ဒိတ်ပြီးကတည်းက ဂျောင်ဂုနဲ့ဂျီမင်းမတွေ့ဖြစ်သည်မှာ နှစ်ရက်ပင်ရှိခဲ့ပြီ ။အလုပ်များနေလို့ ဒီရက်ပိုင်းလာဖြစ်မှာ မဟုတ်ဘူး ဆိုသည့် စာတိုသာပို့ထားပြီး ထပ်အဆက်အသွယ်မလုပ်သည့် ကောင်လေးက တကယ်လဲအလုပ်များနေဟန် ရှိပါသည်။ အဲ့အစား Deliveryနဲ့ မုန့်တွေတော့ ပို့ပေး၏။ ဒါပေမယ့်လဲ လူကိုယ်တိုင်တစ်ခါ နှစ်ခါလောက်တော့ ဖုန်းဆက်သင့်တယ်မလားလို့ ။အခုတော့ ဒီကလူက ဟိုတွေး ၊ ဒီတွေးဖြစ်နေရပြီ။
မနေ့ကတော့ မနေနိုင်စွာပဲ သူဖုန်းဆက်ကြည့်တော့ ဂျောင်ဂုအစား ဂျင်Hyungကကိုင်သည် ။ ဂျောင်ဂုမအားဘူးဟုသာ ပြောသည့် Hyungက တော်ရုံနှင့် ဖုန်းမချသည့်အတွက် စကားအတော်ပြောဖြစ်ကြရင်း ဂျောင်ဂုမိဘ အုတ်ဂူဆီအတူသွားဖြစ်တယ်ပြောတော့ Hyungက အံသြသွားဟန်ရှိသည် ။ ဂျင်Hyungပြောပြပုံအရဆို ဂျောင်ဂုက သူ့မိဘတွေဆီသွားလျှင် တော်ရုံ လူမခေါ်တက်ကြောင်းသိရသည် ။ထို့ကြောင့် သူနှင့်အတူသွား သည်ပြောတော့ Hyungအံသြသွားတာ ဖြစ်ရမည်။
ဖုန်းလာတော့ Contact nameကြောင့် အနည်းငယ် ကြောင်သွားရသည်ဟု ဂျင်Hyungက ရယ်ရယ်မောမောပြောသည် ။ သူမေးပြန်တော့လဲ မဖြေ ဂျောင်ဂုကိုသာ မေးကြည့်တော့ဟုသာပြောပြီး ဖုန်းချသွား၏။
ဂျောင်ဂုcontact nameမှာ သူ့ကို Hyungပုလုံးလေးလို့တော့ မမှတ်ထားလောက်ဘူး မလား။ အဲ့လိုသာ မှတ်ထားလျှင် သေချာပေါက် ဂျောင်ဂု သူ့အမျက်မာန်ရှရပါလိမ့်မည် ။
°°°
အခုချိန်လောက်ဆို အိမ်တွင်အပျင်းထူနေမည့်သူက ကျောင်းတက်လျှင် လိုအပ်မည့် ပစ္စည်းများဝယ်ရန် လိုက်ခဲ့ပေးပါဟု အဖော်ဆွယ်သည့် ထယ်Hyungကြောင့် ကုန်တိုက်တစ်ခုသို့ရောက်နေခဲ့ရသည် ။ ဂျောင်ဂုအကြောင်းကိုတော့ သူထပ် မမေးဖြစ်တော့ပါဘူး ။
အဝတ်အစားဆိုင်ဘက်ဝင်ရင်း သားရေဂျက်ကတ်တွေဘက် အကြည့် ရောက်မိတော့ ဂျောင်ဂုကိုပင် သတိရမိသေးသည် ။ ဒီလိုဟာလေးတွေဆို ဂျောင်ဂုကသဘောကျတာ ၊ ဟိုဟာလေးဆို ဂျောင်ဂုနဲ့လိုက်မှာ ဘာမြင်မြင် ခေါင်းထဲ ၎င်းအတွေးတွေသာ ရောက်နေတော့တာပါပဲ။