"ကျွန်တော်ပြောတာ အကုန်ကြားနိုင်ပြီး ပြန်ပြောနိုင်တယ်ဆိုတာလဲ သိတာမို့ ထပ်ပြီးတော့ ဟန်မဆောင်ပါနဲ့"
ထိုကောင်လေးနှုတ်မှ ပီပီသသကြားလိုက်ရသော k
ကိုရီးယားစကားသံကြောင့် ဂျီမင်း ခဏတာကြောင်အသွားမိသည်။ပိုဆိုးတာက သူလိမ်တာလဲသိနေခြင်း။ဘယ်လိုတောင် အရှက်ကွဲမှုမျိုးပါလိမ့်။
နေပါဦး သူလဲ koreaပဲလား။ ရုပ်ကလေးက သေချာကြည့်တော့ koreaရုပ်နဲ့နဲနဲဆင်သလိုပဲ။ ငါတို့လူမျိုးတွေဘယ်လောက်တောင်မွဲနေလို့ နိုင်ငံရပ်ခြားမှာ ဓားပြတိုက်စားနေရပါလိမ့် ။
မတက်နိုင်ဘူး လူမျိုးချင်းရလိုရငြား မျက်နှာချိုသွေးကြည့်ရမယ်။"ဟို ဟိုလေ ကျွန်တော့်မှာ တကယ်ပဲ ပိုက်ဆံမပါလာလို့ပါ တကယ်ပါ မလိမ်ပါဘူး
ကို..ကိုရီးယား လူမျိုးပဲမှတ်လားဟင် ရပ်ဝေးမြေခြား လူမျိုးအချင်းချင်း စောင့်ရှောက်ပေးတယ်လို့မှတ်ပြီး တစ်ခါလောက် လွှတ် လွှတ် ပေး ပေး...""ကျွန်တော်က ဓားပြမဟုတ်ပါဘူး ဂျီမင်းရှီ အခုလောလောဆယ်ပေါ့"
ဓားပြတိုက်မယ့်တိုက် ပိုက်ဆံတော့ တိုက်မှာမဟုတ်ဘူး လူကိုပဲတိုက်မှာ ။
နဂိုကတည်းက အတွေးများတက်သူပီပီ
မသိသည့် လူစိမ်းဆီက မိမိနာမည်ကို ပီပီသသကြားလိုက်ရ၍ ပတ်ဂျီမင်း တစ်ယောက် လန့်ဖြန့်ပြီး ခေါင်းထဲ၌ ဇာတ်သိမ်းမလှသည့် ကြည့်ခဲ့ဖူးသော လူသတ်သမားကားများ အစီအရီပြန်ပေါ်လာလေသည်။ဇာတ်ကားထဲမှာ လူသတ်သမားတွေက သတ်မယ့်လူအကြောင်းအကုန်သိကြသည်မဟုတ်ပါလား။
နောက်ပြီး လတ်တလောပတ်ဝန်းအခြေအနေကလဲ ဇာတ်လမ်းထဲကအသတ်ခံလိုက်ရသည့် ဇာတ်ကွက်ကို ပိုသတိရအောင် လှုံဆော်လျက်။ပတ်ဂျီမင်းတစ်ယောက်အတွေးထဲ၌ နောက်ကြောင်းပြန်လှည့်ပြေးဖို့ အသင့် ပြင်ပြီးသား။
"အဲ့လောက်ကြောက်မနေပါနဲ့ ဂျီမင်းရှီ ကျွန်တော်ဘာမှမလုပ်ပါဘူး ဘာလို့ ခြေထောက်တွေက ပြေးဖို့အသင့်ပြင်နေရတာလဲ"
ဂျောင်ဂု သက်တမ်းတစ်လျှောက် ရန်ပွဲများနှင့် ရင်းနှီးခဲ့သူမို့ လူတစ်ယောက်ကို အကဲခတ်လိုက်သည်နှင့် ဘာထလုပ်တော့မလဲ အတပ်ပြောနိုင်ခြင်းဖြစ်၏။