လေဆိပ်ဝန်းထဲ မိသားစုသုံးယောက်လုံးတော့ ခြေချလိုက်တာပဲ သို့ရာတွင် နောက်တွင်ကျန်ခဲ့သူက သူတို့လင်မယားသာ ။ အကြောင်းကား အလျင်စလို ပြေးထွက်သွားသည့် ယောင်းငယ်ကြောင့်ပင် ။
"သွားစရာရှိသည်ဟု " အတိုချုံး ခွင့်ပန်သွားတဲ့ ယောင်းငယ်က အတော်အလျင်လိုနေပုံပါပဲ ။
အငယ်လေးကတော့ မနက်ဦးပိုင်း အချိန် လက်မှတ်ဖြတ်ပြီးသားမို့ ကိုရီးယားမြေပေါ် ၂နာရီလောက် စောရောက်သည်။ သို့ရာတွင် စာမလာ ၊ သတင်းမကြား ။
ရောက်ပြီလဲ မပြော ၊ မရောက်သေးလဲ မပြော ။
အိမ်ရှိရာကို ကြိုတင်ပြောပြထားသည်မို့ ကိစ္စတော့မရှိနိုင်လောက် ။ထို့နောက်တွင်တော့ လင်မယား နှစ်ဦးသား အထုတ်ကြီး ၊အထုတ်ငယ်သယ်လို့ လေဆိပ်ရှေ့က လာကြိုသော ကားပေါ်သို့ တက်ခဲ့လိုက်သည်။
"လူကြီးမင်းမှာ ထားတာ ရပါပြီ "
ကျသင့်ငွေကို ကောင်တာပေါ်တင်လို့ ကောင်မလေးလက်ထဲက ပန်းစည်းကို လှမ်းယူလိုက်သည်။
သေသပ်စွာ စည်းနှောင်ထားတဲ့ လီလီဖြူတွေက မွှေးကြိုင်၍ နေသည်။ ထို့နောက် စာသားအချို့ရေးသားထားသည့် ပို့စ်ကတ် လေးကို ပန်းစည်းထဲ
ထည့်ညှပ်လိုက်ပြီး ဆိုင်ထဲမှထွက်လာလိုက်သည်။ပေါ့ပါးသွက်လက်နေသည့် ခြေလှမ်းတွေက ရောက်လိုရာ ပန်းတိုင်ဆီသို့...။
တီ!! တီ!!
နှစ်အတော်ကြာသည်ထိ အဝေးကသာ တိတ်တခိုးလှမ်းငေးခဲ့ရသော ခြံပေါက်ဝရှေ့ ကားဟွန်းတီးလိုက်သည်။
ရင်တွေက တဒိတ်ဒိတ် ။ ဘေးက လီလီတွေကို ကြည့်တော့ ပကတိအတိုင်း မွှေးကြူလှပမြဲ။
နောက်ဆုံးမှာတော့ အဝေးကသာငေးခဲ့ရသော ဤခြံလေးထဲ ဝင်ခွင့်ရတော့မည်။
ဒီလိုနဲ့ တစ်နေ့မှာတော့ အိမ်ရှင်လေးနဲ့ ချစ်ကျွမ်းဝင်နိုင်ကောင်းရဲ့ ။
အတွေးတွေကတော့ ကျေနပ်ဖွယ်အတိ။ခဏကြာတော့ ခြံစောင့် ဦးလေးက ခြံထဲကထွက်လာပြီး သူ့ကားနားရောက်လာသည် ။
"ဘယ်သူနဲ့ တွေ့ချင်လို့လဲကွယ့် "
"ပတ် ဂျီမင်းနဲ့ပါ သူ ရှိလား ဦးလေး "