ဂျယ်ဂျူသို့ ရောက်သည့် အချိန်က ညနေစောင်းဖြစ်သည် ။ ဘိုကင်ချိတ်ပြီးသား တည်းခိုဆောင်တွင် ဆရာတွေက တစ်ခန်းသုံးယောက်နှုန်းဖြင့် အခန်းခွဲပေးသည် ။ ပထမနှစ် ၊ ဒုတိယနှစ် ၊ တတိယနှစ် စသည်ဖြင့် အတန်းအလိုက် အခန်းသတ်မှတ်၍ ခွဲထားသည် ။ ဟိုဟီHyung၊ ထယ်ယောင်းHyungနဲ့ ယွန်းဂီ Hyungက သူတို့ထက် စီနီယာကျသည့် အကြီးတန်းတွေမို့ ဂျောင်ဂုတို့နေရမည့်နေရာနှင့်ကွဲ သွားသည် ။
ကျောင်းသားအများစုက ရှုခင်းကောင်းသည့် အခန်းတွင် နေရာကျချင်ကြပြီး ဂျောင်ဂုကတော့ ဂျီမင်းနှင့်သာ အခန်းအတူကျရင် ပြီးရောဟုတွေးသည်။ သို့သော် ထင်သလို ဖြစ်မလာပါ ။ဆရာများခွဲပေးသည့် Hyung၏ အခန်းဖော်နာမည်များတွင် သူ့နာမည်မပါပါ ။ သူနေရမည့် အခန်းက Hyungအခန်းနှင့် မျက်နှာချင်းဆိုင်အခန်းတွင် ဖြစ်သည် ။
" ဂျီမင်း ငါတို့ တစ်ခန်းတည်း အတူနေရမှာပဲကွ ။ ဂွမ်ဟီး ကတော့ မရောက်သေးဘူး ။
ကုတင်က နှစ်လုံးတည်းဆိုတော့ မင်းနဲ့ပဲ အတူမျှသုံးမယ်နော် ဂွမ်ဟီးက နဲနဲ အအိပ်ကြမ်းတော့ ငါနဲ့ဖြစ်မယ်မထင်ဘူး ။ "Hyungဂုတ်ပိုးလေးကို နှိပ်ပေးနေသည့် သူ့လက်တွေရပ်တန့်သွားမိသည် ။
တမင်သနားစဖွယ် မျက်နှာပေးနှင့် ဟန်လာလုပ်နေသည့် ယွန်းမင်းက အကြောင်းသိသူ့ဖို့အမြင်ကပ်ဖို့ကောင်းသည် ။
ဒီလိုလူက Hyungနဲ့ တစ်ခန်းတည်း ကျရတယ်လို့ ။
ယွန်းမင်း၏ စိတ်ကို အကြောင်းသိနေ၍ ခက်သည် ။ဒီကောင် ဘယ်လို ခြေလှမ်း လှမ်းနေလဲ ဂျောင်ဂုသိတာပေါ့။
" လုပ်ပါကွာနော် အကူအညီတောင်းတာပါ ။ "
အင် တင်တင်ဖြစ်နေသည့် Hyungက အားနာတက်တဲ့ ပင်ကို စရိုက်လေးနဲ့ဆို ငြင်းနိုင်မည်မဟုတ်သည်မှာမလွဲ ။ သူတားလျှင်လဲ Hyungအမြင် သူက တစ်ပါးသူကိုမကူညီတက်သည့် လူဆိုးဖြစ်နေဦးမည် ။
" Hyung အခန်းထဲ ဝင်နှင့်နော် ကျွန်တော် ဟိုဘက်ခဏသွားလိုက်ဦးမယ် ။ ပြီးရင် Hyung အိတ်တွေ သယ်ပြီး လာပို့မယ် အရင်သွားနားလိုက်နော် ။ "
" အင်း .. အဲ့ဒါဆို Hyungသွားတော့မယ် ။ "
ထထွက်သွားသည့် Hyungနောက် ယွန်းမင်းက သူ့အား လှောင်သလို မဲ့ပြုံးပြုံး ပြပြီး အထုတ်တွေသယ်ပြီးလိုက်သွားတော့သည် ။ ဂျောင်ဂု ဟက် ကနဲ တစ်ချက်သာရယ်မောပြီး ခုထိအခန်းရှာနေကြသေးသည့် တတိယနှစ် ကျောင်းသားအုပ်ဘက် ထွက်ခဲ့သည် ။