ခုတလော မေမေ့အခြေအနေက သိသိသာသာတိုးတက်လာသည်။ အကောင်းပကတိ လမ်းပြန်လျှောက်နိုင်ဖို့ လိုသေးပေမယ့် လှုပ်ရှားမှုအချို့တော့ ပြုလုပ်လာနိုင်ပြီဖြစ်သည် ။ အစက အားငယ်နေသော မေမေမှာ အခုတော့ သူနှင့် ဒေါ်လေးအပါအဝင် အခြားသူတို့၏ အကူအညီဖြင့် ဆရာဝန်များညွှန်ကြားသော လေ့ကျင့်ခန်းများကို သေချာလိုက်လုပ်၏။
ထို့ကြောင့် ဒီတလောအတွင်း သိသိသာသာအခြေအနေစတိုးတက်လာသော မေမေ့ကို တစ်ပတ်ကြာရင် ဆေးရုံဆင်းခွင့်ရပြီဖြစ်ကြောင်း ဒီနေ့ ဆရာဝန်ကြီးကလာပြောတော့ မေမေ့မျက်နှာကရွှင်ပျလို့ ။ ဆေးရုံနံ့မကြိုက်သော ဒေါ်လေးကလဲ တပြုံးပြုံး။ဟိုဘီHyungတို့နဲ့ ဂျောင်ဂုတို့ကလဲ ဆေးရုံကဆင်းသည်နှင့် လာကြိုပေးမည် တကဲကဲ ။ဤသို့ အမျိုးအဖုံဖုံနှင့် ဒီနေ့လေးက ပျော်စရာတွေပြည့်နေခဲ့တယ် ။
°°°
1.6.2020
ဒီနေ့ တစ်ပတ်ပြည့်တဲ့နေ့ ။ဆေးရုံဆင်းသည့်နေ့မို့ ပျော်နေသည့် မေမေက အဝါရောင် ဂါဝန်ရှည်လေးဝတ်ဆင်ထားပြီး သူတွန်းလာသည့် ဝှီးချဲ လေးပေါ်မှာ ထိုင်လို့ တွေ့သမျှ အသိဆရာဝန်များကို ကျေးဇူးတင်စကားဆိုလို့ လိုက်နှုတ်ဆက်သည် ။ ဒေါ်လေးကတော့ သူတို့အိမ်ပြန်လာလျှင် အသင့်စားသောက်နိုင်ရန် အိမ်ပြန်လို့ ချက်ပြုတ်ရေး တာဝန်ယူနေရ၍ မရှိ။
ယင်းတာဝန်အား ဒေါ်လေးယူခဲ့ရသည်မှာ မေမေ ဆေးရုံတက်နေချိန် အိမ်အကူအဒေါ်ကြီးအလုပ်ထွက်သွားကတည်းက ဖြစ်သည်။ နဂို အိမ်မှုကိစ္စလုပ်လေ့မရှိသော ဒေါ်လေးကအိမ်အလုပ် သိပ်မနှိင်နင်းပေမယ့် အတက်နိုင်ဆုံး လုပ်၏။
မှတ်မိပါသေးသည် ...ဒေါ်လေး ပထမဆုံး ဆန်ပြုတ်ကြိုပြီး ဆေးရုံယူလာတဲ့နေ့ကို..။ အဲ့နေ့က ဒေါ်လေး၏ ပြုတ်မနပ် ဆန်ပြုတ်အရသာဆန်းကြီးကြောင့် သူတို့သားအမိ နေ့လည်စာငတ်ခဲ့ရတာကို ။ တော်သေးလို့ ညနေပိုင်းကျ ဂျောင်ဂုရောက်လာ၍ အကြောင်းစုံသိပြီးနောက်ပိုင်း ဂျောင်ဂုက သူတို့သားအမိအတွက် မနက်စာ ၊ နေ့လည်စာ ၊ ညနေစာ အားလုံးတာဝန်ယူပြီး လာပို့ပေးသည် ၊ အပိုဆု အနေနှင့် သားရေစာလေးတောင်ပါသေး၏။