SHADOW 14

13.6K 1.1K 36
                                    

မိုးကအသည်းအထန်ရွာ​နေသည့်ညဖြစ်သည်  ။  လမ်းမကြီး၏​ဘေးတွင်​ကောင်​လေးနှစ်​ယောက်  သူ​သေကိုယ်​သေထိုး​နေကြသည်  ။
မဟုတ်​သေးဘူး  တစ်​ယောက်ကိုအတင်းဖိထားပြီး  ​သွေးအလိမ်း လိမ်းထွက်သည်အထိထိုး​နေသည်လို့​ပြောလျှင်ပိုမှန်သည်  ။

"ကိုခွန်း  မလုပ်ပါနဲ့  ၊  ညီမ​လေး​တောင်းပန်ပါတယ်  ၊  သူ့ကိုလွှတ်​ပေးလိုက်ပါ  ​နော်"

"အဲ့​ကောင်ဘက်ကကာကွယ်​ပေးမ​နေနဲ့  ၊  အဲ့​ကောင်ကနင့်ကိုချစ်လို့လား  ၊  လူမဆန်တဲ့အ​ကောင်ကိုနင်သနား​နေစရာမလိုဘူး"

"ကိုခွန်း  ညီမ​လေးဗိုက်ထဲကက​လေးရဲ့သနားပါ  ၊  ညီမ​လေးရဲ့က​လေးကိုအ​ဖေမရှိဘဲမရှငိသန်​​စေချင်ဘူး  ၊  ကိုခွန်း  ​တော်ပါ​တော့​နော်"

"​ဟျောင့်  ငါ့ညီမမျက်နှာရှိ​နေလို့​နော်  မဟုတ်ရင်မင်းဒီ​နေရာမှာ​သေပြီ  ၊  မင်းငါနဲ့ငါ့ညီမအ​ရှေ့ကိုဘယ်​တော့မှပြန်​ပေါ်မလာနဲ့  ၊  မင်းပြန်​ပေါ်လာတဲ့တစ်​နေ့  မင်း​သေ​နေ့​စေ့တဲ့​နေ့ပဲ  ၊  လာ  ပြန်မယ်"

ညီမဖြစ်သူရဲ့လက်ကိုဆွဲပြီး  ညီမ​လေးကိုကားထဲအတင်းထည့်လိုက်သည်  ။  လမ်းမကြီး၏​ဘေးတွင်​သွေးအလိမ်းလိမ်းနဲ့​ကောင်​လေးတစ်​ယောက်  ပက်လက်လန်၍ကျန်​နေခဲ့သည်  ။

သူ့ရဲ့မျက်လုံး​တွေဖြည်းဖြည်းချင်းပွင့်လာသည်  ။  သူသက်ပြင်းတစ်ချက်ချလိုက်သည်  ။  ညီမ​လေးအတွက်နာကြည်း​နေတဲ့စိတ်ကအခုထက်ထိမ​ပျောက်​သေးဘူး  ။  ​ဘေးနားက  စားပွဲ​လေး​ပေါ်မှာတင်ထားသည့်ဖုန်း​လေးကမြည်လာသည်  ။  သူထထိုင်လိုက်ပြီးဖုန်းကိုကြည့်လိုက်သည်  ။

"ဘာလဲမိ​နွေ  ​စော​​စောစီးစီး  ၊  က​လေး​နေမ​ကောင်းလို့လား"

"သူပြန်​ရောက်​နေပြီဆို  ၊  ကိုခွန်းသိထားလား"

"ဘာလဲ  ဘယ်သူပြန်​ရောက်  ........  ၊  မိ​နွေ  နင်  ......"

"ဟုတ်တယ်ကိုခွန်း  ၊  ညီမ​လေးကိုယ်တိုင်မျက်စိနဲ့တပ်အပ်မြင်ပြီးသွားပြီ  ၊  ကိုခွန်းဘာလို့မ​ပြောခဲ့တာလဲ"

"မိ​နွေ  ငါ့ခံစားချက်ကိုနင်နားလည်လား  ၊  ​အေး  နင့်စိတ်မပြတ်မသား​တွေကိုငါသ​ဘောမကျဘူး  ၊  နင့်အစ်ကိုဖြစ်တဲ့ငါကညီမဖြစ်တဲ့လူကိုထားသွားတဲ့​ခွေးလို​ကောင်ကိုကြည်ဖြူ​နေရမှာလား  ၊  နင်နားလည်စမ်းပါ  ငယ်​တော့တဲ့အရွယ်လည်းမဟုတ်ဘူး"

SHADOWTempat cerita menjadi hidup. Temukan sekarang