ပန်းကြိုးနွယ်
အပိုင်း (၂၃)
#ပန်းကြိုးနွယ်“မောနင်း..”
အသံကြောင့် ရှေ့မှန်ထဲကို မျက်လုံးလှန်ကြည့်လိုက်တာ..
မီးဖိုခန်းထဲကို လက်နှစ်ဖက် အကြောဆန့်တန်းပြီး အာသမ်းရင်း ၀င်လာတဲ့ သူ့ကို ခင် အံသြရသည်..။
အရင်ကဆို အားလုံး အဆင့်သင့်လုပ်ပြီးမှ မုန့်စားဖို့ ၀င်လာနေကျပါ...။
အခုတော့အိပ်ယာထစမို့ ခေါင်းက ဆံပင်တွေ ပွနေပြီး မျက်လုံးကလည်း ကောင်းကောင်းပင် မပွင့်သေး..။
“မမခင်ရေ..ဒီနေ့ ဘာတွေ လုပ်ကျွေးမှာလည်း..”
“...”
“ကြည့်ရတာ...ဒေါ်ခင်မေကြီး..အသက်ကြီးလို့ နားထိုင်းသွားပုံပဲနော်..”
သူ ခင့်ကို စနောက်နေမှန်းသိပေမဲ့ ထိုသို့ အခေါ်အဝေါ်တွေကြောင့် စိတ်ထဲ ပိုလို့ ခံစားသွားရသည်..။
“မုန့်မစ်သလက်...”
“ဝိုး..ကြက်ဥများများ ပဲပြုတ်ပိုပိုလေးနော်..မမခင်..”
“....”
အရင်လို စုံစီနဖာ ဖွယ်ဖွယ်ရာရာ စကားသံတွေ ထွက်မလာတော့ စိတ်ကောက်နေတာပဲ...။
စိတ်ကောက်တက်မှန်း ခုမှ သိရတော့သည်..။
မနေ့ကတည်းက လိုအပ်တဲ့ ဝေယျ၀စ္စတွေ လုပ်ပေးပြီးတာနဲ့ ရှောင်နေတက်တာ...နှစ်ယောက်တည်းနေတဲ့ အိမ်မို့ ပိုသိသာ၏..။
စိတ်ကောက်သူကို ချော့ဖို့ရန် အနောက်ဖက်ကနေ အားရအောင်ရယ်လိုက်ပြီးမှ...မျက်နှာပိုးသတ်ခါ အနားသွားရပ်လိုက်သည်..။
“မမခင်..ဘာလို့ စကားမပြောတာလည်း...၀ဇီပိတ် ကျင့်နေတာလားဟင်..”
“မဟုတ်ပါဘူး..”
“ဒါဖြင့် စိတ်ကောက်နေတာလား...”
ခင် မုန့်လုပ်နေရင်း ခေါင်းသာရမ်းပြလိုက်သည်..။
“စိတ်ဆိုးနေတယ်ပေါ့...”
“မဆိုးပါဘူး..”
“မဆိုးဘူးသာပြော..မမခင် နှုတ်ခမ်းကလည်းစူနေ ငိုတော့မဲ့ အတိုင်းပဲ..”
“ဟာ..”
အလုပ်လုပ်နေချိန်မို့ အပေါ် နှုတ်ခမ်းကို ဖိကိုက်ထားမိတာလေ...။
“နှုတ်ခမ်းက အစကတည်းက ထှော်နေတာ...”
“ဟုတ်လား...သိပါဘူး..စိတ်ကောက်လို့ စူနေတယ်မှတ်တာ...စိတ်ကောက်တာ မဟုတ်ဘူးပေါ့နော်..”
“အင်း..”
စိတ်မကောက်တက်တဲ့ မိန်းမရထားတယ်လို့ အောင်၀င်းကို ကြွားရအုံးမည်..။
“မွှေးလာပြီ..ကျွန်တော် ..ရုံးသွားဖို့ ပြင်ဆင်ပြီးရင် စားလို့ရပြီမလား....”
“အင်း..”
“ရက်စ်...အိုကေ...”
အာကာ အခန်းထဲရောက်တော့ ဖုန်းထဲက ပုံတွေကို ပြန်ကြည့်လိုက်ပြီး ရယ်မိသည်..။
နှုတ်ခမ်း ကလည်း ဘယ်လိုလေးမှန်းကို မသိဘူး..။
ကိုယ့်မိန်းမ ပုံကို ကိုယ် ခိုးရိုက်ပြီး ပြန်ကြည့်နေရသည့်ဘ၀မှာ...ပုံတွေ လိုက်ကြည့်ရင်း မမခင် ဟင်းချက်နေသည့် ပုံက ဘာမှ မထူးဆန်းပေမဲ့ မျက်လုံးထဲမှာ တော်တော်လေးလှနေသည်..။
ကျစ်....ရူးပြန်ပြီ...။
.
“တင်..တောင်...တင်...တောင်...”
ခင် မုန့်ဒယ်အိုးကို ပြန်ချခဲ့လိုက်ပြီး..အိမ်ရှေ့တံခါးဆီသို့ရောက်လာရသည်..။
“ဟင်...နဒီ...”
“ဟုတ်..မမခင်..အိမ်မှာ ဒီနေ့ မုန့်တီသုပ် လုပ်လို့ လာပို့တာ..”
“သြော်..၀င်လေ...နဒီ..”
“အင်း..”
“ကိုအာကာ ရုံးသွားပြီလား..”
နေကောင်းသွားတော့လည်း ကိုအာကာ ပြန်ဖြစ်သွားပြီ လို့ တွေးရင်း ခင် ကျေနပ်စွာ ပြုံးမိပြန်၏..။
“မသွားသေးဘူး..ညီမ...ရေချိုးနေတယ်...”
“သြော်..မမခင် က မီးဖိုခန်းထဲမှာ ဘာလုပ်နေတာလည်း..”
“မုန့်လုပ်နေတာလေ...ခဏစောင့်ပါလားပြီးတော့မယ်...”
“မမခင် လုပ်တဲ့ မုန့်ဆို နဒီ အရမ်းကြိုက်တာ..စောင့်မယ်လေ...”
နဒီက စားပွဲ မှာ ၀င်ထိုင်ပြီး စောင့်နေရတော့ ခင် ကြက်ဥ အမြန်ခေါက်နေရသည်.။
“ဟက်ချူး..”
‘မီးဖိုခန်းမှာ ပိုအေးတယ်နော်..”
“ဟုတ်တယ်...နဒီရဲ့...အိမ်ရှေကခန်းကနွေးတယ်..အိမ်ရှေ့မှာ သွားထိုင်နေပါလား.”
“ရလား..”
“ရတာပေါ့..ခင် မြန်မြန် လုပ်လိုက်မယ်...စောင့်လို့ဖြစ်ရဲ့လား..”
“ဟုတ်...”
နဒီ အိမ်ရှေ့ခန်းရောက်သွားတော့ ခင် မုနု့ရည် ထဲကို ကြက်ဥ လောင်းထည့်ပြီး ဆက်မွှေရပြန်သည်..။
“အကြိမ်ကြိမ်အခါခါ ကြိုးစားဖူးတယ်...🎶
အကြိမ်ကြိမ် အခါခါ ဆွံ့အ မြဲ..ဝိုး...🎶
မင်း အမုန်းတွေ မလိုချင်လို့...ငါ ဟာ အရှုံးနဲ့လူပါ မနိုင်ခင် ရှုံးနိမ့်ပြီးသား🎶.....ဟင်..”
အာကာ ဖီးလ် အပြည့်နဲ့ သီချင်းဆိုနေရင်း မျက်လုံးပါ ပြူးသွားရသည်..။
“နဒီ..”
“အင်း အဆိုတော်ကြီးပဲ..ဟီး..ဟီး...အင်တာနက်တင်ပြီပဲ..”
“ဟာ..”
အာကာ အပေါ်ပိုင်း ဗလာကျင်းနဲ့ အတူ အောက်မှာလည်း တာဝါ တစ်ပိုင်းသာ ပတ်ထားတာ...ဒါတွေသာ အင်တာနက်ပေါ်ရောက်ရင်..သေပြီ..။
ကြောက်ရွံစိတ်က ငယ်ထိပ် တက်ဆောင့်လို့ အာကာ နဒီဆီပြေးသွားပြီး ဖုန်းကိုဆွဲလုလိုက်မိသည်..။
“ဟာ...ပြန်ပေး..”
နဒီ နောက်က လိုက်နေလို့ အခန်းထဲ ပတ်ပြေးရင်း ဖျက်ဖို့ ပုံတွေ လိုက်ရှာမိတာ ဘာမှလည်းမတွေ့..
“ပေးဆို...အား...မူးလိုက်တာ..”
“ဟင်...”
အာကာ ရပ်ပစ်လိုက်တော့ အနားကို လျှောက်လာပြီး ဖုန်းကို မကြည်မလင် ဆွဲလုသည်...။
“အား..တကယ် မူးလာပြီ..မနက်ဆေး မသောက်ခဲ့ရဘူး..”
“ဟာ...မူးတာ...ထိုင်...ထိုင်နေ...နဒီ...”
သူ့ရောဂါ အကြောင်းသိပြီးမို့ ထဖောက်လာမှာ စိုးရိမ်ပြီး ကုတင်မှာ အမြန်ထိုင်ခိုင်းလိုက်ရသည်..။
“အကျီ င်္ကြောင့်လား...”
နဒီ က သူ့ အပေါ်ထပ် အကျီ င်္ ကို ဆွဲချွတ်ပြီး ကုတင် အောက်ဘက်ကို လေးကန်စွာ ပစ်လိုက်သည်..။
အောက်ခံက Gym ကစားရင် ၀တ်တဲ့ဝတ်စုံမို့ ဗိုက်သားလည်းပေါ်နေသေး...
မဖြစ်သေးပါဘူး...။
“မမခင်..”
အာကာ မမခင်ကို ခေါ်ဖို့ နှုတ်ဖျားက လွတ်သွားချိန် နဒီ့က ဘာကြောင့်မှန်းမသိရပဲ လက်ကိုရုတ်တရက်ဆွဲချလို့ ကုတင်ပေါ် ကျသွားရသည်..။
“ကျွီ.....”
“..ကိုရယ်...”
“ဟင်...”’
“အို..”
တံခါး၀ဆီ အကြည့်ရောက်သွားတော့ မမခင် ရဲ့ ကျောပြင်ကိုပဲ လျှပ်တစ်ပျက်မြင်လိုက်ရသည်..။
လည်ဂုတ်က နဒီ့ လက်ကို ဆောင့်ဆွဲဖြုတ်ပြီး ဒေါသတကြီး ထရပ်လိုက်တာ အသားတွေတောင် တုန်နေဆဲ...။
“နင်...နင်...ဘာလုပ်တာလည်း...”
“ဟား..ဟား...ဒါ မိန်းမတစ်ယောက်ရဲ့ အကွက်ကျကျ စီစဉ်ထားတဲ့ ကလဲ့စား..နဒီ့ ရဲ့ အရှက်နဲ့ သိက္ခာကို ဆုံးရှုံးခံပြီး ရှင့်ကို ရူးခဲ့မိတာ..ရှင်က ခါးခါးသီးသီး ငြင်းပစ်တယ်လေ..အခု ရှင် ချစ်တက်နေပြီ...ချစ်တဲ့သူကို ဆုံးရှုံးရတာ ဘယ်လောက် နာကျင်လည်း ရှင် ခံစားရတော့မယ်...ရုးလောက်အောင် ခံစားရဖို့ အဆင်သင့်ပြင်ထားပါ အာကာပိုင်စိုး...”
အာကာ အကြောင်သားနားထောင်နေပြီးခါမှ ဒေါသတွေ အတိုးအရင်းပေါင်းခါ ထွက်လာရပြီး ရိုက်ပစ်ဖို့ထိ လက်ရွယ်လိုက်မိသည်..။
“နင် ငါ့ စေတနာကို စော်ကားတာ..မမခင်ရဲ့ စေတနာကို စော်ကားတာ..နင် ဟန်ဆောင် နေမကောင်းဖြစ်ပြခဲ့ပေမဲ့ ငါတို့က တကယ့်ကရုဏာနဲ့ ဆက်ဆံခဲ့တာ...ထွက်သွားစမ်း...နင့်လို မိန်းမမျိုးကို မကြည့်ချင်ဘူး..”
“ဟွင်း..ဟွင်း...မမောင်းထုတ်ပါနဲ့..ကျွန်မကလည်း..ရှင့်လို
ငတုံးကောင် ကို စိတ်မ၀င်စားဘူး”
သူ့ အကျီင်္ကို ကောက်ြ့ပီး အခန်းထဲက ထွက်သွားတော့မှ အာကာ အ၀တ်အစားအမြန်လဲရသည်..။
“မမခင်...”
“မုန့်ရပါပြီ..”
“ဟင်...အင်း....”
“မမခင် စောစောကလေ...”
“ခင် စျေးသွားလိုက်အုံးမယ်...ထမင်းချိုင့်အတွက်တော့ ချက်ပြီးပါပြီ...သိပ်မကြာဘူး..ပြန်လာမှ ထည့်ပေးမယ်နော်..”
“အင်း..”
မမခင် ဆွဲခြင်းဆွဲပြီး ထွက်သွားတော့ အာကာ စားပွဲကို လက်ဝါးနဲ့ ရိုက်လိုက် လက်ဝါးစောင်းနဲ့ထုလိုက် စိတ်တွေကို ဖြေလျော့သွားအောင်ကြိုးစားနေရသည်..။
စျေးသွားတာ အရင်ကသိပ်မကြာပေမဲ့ ..ဒီနေ့တော့ တစ်နာရီ နီးပါးကြာနေသည်..။
စျေးက ပြန်လာတော့လည်း..စကားမပြောပဲ အလုပ်တွေချည်း မဲလုပ်နေတာ ဘယ်လို ရှင်းပြရမှန်းတောင် မသိတော့..။
“မမခင်...စောစောကလေ..မတော်တဆ..”
“သူ ရုံး နောက်ကျတော့မယ်နော်..”
“ဟင်..”
အာကာ နာရီကြည့်လိုက်တော့ တကယ်ပင် နောက်ကျတော့မှာမို့ ကဒ်တွေကောက်သိမ်းလိုက်ရသည်..။
“အင့်...”
“မမခင်...စိတ်ဆိုးနေတာလား..”
“မဆိုးပါဘူး..သွားတော့နော်....”
မမခင်က အပြုံးယဲ့ယဲ့ နဲ့ ပြောနေတော့ မသိရင် တမင် ကလဲ့စားချေနေသလိုပင်...။
.
“ကျစ်...သေချင်တာပဲ..”
ရုံးရှေ့မှာပရာဒို ကားပေါ်က ဆင်းလာတဲ့ တစ္ဆေမကို အာကာ စူးစူးရဲရဲ ကြည့်နေတော့ နှုတ်ခမ်းမဲ့ရင်း..
“ဦး..မီးသွားတော့မယ်...ညနေလာကြိုနော်...အူးမွ..”
နှုတ်ခမ်းစူပြီး ဆယ်နှစ်မျိုးကဝေမ လုပ်နေတာ အာကာ့မှာသာ လူသတ်ခွင့်ရှိရင်လေ..ယောင်္ကျားတကာကို လိုက်ဖျားယောင်းနေတဲ့ အဲဒီ နှုတ်ခမ်းကို ဓားနဲ့လှီးပြီးမှ ဖြည်းဖြည်းချင်းသတ်ဖို့ ဆုံးဖြတ်ထားသည်...။
“ကိုအာကာ..”
“ဘာလည်း..”အာကာ ဆောင့်အော်လိုက်တော့ လင်းလင်း ကခေါင်းပုပြီး..
“ရာသီဥတု မကောင်းဘူး..ဟ...”
“မမခင်..သားတို့ကို စိတ်ဆိုးသွားတာလား..”
“ငါ့ကို..”
“ဟင်.မချော့ဘူးလား..”
“ချော့တယ်..ချော့ပြီး ရေ၀င်ချိုးမိတာ...ပြန်ကောက်သွားပြန်ပြီ...”
“ဟာဗျာ...အကောင်းပြောစမ်းပါ..”
“အမှန်ပြောနေတာလေ...မင်းတို့ဖို့တော့ မုန့် သလဲ ထည့်ပေးလိုက်တယ်..”
“မုန့်သလဲ..တင်းပြီး သလဲတွေကျောက်ခဲတွေနဲ့ မုန့်လုပ်ပေးလိုက်တာလား..”
သူတို့ပြောနေတာ ရယ်စရာကောင်းပေမဲ့ အာက ရယ်ချင်စိတ် တကယ်မရှိပါ..။
စိတ်မဆိုးတက်တဲ့ မမခင် စိတ်ဆိုးမှာကို တွေးကြောက်နေမိသည်.။
ချစ်ပါတယ်လို့ ၀န်မခံရသေးခင်..မုန်းများသွားရင် ဘယ်လို လုပ်ရပါ့မလည်း...။
“အာကာ..”
“ခင်ဗျာ..”
“ငါ အောင်၀င်းကို ဒီလောက်ရိုသေဖို့ မလိုဘူးထိုင်..ထိုင်..”
အောင်၀င်းက နောက်လိုက်ပေမဲ့ အာကာ စိတ်ပျက်စွာပြန်ထိုင်လိုက်သည်...။
“နောက် ဒီဇိုင်း..က Natural တဲ့ အဲဒါ...မင်း လုပ်လိုက်နော်..”
“ကျစ်...ငါ ဒီနေ့ အိမ်စောစော ပြန်ချင်တယ်....အိမ်စောစောပြန်ချင်တယ်... အခုပြန်ချင်တာ..”
“ဘာလည်း...မိန်းမကို တစ်ညလုံးတွေ့ရတာ အားမရလို့လား..”
အာကာ စိတ်အလိုမကျမှု အတိုင်း မျက်နှာရှုံ့မဲ့ခါ..
“မဟုတ်ဘူ...ဟိုတစ္ဆေမ အိမ်လိုက်လာပြီး ပြသာနာရှာလို့..”
“ဂေါက်ပြန်ပြီလား..”
“အေး..ဂေါက်တာ..သူဂေါက်တာ..မမခင်တော့ အထင်လွဲပြီ ထင်ပါတယ်ကွာ..”
“မင်းရှင်းပြလေ..”
“ရှင်းပြဖို့ကြိုးစားတော့လည်း မတုံတက်တေးနဲ့ စိတ်လည်း ဆိုးသလို မဆိုးသလိုနဲ့..”
“တီ..တီ...”
“ဖုန်းက အားကုန်ုပြန်ပြီ..ချီး..”
အာကာ ဖုန်းကြိုးအားသွင်းပြီး ကြောင်စီစီ ပြန်ထိုင်နေတော့..အောင်၀င်းလည်း သူသယ်လာတဲ့ အလုပ် သူ ပြန်ရွက်ပြီး ထွက်သွားသည်..။
.
“မမခင်တောင် မနည်းဟုတ်လာပြီ..ပုစွန်ချဉ်စပ်တွေ ဘာတွေ ချက်တက်လာပြီ..ဆိုင်မှာစားတဲ့ အတိုင်းပဲဟ..”
ချိုင့်ဖွင့်ရင်း အော်လိုက်တဲ့ လင်းလင်း အပြောကြောင့် အာကာ ပြုံးလိုက်မိသည်..။
တီဗီ ထဲက မမခင်ရဲ့ ဆရာက အင်္ဂလိပ်လို့ ကြားညှပ်ပြောတိုင်း အာကာ အားတဲ့ အချိန်ဆို အနားရောက်လာပြီ...။
“သူ သိလားဟင်..ဘာပြောတာလည်..ဟင်..”
“ငရုတ်ကောင်း ကိုပြောတာ..”
“သြော်..”
“ဒါက.ဘာကိုပြောတာလည်း မသိဘူး....”
“ငရုတ်သီး...”
“ဒါကိုရော..”
“ဂျင်း..”
“မြန်မာအသံနဲ့တောင် ခပ်ဆင်ဆင်ပဲ...”
တစ်ခုချင်းစီမေးမြန်းစူးစမ်းပြီးမှ ဟင်းချက်နည်းစကြည့်တော့တာ..အဲဒီ အခွေလည်း မပျက်နိုင်တာ အံသြသည်..ဖွင့်လိုက် ရစ်လိုက် ရပ်လိုက်နဲ့ သူ့လက်ထဲမှာ ရီမုက အမြဲပါရသည်..။
“ဟာ..ဖုန်းခေါ်ထားတာလား..”
အာကာ ရုံးဆင်းခါနီး ဖုန်းသတိရလို့ အားသွင်းတာဖြုတ်ပြီး ပါဝါဖွင့်လိုက်မှ တွေ့သည်..။
ဘာဖြစ်လို့ပါလိမ့်...။
ဖုန်းပြန်ခေါ်နေတာ အကြိမ်များစွာ ရှိနေပြီ မကိုင်သေး...။
ကားကို အရှိန်တင်မောင်းရင်း စိတ်တွေက ပူလောင်နေရသည်..။
လှေကားတွေကိုပြေးလွှားတက်လို့ လက်ထဲက ချိုင့်နဲ့ လှေကားလက်ရမ်းရိုက်မိပြန်၏..။
.
“တင်..တောင်..တင်..တောင်...တင်...တောင်...”
ဘဲလ်သံဆူညံ့သွားပေမဲ့ တံခါးက ပွင့်မလာတော့..အာကာ သော့ယူပြီး ဖွင့်၀င်လိုက်သည်..။
“မမခင်..မမခင်....”
မီးဖိုခန်းထဲ တောက်လျှောက်ပြေး၀င်သွားပြီ ခေါ်ပေမဲ့ မရှိ...
“စျေးသွားတာလား..”
မဖြစ်နိုင်ဘူးလို့ စိတ်ထဲက ငြင်းလာသည်..။
ဘာလို့ ဒီလောက် ရှင်းလင်း ပြောင်လက်နေတာလည်း..
ကိုဆန်းသူတို့ အိမ်လိုက်သွားတာလား..
ရွာက ဆွေမျိုး ဧည့်သည်များရောက်လို့လား..
ဖုန်းလည်းခေါ်ထားတော့...
အာကာ ပေါက်ကရတွေလျှောက်တွေးရင်း စိတ်တွေက မောဟိုက်လာသည်..။
ဆိုဖာခုံမှာ ထိုင်လိုက်ချိန် “မောလာလား..ကိုမောင်မောင်အာကာပိုင်စိုး.. သံပုရာရည်လေး သောက်လိုက်နော်..”
အာကာ ပြုံးရင်း ရေမသောက်ပဲ ပြန်လာတဲ့ အထိစောင့်ဖို့ ရည်ရွယ်လိုက်ပေမဲ့ တကယ်ရေဆာနေလို့ မီးဖိုခန်းထဲ ၀င်သောက်ရသည်..။
ရေ နှစ်ခွက်ဆင့်သောက်ပြီး ဖန်ခွက်ကို ခုံပေါ်တင်လိုက်ချိန် စာလုံး နည်းနည်း နဲ့ စာ တစ်ရွက်ကိုတွေ့တော့ ကောက်ယူဖတ်လိုက်တာ...။
“အာကာ...ခင်..ရွာပြန်သွားတယ်...အဘ.. နေမကောင်းလို့..”
“ဟာ...မဟုတ်ဘူး....နေအုံး..ဟာ...”
အာကာ ကယောင်ကတမ်းတွေ အော်ရင်း ပြေးလိုက်ရင်မှီမလားလို့ ထပြေးမိပြီးခါမှ ပြန်ထိုင်လိုက်ရသည်..။
နေ့ခင်းက ဖုန်းခေါ်တာ ဒါပြောဖို့လား...။
အာကာ ဖုန်းယူပြီး ယောက္ခမကြီးဆီ ဆက်လိုက်သည်...။
အချိန် အကြာကြီး ခေါ်လည်း ဆက်သွယ်ရေးပြင်ပမို့ ပြန်ချထားလိုက်ပြီး မီးဖိုခန်းထဲ ယောင်ပြီး ၀င်လာမိပြန်ပြီ...။
မမခင်ရယ် စိတ်များဆိုးသွားတာလား...။
အာကာ စားပွဲပေါ်က စာရွက်ကို ပြန်ကောက်ပြီးဖတ်လိုက်ချိန် တစ်ခု သတိထားမိတာ..
“အာကာ”မမခင် က အာကာ လို့ ရေးသွားတာလား...စိတ်ဆိုးသွားတယ်ဆိုတာတော့ သေချာသွားပါပြီ...။
“တူ....တူး.....တူ.....”
“ဟလို...ဂျာကြီးလား..”
“အေးပြော..”
“ကျွန်တော် မနက်ဖြန် ခရီးသွားစရာ ရှိလို့ ခွင့်ယူမလို့ပါ..”
“ဟာ..မရဘူး..အာကာ..မင်းနေမကောင်းလို့ ပျက်ထားတာတွေ အများကြီးလေကွာ..အလုပ်တွေလည်း ပုံနေတယ်...မင်း နောက်လမှ ယူပါကွာ..”
ဂျာကြီးက တောင်းတောင်းပန်ပန် ပြောလာတော့ အာကာ ဆက်မပြောရဲတော့ပါ...။
“ဟုတ်း..”
တိတ်ဆိတ်လွန်းတဲ့ အိမ်မှာ အာကာ တစ်ယောက်တည်းမို့ ခြောက်ကပ်ကပ်....
လုပ်နေကျ ပုံစံ အတိုင်း အခန်းထဲ၀င်ရေချိုးလိုက်သည်..။
အ၀တ်အစားလဲပြီး ပြန်ထွက်လာတော့ မှောင်မဲနေသည့် မီးဖိုခန်းကြောင့် အထီးကျန်သလို ခံစားရသည်.။
မမခင်သာ ရှိရင် အခုလောက်ဆို မီးဖိုခန်းမှာ ဟင်းနွှေးလိုက် ထမင်းခူး လိုက်နဲ့ ပျာယာခပ်နေလောက်ပါပြီ...။
အာကာ ထမင်းစားချင်စိတ်လည်း မရှိသလို မီးထဖွင့်ချင်စိတ်လည်း မရှိ..။
အလုပ်တွေ အိမ်ပါလာပေမဲ့..တီဗီ ကြည့်ဖို့ ခလုပ်ဖွင့်လိုက်သည်..။
မမခင် ကြည့်လက်စနေရာက စလာနေတာ ပုစွန်ချဉ်စပ်လုပ်နည်း....
“အခု ကျွန်တော်တို့ တိုမန်တို ဖိုးဂျီ..အဲ လေး..ငါး လုံးကို အနှစ်လုပ်ပါမယ်...ပြီးရင်တော့ ပုစွန် နဲ့ မစ်ပါမယ်..”
“ခွေးတောင်းစားကလည်း..ဗမာလိုပြောပါလား..”
တီဗီထဲ ပေါ်လာသည့် မမခင်ရဲ့ ဆရာဆိုသူ ဟင်းချက် အစီအစဉ်က စားဖိုမှုးကို ဒေါသနဲ့ အော်ကြီးဟစ်ကျယ်ဆဲပစ်လိုက်သည်...။
လိုင်းပြောင်းပြီး လျှောက်ကြည့်ရင်းနဲ့ ကာတွန်းလိုင်းရောက်တော့ စက်ရုပ်ကလေး ဝေါအီ ကားလာနေတာ...
အလွမ်းမီးတောက်ပြီဆို စကိုင်းနက်ကပါ ယပ်တောင်ခပ်ပေးနေပြန်ပြီ..။
“ကာတွန်းကားကြီး..”
အာကာ ခေါင်းရေသုပ်ရင်း ကာတွန်းကားမို့ လိုင်းပြောင်းဖို့ ရီမု ကိုင်လိုက်တော့..
“ကောင်းပါတယ်...ကိုမောင်မောင်အာကာပိုင်စိုးရဲ့...”
“ဟမ်..”
ထို အချိန် တုန်းက မမခင် ရဲ့ တန်ဖိုးကို မသိချိန်မို့ တောသူမို့ တောကြိုက်ပဲသိတယ် အဆင့်မမှီ ဘူးလို့ တွေးရင်း အာကာလည်း ကာတွန်းကားကို မကြည်မသာလိုက်ကြည့်နေလိုက်သည်..။
ရုပ်ရှင် တစ်၀က်ပိုင်းရောက်တော့ ကာတွန်းကားပေမဲ့ အာကာ ကိုယ်တိုင် စိတ်၀င်တစားဖြစ်ပြီး စက်ရုပ်ကလေး ပျက်စီးသွားမှာကိုစိတ်ပူမိသည်..။
“သနားပါတယ်...အပင်လေးကို ကယ်ဖို့ကို...အို..တန်ဖိုးမထားဘူး..သေပါပြီဟယ်... ကလေးရယ် လွှတ်လိုက်ပါတော့...စေတနာ နဲ့ မတန်ပါဘူး.”
ရုပ်ရှင်ကြည့်ရင်း ကရုဏာသံနဲ့ ထွက်လာတဲ့ မမခင်အသံကြောင့် အာကာ မျက်မှုန်ကြုတ်ခဲ့မိပေမဲ့..အခုတော့ ရင်ထဲမှာ ပူလောင်နေရပြီ မမခင်...။
မမခင်ကို တန်ဖိုး မထားခဲ့မိတဲ့ အာကာဆိုတဲ့ကောင်ကို စေတနာမတန်လို့ ထားသွားလိုက်ပြီပေါ့..။
အချိန်တွေက ကုန်ခဲသလို တိတ်ဆိတ်ငြိမ်သက်ခြင်းက လူကို နှိပ်စက်သည်..။
ည ဆယ်တစ်နာရီ ကျော်မှ အာကာ မီးဖိုခန်းမီးကို ဖွင့်လိုက်ပြီး ..စားဖို့ တစ်ခုခု စီစဉ်ရတော့မည်..။
ရေခဲသေတ္တာကိုဖွင့်လိုက်တော့ ခေါက်ဆွဲဘူး လေးကို စီထည့်ထားတာ အာကာ အကုန်သယ်လာပြီး စားပွဲပေါ်တင်လိုက်သည်..။
အဖုံးတွေ အကုန်ဖွင့်လိုက်တော့ ဘူး နှစ်ဆယ် လေးဘူးမှာ ဟင်းအမျိုး နှစ်ဆယ့်လေးမျိုးတိတိ....
အာကာ ပြုံးရင်း ဘူး အဖုံးတွေ ပြန်ပိတ်လိုက်ပြီးရေခဲသေတ္တာထဲ ပြန်စီထည့်ထားလိုက်သည်..။
တစ်ဘူး ပြန်ထုတ်ပြီး ထမင်း အိုးသွားကြည့်တော့ တည်ခဲ့ပြီးသားမို့ ပြန်နွေးရုံသာ...။
ခြောက်ကပ်နေတဲ့ စားပွဲဝိုင်းမှာ ထိုင်ပြီး..ထမင်းပန်းကန်ထဲမှာ ငါးခြောက် ကြက်ဥ ဟင်းထည့်စားနေတာ တစ်၀က်ကုန်တာနဲ့ မျက်ရည်က အလိုလို စို့ လာပြီ..။
ဟင်းပွဲတွေ ပြင်ပြီး ရေခွက် အသင့်ချထားပေးခါ တစ်ခါတစ်လေ အရိုးပါ နွှင်ပေးတက်တဲ့ မမခင် ကို ထမင်းစားနေရင်းလွမ်းလို့ မျက်ရည်မကျသင့်ဘူးလား..။
“လင်းလင်း က မမခင် မုန့်အရမ်းကောင်းတယ်တဲ့..ဒီကောင်တွေ
အဲလိုပြောပြီး ညာစားနေတာ..”
“ညာစားစား..လိမ်စားစား...စားပေးတာပဲ ကျေးဇူးတင်ရမယ်..တောမုန့်ကြီးပါ..”
“မမခင် ကလည်း ဒီကောင်တွေဆို စေတနာပိုနေတာ..”
“သူ့ သူငယ်ချင်းတွေကိုး..”
အာကာ မျက်ရည်ပြည့်နေတဲ့ကြားက ပြုံးမိပြီး ထမင်းပန်းကန်ကို စိတ်ရူးပေါက်စွာ လက်နဲ့လျှောက်ဆော့နေမိသည်..။
“သူ နေကောင်းရဲ့လားဟင်..”
ဘေးခုံက မမခင် အရိပ်ကလေးက လှမ်းမေးတော့..အာကာ ခေါင်းတွင်တွင်ရမ်းရင်း..
“မကောင်းဘူး..မမခင်...လုံး၀မကောင်းဘူး..မမခင်ကို လွမ်းလို့ ကျွန်တော် ရူးတော့မယ် မမခင်ရယ်..”
မီးဖိုခန်းထဲမှာ မမခင် ပြောင်းအိပ်တော့ စိတ်မကောင်းဖြစ်ရပေမဲ့ ခေါ်ဖို့ ကလည်း အခန်းမရှိလို့ တခါတလေ လူမဆန်သလို ခံစားခဲ့ရပါတယ်..။
မမခင် အိပ်ပျော်ပြီး ဟောက်သံ သဲ့သဲ့ ကြားမှ အာကာ မီးဖိုခန်းက မီးနီကို လာဖွင့်တာ အေးနေမှာစိုးတဲ့ စေတနာနဲ့လေ...
မမခင် ကို တူ နဲ့ မစားတက်လို့ စိတ်ဆိုးထွက်လာပေမဲ့ ဆိုင်ရှေ့က ကားပေါ်မှာ တစ်နာရီခွဲ နှစ်နာရီ စောင့်နေမိတာ..နှလုံးသားထဲက ဖြစ်ပေါ်လာတဲ့ သနားစိတ်ကြောင့်..မမခင်ရဲ့...။
မမခင် ကို မဝေတို့အိမ်မှာတွေ့လို့ ဒေါသဖြစ်ကျောခိုင်းခဲ့တာ မမခင် ပန်းကန်တွေဆေးနေရတာကို မကြည့်ရက်လို့ပါ..ဒါကို မမခင်..မသိဘူးမလား...မသိလို့လည်း..အလှူသွားကူရမလားဆိုတဲ့ ကျွန်တော် ဖြေရခက်တဲ့မေးခွန်းတွေ ခဏခဏမေးတာပေါ့....။
နဒီ နဲ့ ကိစ္စကို စိတ်ယိုင်ခဲ့ပေမဲ့ မမခင်ကြောင့် နောက်ပြန်ဆုတ်နိုင်တာပါ..မမခင်ကို ပြောချင်တယ်...။
ဆရာနဲ့ မမခင် စကားတွေ ရယ်မောပြောနေရင် အလိုက်ကန်းဆိုး မသိသလို.. တဟားဟား..အော်ရယ်မိတာ..ကျွန်တော် နှောင့်ယှက်ချင်လို့ပါ မမခင်ရယ်.....။
ဟင်းတွေကို ဆရာ မကြိုက်တာတွေ ရွေးချက်ခိုင်းတာ နောက်တစ်ခါ မမခင်ဆီ မလာအောင်ပါ..။
ဆရာ နဲ့ မမခင် ကိုတွေ့တိုင်း ဒေါသထွက်ရတာ သ၀န်တိုလွန်းလို့ဆိုတာ မမခင် ရိပ်မိရဲ့လား...။
အကြိမ်ကြိမ်ပြောပြဖို့ ကြိုးစားခဲ့ပေမဲ့ မမခင် နဲ့တွေ့ရင် သတ္တိတွေပျောက်ပြီး ကလေးတစ်ယောက်လို ဖြစ်သွားရတဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းတယ်..။
ပြောစရာ စကားတွေ မမခင် မသိလိုက်တဲ့ ကျွန်တော့်နှလုံးသားထဲက ခံစားချက်တွေကို အခု ကျွန်တော် သတ္တိရှိရှိ ဖွင့်ပြောချင်တော့ မမခင် ဘာလို့ အနားမှာ မရှိရတာလည်း..။
ထမင်းစားပွဲမှာထိုင်လျက်သား ထမင်းပန်းကန်ကြီး ရှေ့ချပြီး အာကာ မျက်လုံးကို လက်နဲ့ အုပ်ခါ ရှိုက်လိုက်မိသည်.။:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・
မမခင်တို့ ရွာပြန်ပြီလေ💔
ကိုမောင်မောင်အာကာပိုင်စိုး 😭
မနက်ဖြန်ဇာတ်သိမ်း လိုက်တော့မယ်နော် 😭
မမခင်ရယ် 😭
အရေးအသားမကောင်းပေမဲ့
သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော် ❤
Love u all
#စပိုက်ကာ
YOU ARE READING
ပန်းကြိုးနွယ်
Romance" စိမ်းကားနေတာ အသည်းတွေတကယ်နာကျင်ရတယ်.. မုန်းတယ်သိလား..မုန်းတယ်..ချစ်လွန်းလို့မုန်းရတယ်..မဖြစ်သင့်မှန်းသိလို့မုန်းရတယ်...." :・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・ " သူ ခွင့်ပြုတောင် ကိုယ်မလုပ်နိုင်ဘူး..ရင်းနှီးတာအချိန်ကြာရင် ကိုယ့်စိတ်တွေလည်း ထိန်းချူပ်လိ...