ဘာကဘယ်လိုဖြစ်သည် ဂျီမင်းခေါင်းထဲစဥ်းစားမရ ။ ဒီရက်ပိုင်း အဆက်အသွယ်မရသည့်ကောင်လေးက ယခုသူ့ရှေ့ရောက်နေပြီး သူ့အတန်းဖော်ဖြစ်တော့မည်တဲ့ ။ အတွေးစများစွာနဲ့သူကတော့ ထိုင်ခုံမှာ မလှုပ်မယှက် ကျောက်ချလျက်သားအတိုင်းပင် ။ စင်ပေါ်က ကောင်လေးကတော့ နှုတ်ခွန်းဆက်စကားဆိုပြီးသည်နှင့် သူ့နားပြေးလာ၏။
" ဂျီမင်း Hyung! "
ရှေ့ကကောင်လေး၏ ခေါ်သံကို ဂျီမင်းသတိမမူမိနိုင် ခေါင်းထဲ ဘယ်တုန်းကဟူသည့် မေးခွန်းအတွေးများသာထပ်နေလေသည် ။
စပိန်ကကျောင်းကိုရော ဒီကောင်လေးဘာလုပ်ခဲ့လဲ ၊ ဘယ်တုန်းက ဝင်ခွင့်ဖြေတာလဲ ၊ ဘယ်တုန်းကပြင်ဆင်ခဲ့တာလဲ ၊ ဘယ်တုန်းကတည်းက စာတွေ လိုက်လေ့လာခဲ့တာလဲ ၊ အစရှိသော ဘယ်တုန်းက ဟူသည့် အတွေး မေးခွန်းများ...။
" Hyung ဘာဖြစ်လို့လဲ ၊ နေမကောင်းဘူးလား ။ "
သူ့ဆီက အမေးတစ်စုံတစ်ရာ မကြားရ၍ ဂျောင်ဂုက စိုးရိမ်တကြီးမျက်နှာလေးနဲ့ မေးရှာသည် ။
" Hyungက နေကောင်းပါတယ် နဲနဲ အံအားသင့်သွားရုံတင်ပါ ။ ဂျောင်ဂု... ဘယ်တုန်းက ဝင်ခွင့်ဖြေလိုက်တာလဲ ။ "
" ဝင်ခွင့် စာမေးပွဲတွေစစစ်ကတည်းကပေါ့ Hyungကလဲ ။ ကျွန်တော် ဒီကျောင်းပြောင်းဖို့အတော် ကြိုးစားခဲ့ရတာ Hyungနား နေနိုင်ဖို့လေ ကျွန်တော် မတော် ဘူးလား Hyung ။ "
" တော်တာပေါ့ ငါတို့ ဂျောင်ကုကီးလေးက...။ "
" တော်တယ်ဆို ခေါင်းလေးပုတ်ပေး ဂျောင်ကုကီးလေးက တော်လိုက်တာဆိုပြီး..။ "
ကလေးဆန်လှသည့် ကောင်လေးက သူ့ရှေ့ ခါးလေးကိုင်း လို့ ခေါင်းလေးထိုးပေး၏။
" အင့်..အင့် ပုတ်ပေးလေHyung "
လူကြားထဲမို့ သူက ရှက်ကိုးရှက်ကန်းဖြစ်နေပေမယ့် ဂျောင်ဂုကတော့ မရှက် ၊ သူ့လက်ပင် ခေါင်းပေါ် အလိုက်သင့်တင်ပေးသေးသည် ။
" အင်း..အင်း ငါတို့ ဂျောင်ကုကီးလေးက တော်လိုက်တာ။ "
သူ့အလိုကျခေါင်းလေးပုတ်ပေးတော့ တဟီး ဟီးနဲ့ သဘောတွေကျနေလိုက်တာများ...၊ အဲ့လိုမျိုး...
ဒီကောင်လေးက တစ်ခါတစ်လေ သူ့ရှေ့ ကလေးတအားဆန်ပြတက်သေးတာ ။