အတန်ကြာပြေးနေရင်း နောက်လှည့်ကြည့်တော့ဟိုလူထူးဆန်းအနောက်ကမလိုက်လာတော့သဖြင့် ဂျီမင်းပြေးနေရာမှရပ်ကာအမောဖြေရလေတော့သည်။
စပိန် ကိုမရောက်ခင်က ဂျီမင်း Spainသတင်းအနည်းငယ် ကိုစပ်စုထားခဲ့မိသည် ။ လတ်တလော
စပိန်တွင်အသက်ငယ်ငယ်ချောချောလူရွယ်လေးတွေက တစ်ယောက်တည်းရှိနေသောလူတွေကိုပစ်မှတ်ထားကာ ဆေးသုံးပြီးပြန်ပေးဆွဲတက်ကြသည့်အပြင် တစ်ခါတစ်ရံတရားမဝင်ပစ္စည်းများကိုအတင်းထိုးရောင်းတက်သေးသည်ဟု သတင်းခေါင်းကြီးပိုင်းတွင်ဖတ်ဖူးသောကြောင့် Jiminထိုလူထူးဆန်းကိုကြောက်မိသည် ။ကြည့်ရတာ အဲ့တဏှာရူးက ဆေးသုံးပြီးသူ့ကိုမဖမ်းသွားပဲ စကားတွေချည်းလာပြောနေပုံအရ တရားမဝင်ပစ္စည်းတစ်ခုခုအား အတင်းလာထိုးရောင်းနေပုံရ၏။
ထို့ကြောင့်လဲ Jiminကြောက်စိတ်ကိုချိုးနှိမ်၍အရဲစွန့်ကာ အသက်လုပြီး ထိုနေရာမှထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ဘာပဲဖြစ်ဖြစ်ဘုရားသိကြားမလို့ သူလွတ်လာခဲ့ပြီလေ။ ပန်းခြံအနှံ့လျှောက်ကြည့်မည်ဟူသော စိတ်ကူးလေးကတော့ အကျင့်မကောင်းတဲ့လူကြောင့်ပျက်စီးသွားခဲ့ရလေပြီ။ ထွေထွေထူးထူးလည်ပတ်စရာမရှိတော့သောကြောင့် Jiminအိမ်သို့သာတန်းတန်းမတ်မတ်ပြန်ခဲ့ရလေတော့သည်။
စပိန်နိုင်ငံအတွင်း သူစိမ်းတစ်ယောက်ဆီကကြားရခဲသော ကိုရီးယားစကားသံလေးကြောင့် ဂျောင်ဂု အံ့ဩကာ ဆက်ပြီးပြေးမလိုက်နိုင်တော့ပဲနေရာ၌ ကြောင်တောင်တောင်လေးရပ်နေမိသည်။
"နေပါဦး သူကကိုရီးယားလား တဏှာရူးလို့ငါ့ကိုခေါ်လိုက်တာလား ???
နောက်ပြီး ငါကဘာရောင်းလို့ဘာမှမဝယ်ဘူးလို့ဘာလို့အော်သွားရတာလဲ??? နားမကြားရလို့ပဲနားလည်မှုလွဲသွားတာလား ဘာပဲဖြစ်ဖြစ် သဘောကျသွားပြီ အရမ်းတွေချစ်ဖို့ကောင်းလွန်းလို့ Babyပိစိရေ!!! ဒီနေ့ကစပြီး မင်းက ဒီက Jeon ရဲ့အပိုင်ပဲ!!! ဒီနေ့တော့အလွတ်ပေးလိုက်မယ် နောက်တစ်ခါတော့မလွတ်စေရဘူး..."ဂျောင်ဂု တစ်ယောက် ပြေးထွက်သွားသော သူ့Babyပိစိလေး မကြားနိုင်တော့ပေမယ့် ပန်းခြံတစ်ခုလုံးကြားနိုင်သည်အထိ အော်ဟစ်ကာကြေညာမောင်းခတ်ရင်း သူ့Babyလေးအကြောင်းဖောက်သည်ချဖို့ အပေါင်းအသင်းများရှိရာသို့ ဦးတည်ခဲ့လေသည်။