" ကျွန်တော် ဒီမှါရှိမယ်မှန်း ဘယ်လိုသိပြီး ရောက်လာတာလဲ ။ "
" ဂျွန်ဂျောင်ဂုဆိုတဲ့ ဂျီပီအက်စ်ကြီးကို ခြေရာခံပြီးလိုက်လာတာ ။ "
ဂျောင်ဂုက ကားမောင်းရင်း ကိုင်ထားသည့်သူ့လက်တစ်ဖက်အား နမ်းပြီးရယ်သည်။
" ဂျင် Hyungပြောပြလို့ပါ မနေ့က ငါ အိမ်ကိုရောက်ခဲ့သေးတယ် ။ "
" မနေ့က ..ဘယ်အချိန်ကလဲ ။ "
" မင်း မနေ့က မိုးရေထဲမှာ ငါ့ကို ..အယ် .."
" ဆက်ပြောလေ ကျွန်တော်က Hyungကို မိုးရေထဲမှာ ဘာလုပ်လဲ ။ "
ရှက်သွားသည့် သူ့အမူအရာက ဂျောင်ဂု နောက်ပြောင်ဖို့ လမ်းစဖြစ်သွားလေသည် ။
" ဆက်ပြောပါဆို Hyungကလဲ မနေ့က မိုးရေထဲမှာ ကျွန်တော် ဘာလုပ်ခဲ့လဲဆိုနေ ။ "
" ဘာမှမလုပ်ခဲ့ပါဘူး မနေ့က ငါ့ဆီ ကလေးကြီးတစ်ယောက်ပဲ လာငိုယိုပြခဲ့တာ ။
ကျွန်တော်က သီချင်းလဲ မဆိုတက်ပါဘူး ၊ နူးနူး ညံ့ညံ့လဲ မပြောတက်ပါဘူး ဘာညာနဲ့ အဲ့ကလေးကြီးက ငိုယိုခဲ့တာ နှပ်တွေတောင် ထွက်ခဲ့သေးလားမသိဘူးကွာ။ "" ဟာ Hyungကလဲ နှပ်တော့ မထွက်ခဲ့ပါဘူးနော် ။ "
သူ့နှာထိပ်လေးကို လက်ခုံနဲ့ မလုံမလဲထပွတ်နေသည့် ကောင်လေးကိုကြည့်ပြီး ဂျီမင်းမနေနိုင်စွာထရယ်မိတော့သည်။ သူရယ်တော့ ဂျောင်ဂုကလဲ လိုက်ရယ်သည်။
" ကျွန်တော့်ကို ချစ်တယ်လို့ ထပ်ပြောပေးပါလား Hyung ။ "
" ဂျွန်ဂျောင်ဂုရဲ့ ချစ်သူကောင်လေးပါလို့တောင် အန်တီနဲ့ ဦးလေးရှေ့မှာ ပြောပြီးပြီလေ ၊ မလုံလောက်သေးလို့လား ။ "
" ချစ်တယ်လို့ ပြောတာမှ မဟုတ်တာ ။ ပြောပေးပါဆို ဒီ နားကြီးက အရမ်းနားထောင်ချင်နေလို့ ။ "
" ဟုတ်ပါပြီ ...ဒီကHyungက Hyungရဲ့ ညီငယ်လေး ဂျွန်ဂျောင်ဂုကို ချစ်ပါတယ်လို့ ။ "
" ဟာ ..ဘယ်က ညီလေးလဲ Hyungနဲ့ ကျွန်တော်နဲ့မှ အမျိုးမတော်တာ ။ "
" ဘာလဲ မင်းက ငါနဲ့ အမျိုးမတော်ချင်လို့လား ။ "
" တော်ချင်တာပေါ့ ဒါပေမယ့် ညီလေးအနေနဲ့မဟုတ်ဘူး Hyungရဲ့ ခင်ပွန်းအနေနဲ့ ..ဟီးးး ..။ "