဖို့အတွက်လေ ဒီညကိုကို့ဆီမှာအိပ်မလို့ ၊ ပါပါးကို
ပြောခဲ့ပြီးပြီ""ဦးလေးကမဆူဘူးလား ၊ ဦးလေးကကိုယ်တို့အကြောင်းကိုသိနေ
တယ်""ဟုတ်တယ် ၊ ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောပြလိုက်တယ် ၊ ပါပါးကသဘောကောင်းပါတယ်"
"ပေးအဲ့တာတွေ ကိုယ့်ကားထဲထည့်ထားလိုက်မယ်"
"ဟုတ်"
ညနေအလုပ်ချိန်ပြီးတာနဲ့နှစ်ယောက်စလုံးကားပါကင်မှာဆုံကြသည်။
သူ့ကိုမြင်တာနဲ့ဆရာဝန်လေးကပြေးလာပြီးဖက်တော့သည် ။
သူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားပြီးသူ့ရင်ခွင်ထဲမှာမျက်နှာအပ်
ထားသည် ။"ဒီကလေးလေးအခုတလောဘာတွေဖြစ်နေတာလဲ ၊ ကိုကို့အနား
အရမ်းကပ်နေသလိုပဲ ၊ ပြဿနာတစ်ခုခုရှိလို့လားခွန်လေး ၊ မျက်
တွင်းလေးတွေတောင်ညိုနေသလိုပဲ ၊ ညဘက်မအိပ်ဘဲဂိမ်းတွေ
ဆော့နေပြန်ပြီလား"ခွန်လေးကိုရင်ခွင်ထဲကနေဆွဲထုတ်ကာမျက်နှာလေးကိုလက်နှစ်ဖက်
နဲ့အုပ်ကိုင်ပြီးမေးနေသည် ။ ခွန်လေးကပြုံးပြီးခေါင်းခါပြသည် ။"ညဘက်လည်းအိပ်ပျော်ပါတယ် ၊ ဂိမ်းလည်းမဆော့ပါဘူး"
"ခွန်လေး ကိုယ့်စိတ်ထဲမှာတစ်မျိုးကြီးဖြစ်နေတယ် ၊ ကိုယ်စိတ်တွေ
လေးနေသလိုပဲ ၊ ကိုယ့်ကိုဖုံးကွယ်ထားတာတွေဘာတွေမရှိပါဘူး
နော်""ကိုကိုခရီးသွားဖို့အတွက်စိတ်လှုပ်ရှားနေလို့ပါ ၊ ကျွန်တော်လည်း
ကိုကို့လိုပဲခံစားရတယ် ၊ ဒါကကျွန်တော်တို့နှစ်ယောက်အတွက်ပထမဦးဆုံးခရီးမို့လို့"

ŞİMDİ OKUDUĞUN
SHADOW
RomantizmYou can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သျှားခွန်းသ & တံခွန်သစ် From 8. 10. 2019 To 20. 4. 2020