မျက်လုံးဖွင့်ဖွင့်ချင်း မသဲကွဲသည့် အမြင်အာရုံထဲဝင်လာသည်က မရင်းနှီးသော မျက်နှာကျက်။
မျက်လုံးတို့ကို အကြမ်းပတမ်း ပွတ်တိုက်ရင်း ကုတင်ပေါ်တွင် ဂျီမင်း ငေါက်ကနဲထထိုင်လိုက်သည်။
အတွေးထဲတပြိုင်နက် ဝင်လာသည်က ကြောက်စိတ်
နှင့် စိုးရိမ်စိတ်။သူ ဘယ်ရောက်နေပါလိမ့်။
မနေ့ညက မှတ်ဉာဏ်တို့ကို သူတက်နိုင်သလောက်
တူးဖော်ကြည့်ရင်း မျက်လုံးတို့က ပွင့်လာသည့် တံခါးဆီသို့ လှစ်ကနဲ အကြည့်ရောက်သွား၏။"နိုးပြီလား "
ချိုအေးအေး အပြုံးပိုင်ရှင်လူက သူ့အား လေသံချိုလေးနှင့် မေးလာသည်။ မြင်နေကျ မျက်နှာမဟုတ်
သည့် အတွက် ဂျီမင်းအတော်အတန် စဥ်းစားယူရသည်။ ထိုမှသာ တဖန် ပြန်၍ မနေ့ညက မသောက်ခဲ့
စဥ် အချိန်ကို ပြန်တွေးရသွားလေသည်။" ဂျင် Hyung"
ခပ်တိုးတိုး သူ့အသံအား သဘောကောင်းသည့် ဂျင် Hyungက ဆက်ပြောလေဆိုသည့် အဓိပ္ပါယ်နှင့် အသာလေး ခေါင်းငြိမ့်ပြသည်။
"ဟို...ကျွန်တော် "
မနေ့ညကအကြောင်း အကြောင်းစုံပြန်မမှတ်မိ၍ အနေခက်မိသောကြောင့် သူရှေ့ဆက်မမေးရဲသည်ကို ဂျင်Hyungက သိနားလည်သည့်အလား သူ့ကို ပြုံးပြလေသည်။
" ညက ဂျီမင်းလေး အမူးလွန်နေလို့ Hyungတို့ဆီမှာပဲ ခေါ်ထားလိုက်တာ စိတ်ချ ဂျီမင်းလေး အိမ်ကိုလဲ အကျိုးအကြောင်းပြောထားပါတယ် "
"ဟုတ် ကျေးဇူးပါ ဂျင်Hyung"
နေရခက်ခက်နှင့် အင်္ကျီလက်နားတွေကို လုံးချေနေရာမှ ဂျီမင်း တစ်ခုသတိပြုမိသွားပြန်သည်။
အင်္ကျီ ။ ဟင် သူဝတ်ထားခဲ့တဲ့အင်္ကျီတွေရော။
မနေ့က သူဝတ်ထားတဲ့အင်္ကျီ နှင့် ခြားနားစွာ ညအိပ်ဝတ်စုံပွပွကြီးက သူ့ကိုယ်ပေါ်တွင် နေရာယူနေ၏။
မျက်လုံးပြူး မျက်ဆံပြူးနှင့် အတွေးပေါက်နေသည့် သူ့ကို ဂျင်Hyungက ကြည့်ရင်း ခပ်သောသောလေး ရယ်သည်။