မိမိဘက် တစ်ချက်မကြည့် စာချည်းသာ ကုန်းရေးနေသော Hyungကြောင့် ဂျောင်ဂု စိတ်ကောက်ချင်လာမိသည်။လှည့်ကြည့်လို လှည့်ကြည့်ငြား စားပွဲစောင်းလေးကို ဘောပင်နဲ့ တတောက်တောက်ခေါက်သည်။ဒါလဲ Hyungက သူ့အားလှည့်ကြည့်မလာပါ။
ကိုယ်ကတော့ သူ့မျက်နှာလေးတွေ့ချင်လွန်းလို့ အစောကြီးတွေထ ပြီး အမှတ်ရလိုရငြား ကျူးလစ်ပန်းတွေပါ ခူးပြီးလက်ဆောင်ပေးခဲ့သည်။သို့သော် Hyungက အခန်းထဲရောက်ကတည်းက သူ့တစ်စက်မှမကြည့် စာမှစာသာ ကုန်းလေ့လာနေလေသည်။
စာလောက်တောင် Hyungရဲ့ အဖက်လုပ်ခြင်းမခံရလို့ ဂျောင်ကုကီးလေး ဝမ်းနည်းနေပါပြီနော်။"ဟွန့်"
သိသိသာသာ ထွက်ပေါ်လာသော နှာမှုတ်သံပြင်းပြင်းကြောင့် ဂျီမင်းစာရေးခြင်းအမှုကိုရပ်ကာ ဘေးတွင်ထိုင်နေသော ဂျောင်ဂုကိုလှမ်းကြည့်လိုက်သည်။ ကိုယ်တော်ချောက ဘာတွေအတွေးရောက်နေသည်မသိ မိမိစာရေးနေသော စာအုပ်ကိုမမှိတ်မသုန်ကြည့်ပြီး နှုတ်ခမ်းကလဲ စူထော်နေသေးသည်။ တစ်ခါတစ်လေတော့လဲ ဂျီမင်း ထိုကောင်လေး၏ ခပ်ဆန်းဆန်းအပြုအမူတွေကို နားမလည်နိုင်ပါ။
"ဂျောင်ဂု အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲ"
မိမိအမေးကို ပြန်မဖြေ ထိုအနှီကောင်လေးက နှုတ်ခမ်းကြီးသာစူမြဲစူထားသည်။
အရိပ်အကဲခတ်ညံ့သော ဂျီမင်းတစ်ယောက် ခေါင်းတွေပင်စကုတ်လာရသည်။ ထိုကောင်လေး ဘာဖြစ်နေမှန်း ဂျီမင်းတကယ်မသိပါ။
"ဂျောင်ဂု ဘာဖြစ်လို့လဲလို့ ဘာအဆင်မပြေလို့လဲ Hyungကိုပြော"
"Hyung ..."
Hyungလို့ ခေါ်ပြီးမိမိအား ရီဝေဝေကြည့်လာသော ကောင်လေးသည် ဘာကို ပြောချင်နေမှန်း ဂျီမင်းမသိပါ။
"ပြောလေ ကုကီးလေးရဲ့"
"ကျွန်တော့်ကိုပဲကြည့်လို့မရဘူးလား"
"ဟင် ဘာကို"
"စာကြီးပဲ ကြည့်မနေပဲ ကျွန်တော့်ကိုလဲကြည့်ပေးလို့မရဘူးလားလို့ ဒါမှမဟုတ်လဲ Hyungစာအုပ်ကို ကျွန်တော့်မျက်နှာ ကပ်ထားပါလား တစ်ချက်ခုတ်နှစ်ချက်ပြတ်လေ ဘယ်လိုလဲHyung"