မမြင်ချင်သော လူကိုမြင်ရတော့မည်ဟူသော အသိကြောင့် အိမ်ထဲသို့လှမ်းနေသော ခြေလှမ်းများက တက်ကြွခြင်းအလျဥ်းမရှိ။
"ရန်ဖြစ်လို့ဝလို့ အိမ်ပြန်လာပြီလား"
အိမ်ပေါက်ဝရောက်ရောက်ခြင်း ကြားလိုက်ရသည့် စကားသံက ရင်ဝသို့ တည့်တည့် အကန်ခံလိုက်ရသည့်နှယ် ။
"မင်း အပူပါလို့လား "
"မင်း ပြန်လာတာကိုစောင့်နေတဲ့ အဘိုးကို အားမနာဘူးလား"
"ငါ့ အကြောင်း ဘယ်တုန်းကအဲ့လောက် စိတ်ဝင်စားသွားတာလဲ"
"သေနတ် ခါးထိုးပြီး လမ်းတကာလှည့် ရန်ဖြစ်နေတဲ့ မင်းလို လူအကြောင်း စိတ်မဝင်စားပေမယ့် အဘိုးကိုသနားလို့ပြောတာ"
"အဲ့ သေနတ်က မင်းခေါင်းကို...."
"ရန်ဖြစ်နေပြန်ပြီလား အဘိုးစောင့်နေတယ် ရန်မဖြစ်ကြနဲ့ အထဲဝင်တော့"
"ငါ့ hermano(အစ်ကို) ရောက်နေတာကိုး မတွေ့ရတဲ့အတောအတွင်း ချောလာတာပဲ ဒါနဲ့ကျွန်တော့် cuñado(ယောက်ဖ)ရော"
"အထဲမှာ အဘိုးနဲ့ အတူတူ ထိုင်ပြီး မင်းကိုစောင့်နေတယ် ခဏနေညစာ စားတော့မယ် မြန်မြန် အင်္ကျီလဲ ထယ်ယောင်းလဲ အထဲဝင်တော့ "
အိမ်ထဲဝင်သွားသော အငယ်နှစ်ကောင်ကို ကြည့်ရင်း Jin တစ်ယောက်သက်ပြင်းချမိသည်။
ဂျောင်ဂုက အခြားသူတွေနဲ့ သင့်မြတ်သောလဲထယ်ယောင်း နဲ့တော့ငယ်ငယ်ကတည်းက အမြဲ ကတောက်ကဆဖြစ်တက်သည် ။ ဒါကလဲ ဂျောင်ဂုရော
ထယ်ယောင်းကိုပါ အပြစ်ဆိုလို့မရ ငယ်မာန်တွေကြောင့်သာ ဆိုရမည်။ တေးမှတ်ထားတဲ့ ယှဥ်ပြိုင်လိုစိတ်တွေ မပြယ်သ၍ ဒီလိုပဲ ဆက်ဖြစ်နေဦး မှာပင် ။