HAI(2)

14.5K 1.7K 15
                                    

"Cut!"

ဒါရိုက်တာဆူဟိုရဲ့ Cut အော်သံကြောင့် Baekhyun လက်တွေပင်တုန်သွားရသည်။ ဒါ ဘယ်နှကြိမ်မြောက် Cut အော်သံမှန်းတောင် Baekhyun မမှတ်မိတော့။ Baekhyun ဘေးမှာယှဉ်ရပ်နေသည့် Chanyeol မျက်နှာမှာလည်း ချွေးစတို့ခိုတွဲနေပြီဖြစ်တာကြောင့် Baekhyun အားတုံ့အားနာပြုံးပြမိလိုက်သည်။

"အခု Baekhyun တို့နှစ်ယောက်က မွေးတည်းကပေါင်းလာတဲ့ အိမ်ချင်းကပ်သူငယ်ချင်းလေ။ ချန်းယောလ်လည်ပင်းကိုဆွဲဖက် နားရွက်တွေကိုကိုက်ပစ်။ တကယ် နာအောင်လုပ်ချင်လည်း လုပ်ပစ်လို့ရတယ်။ အဓိကက သဘာဝကျရမှာ ကျွန်တော် ပြောချင်တာသိလား။ Baekhyun အနေနဲ့သူ့ကိုချစ်တယ်လို့ mood သွင်းလို့မရရင်တောင် သူငယ်ချင်းအနေနဲ့ mood သွင်းလို့ရတယ်မလား။ အရင်ဆုံး သူငယ်ချင်းခံစားချက်နဲ့သွားကြည့်။ ဟုတ်ပြီနော်"

Baekhyun မျက်နှာတွေပူနေကာ အနီရောင်ဘက်ပြောင်းနေပြီလားတောင်မသိ။ Boys' Love ကားဆိုတဲ့အသိက သူငယ်ချင်းခန်းသရုပ်ဆောင်ဖို့တောင် Baekhyun အတွက်ခက်ခဲနေခဲ့တာဖြစ်သည်။ ရှပ်အင်္ကျီအောက်က လည်တိုင်ဖြူဖြူကိုမြင်တိုင်း လက်တွေကလှမ်းဖို့မဝံ့ရဲ။ ရိုက်ကွင်းမစခင်တစ်ပတ်အလိုက ဖတ်ပြီးခဲ့သည့် ဇာတ်ညွှန်းထဲကအခန်းတွေ Baekhyun မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းပေါ်လာနေတာဖြစ်သည်။ Park Chanyeol မျက်နှာကလည်း မပါမဖြစ်ဆို ပိုမှန်မည်။ အပြုံးတွေနဲ့ယှဉ်တွဲပါလာတတ်သည့် ပါးချိုင့်နက်နက်တွေနဲ့ဒီလူ...။ ဇာတ်ဆောင် Baekhyun အရူးအမူးချစ်နေတဲ့ ဒီလူရဲ့လည်တိုင်တွေကို ဇာတ်ဆောင် Baekhyun မွတ်မွတ်သိပ်သိပ်နမ်းနေတဲ့အခန်းတွေ...။

အား!

Baekhyun ခေါင်းကိုခါယမ်းပြီး အာရုံထဲကပုံရိပ်တွေကိုဖျောက်ပစ်နေရသည်။

"Baekhyun shi ရရဲ့လား"

Baekhyun ပုခုံးတစ်ဖက်ကိုဆုပ်ကိုင်ကာ မေးလာသည့် Chanyeol ကို မော့ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ရသည်။

"ရပါတယ် Chanyeol shi"

"ကျွန်တော့်ကို အားမနာပဲနဲ့ Baekhyun shi စိတ်ထဲရှိတဲ့အတိုင်း သရုပ်ဆောင်ပါ။ Suho Hyung ပြောသလိုပဲ အပီအပြင်ကိုက်ပစ်ချင်လည်း ကိုက်ပစ်လိုက်။ လုံးဝအားမနာနဲ့နော် Baekhyun shi"

How about itWhere stories live. Discover now