မီးဖိုခန်းထဲ ကိတ်မုန့်ပြင်ရင်းအလုပ်ရှုပ်နေသည့်
ဆော့ဂျင်အနားသို့ မယောင်မလည်ရောက်လာပါသော အရိပ်လေးတစ်ခု။ ဆော့ဂျင် မျက်လုံးဖြင့် တစ်ချက်ဆွေကြည့်ပြီး မမြင်ဟန်ဆောင်နေလိုက်သည်။"ဂျင် Hyung"
အသည်းယားစရာ တိုးဖျော့ဖျော့ အသံလေးကြောင့် ဂျင် ကြိတ်ပြုံးမိသွားရသည်။
"ဘာလဲ "
"ဟို ဂျီမင်း Hyungရော ကျွန်တော်လိုက်ရှာတာမတွေ့လို့"
"အပေါ်ထပ်က စာကြည့်ခန်းမှာ ထယ်ယောင်းနဲ့အတူရှိတယ်"
"ဟင် ကင်ထယ်ယောင်းနဲ့ ရှိနေတယ်!!"
မိမိစကားကို နားထောင်ပြီးသည်နှင့် ပြေးသွားဖို့ကြံနေသော အငယ်ကောင်၏ ဂုတ်ကို ဂျင် အလျင်အမြန်ပင်လှမ်းဆွဲလိုက်သည်။
"ရော့ ကိတ်မုန့်ယူသွားချေ အဲ့ကလေး အဆာပြေစားရအောင် ပြီးတော့ ငါ ရန်ဖြစ်သံမကြားချင်ဘူးနော် ငါသတိပေးထားပြီးပြီ"
ဟုတ် တစ်ခွန်းပင် မဖြေ ခေါင်းကိုသာ တဆတ်ဆတ်
ငြိမ့်ပြီး ကိတ်မုန့်ပန်းကန်ကိုမကာ လှစ်ကနဲပြေးသွားသော ဂျောင်ဂုကို ဂျင်ပြုံးကြည့်မိသည်။ငါတို့ ဂျောင်ဂုလေးတောင် တစ်စုံတစ်ယောက်ကိုချစ်တက်တဲ့အထိ အရွယ်ရောက်လာပြီပဲ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အလျင်လိုစိတ်ကြောင့် ဂျောင်ဂု တံခါးပင် မခေါက်နိုင်ပဲ စာကြည့်ခန်းထဲခပ်သုတ်သုတ်ဝင်သွားလိုက်သည်။
"Hyung "
သူ့ခေါ်သံကြောင့် မျက်ဝန်းလှလှလေးက သူ့ထံဆိုက်ရောက်လာ၏။
"ဂျောင်ဂု "
"ဟီးး Hyungအတွက် ကိတ်မုန့်လာပို့တာ Hyungစားလို့ရအောင်"
"ငါ့အတွက်ရောပါလား "
မျက်မှန်ကို လက်ညိုးတစ်ချောင်းနှင့် ပင့်တင့်ရင်း စမတ်ကျပုံဖမ်းပြီး မေးလာသည့် ကင်ထယ်ယောင်းအသံက နားကြားမျဥ်းကပ်စဖွယ်။
"ထယ်ယောင်း Hyung စားချင်ရင် မီးဖိုခန်းမှာ သွားစားလိုက်လေနော် ဂျင် Hyungက ကျွန်တော့် Hyungအတွက်ပဲပေးလိုက်တာမို့ "
![](https://img.wattpad.com/cover/191109409-288-k97705.jpg)