1. ခရီးတစ်ခု အစပျိုးခြင်း

11K 746 3
                                    

ဟူးးးးး
ဒီတစ်ခေါက်နဲ့ဆို သက်ပြင်းချတာ 12ကြိမ်ဖြစ်နေပြီ..။သို့သော် ရင်ထဲကစိုးရိမ်စိတ်ကတော့ တစ်ချက်မှယုတ်လျော့မသွားချေ။
မှန်ပေါ်တွင်ထင်ဟပ်နေသော သူ့ပုံစံကို တစ်ချက်ကြည့်ရှုရင်း မညီမညာ အနဲငယ်ပွယောင်းနေသော ဆံပင်ပျော့ပျော့တို့အား လက်နှင့်ညီသွားအောင်ပြုပြင်လိုက်သည်။ ထို့နောက်ခုံပေါ်ရှိ spainဘာသာစကား စာအုပ်ကလေးအား ဆွဲယူပြီး အဝတ်အစားအိတ်တို့ကို ဆွဲကာ အိမ်အောက်ထပ်သို့ဆင်းလိုက်သည်။

"မေမေ~"

"မင်း လေး အဆင်သင့်ဖြစ်ရင် ကားပေါ်တက်တော့လေ တော်ကြာ လေယာဉ်ချိန်မမှီပဲနေမယ်.."

"သား ဒေါ်လေးဆီမသွားပဲ အမေနဲ့parisကိုလိုက်လို့မရဘူးလားဟင်"

"မင်း လေးကလဲ မဆိုးရဘူးနော်မေမေ ကအလုပ်ကိစ္စကြောင့်သွားတာလေ အာ့ကြောင့် မေမေသားလေးကို သားဒေါ်လေးနဲ့ ခဏသွားနေခိုင်းရတာပါ 3လပြည့်ရင် ဒီ ပြန်လာရမှာပဲဟာ အဆင်ပြေသွားမှာပါ"

"သားမှ spainစကားမတက်တာချည်း အာ့ဘယ်လိုလုပ်ဟိုမှာ3လတောင်သွားနေရမှာလဲ မေမေကလဲ လုပ်ပါနော် သားparisပဲလိုက်ချင်တယ်"

"ကဲ ဒါဆိုဒီလိုလုပ် တကယ်လို့ သား spainမှာ လိမ်လိမ်မာမာနဲ့3လသွားနေနိုင်ရင် သားဒီကိုပြန်လာရင်မေမေကသားလိုချင်တာဝယ်ပေးမယ်လေ အဲ့လိုဆိုရင်ရော"

"တကယ်ဝယ်ပေးမှာလား.."

"တကယ်ပေါ့.."

"ကတိနော် အာ့ဆို သားသွားပြီ မေမေလဲဟိုရောက်ရင်သားကိုဖုန်းခေါ်ဦး"

"အေးပါကွယ် ကဲ ကဲ ကားပေါ်တက်တော့ တော်ကြာနောက်ကျနေမယ် အော် ဒါနဲ့အမေဝယ်ပေးထားတဲ့ spainစာအုပ်လေး ယူသွားရဲ့လား"

"ဒီမှာလေ မေမေရဲ့ ယူသွားပါတယ်"

ဂျီမင်းတစ်ယောက် လက်ထဲတွင်ကိုင်ထားသော spainစာအုပ်လေးကို အမေဖြစ်သူအား လှုပ်ရမ်းပြလိုက်သည်။

"သားသွားပြီနော်!!"

ဂျီမင်းကားပေါ်သို့တက်ကာ လက်ထဲက စာအုပ်လေးအား ကြည့်ရင်း နောက်တစ်ခေါက်သက်ပြင်းချလိုက်မိသည်။

Quiéreme "Hyung" (S1)Where stories live. Discover now