22. F.A.M.I.L.Y

3.1K 454 60
                                    

" Hyung ဒါလေးနားမလည်လို့ ဒါလေး..ဒါလေး "

" Hyung ဒါလေးရောပဲရှင်းပြ "

Hyung...Hyung...Hyung...~~~

အထက်ပါစကားများသည် ပတ်ဂျီမင်းနား တစ်နေ့ကုန်ကပ်၍ ဂျီတိုက်ချွဲနေသည့် ဂျွန်ဂျောင်ဂုထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပါ၏။ ဘေးချင်းကပ်အတန်းသားများပင် မြင်မျဥ်းစကပ်လာချေပြီ ။

စဥ်းစားကြည့်ပါဦး အရပ်ကတို့ရေ ထိပ်တန်းအခန်းထဲ အမှတ်အများဆုံးနဲ့ဝင်လာတဲ့ ကျောင်းသားက နေ့ချင်းညချင်း ဘာမှနားမလည်သလိုနဲ့ စာအုပ်ထဲတွေ့သမျှ လိုက်မေးနေရတယ်ဆိုတာ...၊ ကြုံ မကြုံဖူးပေါင်။

အတန်းနားချိန်ဆိုလဲ အတန်းနားချိန် ၊ အတန်းချိန်ဆိုလဲ အတန်းချိန် Hyungဆိုတာချည်း ပါးစပ်ကကိုမချ။ အခေါ်ခံရတဲ့သူကလဲ ပြုံးရွှင်လို့နေ၏...။ ဘေးချင်းကပ်ထိုင်မိသူများက Third wheelလုံးလုံးဖြစ်လို့...။မခံနိုင်တော့တဲ့ သူများကတော့ အခြားအတန်းသို့ ပြောင်းထိုင်ကုန်ကြသည်။ သူတို့နားထိုင်ရင် တကယ်Deဝင်ရတယ်...။

-
ပန်းချီအတန်းချိန်မို့ အားလုံး ငြိမ်သက်လျက် အတန်းရှေ့ခုံပေါ်ချထားသည့် ပန်းချီဆွဲရမည့်အရာသို့ အာရုံစိုက်ထားကြသည် ။ တစ်ဦးသောသူကတော့ ထိုလိုမဟုတ် ၊ သူ့ အာရုံက ဆရာဆွဲခိုင်းသည့်ပန်းချီဆွဲရမည့် အရာတွင်မရှိ တစ်စုံတစ်ဦးဆီမှသာရှိနေ၏။

ဆရာဖြစ်သူကတော့ အတန်းသားများ၏ ပန်းချီစွမ်းရည်အား လိုက်လံကြည့်ရှုရင်း အလုပ်များနေသည် ။ ထိုသို့ ကြည့်ရှုရင်း တစ်နေရာအရောက် သူငြိမ်သက်သွားရသည် ။ ကျောင်းသားဖြစ်သူ၏ ပန်းချီကိုတစ်လှည့် သူဆွဲခိုင်းထားသည့် အလှပန်းအိုးလေးကို တစ်လှည့်ကြည့်ရင်း သူ့မှာ အူကြောင်ကြောင် ပင်...။

သူဘယ်တုန်းက လူပုံဆွဲခိုင်းမိလို့လဲ...။

" ကျောင်းသား ဆရာမင်းကိုဆွဲခိုင်းတာ အရှေ့က အလှပန်းအိုးပုံလေးလေ လူပုံဆွဲခိုင်းတာ မဟုတ်ဘူး ။ နေစမ်းပါဦး...ဒီပုံက ငါမြင်ဖူးနေပါတယ် ...ကျောင်းသားပတ်ဂျီမင်း...။ "

နာမည်ခေါ်သံကြောင့် ဂျီမင်း ပန်းချီဆွဲနေရာမှ လှည့်ကြည့်လိုက်သည် ။

Quiéreme "Hyung" (S1)Where stories live. Discover now