"အဓိပ္ပါယ်မရှိလိုက်တာ!"
"မင်းအတွက် အဓိပ္ပါယ်မရှိပေမယ့် ဒါပြောင်းလဲမှုအားလုံးရဲ့အစပဲ Baekhyun။ LGBT ကို ရှုံ့ချတဲ့ကိုရီးယားနိုင်ငံမှာ ပထမဆုံးပြသမယ့် BL ဇာတ်လမ်းတွဲ။ ဒီဇာတ်လမ်းတွဲရဲ့ Main Lead နေရာ။ ဒါလူတိုင်းရနိုင်တဲ့ အခွင့်အရေးမဟုတ်ဘူးနော်"
Baekhyun ပင့်သက်တစ်ချက်ရှိုက်ကာ လေပူတွေကိုမှုတ်ထုတ်လိုက်သည်။ အချိန်ခဏလေးအတွင်း ဖိစီးလာတဲ့စိတ်ကြောင့် နားထင်ကြောတွေ တင်းကြပ်လာသည်။
"ဒီဇာတ်လမ်းရိုက်မယ်လို့ ကြေညာလိုက်တည်းက လူရွေးပွဲဝင်ကြတဲ့ Idol တွေအများကြီး။ အဲ့အများကြီးကိုပယ်ပြီး မင်းကိုကမ်းလှမ်းလာတာ Baekhyun အတွေးမမှားစမ်းပါနဲ့"
"အဲ့ဒါကြောင့်ပြောတာလေ ဘာလို့ကျွန်တော်မှလဲ။ လူရွေးပွဲဝင်ကြတဲ့အိုင်ဒေါတွေအများကြီးဆိုရင် အဲ့အိုင်ဒေါတွေထဲက ရွေးလေ"
"မင်းမလုပ်ဘူးဆိုရင်တောင် ဒါရိုက်တာနဲ့ ပရိုဂျူဆာအဖွဲ့က CBX ထဲကပဲဖြစ်ရမယ်လို့ ကမ်းလှမ်းထားတဲ့အတွက် Minseok ကိုရွေးရမှာ။ ဒါပေမယ့် Minseok က နောက်၆လလောက်နေရင် စစ်မှုထမ်းရတော့မယ်ဆိုတော့ Fan Meeting တွေနဲ့ နောက်ဆက်တွဲအပိုင်းပိုတွေပါ ထပ်ရိုက်ဖို့ဆို အဆင်မပြေဘူးလေ။ အခုချိန်မှာ မင်းက Solo Album လည်းထွက်ထားတယ်။ အားလုံးရဲ့အာရုံစိုက်မှုက မင်းဆီမှာ။ Solo Album ဆိုတာမျိုးကလည်း တစ်နှစ်တစ်ခွေထွက်နေနိုင်မယ်လို့ မင်းထင်နေလို့လား Baekhyun။ အနုပညာဆိုတာ အဆက်ပြတ်လို့မဖြစ်ဘူး။ Group Comeback ဆိုတာမျိုးကလည်း မင်းတို့စစ်မှုထမ်းကာလတွေကို ထည့်တွက်မယ်ဆို ဒီသုံးလေးနှစ်အတွင်း ရှိမလာနိုင်ဘူး"
Baekhyun ပေါင်ပေါ်တင်ထားသည့် လက်နှစ်ဖက်ကို တင်းတင်းဆုပ်လိုက်မိသည်။ မျက်လုံးတွေကို တင်းတင်းမှိတ်ချလိုက်တော့ Minseok Hyung မျက်နှာနုနုလေးက ပေါ်လာသည်။ Hyung မေမေရဲ့ ကျန်းမာရေးကြောင့် Hyung ဘယ်လောက်ပင်ပန်းနေလဲ Baekhyun အသိဆုံး။ ဒီကြားထဲ world tour တွေကြောင့် အအိပ်ပျက်အစားပျက်တဲ့ထိ အကလေ့ကျင့်နေရတာတွေ။ အစားအသောက်မပျက်ပဲရှိနေတာတောင် ပိန်ကျသွားတဲ့ Hyung အကြောင်းတွေးမိတော့ Baekhyun ရင်မောသွားသည်။