Part 24 (Final)

16.7K 473 36
                                    

ပန်းကြိုးနွယ်
အပိုင်း (၂၄)ဇာတ်သိမ်း
#ပန်းကြိုးနွယ်

"ကို အာကာ..ညက မအိပ်ဘူးလား.."
"အေး.."
မျက်တွင်းချောက်က နက်နက် မို့ လင်းလင်းတို့က မေးလာတော့ အာကာ ၀န်ခံမိသည်..။
တကယ်အိပ်မရခဲ့ပါ...။
မိုးလင်းတော့လည်း နှိုးမဲ့မမခင်မရှိ မုန့်ပြင်ပေးမဲ့မမခင်မရှိ...သွားခါနီး နှုတ်ဆက်ရမဲ့ မမခင်မရှိ ချိုင့်ကို အိမ်၀အထိ လိုက်ပို့ပြီး ဂရုစိုက်သွားနော်လို့ သတ်ိပေးမဲ့ မမခင်မှ မရှိတာပဲ...။
တစ်ယောက်တည်း နေခဲ့တာ မှန်ပေမဲ့ တစ်ယောက်တည်း မနေနိုင် ဖြစ်နေရသည်..။
မမခင်က ပြန်လာပြီး ဘာမှ မလုပ်ပေးနိုင်တော့ဘူးလို့ပြောလာရင်လည်း..အာကာ လက်ခံပြီး မမခင်ကို မြင်တွေ့ခွင့်ရနေရင်ကို ကျေနပ်မိမှာပါ..။
"အာကာ.."
"ခင်ဗျာ.."
"ငါ့ ရုံးခန်း ခဏလာခဲ့.."
"ဟုတ်ကဲ့.."
အာကာ စိတ်ထဲ မကျေနပ်သူဆိုပေမဲ့ အထက်လူကြီးမို့ လိုက်သွားရသည်..။
"မင်း နေကောင်းရဲ့လား.."
"ဟုတ်ကဲ့.."
"မင်းကြည့်ရတာ ဖျားနေတုန်းကထက် အခြေအနေ ပိုဆိုးနေသလိုပဲ.."
"ဆရာ ဘာပြောမလို့လည်း.."
မလိုတာတွေ ပြောနေတာ စိတ်မရှည်လို့ လိုရင်းကိုသာ ဖြတ်ပြောလိုက်သည်.။
"ဟား..ဟား..မကြီးမငယ်နဲ့ လူငယ်ကိစ္စထဲ၀င်ပါရတာ..၀န်ခံမလို့ပါကွ....."
အာကာ ဘာမှ မပြောပဲ စားပွဲခုံကိုသာ အကြည့်ရွေ့ထားလိုက်သည်..။
"မင်းက ငါ ရုံးမှာ အခင်ဆုံး အချစ်ဆုံး ငါ့ညီအရင်း သားအရင်း တစ်ယောက်လို ပါပဲ..ဆန်းသူက မင်း အိမ်ထောင်ကျသွားတဲ့အကြောင်း အလွဲတွေဖြစ်လာပြီး စိတ်ညစ်နေတဲ့ အကြောင်းတွေ ငါ့ကို လာပြောတယ်...နောက် ..မင်းဇနီးကို လူရှေ့မှာ နှုတ်ဆက်ဖို့တောင် ခက်နေတယ်ဆိုတာ ငါသိရတယ်.. မင်း စိတ်လေနေတဲ့ အချိန် မိန်းမကို ချစ်ကြည့်ဖို့ မကြိုးစားပဲ နဒီဆီ ယောင်လည်လည် ကပ်နေတာပဲ..ဒါနဲ့ ငါ မင်းအိမ်ကိုသွားကြည့်တော့ မင်းလို လူချောတစ်ယောက် လွယ်လွယ် လက်မခံနိုင်မဲ့ အနေအထား..ဒါပေမဲ့ ခင် က မင်းအတွက် အသင့်တော်ဆုံးပဲ..ဒါကြောင့် မင်း နှလုံးသားကို ဇာတ်လမ်းဆင်ပြီး ရှော့တိုက်ပေးလိုက်တာ..ငါ မင်းကို ညီလေး တစ်ယောက်လို သဘောထားသလို ခင့်ကို လည်း ညီမလေး အရင်းလိုပါပဲ..ဒါမှန်သောသစ္စာစကားပါ..."
အာကာ မျက်လုံးပြူးဖြင့်သာ နားထောင်နေရသည်..။
ဘာတွေဖြစ်နေတာလည်း..အခုတလော တစ်ခုပြီး တစ်ခု ဘာတွေမှန်းကို နားမလည်နိုင်တော့ပါ..။
"ဟေး..ပြန်ပြောအုံးလေ..."
"ဘာကိုလည်း ဆရာ.."
"ငါ က မင်းတို့ လင်မယားကြားထဲ ၀င်ခဲ့ရတဲ့ ဗီလ်ိန်ကွ..."
ဘာတွေထူးခြားလာမှာလည်း...အခုလို ပြောပြနေလည်း မပျော်မိပါ...မမခင်ကို သာ အလိုရှိနေတဲ့ အာကာ့ကို ဘယ်သူ ကူညီနိုင်ပါ့မလည်း...။
"ကျွန်တော် မသိလို့ ရိုင်းခဲ့တာတွေ ခွင့်လွှတ်ပါ ဆရာ..ပြီးတော့ ကျွန်တော့် အတွက် စဉ်းစားပေးတာ ကျေးဇူးတင်ပါတယ်ဆရာ..."
"ဟား..ဟား..ရိုင်းခဲ့မှ ပျော်နေတာ..ငါ့မှာ မင်းက လွှတ်သဘောကောင်းပြနေတော့ အစီအစဉ်တွေ မအောင်မြင်တော့ဘူးတောင် ထင်တာကွ..ဟား..ဟား..."
"အဟွင်း.."
ဆရာ့ကို အားနာရသလို မမခင်ကို သတိရပြန်ပါပြီ...။
"ကို အာကာ မနက်ထမင်းမစားတာ တစ်ပတ် ရှိပြီနော်.."
"အေး.."
"မမခင်ကော..."
အာကာ ဘာမှ ပြန်မပြောပဲ အကွက်ချနေတာကိုသာ အာရုံစိုက်ထားလိုက်တာ ရုံးဆင်းချိန် အထိ..။
လှေကားတွေကို လေးတိလေးကန် တက်လာရင်း ရီဝေ၀ ဖြစ်နေသည့် အမြင်တွေမှာ မမခင်ရဲ့ ကြိုဆိုနေကျ အပြုံးတွေက ပေါ်လိုက် ပျောက်လိုက်...။
တံခါးသော့ပေါက် မှန်အောင် ဖွင့်ရင်း အခန်းထဲရောက်တော့ အောက်သိုးသိုိး အနံ့က ထွက်လာသည်..။
တီဗီ စားပွဲပေါ်တင်ထားသည့် လိမ္မော်သီး အပုတ်နံ့ က အစား စားချင်စိတ်ကိုတောင် ပျောက်သွားစေသည်..။
တံမြတ်စည်းမလှဲ ဖုန်မခါသည့် အိမ်က ရက်ပိုင်းလေး အတွင်း သဲ တရှပ်ရှပ်ဖြစ်လာပြီ...။
မီးဖိုခန်းထဲ ရေ၀င်သောက်တော့ တစ်ခွက်စာသာကျန်တော့လို့ ခုံပေါ်ကရေသန့်ဗူး အသေးလေး ဖောက်သောက်ရတာ ရင်တောင်ပူသွားသည်..။
အမှိုက်ခြင်းကလည်း အာကာ ထမင်းမကုန်တိုင်းထည့်ထားတာကို လက်မခံနိုင်တော့သလို အသိုးနံ့က မီးဖိုခန်း တစ်ခုလုံးလွှမ်းခြုံထားသည်..။
အခန်းထဲရောက်ပြီး ရေချိုးခန်းထဲတန်း၀င်သွားလိုက်သည်..။
ပြန်ထွက်လာတော့ ၀တ်စရာ ပင် တကယ်မရှိတော့ပါ..။
လျှော်ဖို့ အ၀တ်တွေ ပြည့်ပြီး အိမ်နေရင်း အ၀တ်တွေက ဘီဒိုထဲ တစ်ထည်မှ မရှိလို့ ရှပ်အကျီီင်္နဲ့ ပုဆိုးကွက်စိတ် အသစ် ထုတ်၀တ်လိုက်ရပြန်သည်..။

ပန်းကြိုးနွယ် Where stories live. Discover now