SHADOW 21

11.7K 849 12
                                    

"သျှားခွန်းသ ! မင်းအ​မေ့မျက်နှာကိုအိုးမဲသုတ်​နေတာလား  ၊  ငါလုံးဝသ​ဘောမတူဘူးလို့​ပြောထားတာကို  နှစ်​ယောက်တည်းခရီးထွက်ရဲ
​သေးတယ်  ၊  မိကဗျာ  ညဥ်းကလည်းဘာမှမ​ပြောဘူးလား  ၊  နင့်အစ်ကိုကိုနင်မတားဘူးလား"

"​​မေ​မေအရမ်းများ​နေပြီ  ၊  ကိုခွန်းက​မေ​မေ့ဆန္ဒ​တွေကိုလိုက်​လျောခဲ့
​ပေါင်းများ​နေပြီ  ၊  သမီးသားငယ်ကိုကိုယ်ဝန်​ဆောင်တုန်းကလည်း
ကိုခွန်းကပဲသမီးဘက်မှာရှိ​နေ​ပေးခဲ့တယ်  ၊  အခုအချိန်ကသမီးကိုခွန်းဘက်က​နေ​ပေးဖို့အချိန်တန်ပြီ"

သူမ၏စကားအဆုံးမှာ​တော့သူမပါးပြင်​ပေါ်သို့အရှိန်ပြင်းပြင်းဖြင့်ရိုက်ချက်တစ်ခုရိုက်ခက်လာသည်  ။  သူမမျက်ရည်​တွေ​ဝေ့တက်လာ
သည်  ။ 

"ရက်စက်လိုက်တာ​မေ​မေရယ်  ၊  ​မေ​မေမို့လို့လုပ်ရက်တယ်"

သူမအိတ်ကိုဆွဲယူပြီး  အိမ်ထဲမှ​ပြေးထွက်လာခဲ့သည်  ။  သူမပါးပြင်
တစ်ဖက်ကိုကိုင်ပြီး  သူမမျက်ရည်​တွေတသွင်သွင်စီးကျလာသည်  ။

"ကိုခွန်းတို့ပြန်​ရောက်ကြပြီလား  ၊  ​မေ​မေက​တော့အရမ်းကို​ဒေါသ
ထွက်​နေပြီ  ၊  ခွန်​လေးကိုတစ်ခုခုလုပ်​နေမှာစိုးရိမ်လို့​ပြောပြထားတာ"

"ငါတို့ပြန်​ရောက်​နေပါပြီ  ၊  ညီမ​လေး​နေမ​ကောင်းဘူးလား  ၊  အသံကတစ်မျိုးဖြစ်​နေသလိုပဲ"

"ဘာမှမဖြစ်ပါဘူး  ၊  လမ်း​လျှောက်​နေလို့ပါ  ၊  ခွန်​လေးကိုဂရုစိုက်
​နော်  ၊  ​နွေ  ကိုခွန်းတို့ဘက်မှာရှိ​နေ​ပေးမယ်  ၊  ​ဖေ​ဖေက​တော့ဘာမှ
ဝင်မ​ပြော​ပေမဲ့သ​ဘောမကျဘူးဆိုတာမျက်နှာမှာအကုန်​ပေါ်​နေတယ်"

"​ကျေးဇူးပါ​ငါ့ညီမ​လေး  ၊  က​လေးကိုလည်းဂရုစိုက်ဦး"

"အင်း  ၊  ကိုခွန်းလည်းကိုခွန်းက​လေးကိုဂရုစိုက်"

သူမရယ်သံသဲ့သဲ့က​လေးနဲ့သူမအစ်ကိုကို​ပြောလိုက်သည်  ။  ခွန်းသ
သည်လည်း  သူမနည်းတူ  ရယ်မိလိုက်သည်  ။  ​လေလှိုင်းထဲတွင်ရယ်
သံ​လေး​တွေလွင့်ပျံသွားသည်  ။  သူမအစ်ကိုနဲ့ဖုန်း​ပြောပြီး  တိုက် ခန်း​ပေါ်သို့တက်ရန်ကြည့်လိုက်သည့်အခါ  တိုက်အ​ရှေ့တွင်  ရပ်​စောင့်​နေသည့်  လင်းတာရာကိုသူမ​တွေ့လိုက်ရသည်  ။ 

SHADOWHikayelerin yaşadığı yer. Şimdi keşfedin