Part 2

6.6K 264 2
                                    

ပန်းကြိုးနွယ်
အပိုင်း (၂)
#ပန်းကြိုးနွယ်

“မဖြစ်စလောက်လစာလေး နဲ့ ခိုင်းတာကလည်း စုံလို့..”
ဆန်းသူ ပြောလိုက်တဲ့ စကားကို အလုပ်လုပ်နေတဲ့ သူ အပေါင်းက ထောက်ခံမဲပေးကြသည်..။
“အေးလေ..အင်ဂျီနီယာဘွဲ့ရ က လက်သမား မလုပ်တက်တာ သောက်ပြစ်ဖြစ်နေသလိုလို...”
“ပြောမနေပါနဲ့ ကွာ သူရှာခိုင်းတာ မြန်မြန်ရှာပေးလိုက်..”
တစ်ယောက် တစ်ခွန်း ပြောနေတဲ့ စကားသံတွေကြားမှာ အာကာ တစ်ယောက် မျက်မှန် ပင့်ရင်း ဒီဇိုင်းတစ်ခု ကို ချွေးပြန်အောင် ဆွဲနေရသည်..။
“ဟေး..မောင်အာကာ...”
ကိုယ့်အမည်နာမ်မ ကို ခေါ်လိုက်မှန်းသိပေမဲ့ ခေါင်းကမမော့ချင်.လက်က ကလစ် တစ်ချက်နှိပ်ပြီး ပြန်ချခါ မော့ကြည့်လိုက်ရသည်..။
“သြော်..ဦးလေး..ကိုဆန်းသူ နောက်မှာ ရှိတယ်..”
ရုံးမှာ အလုပ်တစ်ခါ အပ်ဖူးရုံနဲ့ တံခါးမရှိ ဓားမရှိကို ၀င်ထွက်နေတဲ့ ဒီလူကြီးကို အာကာ ၀တ်ကျေအောင် ပြောပြီး ကွန်ပျူတာ ရှေ့ အကြည့်ပို့လိုက်သည်..။
“ဆန်းသူ မင်းက ကို့ ဦးလေး လာတာကို မသိချင်ယောင် ဆောင်နေတာလား..”
“မဟုတ်ပါဘူး..ခေါင်းဆောင် ဆူသွားလို့ ပါ..”
“အဟေး..ကောင်းတယ်..”
ကောင်းတယ်ဆိုတဲ့ စကားအဆုံး တစ်ရုံးလုံးက လူတွေ မျက်မှောင်ကြုတ်ကျသွားတာ ဒီဦးလေးတော့ သိမယ်မထင်ပါဘူး..။
“ဦးလေး လာလေ လက်ဖက်ရည် ဆိုင် သွားရအောင်..”
“အေး..ကောင်းတယ်..ငါလည်း ပြောစရာတွေ ရှိနေတာ..”
ဘေးနားက ကို ဆန်းသူက ဖြတ်ကျော်သွာပေမဲ့ လူရိပ်တစ်ခုက ရှိနေသေးတေတာ့ အာကာ စိတ်ရှုပ်စွာဖြင့် မသိချင်ယောင်ဆောင်ခါ ရှေ့က ကွန်ပျူတာ စကရင်မ် ကို ပြူးကြည့်နေမိသည်..။
“မောင်အာကာ အလုပ်လည်း ကြိုးစားတာပဲ..အင်း ..အင်း..”
ပခုံးပုတ်ပြီးပြောသွားတာ ကြက်သီးထစရာ...။
လက်ဖက်ရည်ဆိုင် ရောက်သည်နှင့် ဆန်းသူ လက်ဖက်ရည် တစ်ခွက် အသည်းအသန် အမြန်အဆန်မှာလိုက်သည်..။
ကိုယ့် ဘကြီးတော်အကြောင်း ကိုယ် သိနေသည်ကိုး..။
စကားတစ်ခုပြောရင် နိဒါန်းတစ်နာရီ လိုရင်း တစ်နာရီ နိဂုံးကတော့ မပြီးမချင်းကို ပြောနေမှာ..။
“ဦးလေး ဘယ်တုန်းကရောက်လည်း..”
“မနက်က လာတာငါ့ကောင်ရေ...ကားသမားကလည်းကွာ လိပ်အဖေခေါ်ရမလားတောင် မသိဘူး..ဒီရောက်တော့ ၁၀နာရီ ဖြစ်နေပြီ..မင်း စဉ်းစားကြည့်စမ်း ခေတ်သစ် စနစ်သစ်မှာ ဒါမျိုး အချိန်ကိုမလေးမစားလုပ်နေတာ ဘယ်လောက်ရှက်ဖို့ကောင်းလည်း..ပြီးတော့ လူတွေဆိုတာလည်း ပိုက်ဆံ နဲ့..”
“ဟို...ခင်ကြွေတို့ကောနေကောင်းလား ဦးလေး..”
စခဲ့မိတဲ့ နိဒါန်းစကား မပြီးပျက်မှာစိုးလို့ ဆန်းသူ ကပျာကယာပင် လမ်းကြောင်းပြောင်းလိုက်ရသည်..။
“ကောင်းပါတယ်ကွာ..ငါ စပါးကိစ္စပြီး တန်းပြန်မလို့ပဲ မင်းကို ပြောစရာရှိလို့ ၀င်လာရတာ ..အ်မ်မှာကလေး နှစ်ယောက်တည်း ထားခဲ့ရတာကွ..”
ဦးလေးရယ်..အိမ်တန်းပြန်ဖို့ကောင်းပါတယ်..စိတ်ထဲက ညီးတွားရင်း လက်ဖက်ရည် တစ်ငုံယူသောက်လိုက်ရသည်..။
“ဘာပြောမလို့လည်း..ဦးလေး..”
“မိကြွေ ကိစ္စလေ..ဒင်း ယောင်မ မြင်းစီးတဲ့ကိစ္စပေါ့ကွ..”
ဆန်းသူ လက်ဖက်ရည် ခွက်ကို ငေးကြည့်ရင်း ညီမ ဖြစ်သူ ယောင်မ မြင်းစီးတဲ့ ပုံရိပ်ကို မြင်ယောင်မိတော့ အတော်ကို ကိုးရိုးကားယား နိုင်လွန်းနေသည်..။
“ဘာဖြစ်တာလည်း..”
“မိကြွေ အခု ရည်းစားထားတက်နေပြီကွ..”
“ဟား..ဟား...ဦးလေးရယ်..မိကြွေလည်း ကလေးမှ မဟုတ်တာ..ဦးလေးလည်း အရမ်းချူပ်ချယ်တက်တဲ့သူ မဟုတ်ပဲ ဘယ်လိုဖြစ်ရတာလည်း.”
“ဟ..လူကောင်းဆိုတော်သေး..အခုကောင်ကို ငါကြည့်မရဘူးကွ..”
“ဒါကတော့ ကမ္ဘာဦး အစကတည်းက ယောက္ခမ နဲ့ သမက် လည်ပင်းဖက်ပေါင်းတာ ရှိလို့လား..”
“မရှိ..ရှိအောင် လုပ်မယ်ကွာ..မိကြွေက ရွာရဲ့ ကွမ်းတောင်ကိုင် အလှတစ်ပါး..သူ့ကို ရန်ကုန်က လူနဲ့ ပဲ ပေးစားမယ်..ရန်ကုန်ပို့ပြီး မြို့ကြီးသူ လုပ်ခိုင်းမယ်..”
ဆန်းသူ ခေါင်းဆောင် အဆူခံရတုန်းက မငိုချင်သော်လည်း ဦးလေး ဖြစ်သူစကားကြောင့် ငိုချင်သွားရသည်..။
လက်သမားရှာရတာ လွယ်ပါတယ်ဗျာ...အခုတော့ ယောင်္ကျားရှာပုံတော် ဖွင့်ရဖို့ လမ်းစ မြင်နေပြီ...။
“မင်း အသိထဲက လူကောင်းသူကောင်းတွေ စပ်ဟက်ပေးစမ်းပါကွာ.မောင်အာကာလို လူမျိုးဆိုသာကောင်းတာပေါ့..”
“အောင်မလေး..”
ဆန်းသူ မြိုသိပ်မထားပဲ အော်လိုက်မိတော့ ဦးလေးက မျက်ခုံးတွန့်ရင်း  ကြည့်နေပြီ..။မျက်နှာကို ရယ်ကြဲကြဲ ပြင်လိုက်ရင်း..
“ပူသွားလို့..ဟီး..ရေနွေးခွက်ကို လက်ထိသွားတာ..ဟဲ..ဟဲ..”
“ဦးလေး..အာကာ ကလေ..ကျောင်းမှာတုန်းက ကင်းဗျ..အခုလည်း ရွှေမျက်မှန် ကိုင်းထူထူကြောင့် လူအိုရုပ်ပေါက်နေတာ..ကျွန်တော်ထက်တောင် ငယ်သေးတယ်..လူချောဗျ..ဘွဲ့တွေကလည်း နိုင်ငံခြားအထိ တက်ပြီး ယူလာတဲ့ ကောင်..”
ဆန်းသူ ပြောလိုက်တဲ့ စကားကို ဦးလေး လုပ်သူကို ဂုဏ်ယူ၀င့်ကြွားစွာ မေးမော့ရင်း..
“ငါသိနေတယ်...သိနေတယ်..တို့က အပွေးမြင် အပင်သိပြီးသားလေကွ...ဒါကြောင့်ပြောရတာပေါ့..မိကြွေကလည်း သူငြင်းစရာမလိုအောင် လှတာ မင်းသိသားပဲ..”
ဦးလေး ဖြစ်သူရဲ့ စကားကြောင့် နားသယ်စပ်ကိုသာကုတ်ခြစ်နေရသည်..။
မဟာရန်ကုန်မြို့က ရန်ကုန်သူတွေ အလှနဲ့ ယှဉ်ရင် ရွာသူမိကြွေ အလှက မူးလောက်တောင်ရှိ ပါ့မလားဦးလေးရာ..
“ငါ့ကို ကူညီရင် မင်းကို..ဒီတိုင်းမထားဘူးနော်..”
“ဗျာ..”
“သိန်းအောင်ဆီက သိမ်းထားတဲ့ လယ်တစ်ဧက မင်းကို အပြီးပေးမှာ..”
“ဟမ်...”
“အခုချိန် ပြောင်းစိုက်ပြီး ပစ်ထားလိုက် မင်းက ရန်ကုန်မှာနေပြီး ငွေသိမ်းရုံတောင် အပိုငွေရတယ်ကွာ..ငှားစားလည်း ရတယ်..စပါးပေးလည်း ဖြစ်တယ်..”
အင်ဂျီနီယာဘွဲ့ရထားပြီး အဟောက်ခံနေရတာထက်..ရွာပြန်ပြီး လယ်စိုက်တောင် ကြီးပွားအုံးမယ်...ဆန်းသူ တွေးတွေးစစ ဖြင့် ခဏ ငိုင်သွားရသည်..။
“ဟေ့ကောင် ဘယ်လိုလည်း.”
“ဦးလေး လူကြီးစကားနော်..လူမှာကတိ..”
“အေး..”
အေး တစ်လုံးလွယ်လွယ်ထွက်လာပေမဲ့ ဆန်းသူ မျက်ခုံးတွန့် စဉ်းစားနေရဆဲ ..ဒီဘက်က သေချာတောင် အာကာ ငကြောင် က ငြင်းအုံးမှာ..ပွဲစားဆန်ဆန် လုပ်ရမှာပဲ...။
ဆန်းသူ ခေါင်းညိတ်လိုက်တာနဲ့ ဦးလေး ဖြစ်သူက လက်ဖက်ရည်ဖိုး ထုတ်ရှင်းသည်..။
ခေါင်းသာမညိတ်မိရင် ဒါတွေ ဘယ်သူရှင်းမှာလည်း..တွေးရင်း အိပ်ကပ် ထဲ ပါလာတဲ့ ငါးထောင်တန်ကို ရင်ခုန်စွာပြန်စမ်းကြည့်ရသည်.။
“ဟေး..ဆန်းသူ..မင်း..ဘကြီး ပြန်ပလား.”
“အေး..”
“ဟား..ဟား...ဒီကောင်တော့ ထီထိုးသင့်နေပြီ..နှစ်ထပ်ဆူခံထိထားတာမလား..”
“မင်းကြီးတော်..”
ဆန်းသူ ယောင်လည်လည် ဖြင့် အာကာ့ စားပွဲနား ကပ်သွားလိုက်သည်..။
“အာကာ..”
“အင်း..”
“မင်း ညကျရင် အားလား.”
“အမ်း..”
“ဟေ့ရောင် သောက်ဖက်လုပ်ပြီး နည်းနည်းပါးပါး မော့ကြည့်...”
“ဟမ်...အမ်း..”
ခေါင်းညိတ်ပြီးတာတောင် မော့မလာသေးပဲ ကလစ်ငါးချက်လောက် ခေါက်ပြီးမှ မျက်မှန် ကြီးနဲ့ မှုန်တေတေ မော့ကြည့်လာသည်..။
“ညကျ ငါ့အိမ်မှာ ထမင်းလာစား..”
“ဟိုတလောကပဲ အကုန်အကျများလို့ မလာနဲ့ဆို..”
“အခုက လကုန်ခါနီး ပိုက်ဆံပိုနေလို့ ခေါ်ကျွေးတာ.မလာလည်းနေ..”
“ဟာ.ကိုဆန်းသူကလည်းဗျာ...အိမ်ထမင်း အိမ်ဟင်း ကျွန်တော် ဘယ်လောက် တမ်းတနေလည်း သိရဲ့သားနဲ့ လာခဲ့မယ်..လာခဲ့မယ်..”
ဆန်းသူ တစ်ခွင် ဖန်ပြီး ပြီမို့ တစ်မှတ်တော့ ထည့်ထွက်ထားလိုက်သည်..။
“ဟေ့ရောင် ဆန်းသူ ..”
“ခင်ဗျာ..”
“မင်း ဆိုက်ထဲမသွားသေးဘူးလား..”
“အခုသွား...”
“$...$...ပြောရင် တစ်မျိုးလုပ်ရင် သောက်တလွဲ..”
ဆန်းသူ ခေါင်းပုရင်း ကဒ်နဲ့ အိတ်ယူခါ ပြေးထွက်လာခဲ့ရသည်..။
လယ်တစ်ဧက ရလို့ စပါးစိုက် လယ်ထပ်၀ယ်..ကြီးပွား ဆန်ကုန်သည်ကြီး ဖြစ်ရင်လေ..ဒီကုမ္ပဏီကို ဒေဝါလီခံရအောင်ကို အပြတ်ဖိုက် ပစ်မယ်...။
စိတ်ထဲမှာ မကျေမနပ် ကြုံးဝါးရင်း ရှေ့က ရေသန့်ဘူး အခွံကို ကျွတ်ကနဲ့ မြည်အောင် တက်နင်း လိုက်သည်..။
.
“ယု..”
“ဘာလည်း..”
“ကို့ သူငယ်ချင်း အိမ်လာမယ်..”
“အဲဒါ ဘာဖြစ်လည်း.”
“သူကလေ..အိမ်ထမင်းဟင်း အရမ်းငတ်နေတာ..အဲဒါကြောင့်..”
“ကို ဆန်း...သူ...”
အာခေါင်ခြစ်အော်လိုက်တဲ့ မိန်းမ အသံကြောင့် နားတောင် အူတူတူ ဖြစ်ပြီလား မသိ..။
“ကို ဆိုင်က ၀ယ်လိုက်မယ်..မိန်းမ ဂုဏ်တက်အောင်လို့ မိန်းမချက်တယ်လို့ ပြောပေးနော်..”
“ဟွန့်..အိမ်ထမင်းစားချင် မိန်းမ ယူပါလား..သူစားဖို့ပဲ ဒီအိမ်က တာ၀န်ယူပေးရအုံးမလား.”
မိန်းမ ယူပြီး ဆိုင်ထမင်း စားနေရတဲ့ ဆန်းသူ အဖြစ်ကြောင့် မိန်းမ မယူပါနဲ့ အာကာရယ်လို့ စိတ်ထဲက အားငယ်စွာကြွေးကြော်နေမိသည်..။
“တီ..တီ..”
“လာပြီ..ထင်တယ်..”
“ဘာဖြစ်နေတာလည်း..ရှင် ကနာမငြိမ်လိုက်တာ..သူငယ်ချင်းကော ဟုတ်ရဲ့လား..”
“ဟ..အာကာလာမှာပါကွ..”
“အာကာ..လာတာ..ဒီလောက်ကြိုဆိုစရာလိုလို့လား..”
လယ်တစ်ဧက လာတာကွ..တစ်ဧက...လို့ ပြောလိုက်ချင်ပေမဲ့ မပြောနိုင်ပါဘူး...။
“လာကွာ..အာကာ..မင်း နောက်ကျတယ်နော်..”
အာကာ တိုင်ကပ်နာရီကိုမော့ကြည့်တော့ ၆နာရီခွဲသာရှိသေးသည်..။
အိမ်က ထွက်လာတုန်းကစောနေပါတယ်လို့ တွေးမိတာ အခုတော့နောက်ကျတာတဲ့..။
“.မယုဝေ နေကောင်းတယ်နော်..”
“အေး..”
မကြည်မလင် မိန်းမရဲ့ နှုတ်ဆက်ပုံကြောင့် ဆန်းသူ ဒေါသထွက်သွားသည်..။
ဘာမှမရတောင် သူငယ်ချင်းကို အိမ်ထမင်းစားဖိတ်တာ..သူ့ အနေနဲ့ ဧည့်၀တ်ကျေဖို့ ကောင်းပါတယ်..အခုတော့ မျက်နှာငယ်လေးနဲ့ အာကာ ကို ကြည့်ပြီး ကိုယ်တောင် ငိုချင်လာသလိုလို...။
“ကျွန်တော် မယုဝေ အတွက် ဆံပင်ဖြောင့်စက် ၀ယ်လာတယ်..’
“ဟာ..အာကာရာ..အပိုတွေကွာ...လကုန်ခါနီး မင်းက ပိုက်ဆံဖြုန်းတာပဲကွ...”
“ဟိုတစ်ခါ ထမင်းစား လာတော့ အကို နဲ့ မယု ဒီဟာကြောင့် ရန်ဖြစ်ရသေးတယ်လေ..ကျွန်တော် သတိရတာနဲ့ ၀ယ်လာတာ..”
တကယ်တော့ မိန်းမဖြစ်သူက အာကာ ကို မကြည်တာနဲ့ ဆံပင်ဖြောင့်စက် ပူဆာပြီး ပြသာနာရှာလိုက်သည်ကို..ဒါငတုံးက သိပုံမပေါ်သေး...။
“အေး..ပေး..ပေး..သူကြိုက်မှာပါ...ငါတောင် မေ့နေတာ...ထိုင်လေကွာ..”
မီးဖိုခန်းဘက်ကို ရှောင်သွားသည့် မိန်းမ ကတော့ လက်ဆောင်ဆိုတဲ့ အသံကြားကတည်းက ခေါင်းပြူနေပြီ...။
“အင့်..ကောင်လေး သနားပါတယ်ကွာ..သူခမျာ ခင်တက်တာကို..အခုလည်းကြည့်  မင်းလုပ်ပုံက ..”
“ပေး..ပေး...ရှင်ထက်တော့သာတယ်..ဘာပြောပြော အကုန်မေ့နေတာ..မိန်းမရှိတာလည်း တစ်နေ့မေ့မှာပါပဲ..”
လက်ထဲက အထုတ်ကို ဆွဲယူပြီး အိမ်ရှေ့ခန်း ပြန်ထွက်သွားပြန်ပြီ...
သူမို့လို့ အရှက်မရှိတယ်..မိန်းမတွေများ ခုတစ်မျိုးတော်ကြာတစ်မျိုး...။
“မောင်လေး..အာကာ..ဒုက္ခရှာလို့ကွယ်..ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်တယ်..အစ်မ က၀ယ်ဖို့မေ့မေ့နေတာ..”
“ဟုတ်ကဲ့..အပန်းမကြီးပါဘူး..”
“မောင်လေး မိဘတွေကော နေကောင်းကြလား..”
“ကောင်းပါတယ်..မယု..”
“အေး.အေး..မောင်လေး လာမယ်ဆိုလို့ စောင့်နေတာ.ခဏနော်..မယု ထမင်းပွဲ ပြင်လိုက်အုံးမယ်..”
“ဟုတ်ကဲ့..မယု အလုပ်များမှာပေါ့ ကျွန်တော် ကူပေးရမလား.”
“နေ.နေ...မောင်လေး..”
ဆန်းသူ မျက်နှာကိုရှုံ့တွန့် ပြီး မျက်စောင်းထိုးပစ်လိုက်သည်..။
၀ယ်လာတဲ့ ဟင်းထုတ်တွေတောင် ထမင်းစားပွဲပေါ်မှာ ဒီတိုင်း ရှိသေးတာကိုများ...။
“ဟေ့ကောင် အာကာ..”
“ဗျာ.”
“မင်း မိန်းမတွေ ဘာတွေ မယူသေးဘူးလား..”
“ကိုယ့်ဟာကို တောင် မအားတာ.. ကိုဆန်းသူ လည်း သိသားပဲ..”
“အေးလေ..မင်းမှာလည်း ကျောင်းတုန်းက ကင်းသာပြောတယ် မစွံပါဘူးကွာ...”
ထိချက်ကပြင်းတော့ အာကာ အီသွားရသည်..။
ရည်းစားဆိုလို့ ၂ယောက်တည်း ထားခဲ့ဖူးပါသည်..။ကျောင်းတုန်းက ကင်းဆိုတော့ ကြာကြာ မလိုက်ရပဲ ရည်းစားလေး အဖက်တင်သွားရသည်..။
ကိုယ်နဲ့ ရွယ်တူကောင်တွေ ကျောင်းမပြီးခင် မိန်းမယူသွားတာတွေ့ရင် အာကာ နမျောမိသည်..။
ပညာ ရှာချိန်မှာ ပညာကိုသာ အဓိက ထားစေချင်သည်..။
မာမီတို့ဆီလိုက်သွားတော့ ဖုန်းလေးနဲ့ အဆက်အသွယ်လေးရှိခဲ့သေးသည်..။
ချစ်သူကောင်မလေးက လက်ထပ်ချင်ပြီ ပြောလာတာတောင် အလုပ်အတည်တကျ ဖြစ်မှာပေါ့ကွာလို့ လွယ်လွယ် ပြောခဲ့သည်..။
ချစ်ရသူလည်း မစောင့်နိုင်ရှာလို့ ထင်ပါ၏..။
အခုဆို ကလေး တစ်ယောက်နဲ့ တစ်ဗိုက်တောင်ရနေပြီ..သတိုးသားကတော့ ကိုယ်မဟုတ်ခဲ့ပါ...။
အခုများ အလုပ် အတည်တကျ ဖြစ်လာပြန်တော့ ချစ်သူရည်စား မပြောနဲ့ ဖွန်ကြောင်ဖို့တောင် အချိန်က မရှိ...။
ဆိုရှယ်ခေတ်ကြီးမှာ ဆယ်ကျော်သက်က အစ ရည်စားနဲ့ မို့ တစ်ခါတလေ အားငယ်မိတာတော့ အမှန်ပါပဲ..။
“မောင်လေး..လာလေ..ထမင်းစားကြရအောင်..”
“ဟုတ်ကဲ့..”
အတွေးစပျက်သွားတော့ ရှေ့မှာ ပြုံးဖီးပြီး ထိုင်ကြည့်နေသည့် ကိုဆန်းသူကြောင့် အင်တင်တင် ဖြစ်သွားရသည်..။
“ကိုဆန်းသူ..”
“မင်းက ဘယ်လို ကြည့်ကြည့်ချောတာကွ..အိမ်း မျက်မှန် ကြီး မပါရင်ပေါ့ကွာ..”
အာကာ မျက်လုံးပြုးသွားရသည်..။ဒီလူကြီး ဘာတွေတွေးပြီး ဘာတွေပြုံးနေတာပါလိမ့်..။
မီးဖိုခန်းက သူ့ မိန်းမဆီကိုသာ ခပ်သွပ်သွပ် ၀င်လာခဲ့လိုက်သည်..။
“ဝါး..ဟင်းတွေက အစုံအလင်ပါလား..”
“ကြီုက်ပါ့မလား..အပြင် အစားတော့မဟုတ်ဘူး.”
“ကြိုက်တာပေါ့..ကြိုက်တယ်...ကျွန်တော် ဒါမျိုး ငါးကြင်းချဉ်ဟင်း မစားရတာတော်တော်ကြာလှပြီ..ဆိုင်တွေက စားရတာ လုံး၀ အဆင်မပြေဘူး.”
ဆန်းသူ မိန်းမ ဖြစ်သူကို မလုံမလဲ ကြည့်မိပေမဲ့ မိန်းမကတော့ မှင်သေသေဖြင့် ဟင်းခပ်ထည့်ပေးနေသည်..။
မျက်နှာပူတာ အားနာတာဆိုတာ မျိုး မရှိပဲ မျက်နှာပြောင်တိုက်ခါ ငရုတ်သီးကြော်တောင် ထပ်ထည့်ပေးနေသေးသည်..။
“တော်တော်..စားကောင်းတာပါ မယုရယ်..”
“မင်း..ဒါမျိုးနေ့တိုင်း မစားချင်ဘူးလား..”
“စားချင်တာပေါ့ဗျ..”
မိန်းမဆီက စိမ်းဖန့်ဖန့် အကြည့်တွေကို ရှောင်ရှားရင်း ဆန်းသူ ရယ်ကြဲကြဲ ဖြင့်..
“ဒါဆို မိန်းမ ယူလေကွာ..”
“ဟာ..မိန်းမယူရအောင် ကျွန်တော်ဆီမှာ ရည်စားမှ မရှိတာ..”
“မယု ညီမ ၀မ်းကွဲတစ်ယောက်ရှိတယ်..ဗိုင်းကောင်းကျောက်ဖိလေး..”
ငင့် ဆန်းသူ မိန်းမဖြစ်သူကို တအံတသြကြည့်မိသည်..။ဘယ်တုန်းတည်းက စီစဉ်ထားမှန်းမသတိ..ဗိုင်းကောင်းကျောက်ဖိ တစ်လင်ကွာကြီးကို အာကာ ကို ကြိုးထိုးဖို့ စီစဉ်နေတာသိတော့ မိန်းမဖြစ်သူ စိတ်ဓာတ်ကို ရွံလာသည်..။
“ဟာ..မလုပ်စမ်းပါနဲ့..သူ့ အဖေ က အရက်သမားကြီး..”
“ရှင် ဘာစကားပြောတာလည်း...အဲဒါ ကျွန်မ ဦးလေး ရှင့်..”
“ကဲတော်ပါတော့ဗျာ..အကို တို့ လင်မယားကို ကြည့်ပြီး ကျွန်တော်လည်း မိန်းမ မယူချင်တော့ပါဘူး..”
“အေး..ကောင်းတယ်..စား..စား..မိန်းမ ဆိုတာ တွေးကြည့်ရုံ နဲ့ အစားပျက်တဲ့ မျိုး..”
မိန်းမ က လက်ညိုးနဲ့ ကျိန်းပြိး အိမ်ရှေ့ခန်းထွက်သွားမှ ဆန်းသူ သက်ပြင်းချရဲတော့သည်..။
“အခုဆိုကွာ ငါ တိ်ု့ ရုံးမှာ မင်းတစ်ယောက်တည်း လူလွတ်ဖြစ်နေတာ မိဘတွေက အဝေးမှာဆိုတော့ အဖော်လေးရှိမှ ကောင်းမှာပေါ့ကွ..”
“လုပ်ပြန်ပြီ..”
အာကာ ထမင်းစားနေလက်စတောင် မြိုမချချင်တော့အောင်..ဒီအားနည်းချက်ကြီးကိုပဲ စာဖွဲ့နေကြတာများလား...။
“မင်း အသက် ဘယ်လောက်လည်း.”
“၂၄”
“ဒါဆို မင်းထက် ၆နှစ်တောင် ငယ်တာကွ.”
“ဘယ်သူလည်း.”
“မင်း ငါ့ညီမ မိကြွေကိုသိလား..”
“မိကြွေ..”
အာကာ ရေရွတ်ရင်း စဉ်းစားနေရတာတော်တော်နဲ့ ပေါ်မလာ...။
“ဒီမှာလေကွာ..”
စားပွဲခင်းအောက်က ဓာတ်ပုံကို ဆွဲပြီး ထုတ်ပြတော့မှ အာကာ ယူကြည့်လိုက်ပြီး မှတ်မိတော့သည်..။
“အော် ခင်ကြွေ ပဲ မှတ်မိပြီ..မနှစ်က သင်တန်းလာတက်တာမလား..”
“အေး..ဟုတ်တယ်..မင်းတောင် နှစ်ခါသုံးခါ သွားကြိုတယ်မလား..”
“အင်း..”
“မင်း ဘယ်လို သဘောရလည်း..”
“ဘာကိုလည်း..”
“ဒီကလေးမနဲ့ မင်းလက်ထပ်ဖို့ ပြောတာ..”
“ဟာ..”
အာကာ မယုံနိုင်လို့ ပါးစပ်တောင် ပြန်မပိတ်နိုင်တော့..ဒီလင်မယား ဘယ်လိုတွေ ဖြစ်ပြီး အောင်သွယ်နေကြတာလည်း မသိ...။
“ကောင်မလေးက ရွာက ကွမ်းတောင်ကိုင်..မြို့က မိန်းမတွေလို ပေါ်ကြော့မဟုတ်ဘူး..မင်းသိပါတယ်ကွာ..မင်းထက်လည်း ငယ်တယ်..ချစ်ဖို့လည်းကောင်းတယ်...မင်း အမေကလည်း စိတ်မချလို့ ငါ့ကို သင့်တော်တာ မင်းသဘောကျတာတွေ့ရင် အကြောင်းကြားပါလို့ မှာထားတယ်လေ....”
“နေပါအုံး..ကိုဆန်းသူ က ဘာလို့..ကျွန်တော့်ကို မိန်းမ အသည်းအသန် ပေးစားချင်နေတာတုန်း..’
“ငါသိနေလို့ပေါ့ကွာ..ညဘက် အိပ်ရင် မင်းရဲ့ တစ်ယောက်တည်း ဖြတ်သန်းရတဲ့ အထီးကျန်တဲ့တစ်ညတာ အကြောင်းတွေးမိရင် ငါ တကယ်စိတ်မကောင်းဘူး..”
အောင်မယ်..လာလာချည်သေး..သူလား စိတ်မကောင်းမှာ...အာကာ စိတ်ထဲက ပြောဆိုနေပေမဲ့ အပြင်မှာတော့ ပြန်မပြောရဲပါဘူး..။
“ပြီးတော့ မင်းမှာ အိမ်ထမင်းအိမ်ဟင်း တအားမက်တော့ အပြင်မှာစားလည်း အဆင်မပြေ အပေါင်းအသင်းတွေကလည်း မသဒ္ဓါ ဘူးဆိုတာ ငါသိတယ်လေ...”
“နေမကောင်းပြီး အိပ်ယာထဲ သေနေတောင် ပုတ်မှ သိရမှာ မလား.”
“တော်..တော်ပါပြီ..ကိုဆန်းသူရဲ့ စေတနာတွေ ကျွန်တော် ခံစားလို့ ရပါပြီ..”
လူကို အိမ်ပြန်မအိပ်ရဲအောင်မှာ ပြောနေသလားမှတ်ရသည်..။
“အေး..ရော့ ည အိပ်ရင် စဉ်းစားလို့ရအောင် ဓာတ်ပုံ ယူသွားချည်..”
လက်ထဲ အတင်းထိုးထည့်ပေးနေတဲ့ ဓာတ်ပုံ ကို အိတ်ကပ်ထဲ ထိုးထည့်ပေးလိုက်မှ ငြိမ်သွားတော့သည်..။
“မောင်လေး စားရတာ အဆင်ပြေရဲ့လား.”
“ဟုတ်ကဲ့..တော်တော်ကောင်းတာပါ..မယု လက်ရာ က ဆွေမျိုးမေ့ပဲ..”
“ဟား..ဟား..ငါ မိန်းမ လက်ရာ စားထားတာနော်..မင်း မိန်းမ ရလည်း ခေါ်ကျွေးဖို့ မမေ့နဲ့အုံး..”
သူ့မိန်းမ ကို လူရှေ့မှာ ပခုံးဆွဲဖက်ပြီး ပြောနေတဲ့ ကိုဆန်းသူကြီးကြောင့် အာကာ အိမ်ရှေ့ အမြန်ထွက်လာရသည်..။
“ချစ်ရေ..ထား.ထား...ကို သိမ်းလိုက်မယ်..”
“နေပါစေ..ကိုရဲ့..”
“ဟာ..ဒီကလေး စကား နားမထောင်ပါလား..အပြစ်ပေးတဲ့ အနေနဲ့ ဆွဲနမ်းပစ်မှာနော်..”
“ကို...ဧည့်သည်ရှိနေတယ်နော်..”
အာကာ ကြားရတဲ့ စကားတွေကြောင့် အသည်းတောင် ယားလာသလိုလို ရှိသည်..။
“ကျွန်တော်..ပြန်တော့မယ်..ကိုဆန်း..”
“ဟေ..အေး..ပြန်ရင် တံခါးလော့ချပိတ်ခဲ့..”
“ဟု..”
“ဟုတ်ကဲ့တောင် မပီတော့ဘူး..ဟား..ဟား..”
“ရှင် က အဲဒါဘာဖြစ်တာလည်း ဧည့်သည်ရှေ့မှာ ပေါက်ကရပြောနေတာ..”
“ကလေး မသိပါဘူးကွာ...”
“အခု အဲဒါတွေ သိမ်း ပြီးရင် ပန်းကန်ဆေးပြီး သန့်ရှင်းရေးပါတစ်ခါတည်းလုပ်ခဲ့ကြားလား..”
“ဟု..”
ဆန်းသူ ပုဆိုးကို တိုတို ပြင်၀တ်ပြီး ပန်းကန်တွေ ဆေးနေရတော့သည်..။
အာကာ အိမ်ရောက်တာနဲ့ မနက်က လျှော်ပြီး လှန်းခဲ့တဲ့ အ၀တ်တွေကို မီးပူထိုးဖို့ ဖြုတ်လိုက်သည်..။
ထမင်းစားခဲ့ပြီးမို့ အလုပ်တစ်ခုလျော့နေတာ မဟုတ်ရင် ဟင်းကချက်ရအုံးမည်..။
အဆီအငေါ် မတည့်ပေမဲ့ ကိုယ်တိုင်ချက် ဖြစ်သလိုလေးက ဆိုင် ဟင်းတွေထက် ထမင်းပို၀င်ပါသည်..။
မနက်အတွက် လိုအပ်တာတွေကို စဉ်းစားလုပ်ရင်း ပြီးသလောက်ရှိမှ တစ်ခုတည်း ရှိတဲ့ ဆိုဖာမှာ ထိုင်ပြီး နားခွင့်ရတော့သည်..။
အိတ်ကပ်ထဲက ဓာတ်ပုံကို ထုတ်ကြည့်ရင်း..နှုတ်ခမ်းက မသိမသာ ပြုံးယောင်သမ်းသည်.။
ကိုဆန်းသူတို့ လင်မယား တစ်ယောက်နဲ့ တစ်ယောက် အကြင်နာပိုနေတာ ပြန်မြင်ယောင်မိရင်း..
အာကာ အစား၀င် ခံစားကြည့်မိတာ...
“ကလေး..ကြွေ...အို..”
အသည်းထဲထိ အေးစက်သွားတဲ့ ခံစားမှုကြောင့်..အာကာ ကတုန်ကယင်တောင် ဖြစ်လာရသည်..။
ကိုကို ပြန်လာရင် အိမ်၀က ထွက်ကြိုမဲ့ ကလေး...။
အမောပြေ အနမ်းလေးနဲ့ ကမ်းကြိုမဲ့ ကလေး..။
ကိုကို့ ခါးကို ဖက် ရင်ခွင်ထဲ တိုး၀င်ပြီး ချွဲ့နွဲ့မဲ့ သူလေး..။
“ကြွေ...နာမ် နဲ့ လိုက်အောင် ကို ကြွေလောက်ပါရဲ့ ကလေးရယ်...”
အသားဖြူဖြူ၀င်းလေးနဲ့ နှာတံ မြင့်မြင့် နှုတ်ခမ်းဖူးဖူးလေး ကြောင့် ဓာတ်ပုံကတစ်ဆင့် ရန်ခုန်စေသည်..။
ကိုယ်ခန္ဒာ အချိုးအစားက ရွာသူမို့လို့လားမသိ..၁၈နှစ်နဲ့ အချိုးအစားက မော်ဒယ် တစ်ယောက်လိုပင်...။
“ကလေးရယ်...မင်းကြောင့် ရူးတော့မယ်...”
“ဟ..ဟာ....တူးပြီ..”
မနက် အတွက် ကြက်သားအိုးတည်ထားတာ သတိမေ့ပြိး..တူးနံ့ရမှ ဆိုဖာကနေ ခုန်ထပြေးမိသည်..။
“ဟာကွာ..ကုန်ပါပြီ..”
ဟင်းအိုကို ဇွန်းနဲ့ ခွါတာတောင် မရတော့လို့ ရေထည့်ပြီး ချထားလိုက်ရသည်..။
“ဟာ..”
မီးပူအရှိန်နဲ့ ဖိထားခဲ့တဲ့ ရှပ်အကျီ င်္က အငွေ့ထွက်လာတော့ တစ်ခါပြေးကြည့်တာ ကပ်ပြီး  လောင်တောင်နေပြီ...။
“ဟာကွာ...ယူမယ်...ကြွေ့ကိုပဲ ယူမယ်...ယူမှကို ဖြစ်တော့မယ်..”

:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・

ဇာတ်လမ်းကပျင်းစရာကြီး ဖြစ်နေပြီလား 😥

ဒီနေ့ စာတင်တာလည်း နေကျဝါးတယ် ဆောဒီး 🙏

အရေးအသားမကောင်းပေမဲ့

သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို

ကျေးဇူးအထူးတင်ပါတယ် နော် ❤

Love u all
#စပိုက်ကာ

ပန်းကြိုးနွယ် Where stories live. Discover now