ဆိုးလ် နဲ့ စပိန် အချိန်အနည်းငယ်ကွာခြားချက်ကြောင့်အိပ်ချိန်ကတစ်မျိုးဖြစ်သွား၍ ဂျီမင်း တစ်ယောက် အိပ်ယာထက် အိပ်မပျော်နိုင်သေးပဲလူးလှိမ့်နေရသည်။
သာမန်လူတစ်ယောက်သည် ငယ်စဉ်ကလေးဘဝတွင်အိပ်ယာဝင်ဖို့ရာသားချော့တေးနားထောင်ရကောင်းရှိနိုင်ခဲ့ပေမယ့် ဂျီမင်းအတွက်တော့မဟုတ်ခဲ့ ။ နိုင်ငံရပ်ခြားခရီးထွက်ရသည့်မေမေကြောင့် ငယ်စဉ်ကလေးဘဝကတည်းက ကလေးထိန်းလက်ထဲတွင်သာကြီးပြင်းခဲ့ရပြီး အသက်10နှစ်အရွယ်မှာပင် တစ်ယောက်တည်းသာအိပ်ယာဝင်ခဲ့ရသည် ။
ထိုကြောင့်သားချော့တေးဆိုတာတွေ သူမသိသလို အိပ်ယာဝင်ပုံပြင်ဆိုတာလဲမကြားဖူးခဲ့။ ယခုအချိန်မှာတော့ အရွယ်ရောက်နေပြီဖြစ်သည့်သူ့အတွက်အိပ်ပျော်ဖို့ရာသားချော့တေးမလိုအပ်တော့သောငြားလဲအိပ်ပျော်နိုင်ဖို့တော့ နားကြပ်နားထိုးပြီး သီချင်းအေးအေးလေးတွေ ရွေးနားထောင်နေရင်း အိပ်စက်ခြင်းသို့သာကြိုးစားဦးတည်လိုက်လေသည်။မနက်ခင်းနေရောင်ခြည်နုနုက ပြတင်းတံခါးမှဖြတ်ကာ အခန်းထဲသို့ ကျုးကျော်ဝင်ရောက်လာလေသည်။
ညကပြတင်းပေါက်ရှိလိုက်ကာများကိုမကာခဲ့မိသောကြောင့် ပြတင်းပေါက်မှဝင်လာသောနေရောင်ခြည်များက ဂျီမင်း မျက်နှာနုနုထက် ဖြာကျနေလေသည်။
ပြတင်းပေါက်ကိုကျောပေးပြီး ထပ်ကွေးဖို့ပြင်လိုက်ပေမယ့် အာရုံထဲဝင်လာသော ပန်းခြံမြင်ကွင်းလေးကိုအမှတ်ရကာ အိပ်ယာမှာ လူးလဲထပြီး ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းသို့ဝင်လိုက်လေသည် ။
ကိုယ်လက်သန့်စင်ပြီးနောက် ဗီရိုထဲရှိ ဒေါ်လေးသူ့အတွက်ပြင်ပေးထားသော အဝတ်များကိုကြည့်ပြီး သက်တောင့်သက်သာရှိမည့် အနွေးထည်ခပ်ပွပွတစ်ထည်နှင့်ဘောင်းဘီအနက်အရှည်လေးကိုတွဲဖက်ဝတ်ဆင်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်ကိုအကြည့်ရောက်မိတော့ အပြင်တွင်နေရောင်ရှိနေပေမယ့် လေထုထဲတွင် အအေးဓာတ်အချို့ပါပုံရသည်မို့ Earflap hatလေးကိုဆောင်းပြီး အဆင်ပြေမပြေ မှန်ထဲသို့တစ်ချက်ကြည့်လိုက်လေသည်။