SHADOW 13

13.3K 1K 14
                                    

Knock Knock .......

မနက်အ​စောကြီးရှိ​သေးတယ် ဘယ်သူကတံခါးလာ​ခေါက်​နေပါလိမ့်လို့​တွေးရင်း လွှမ်းမိုးထားသည့်​စောင်မီးခိုး​ရောင်ကြီးကိုဖယ်ရှားကာ
တံခါးအနားသို့​လျှောက်လာလိုက်သည် ။ တံခါးကိုဆွဲဖွင့်လိုက်သည့်အခါ သူမျက်လုံး​တွေပြူးကျယ်သွားရသည် ။ Hoddieထဲမှာမြုပ်​နေတဲ့​ကောင်​လေးတစ်​ယောက်သူ့အ​ရှေ့တွင်​ရောက်​နေသည် ။

"ခွန်​လေး !"

"ကျွန်​တော်မုန့်ဟင်းခါးလာပို့တာ ၊ ကိုကိုကအခုမှနိုးတာလား ၊ အိပ်ပုတ်ကြီး ကျွန်​တော့်ကိုအထဲ​ပေးဝင်ပါဦး"

"​သြော် ဝင်ဝင်"

​ကောင်​လေးကချိုင့်ဆွဲပြီး မီးဖို​ချောင်ထဲကိုတန်းဝင်သွားသည် ။ သိပ်မကြာဘူး အိမ်​ရှေ့ကိုလှစ်ခနဲပြန်ထွက်လာသည် ။

"မျက်နှာသစ်​လေဗျာ ဘာရပ်လုပ်​နေတာလဲ ၊ မုန့်အတူတူစားမယ်"

"​သြော် အင်းအင်း"

ဒီ​ကောင်​လေးဒီ​နေ့ဘာလို့ဒီ​လောက်​တောင်သွက်​နေရတာလဲ ။ သူလည်း​ရေချိုးခန်းထဲမြန်မြန်ဝင်လိုက်ကာ မျက်နှာသစ် သွားတိုက်ပြီး မီးဖိုထဲသို့ဝင်လာလိုက်သည် ။ စားပွဲမှာ ​ကောင်​လေးကထိုင်​စောင့်​နေသည် ။ Hoddieကြီးထဲမြုပ်​နေသည့်​ကောင်​လေးကသူ့ကိုကြည့်ပြီးရယ်ပြ​နေသည် ။ Hoddieက​ခေါင်းစွပ်ကိုလည်းစွပ်ထား​သေးသည် ။ ​ခေါင်းစွပ်မှာကြွက်နားရွက်​လေး​တွေကပါ​နေ​သေးသည် ။
ဘယ်လို​တောင်ချစ်ဖို့​ကောင်း​နေတဲ့​ကောင်​လေးပါလိမ့် .......။

"ကိုကို လာ​လေ ၊ မုန့်စားမယ် ကျွန်​တော်ဗိုက်အရမ်းဆာ​နေပြီ"

​ကောင်​လေးရဲ့အသံကိုကြားမှ သူ​နေရာမှာထိုင်ရမှန်းသတိဝင်လာသည် ။ ​ကောင်​လေးကသူ့ပန်းကန်ထဲကိုဟင်းရည်​တွေထည့်​ပေးသည် ။ သူ့​ခေါင်းစွပ်​လေးကိုချွတ်လိုက်ပြီး ရှုပ်ပွ​နေတဲ့သူ့ဆံပင်​လေးကို​သေသပ်သွား​အောင်လက်က​လေးနဲ့ပွတ်သပ်လိုက်သည် ။
သူ့ပန်းကန်ထဲမှာတစ်ဝက်မကျိုး​သေးသည့်မုန့်ဟင်းခါးက ​ကောင်​လေးပန်းကန်ထဲတွင်​တော့ ကုန်လုနီးနီးဖြစ်​နေသည် ။ ငရုတ်သီး​တွေထည့်စား​တော့ အရမ်းစပ်ပြီး ​ကောင်​လေးရဲ့နှုတ်ခမ်း​လေး​တွေကနီရဲ​နေသည် ။ နီရဲ​နေသည့်နှုတ်ခမ်းဖူးဖူး​လေးကို သူကလက်ဖြင့်
သပ်လိုက်သည် ။ ​ကောင်​လေးစား​နေတာရပ်တန့်သွားပြီး သူ့ကိုမျက်လုံးပြူးပြူး​လေးနဲ့ကြည့်​နေသည် ။ ​ကောင်​လေးအရမ်းလန့်သွားပုံရသည် ။

SHADOWDonde viven las historias. Descúbrelo ahora