Shake me from my sleep
whisper in my ear
tell me it was all a dream
and you're here
To make the nightmares go away
မြူခိုးများနှင့် ပြည့်နှက်ကာ ဝေဝါးနေသော နေရာတစ်ခုတွင် ဂျောင်ဂုလမ်းလျှောက်နေသည်။
အဖြူရောင် ဝတ်စုံရှည်ဝတ်ဆင်ထားသူများက မိမိဘေးမှဖြတ်ကာ ယောက်ယက်ခတ်အောင်ပြေးလွှားနေကြသည်။ထိုအထဲမှ သာမန်ဝတ်စုံနဲ့လူများကလဲ ပြာယာခတ်နေကြသေးသည်။
အမြင်အာရုံတို့ကလဲ ပြတ်သားမှုအလျဥ်းမရှိ မြူခိုးများကြောင့်မှုန်ဝါးဝါးနှင့်သာ။ သူတကယ်ပဲ ဘယ်ကိုရောက်နေမှန်း ဂျောင်ဂုမသိတော့ပါ။တစ်ချက်တစ်ချက် ငြင်းခုံနေသံများက နားထဲတိုးဝင်လာသေးသည်။ဦးခေါင်းက မသောက်ရသေးပဲ ချာချာလည်မူးချင်လာသည်။ အသိစိတ်တို့ကို ထိန်းရင်း ဘေးမှဖြတ်သွားသူတို့ကို လှမ်းအကူအညီတောင်းကြည့်သည်။အသံတို့က လည်ချောင်းမှထွက်မလာ ။
ဒီလို အကူအညီမဲ့သည့်ခံစားချက်ကြီးသူတကယ်မကြိုက်ပါ။ အသံမထွက်သည့်အဆုံး ဘေးကဖြတ်သွားသူတို့ကို လက်ဟန်ခြေဟန်နှင့်အကူအညီတောင်းသည် ။မည်သူတစ်ဦးတစ်ယောက်မှ သူ့အားလှည့်မကြည့်ကြ။
ဂျောင်ဂုစိတ်ထဲ ကြောက်စိတ်တွေစတင်ကြီးစိုးလာသည်။ မျက်ရည်စတို့ ဝဲ၍ ခြေလက်တို့တုန်ရီလာသည်။
ခြေထောက်တို့ ရပ်နိုင်စွမ်းမရှိတော့သည့်အဆုံးသူဒူးထောက်ချလိုက်သည်။ဒူးထောက်ရင်းငြိမ်သက်နေရာမှာ နားထဲသို့ ကလေးငိုသံသဲ့သဲ့ကြားယောင်လာသည်။ထိုအသံကို သူရင်းရင်းနှီးနှီးကြားဖူးသလို။ ဘေးဘီကိုလိုက်ကြည့်ရင်း ထိုကလေးငိုသံကိုလိုက်ရှာမိသည်။
လိုက်ရှာကြည့်ရင်း ဝေဝါးနေခဲ့သော အမြင်တို့က ပြန်လည်ကြည်လင်ပြတ်သားလာသည်။ထိုအခါမှသာ သူပတ်ဝန်းကျင်ကို သေချာမြင်နိုင်တော့သည်။
သေချာပြန်မြင်ရတော့မှ မိမိရောက်နေသောနေရာမှာ ဆေးရုံတစ်ခုဖြစ်မှန်းသိရတော့သည်။ကြည်လင်ပြတ်သားလာသော အမြင်နှင့်အတူ ပထမဆုံးမြင်ကွင်းထဲ ဝင်လာသည်က မိမိရှေ့တည့်တည့်တွင် ကြမ်းပြင်ပေါ် ထိုင်ပြီး သည်းထန်စွာငိုကြွေးနေသော ကလေးငယ်တစ်ဦး။ ဘေးမှဖြတ်သွားသော လူတို့က ထိုကလေး၏ငိုကြွေးသံကို ဂရုမစိုက် လျစ်လျုရှုကာဖြတ်လျှောက်သွားကြသည်။