"ကိုခွန်းရေ ညီမလေးအာလူးကြော်စားချင်တယ်!"
"ကိုခွန်းရေ ညီမလေးရေသောက်ချင်တယ်"
"ကိုခွန်းရေ ဗိုက်ဆာတယ်"
ဗိုက်ကလေးရှိနေတဲ့အချိန်တုန်းကအပင်ပန်းဆုံးလူကိုပြောပါဆိုရင်
ခွန်းသကိုလက်ညှိုးထိုးရမည် ။ ညီမဖြစ်သူလိုချင်တာမှန်သမျှကုန်းတစ်တန်ရေတစ်တန်သွားရမယ်ဆိုရင်တောင် သူသွားဝယ်ပေးသည်
။ မိဘတွေကို မပြောရဲတဲ့ညီမလေးကိုသူ့ဆီမှာသပ်သပ်ခေါ်ထားပြီး
ဗိုက်ကလေး၉လအချိန်အတောအတွင်းအတော်ဂရုစိုက်ပေးရှာသည်
။ ဆေးရုံလိုက်ပြပေးလည်းသူလိုက်ပေးသည် ။ သူ့ညီမကိုမျက်နှာတစ်ချက်တောင်မညှိုးငယ်ရအောင်သူထားခဲ့သည် ။ ညီမလေးမီးဖွားဖို့အတွက်ပိုက်ဆံကိုလည်းကျစ်ကုပ်နေအောင်စုသည် ။ ပါးစပ်ကသာမချစ်ပါဘူးလို့ပြောနေသည့်ခွန်းသကလက်တွေ့နဲ့တော့
အရမ်းကွာဟလွန်းလှသည် ။ မိဘနေရာတစ်မျိုး ၊ အစ်ကိုနေရာကတစ်ဖွယ် ၊ ခင်ပွန်းတစ်ယောက်အနေနဲ့တစ်မျိုး ညီမလေးမျက်နှာမငယ်ရအောင် ၊ ထောင့်စေ့နေအောင် နေပေးသည် ။"ကိုခွန်း ညီမလေးကိုအဲ့လောက်တောင်ချစ်တာလား"
"မချစ်ပါဘူး ၊ ဗိုက်ထဲကဟာလေးကိုပဲချစ်တာ"
"ဟာ ကိုခွန်းကတကယ့်ဘုကလန့်ကြီး ၊ ဖေဖေနဲ့အရမ်းတူတာပဲ"
"နင်ကမေမေနဲ့တူတာ ဂျစ်ကန်ကန်မလေး ၊ ငါအလုပ်သွားနေတဲ့အချိန်ငြိမ်ငြိမ်လေးနေနော် ၊ ဘာမှမလုပ်နဲ့ ၊ ငါပြန်လာမှအကုန်လုပ်မယ်"
"ဟီးဟီး အဲ့တာလားမချစ်တာ ၊ ကိုခွန်းလိုအစ်ကိုမျိုးရတာအရမ်းကံကောင်းတာပဲ"
"အေး သိရင်ပြီးတာပဲ ငါသွားမယ်"
အတိတ်ကဖြစ်ရပ်ကလေးတွေကိုပြန်တွေးရင်း ခွန်းသပြုံးနေသည်
။ ခုံပေါ်ကဆေးလိပ်ဘူးကိုယူလိုက်ပြီး ဆေးလိပ်တစ်လိပ်ထုတ်ယူ
လိုက်သည် ။ မီးခြစ် ခြစ်ပြီး မီးငြှိလိုက်သည် ။ မီးစွဲလာအောင်
တစ်ချက်စုပ်ယူလိုက်ပြီး အငွေ့တွေကိုမှုတ်ထုတ်ပစ်လိုက်သည် ။
မေမေကနွေကဗျာနဲ့အတူတူနေသည် ။ သူ့အိမ်မှာမနေလို့တော်ပါသေးရဲ့လို့သူတွေးမိသည် ။ မေမေကညီမလေးနဲ့အတူတူနေပေးတော့ ညီမလေးလည်းသားလေးအတွက်ပူစရာမလိုတော့ဘဲ အလုပ်ကိုအေးအေးဆေးဆေးသွားနိုင်တော့မည် ။ အနီးကပ်စောင့်ရှောက်ပေးမယ့်သူရှိတော့သူစိတ်ချရသည် ။
![](https://img.wattpad.com/cover/202685900-288-k765867.jpg)
VOCÊ ESTÁ LENDO
SHADOW
RomanceYou can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သျှားခွန်းသ & တံခွန်သစ် From 8. 10. 2019 To 20. 4. 2020