HAI(7)

11.6K 1.5K 27
                                    

ကားပေါ်ကအဆင်းမှာ တစ်ချက်ဝှေ့တိုက်လာတဲ့လေပြည်က Long Coat အထူကိုဖြတ်ပြီး အေးစိမ့်မှုကို ဖြန့်ကျက်နေသည်။ အချိန်အားဖြင့် ညနေ ၆နာရီ။ ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ဦးထုပ်အနက်ကို အောက်ကိုထပ်ဆွဲချလိုက်သည်။ mask အနက်ကိုပါထုတ်တပ်ပြီးတဲ့နောက် ချန်းယောလ်ပုံက အလစ်သုတ်သမားနဲ့တောင် တူနေမလားမသိတော့။ ကားပါကင်ကနေ Fan Sign ပွဲရှိတဲ့ Shopping Mall ဒုတိယထပ်ကိုရောက်ဖို့ လှေကားကိုပဲရွေးချယ်လိုက်သည်။

ခရစ်စမတ်တေးသံတွေပျံ့လွင့်နေသည့် Crystal Shopping Mall မှာ ဈေးဝယ်သူတွေထက် ဆယ်ကျော်သက်ကောင်မလေးတွေကို ပိုမိုတွေ့ရသည်။ ကောင်မလေးတွေနောက်ကနေ မသိမသာကပ်လိုက်တော့ Fan Sign အတွက်ပြင်ဆင်ထားသည့်နေရာကို ရှာစရာမလိုပဲတန်းတွေ့ရသည်။ အလင်းရောင်လျှော့ထားပြီး ပွဲရဲ့အဓိကဇာတ်ကောင်ထိုင်မည့်နေရာကို စလိုက်မီးဖျဖျသုံးထားသည်။ ပွဲစဖို့ ၁၅မိနစ် လိုသေးတာကြောင့် ချန်းယောလ်တစ်ယောက် ဟိုကြည့်ဒီကြည့်နှင့် အူကြောင်ကြောင်။ ဘေးဘီကိုဝေ့ဝဲကြည့်တော့ ယောက်ျားလေးတစ်ယောက်စနှစ်ယောက်စသာတွေ့ရပြီး ထိုတစ်ယောက်စနှစ်ယောက်စကြားထဲမှာမှ ချန်းယောလ်အရပ်ကြောင့် တစ်ယောက်တည်းထီးထီးကြီးဖြစ်နေရသည်။

အရှက်ပြေချောင်းတစ်ချက်ဟန့်လိုက်ပြီး ပွဲမစခင်လေး အယ်လ်ဘမ်တစ်ချက်အရင်ဝယ်လိုက်သည်။ သီချင်းသံတွေတိုးကျသွားပြီး ကောင်မလေးတွေရဲ့ စူးစူးဝါးဝါးအော်ဟစ်သံတွေကြောင့် ချန်းယောလ်လှမ်းကြည့်လိုက်တော့ လက်မှတ်ထိုးပေးဖို့ပြင်ဆင်ထားသည့်ခုံမှာဝင်ထိုင်လိုက်သည့်အဖြူလုံးလေးကိုမြင်ရသည်။ Security guards တွေခြံရံပြီး ဝင်ရောက်လာတဲ့ အဖြူလုံးလေးက ဒီနေ့မှာတော့ ရှားညိုရောင်ကုတ်အင်္ကျီလေးနဲ့ဖြစ်ပြီး မပြောင်းလဲတဲ့ဆံနွယ်ဖြူဖြူအုပ်အုပ်လေးတွေကြောင့် မျက်နှာလေးက ဖြူရှင်းသန့်နေသည်။ နှုတ်ခမ်းပေါ်ကန့်လန့်ဖြတ်တင်လိုက်တဲ့ လက်ညှိုးသွယ်သွယ်လေးကြောင့် အော်ဟစ်နေတဲ့ကောင်မလေးတွေတိတ်ကျသွားသည်။

လက်မှတ်ထိုးပေးဖို့စောင့်စားနေကြသည့်လူတန်းတစ်တန်းရဲ့အဆုံးမှာ ချန်းယောလ်ဝင်တန်းစီလိုက်သည်။ ပွဲလာသူအများကြားထဲ ချန်းယောလ်တစ်ယောက်သာ ထင်ထင်ရှားရှားကြီးဖြစ်နေသည်။ Security guards တွေရဲ့မျက်လုံးအကြည့်တွေကလည်း ချန်းယောလ်အနားရစ်ဝဲနေသလို ရှေ့နောက်ဘေးဘီမှာရှိနေသည့် fangirls တွေထံမှ မျက်စောင်းစူးစူးကိုလည်း လက်ခံရရှိသေးသည်။ အယ်လ်ဘမ်ပေါ်က အဖြူလုံးလေး ကိုယ်နဲ့လက်တစ်ကမ်းအကွာမှာရှိနေသည့်ခံစားချက်ကြောင့် ချန်းယောလ်အတွက် ကျန်တဲ့အရာတွေက အရေးမကြီးတော့သလို၊ အယ်လ်ဘမ်ကိုသာ ကျစ်ကျစ်ပါအောင်ကိုင်ထားမိသည်။

How about itWhere stories live. Discover now