" ဂျီမင်း ! "
စင်္ကြန်လမ်းလေးတစ်လျှောက် စီနီယာထယ်ယောင်းက သူ့ထံပြေးလာသည် ။
" စောင့်ရတာ ကြာသွားလား ဆရာက လက်ချာပေးတာ မပြီးသေးတာနဲ့ ကြာသွားတယ် ။ "
" ရပါတယ် သိပ်မကြာလိုက်ပါဘူး ထယ် Hyung "
တစ်ဘက်သူ စိတ်သက်သာအောင် အပြောချိုချိုလေး ပြောတက်တဲ့ ကောင်လေးက မြတ်နိုးရင်း မြတ်နိးချင်စရာကောင်းသည် ။
" မိုး ရွာနေတာပဲ ၊ ကိုယ်တို့ ကားဆီပြေးသွားရမယ်ထင်တယ် ။ "
" ကျွန်တော်မှာ ထီးရှိတယ် ထယ်Hyung "
ပြောရင်း ဂျီမင်းက လက်ထဲမှ ထီးဝါလေးကို ဖွင့်လိုက်သည် ။ ရင်းနှီးနေသည့် ထီးဝါလေးကို မြင်တော့ ရင်ထဲက အပျော်တပိုင်းတစ ပျောက်ရှကုန်သည် ။ သူထင်သည့် ထီးဆိုတာ မှားစရာအကြောင်းမရှိ သူ့ပစ္စည်းတိုင်း နာမည်အတိုကောက်လေး ထိုးထားတက်သောသူက ယခုလဲ ထီးလက်ကိုင်တွင် JK ဟုထွင်းထားသည်။
" ဂျောင်ဂု နဲ့ ...တွေ့ပြီးသွားတာလား ။ "
" ဟုတ်တယ် ထယ် Hyung...သူ ဒီကိုလာသွားလို့ ။"
" သူ လာသွားတယ် "ဆိုတဲ့ စကားလေးပြောတာတောင် နားရွက်ဖျားတွေရဲတဲ့ထိ ရှက်သွေးဖြာရသလား။ မင်း သူ့ကို အဲ့လောက်ထိ သဘောကျနေမှန်း ကိုယ့်ကို တမင်လုပ်ပြနေသလားပဲ ။
" အဲ့ဒါဆို အိမ်ကို လိုက်ဦးမှာလား ။ "
" ဟုတ် ဂျောင်ဂု လာသွားတုန်းက ဒီကိတ်လေး မပေးလိုက်ရလို့ ။ "
" အဲ့ဒါဆိုလဲ သွားကြတာပေါ့ ။ "
-
သူ ကားမောင်းနေတဲ့ တစ်လျှောက်လုံး ဘေးမှာထိုင်ပြီး အပြင်ဘက်ငေးရင်း ပြုံးနေသည့် ကောင်လေးက ဒီနေ့ ပျော်စရာတစ်ခုခုရှိခဲ့ပုံပင် ။" ပျော်စရာရှိလို့လား ဒီနေ့ ဂျီမင်းကို ကြည့်ရတာ ပုံမှန်နေတွေထက် ပို ပြုံးနေသလားလို့ ၊ ပျော်စရာရှိလဲ ကိုယ့်ကို ဝေမျှပါဦး ကိုယ်လဲ ပျော်ချင်လို့ ။ "
" အ..အယ် အဲ့လို မဟုတ်ပါဘူး ၊ ဒီတိုင်း ပါပဲ ထယ်Hyung ရယ် ။ "
" ဟုတ်ပါပြီ ။ "
![](https://img.wattpad.com/cover/191109409-288-k97705.jpg)