" ဂျောင်ဂု !! "
အော်ခေါ်သံနဲ့အတူ Hyungက သူထိုင်နေသည့် ခုံတန်းလေးသို့ အပြေးရောက်လာသည် ။
" ဘယ်လိုဖြစ်တာလဲ ၊ ဟိုဆော့Hyungပြောတာကြားကြားခြင်း Hyungလိုက်လာတာ ။ "
စိုးရိမ်မှုအပြည့်နဲ့ Hyungမျက်ဝန်းတွေကြောင့် ဟန်ဆောင်ကာ မူပိုပြလို့ Hyungရင်ခွင်ထဲဝင်၍ သူချွဲချင်လာသည် ။
" အဟင့် Hyung ... "
ဂျောင်ဂု ရှေ့ကရင်ခွင်လေးထဲ ပစ်ဝင်ပြီး ပုခုံးသေးသေးလေးကို မေးတင်ကာ အခွင့်ရခိုက် ခါးကျဥ်ကျဥ်လေးကို ဖက်တွယ်ပစ်လိုက်သည် ။
" အို Hyung ရဲ့ ဂျောင်ဂုလေးက ကြောက်သွားတာလား ။ မငိုနဲ့ ..၊ မငိုနဲ့ တိတ် တိတ် ၊ Hyungရှိတယ်နော် ။ "
Hyungကတော့ မြင်မှာ မဟုတ်ပေမယ့် သူကတော့ ပီတီအပြည့်နဲ့ ပုခုံးသေးသေးလေးပေါ်မေးတင်ရင်း သွား၃၂ချောင်းလုံး မဖြီးမိအောင်ထိန်းနေရတာ ။
အာ...Hyungအနံ့လေးက မွှေးနေတာပဲ ။ခဏကြာတော့ Hyungက သူ့ကို ရင်ခွင်ထဲမှ ဖြေးဖြေးချင်း ခွါထုတ်လိုက်သည်။ ထို့နောက် သူ့လက်လေးကို ညင်ညင်သာသာ ဆုပ်ကိုင်၏။
" ဘယ်လိုဖြစ်တာလဲ Hyungကိုပြောပြ ။ "
" ကျွန်တော်လဲ မသိဘူး အားကစားကွင်းမှာ ရှိနေရင်း ရုတ်တရတ် ဖြစ်သွားတာ ၊ ကြည့်ရတာ တစ်ယောက်ယောက်က တမင်သက်သက်ချောက်တွန်းလိုက်ပုံပဲ ။ ကျွန်တော့်ကို အနိုင်ကျင့်ချင်တာနဲ့တူပါရဲ့...။"
မျက်နှာငယ်လေးနဲ့ ပြောနေသည့် ဂျောင်ဂုကိုကြည့်ရင်း ဂျီမင်းစိတ်မကောင်း ။ ကျောင်းတက်တာမှ မကြာသေးဘူး ဒီလိုတွေ ဖြစ်ရတယ်လို့ ။
" ကျွန်တော့်ကို ကာကွယ်ပေးပါနော် Hyung ၊ Hyungအနားမှာ မရှိတာနဲ့ အကုန်လုံးက ကျွန်တော့်ကို အနိုင်ကျင့်ချင်နေကြတာ ထင်တယ် ။ ကျွန်တော် အရမ်းအားငယ်တာပဲ ။ဒီနေ့ကစပြီး Hyungအနားမှာပဲ ကော်လိုကပ်ပြီး နေတော့မယ် ။ နောက်ပြီး အားကစားချိန်နဲ့ အကချိန်ပြောင်းယူလိုက်တော့မယ် ။"
အားငယ်တယ် ..ဆိုတာ အလကား တကယ်က Hyungနား အချိန်ပြည့်ကပ်နေချင်လို့ကို သက်သက်အခွင့်ယူလိုက်တာ ။ ပိုင်လွန်းလှသည့် သူ့အကြံကို ဂျောင်ဂု စိတ်ထဲမှ ကြိတ်ချီးကျူးနေလိုက်သည် ။ ဒီတစ်ခေါက် ပြဿနာက သူ့အတွက်တော့ ဆင်ခြေကောင်းတစ်ခုအဖြစ်ပြောင်းလဲသွားချေပြီ။ ဒါပေမယ့် အဲ့လိုဆိုတိုင်း သူ့ကို ချောက်တွန်းသွားသည့် သူတောင်းစားအား အလွတ်ပေးမည်မဟုတ် ၊ လိုက်ရှာပြီး ပညာပြန်ပေးကို ပေးရမည် ။
![](https://img.wattpad.com/cover/191109409-288-k97705.jpg)