လေဆိပ်ဝန်းထဲခြေချလိုက်သည်နှင့် ကိုယ့်အမိမြေမဟုတ်ဘူးဟူသောအသိကြောင့်အားငယ်မှုကရင်ထဲလှိုက်ခနဲ။
မအူမလည်တစ်ဦးတည်းသောတူလေးအား ဒေါ်လေးတစ်ယောက်ကိုယ်တိုင်လာကြိုကောင်းလောက်ပါရဲ့.။
အဝတ်အိတ်များအား မနိုင်မနင်းဆွဲရင်း ကိုယ့်အားလာကြိုမည့်သူကို လည်တစ်ဆန့်ဆန့်နှင့်ရှာရသေးသည်။
ဒီကြားထဲအကဲပိုသည့်စုံတွဲများက ကိုယ့်အားတွန်းတိုက်ကာ 10နှစ် 10ကမ္ဘာမတွေ့ရသေးသည့်ချစ်သူတွေအတိုင်း လူမြင်ကွင်းမရှောင် ဖက်ယက် နမ်းရှုံ့နေကြသေး၏။အော်ဘာသာစကားတွင်မဟုတ်ဘူး ယဉ်ကျေးမှုလဲကွာပါလားဟုပင် အတွေးဝင်လိုက်မိသည် ။အမိမြေမှာက လူမြင်ကွင်းဒီလိုလုပ်ရပ်တွေက ခပ်ရှားရှားရယ်ကို။
အတွေးများစွာနှင့်လူများကိုရှောင်ကာ တိုးဝှေ့ထွက်လာရင်း ကိုယ့်နာမည်ဘုတ်ပြားကြီးကိုင်လို့ ကိုယ့်အားရပ်စောင့်နေသော အဒေါ်ဖြစ်သူအားတွေ့မှ ကလေးအားကိုးရသွားသည့်နှယ် အားကိုးတကြီးပြေးဖက်လိုက်မိသည်။
"ဒေါ်လေး!!! ဟင့်..လာမကြိုတော့ဘူးထင်တာ"
"လာမကြိုစရာလား ဒီက ကလေးပေါက်စလေးကိုလူဆွဲသွားမှာ စိုးလို့ လာကြိုရတာပေါ့လို့ အမယ်လေး ကြည့်ပါဦး ငါတို့ရဲ့ကလေးလေးချစ်ဖို့ကောင်းလာလိုက်တာ .."
"ဟီးး..ချစ်ဖို့ကောင်းရမယ်လေ ဒေါ်လေးတူပဲဟာ"
"ဟုတ်ပါပြီ ဒါနဲ့သားလေး အထက်တန်းပြီးကတည်းက အရပ်ကောထပ်ထွက်လာရဲ့လား..."
"ဟာ ဒေါ်လေးနော်အရပ်ကိုလာမထိပါးနဲ့ မင်း လေးကပုနေတာမဟုတ်ဘူး မင်း လေးချစ်ဖို့ကောင်းလွန်းလို့ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားက မင်း လေးအပေါ်ပိုသက်ရောက်လို့ ခုလိုဖြစ်နေတာပါနော် ဟွန့်"
"အမယ်လေး ပြောတက်လိုက်တာ ကဲ လာ အိမ်ကိုသွားကြတာပေါ့"
ဒေါ်လေးအိမ်သို့ဦးတည်မောင်းနှင်နေသောကားထက် သူ ကားမှန်လေးအားမှီ၍သာ အပြင်ပတ်ဝန်းကျင်သို့လိုက်ကြည့်ပြီး စူးစမ်းနေမိသည် ။
မြင်မြင်သမျှအရာအားလုံးဟာ ဂျီမင်း မျက်လုံးထဲမှာတော့အသစ်အဆန်းတွေချည်းသာဖြစ်နေခဲ့လေသည်။