Part 12

4.1K 198 9
                                    

ပန်းကြိုးနွယ်
အပိုင်း (၁၂)
#ပန်းကြိုးနွယ်

“ဟာ..ဘယ်သူလည်း..”
မှောင်ကျသွားသည့် မြင်ကွင်း နဲ့ အတူ အာကာ စိတ်တိုသွားမိသည်..။
အခန်းထဲမှာ ယောင်္ကျားချည်းပဲ ခြောက်ယောက် ရှိနေတာ ဘယ်သူက မျက်လုံးပိတ်တမ်းကစားချင်နေတာလည်း..
လင်းလင်း လား..။
“ဟေ့ရောင် လင်းလင်း လွှတ်စမ်း..”
အနောက်က ဖိကပ်လာသည့် အနေအထေားကြောင့် အာကာ အပိတ်ခံထားရတဲ့ မျက်လုံးတောင် ပြူးချင်ချင်ဖြစ်သွားရသည်..။
ရေမွှေးနံ့သင်းသင်းလေး တစ်ချက် ရလိုက်သလို ပါးပေါ် လာရိုက်ခပ်သည့် အမွှေးအမျှင် တစ်ချို့ရဲ့ အထိအတွေ့ကြောင့် မိန်းကလေး တစ်ယောက်ဆိုတာ ပိုသေချာသွားပြီ..။
ဘယ်သူရှိမလည်း..မဝေလား..ဝါ၀ါ လား..မဖြစ်နိုင်..ဟာ..
“နဒီ...”
“ခစ်..ခစ် ..မိသွားပြီ..”
အာကာ လက်ကို ကိုင်ပြီး ဆွဲဖယ်ဖို့ မသင့်တော်လို့ သူ လွတ်မဲ့ အချိန်ကို စောင့်နေပြီးမှ အသံလာရာဘက် ကို လှည့်လိုက်တော့..။
“ဟာ..”
“အို..”
“ဆောရီး..ဆောရီး..ကို တကယ် မရည်ရွယ်ပါဘူး..”
ပါးကို လက်နဲ့ အုပ်ကိုင်ပြီး အာကာ ကို ကြည့်နေတော့ အသည်းအသန် ရှင်းပြနေရတာ လက်ခံပါ့မလား မသေချာသေး...။
“ရှက်လိုက်တာ...”
“ဆောရီး ပါနော်..စိတ်မဆိုးပါနဲ့ နဒီ ရယ်..”
“ဟွန့်..သူများပါးကို အဖေတောင် နမ်းဖူးတာဟုတ်ဘူး..”
“ကို တောင်းပန်ပါတယ်..ကို မျက်လုံးမှိတ်ထားတော့ အသံကြားတဲ့ဘက် ရုတ်တရက် လှည့်လိုက်ရလို့ပါ..”
“နစ်နာတယ်..တစ်ခုခုပြန်၀ယ်ကျွေးနော်..ဒါပဲ..”
“အိုကေ...နဒီ..ဘာစားချင်လည်း.”
“အကြီးကြီး နစ်နာတာဆိုတော့ စျေးကြီးတာ ၀ယ်ကျွေးရမယ်..ဆိုင်သစ်တွေ့ထားတယ်..ညနေ ရုံးဆင်းရင် လိုက်၀ယ်ကျွေးရမယ်..”
“ညနေ...”
“ဘာလည်း..မကျွေးချင်ဘူးလား..”
နှုတ်ခမ်းစူပြီး ခြေဆောင့်ပြောလိုက်တော့ အာကာ ပျာပျာသလဲ ခေါင်းယမ်းရင်း
“မဟုတ်ပါဘူး..ကျွေးမှာပေါ့..ကျွေးမယ်..”
“ဟွန့်..လာနှုတ်ဆက်တာ..အနမ်းခံလိုက်ရတယ်..
သွားမယ်..”
မျက်စောင်းလေးကဲပြီး ထွက်သွားတော့ အာကာ အကြည့် အမြန်ရွေ့လိုက်ရသည်..။
နှလုံးခုန် ရင်တုန်စေတဲ့ အလှမျိုးကို လူတိုင်း အငမ်းမရကြည့်တက်ပေမဲ့ အာကာတော့ ကိုယ့်စိတ်ကို မလုံလို့ ကွန်ပျူတာကြီးကိုသာငေးဆိုက်
ကြည့်ပစ်လိုက်သည်..။
“အာကာ..ရုံး မဆင်းသေးဘူးလား..”
“အင်း..လက်စကျန်သေးလို့..”
“ငါတော့ သွားပြီ..ဟိုဘက်ခန်းက မမတွေ တော့ အန်ကယ် ကောထားလို့ မပြန်ရသေးဘူး..”
“အင်း..”
အာကာ မလုံမလဲဖြင့် modefiers တွေ ထပ်ခါထပ်ခါ ယူနေတာ တံခါးပုံ ကနေ အရည်ကြို သံတုံးဖြစ်နေပြီ...။
“ဟ..မင်း..ဘာပုံကြီးတုန်း..”
“မီးဆိုင်း..”
“တစ်မျိုးပဲ..”
“အမ်း..”
အောင်၀င်းက ဘေးက အိတ်တွေ ယူရင်း စပ်စုသွားတာ ကို အာကာ စိတ်တိုမိသေးသည်..။
ဘာဆွဲဆွဲ သူနဲ့ ဆိုင်လား...။
“ဟိတ်..”
“ဟင်..”
“အလုပ်မပြီးသေးဘူး..အားနာလို့ ထွက်လာတာ..”
“ရပါတယ်..”
“ရပါဘူး...ဗိုက်ဆာနေပြီ..”
ကလေးတစ်ယောက်လို ဗိုက်ကို လက်ဝါးနဲ့ ပွတ်ပြပြီး ပြောနေတော့ အာကာ ပြုံးလိုက်မိသည်..။
“ကဲ ဘယ်သွားမလည်း..”
“ကားကနေ စောင့်နေနော်....”
ပြောပြီး အိတ်တစ်လုံးဆွဲခါ နောက်ကြောင်းပြန်လျှောက်သွားတော့ အာကာ ကြောင်တောင်တောင် လိုက်ကြည့်မိပြီး သူပြောတဲ့ အတိုင်း ကားကနေပဲ စောင့်နေဖို့ ဆုံးဖြတ်လိုက်ရသည်..။
“ဟိတ် စောင့်ရတာ ကြာသွားလား..”
“အဟွတ်..”ဘေးခုံကို ကြည့်နေတဲ့ အာကာ ကားရှေ့ကို အကြည့်အမြန်လွဲလိုက်ရသည်..။
ဘယ်လိုဖြစ်ပြီး အ၀တ်အစားတွေသွားလဲလိုက်တာလည်း..။
ခရမ်းရင့် တီရှပ်အကြပ် နဲ့ စကပ်က ပေါင်လယ်ကျော်ကျော် လေးမို့ ကလေးဆန်ဆန်လှပါသည်..သို့သော်..။
“ဟူး..”
မြိုသိပ်မထားနိုင်တော့တဲ့ မွန်းကြပ်မှုတွေကြောင့် သက်ပြင်းတစ်ခု ပေါ်တင်စွာ ထုတ်လိုက်ရသည်..။
လူတစ်ချို့က အာကာ့ ကို အားကျသလို ကြည့်နေကြတာ လိပ်ပြာမလုံပါ..။
“ဘာလည်း..စျေးကြီးလို့လား..”
“မဟုတ်ပါဘူး...လူတွေ ကြည့်နေတော့ နဒီ သိက္ခာ ကျမှာ စိုးလို့ပါ..”
“ရတယ်..ထင်ချင်သလို ထင်ပါစေ..”
ဂရုမစိုက်သလို နှုတ်ခမ်းလေးကို တွန့်လိုက်ပြီး ရှေ့က အရွက်တွေကို တူ နဲ့ ကျွမ်းကျင်စွာ ယူလိုက်သည်..။
နှုတ်ခမ်းနီ မပျက်အောင် နှုတ်ခမ်းကို လုံးချွန်ပြီး သွားလေးနဲ့ ကိုက်ယူစားနေတော့ အာကာ ရေခွက်ယူပြီး ရေသောက်လိုက်ရသည်..။
“ဟယ် ချစ်ဖို့ကောင်းလိုက်တာ..”
“အေးလေ..လိုက်တယ်နော်..”
“အစ်မက နဒီမလား..ဖေ့ဘွတ်မှာ ခရီးသွားပုံလေးတွေတင်တာလေ...အပြင်မှာ ပိုချစ်ဖို့ကောင်းတယ်နော်..”
“ဟုတ်လား..ဟီး..ကျေးဇူးပါနော်..”
“အစ်မတို့ couple က အရမ်းလိုက်တာပဲ..နှစ်ယောက်ပုံလေးတွေ တင်ပါအုံးနော်..”
“ဟို..ကျွန်တော်တို့..”
“အင်း..အင်း...တင်မှာပေါ့..Thank နော်..”
ကောင်မလေးနှစ်ယောက် ဆိုင်ထဲထွက်သွားတော့ အာကာ ...နဒီ့ ကို အားနာစွာ ကြည့်လိုက်သည်..။
“တွေ့လား..ကို ပြောတယ်..”
“ဘာဖြစ်လည်း ..”တူကို ဆောင့်ချပြီး ရန်တွေ့သလို အကြည့်စူးလေးနဲ့ ပြောလာတော့
“နဒီ အဆင်ပြေရင် ပြီးတာပဲ..”
“ပြေတယ်..”
ဘာမှ ဆက်မပြောတော့ပဲ ရေချည်း လိမ့်သောက်နေတာ ဒီနေ့ညစာ စားနိုင်ပါ့အုံးမလား..။
“အင့်..”
“နဒီ..စားပါ..”
“ပိုက်ဆံကုန်မှာစိုးလို့ ရေချည်းသောက်ပြနေတာ ဘယ်မြိုကျတော့မလည်း..”
“မဟုတ်ပါဘူး..ကို ညစာ ၇နာရီမှ စားနေကျမို့လို့ မဆာသေးဘူးလို့ပါ..”
“စားပါ..”
မျက်ခုံးတွန့်ပြီး လှမ်းခွံ့ပေးနေတဲ့ ပြောင်းဖူးလိုင်းလေးကို စားလိုက်တော့မှ  အလိုကျသွားတော့သည်..။
“ဗိုက်အ၀ပဲ..သင့်ခ်ယူ..”
“ရပြီလား..”
“အင်း.မဆိုးပါဘူး..ဒီလိုသာဆို မနစ်နာဘူး..”
“ဟား..ဟား...ဟုတ်ပါပြီ..စိတ်မဆိုးတော့ဘူး
မလား..”
“အမ်း..”
နဒီ့ ကို ရုံးရှေ့ အထိ ပြန်လိုက်ပို့ ပေးခဲ့လိုက်ပြီး အာကာ အိမ်ပြန်ရောက်တော့ တစ်နာရီလောက် နောက်ကျသွားရသည်..။
အခန်းတံခါး ပါ သော့ဖွင့်ထားတော့ ဖွင့်၀င်လိုက်တာ ၀ရန်တာမှာ မမခင်က ရပ်စောင့်နေသည်..။
သူ့ ထုံးစံ အတိုင်း အာကာ့ လက်ထဲက အိတ်ကို  လှမ်းယူပြီး  အိမ်ထဲ ၀င်သွားတော့  အာကာ နောက်က လိုက်၀င်ခဲ့လိုက်သည်..။
“ကိုမောင်မောင်အာကာပိုင်စိုး သံပုရာရည်သောက်မလား..”
“မသောက်တော့ဘူး မမခင်..”
“အလုပ်တွေ အဆင်ပြေရဲ့လား..ပင်ပန်းခဲ့မှာပဲ”
“ပြေပါတယ်...မပင်ပန်းပါဘူး..”
ကိုယ့်ဘက်က မဟုတ်တာဘာမှ မလုပ်ခဲ့ပေမဲ့ မမခင်ရဲ့ မေးနေကျ စကားကို အာကာ မလုံမလဲဖြစ်ရသည်..။
“ကျွန်တော် ရေချိုးလိုက်အုံးမယ်..”
“အင်း..”
အာကာ အကျီ င်္ ချွတ်ပြီး ကုတင်ပေါ်မှာ ထိုင်ရင်း ကိုယ့်စိတ်ကို ဒေါသဖြစ်ရသည်..။
“ဘာတွေဖြစ်နေတာလည်း..”
မကြည့်ဘူးလို့ တွေးထားပေမဲ့ သူငယ်ချင်းတောင် မဖြစ်ထားတဲ့ သူ့အကောင့်က search box ထိပ်ဆုံးမှာ ပေါ်နေသည်..။
ဖုန်းကို ပြန်ပစ်ချပြီး ရေချိုးဖို့ ပြင်လိုက်သည်..။
ရေချိုးပြီး ကုတင်ပေါ်က မီးခိုးရောင် တီရှပ်ကို အမြန်ကောက်၀တ်ခါ ဖုန်းကို ကျောခိုင်းပြီး ထွက်လာခဲ့လိုက်သည်..။
“အနံ့က မွှေးနေတာပဲ..”
“ဗိုက်ဆာနေပြီလား...”
“အင်း..”
အာကာ စိတ်ထဲကမပါပဲ ကိုယ့်စိတ်ကို ကိုယ် က ပြန်ပြီး ဟန်ဆောင်နေရမှန်း သိပေမဲ့ မသိချင်ယောင်ဆောင်ထားလိုက်သည်...။
“မမခင် ခြေထောက် ဘယ်လိုနေလည်း..”
“ခြောက်လာပြီ..ပျောက်တော့မှာပါ..”
“အင်း..ခြေဖဝါးဖြစ်နေလို့ ပျောက်ဖို့ကြာနေတာ..သတိထားနော်..မမခင်..”
“အင်း..”
ပန်းကန်ထဲ ရောက်လာသည့် ပဲပြားကို ကြည့်ရင်း ပြောင်းဖူးဝါလေးကို မြင်ယောင်တော့ ခေါင်းယမ်းပစ်လိုက်သည်..။
“ပဲပြားမကြိုက်လို့လား..”
“ဟမ်..အမ်း..နည်းနည်း..”
“ခင့် ဆီကို ပြန်ထည့်လိုက်ပါ..အားလူးဟင်းလေးနဲ့ စားလိုက်နော်..ညစာ အဆင်မပြေ ဖြစ်သွားတယ်..”
“ဟာ..မဟုတ်တာ..”
အာကာ အာလူး ဟင်းရည်တွေ ဇွတ်ထည့်လိုက်ြ့ပီး ခပ်သွက်သွက် စားလိုက်သည်..။
“ပုစွန်လေးတွေက အခွံမခွါထားဘူး ရွာမှာ ဆို ဒီလိုပဲ ကြော်ကြတယ်လေ..”
“သြော်..အင်း..စားကောင်းပါတယ်..”
ထမင်းစားပြီး တီဗီတောင် မကြည့်နိုင်ပဲ အခန်းထဲ ပြန်ရောက်လာရပြန်သည်..။
“ကျစ်..မေ့လိုက်စမ်းပါကွာ..”
အာကာ အခန်းထဲက ပြန်ထွက်ပြီး ပန်းကန်တွေ ဆေးနေတဲ့ မမခင် အနားကို လျှောက်သွားလိုက်သည်..။
“သူ အဆင်ပြေရဲ့လား..”
“ဟမ်..အင်း..”
“သူ့ အလုပ်အကြောင်းတွေတော့ ခင်လည်း မသိပါဘူး.တော်တော် ပင်ပန်းတာတော့ သိပါတယ်..အဆင်မပြေတာဆို ရင်ဖွင့်လိုက်ရင် သက်သာသွားတယ်တဲ့ ဆန္ဒရှိရင် ခင့် ကို ပြောပြလို့ရပါတယ်..အကြံမပေးတက်ပေမဲ့..ဘယ်သူမှ ပြန်မပြောပါဘူး ကတိပေးပါတယ်..သူရင်ဖွင့်လိုက်ရင် သက်သာသွားမှာပေါ့.”
အာကာ ခေါင်းညိတ် ထောက်ခံလိုက်တော့ မမခင် က လက်ဆေးပြီး အိမ်ရှေ့ထွက်သွားချိန် နောက်ကလိုက်သွားလိုက်ပြီး ခုံမှာ ပစ်ထိုင်လိုက်ရသည်..။
“ဟူး...”
ဆိုဖာပေါ်မှာ သက်ပြင်းချရင်း ရှေ့ သစ်သားခုံမှာ ထိုင်ပြီး အာကာ့ ကို ငေးကြည့်နေတဲ့ မမခင် ကို ရယ်ကြဲကြဲ လုပ်ပြလိုက်ရသည်..။
“ဒီလိုပေါ့ မမခင်ရယ်..ဒီလိုပါပဲ..”
“အင်း..ဆက်ပြောပါ..”
“ဟမ်..”
အာကာ ပြောပြဖို့ မကောင်းလို့ မပြောချင်ပေမဲ့ ရင်ဖွင့်လိုက်ရင် သက်သာ သွားမလားလို့လည်း မျှော်လင့်မိသည်..။
သူက ကိုယ့်ထက် အသက်ကြီးသူမို့ အကြံကောင်းတွေလည်း ပေးလာနိုင်သည်ပဲလေ...။
“ဒီလို မမခင်ရယ်..ကျွန်တော့် အလုပ်က အမ်း..လက်ရှိပေါ့နော်..လက်ရှိဆိုတာ အခုပါ..အခု အလုပ်မှာ လခယူတယ်..အဲတရား၀င်ပေါ့..တရား၀င် လုပ်နေတာ..”
“အင်း..”
“အခုကျတော့လေ..အပြင်က အလုပ်ကောင်းကောင်း တစ်ခုပေါ့ လစာလည်း ကောင်းတယ် အားလုံး..အားလုံးပဲ အခု အလုပ်ထက် သာနေတယ်..အဲတော့ ကျွန်တော်က အလုပ်သစ်ကို စိတ်၀င်စားမိနေတယ်..အဲဒါ သစ္စာဖောက်ရာများကျနေမလား...”
“ကိုမောင်မောင်အာကာပိုင်စိုး က အလုပ်ထွက်ပြီး အလုပ်သစ်လုပ်ချင်တာလား..”
“ဟာ..မဟုတ်ပါဘူး..မဟုတ်ဘူး..လုပ်လို့လည်း မရဘူးလေ..လက်ရှိအလုပ်က စာချူပ်ကြီးနဲ့ဆိုတော့ ပြောင်းလို့မရပါဘူး..စာချူပ်ရှိနေတော့ ဟိုဘက်ကလည်း လက်ခံမယ် မထင်ပါဘူး..”
“ဒါဆို အလုပ်သစ်ကို စိတ်၀င်စားမိရုံနဲ့ သစ္စာဖောက်တယ် မခေါ်နိုင်ပါဘူး..ဒါ သဘာ၀တရားပဲဟာ..”
“ဟမ်..”
“ဟုတ်တယ်လေ..ကိုယ့်ထက်သာတဲ့ ဘယ်အရာမဆို မပိုင်ဆိုင်ရမှန်းသိပေမဲ့ လိုချင်လို့ အားကျလို့ စိတ်၀င်တစားဖြစ်မိကြတယ်..တောင့်တတက်ကြ တာပဲလေ..ဒါသစ္စာဖောက်တယ် ဘယ်မှာပြောလို့ရမလည်း..”
“ဟား..ဟား..ဟုတ်တယ်နော်..ဒါ သဘာ၀ပဲဟာ..”
အာကာ ပျော်လွန်းလို့ ထတောင် ခုန်ချင်သွားသည်..။
ဒါသဘာ၀ပဲဟာ..စိတ်ကလေး၀င်စားမိရုံကို ဖောက်ပြန်တယ် ဘယ်ခေါ်မလည်း...။
“မမခင် ကို ကျေးဇူးတင်တယ်..စောစောကတည်းက ပြောလိုက်ရမှာ..အား..ရင်ထဲ အခုမှ နေလို့ကောင်းသွားတယ်..”
“သူ အဆင်ပြေသွားတော့ ခင် ၀မ်းသာပါတယ်..”
“အင်း..မမခင် က ကျွန်တော် အဆင်မပြေတာလည်း သိနေတာလား..”
“အဟွင်း..သူ့ အကျီ င်္က ပြောင်းပြန်ကြီးကိုး..”
“ဟာ..”
အာကာ ငုံကြည့်လိုက်တော့ အကျီ င်္ပြောင်းပြန်ဖြစ်နေတဲ့ အပြင်ကို ရှေ့နောက် ပါ မှားနေသေးသည်..။
“ထမင်းချိုင့် လည်း မေ့ခဲ့တယ် မနက်ဖြန် မမေ့နဲ့နော်..အိမ်မှာ နှစ်ချိုင့်ပဲ ရှိတာလေ..”
“ဟမ်..ဟား..ဟား..ကြည့်စမ်း ဒီ အလုပ်သစ်ကြောင့် အကုန်လွဲနေတာပဲ..”
အာကာ အခန်းထဲ ရောက်တာနဲ့ တီရှပ်ကို ချွတ်ပြီး ကုတင်ပေါ် ပစ်တင်ခါ ဖုန်းပြေးယူကြည့်လိုက်သည်..။
“အနမ်းတစ်ပွင့် လျော်ကြေး..”
ဘယ်အချိန်ရိုက်လိုက်တဲ့ ဓာတ်ပုံမှန်းမသိပေမဲ့ အာကာ့ လက်တစ်ဖက်က ပါနေသေးသည်..။
အောက်က ကွန့်မန့်တွေကို လိုက်ဖတ်ရင်း..
“တွေ့လိုက်တယ်နော်..အရမ်းလိုက်တဲ့ စုံတွဲ အားကျတယ်..”
“စုံတွဲပုံလေး တင်ပေးပါနော်..”
“လက်သွယ်သွယ်လေး တွေ့နေရတယ်နော်..နဒိ..”
တခြားကွန့်မန့်တွေကို မပြန်ပေမဲ့ ထို ကွန့်မန့်အောက်မှာတော့..
“မကြည့်နဲ့ မကြိုက်ဘူးကွာ..”ဆိုပြီး စိတ်ဆိုးတဲ့ အီမိုဂျီလေးပါ ထည့်ပေးထားသေးသည်..။
ကုတင်ပေါ် ပစ်လှဲချလိုက်ပြီး အသည်းယားလာလို့ ခေါင်းအုံးကို ဆွဲကိုက်ပစ်လိုက်သည်..။
နူးညံ့တဲ့ ပါးလေးကို နမ်းမိတဲ့ အခိုက်အတန့်..
မျက်နှာပေါ်က ဘာမှန်းမသိတဲ့ အနံ့လေးနဲ့ အတူ နုအိနေတဲ့ ပါးလေးကို နှာဖျား နစ်သွားအောင် တိုက်ဆိုင်သွားတဲ့ အနမ်းတစ်ခုကို မြင်ယောင်ရင်း ရင်တွေ ဆောင့်ခုန်လာရသည်..။
.
“ကိုအာကာ..”
နဒီဆိုတာသိလိုက်ကတည်းက အာကာ ကွန်ပျူတာကိုသာပြူးကြည့်ပြီး အလုပ်များပြရင်း ရင်တွေဆောင့်ခုန်နေပြိ..။
“ဟမ်..”
“နဒီတို့ ဆီမှာ  မနက်ဖြန် မုန့်လာစား..”
“နဒီ့ အိမ်ကိုလား..”
“ဟုတ်တယ်..”
“ကို တစ်ယောက်တည်းလား..မကောင်းပါဘူးကွာ..”
“ပြောလိုက်ရင်လေ..သူပဲ လူကြီးလူကောင်း သိက္ခာရှိနေတာ သူများကတော့ သိက္ခာမရှိသလိုမျိုးကြီး..”
“ဟာ..မဟုတ်ပါဘူး..ကိုက..”
“ကဲတော်ပြီ..ဒိ တစ်ခန်းလုံးကို လာဖိတ်ပြီးပြီ..မနက်က ကိုအာကာ့ မရှိလို့ အခုထပ်ဖိတ်တာ ရှင်းပလား..”
“ဟုတ်..”
“ဟွန့်..”နှုတ်ခမ်းစူ မျက်စောင်းထိုးပြီး ခြေဆောင့်ထွက်သွားတော့ အာကာပြုံးဖြီးဖြီး နှင့်သာ ကျန်ခဲ့ရသည်..။
“ဟေ့ကောင် အာကာ..”
“ပြော..”
“ဒီ မော်ဒယ်မလေးက မင်းတစ်ယောက်တည်း ရှိတဲ့ အချိန်ပဲ ကြံဖန်လာနေတာပဲနော်..”
“ဘာလည်း မနက်ဖြန် အလှူလာဖိတ်တာပါ..”
“ငါက မြောင်းတူးနေတယ်ထင်လို့..”
“အောင်၀င်း မင်းကလေ..စကားပြောရင် နှာခေါင်းက အမြဲရှေ့မှာသလား..”
“ဟ..နှာခေါင်းက ရှေ့မှာ မနေလို့ နောက်မှာရှိရမလားကွ...”
“မသိဘူး..ကိုယ့်ခုံ ကိုသွား..ဒီနေ့ မော်ဒယ် အသစ် အပြီး လုပ်ရမှာနော်...ညစ်နေတာ..”
“အေးပါကွာ..စောစောက ကျတော့ မောင်းထုတ်ပါလား ပြုံးဖီးနေပြီးတော့..ဂယ်ပဲ..ဂယ်ပဲ..”
အောင်၀င်းက ပါ နဒီ့ ပုံစံ အတိုင်း ခြေဆောင့် ထွက်သွားတော့ အာကာ နောက်က ကြည့်ပြီး မပြုံးနိုင်ပဲ ကျိန်ဆဲ လိုက်မိသည်..။
.
“မမခင်..ဘာလုပ်နေတာလည်း..”
“ဟော..ပြန်လာပြီ...”
၀ရန်တာမှာ ရေသန့်ဘူး အပိုင်းပြတ် ကလေးတွေ အစီအရီိချပြီး အလုပ်ရှုပ်နေချိန် အာကာ ရောက်သွားတော့ ပြုံးရင်း မတ်တတ်ရပ် ကြိုခါ လက်ထဲက အိတ်ကိုယူသွားသည်..။
“မနက်က စျေးထဲမှာ ငရုတ်ပင်ပေါက်ကလေးတွေကို ရေသန့်ဘူး ပိုင်းလေးထဲ ထည့်ရောင်းတာ တွေ့မှ ဒီလို စိုက်လို့ရမှန်း သတိရတော့တယ်..မြေဆွေးလေး ငါးရာဖိုး ၀ယ်လာတာ အပြင် မှာ စိုက်လို့ရမလားဟင်..”
မျက်လုံးဝိုင်းပြီး ခွင့်တောင်းသလို ပြောလာတော့ အာကာ ပြုံးလိုက်ပြီး..
“ရတာပေါ့ မမခင်ရဲ့..ဒီတိုင်းလည်း အလုပ်မှ မရှိတာ...ဘာပင်တွေ စိုက်မလို့လည်း...”
“ဖြစ်မဲ့ အပင်လေးတွေပေါ့..”
“ငရုတ်သီးစိမ်းတော့ ပါအောင်စိုက်ပေးနော်..ကိုယ်တိုင် ခူးစားချင်တယ်..”
“အင်း..”
“..သံပုရာရည်..”
“မမခင် သံပုရည်နေ့တိုင်း ဖျော်တိုက်တာ ဘတ်ဂျက် မထိခိုက်ဘူးလား..”
သံပုရည် ခွက်ဘေးမှာ ကပ်ငြိနေသည့် ရေဥလေးတွေ ကြည့်ရင်း ပြောလိုက်တော့ ကြောင်တောင်တောင် မျက်နှာပေးနဲ့ ပြန်ကြည့်နေပြန်သည်..။
“သြော်..တစ်ခွက် ဘယ်လောက်လည်းလို့ အပြင်မှာဆို ထောင်ကျော်တန်တယ်လေ...”
“ဟုတ်လား..ခင်တော့ မတွက်ကြည့်မိဘူး..”
“သုံပုရာသီးက ဘယ်လောက်လည်း..”
“အသေးလေးတွေပဲ ၀ယ်လာတာ တစ်နေ့တစ်လုံးဖျော်လိုက်တယ်..တစ်လုံး သုံးဆယ်လေ..သကြား နဲ့ ဆား က ...အင်း.......၁၀၀ လောက် ရှိမလား..”
“ဟမ်..တစ်လုံး သုံးဆယ်..”
“အင်း..စျေးကြီးလို့လား..”
“ဟား..ဟား..မမခင်စျေး၀ယ်တော်လိုက်တာ..အစစ
စျေးကြီး တဲ့ ဒီနေရာမှာ..ဆယ်တန်ရှာ၀ယ်နိုင်တာ စံပါပဲဗျာ..”
“တော်တယ်လည်း မဟုတ်ပါဘူး..အလုပ်က သင်သွားတာပေါ့...သူ့ရာသီမို့ပါ.”
ကွန်ပျူတာကြည့်ချိန်သာ အသုံးဝင်သည့် မျက်မှန်ကို ကောက်သိမ်းပေးခါ
ပြောရင်း ဆိုရင်း အခန်းအပြင်ထွက်သွားပြန်တော့ ဒီ အပင်ကိစ္စကို တော်တော် သံယောဇဉ် မပြတ်နိုင်သည့်ပုံပင်..။
“မမခင် ခြေထောက် ပတ်တီး မစီးဘူးလား..”
“ခြောက်နေပါပြီ..”
“အထဲကေကာ..”
“နည်းနည်းတော့နာသေးတယ်..ခံနိုင်ရုံလေးပါ..”
“အင်း..မြေထည့်နေတာလား..ကျွန်တော် ထည့်မယ်လေ..”
“နေပါစေ...အခုမှ အလုပ်က ပြန်လာတာပဲ နားပါ..”
“မနားပါဘူး..တစ်ယောက်တည်း ပျင်းလို့..”
“ဟင်..”
နားမလည်သလို စဉ်းစားသလို တွေဝေ ငြိမ်ကျသွားသည့် ဥယျာဉ်မှူးကို ကျောပေးပြီး ပြုံးရင်း မြေဆွေးတွေကို ယူခါ ရေသန့်ဘူးခွံ တွေထဲ လိုက်ဖြည့်လိုက်သည်..။
.
“အင့်..ဒီလောက် နီရင် ရလား..”
“ရမယ် ထင်တယ်..”
စိုက်ပျိုးရေး ပညာရှင် အမိန့်တော် အတိုင်း မီးဖိုချောင်ထဲမှာ မွှေရှာပြီးမှ ရခဲ့တဲ့ ငရုတ်သီးစိမ်း အနီရောင်အခြောက်ကို ပေးလိုက်တော့ လက်နဲ့ ချိုးပြီး အစေ့ထုတ်ခါ မြေထဲမြုပ်လိုက်သည်..။
“ဘယ်တော့စားရမလည်း..”
“အဟွင်း..တစ်လ နှစ်လ ကြာရင် တော့ သီးမယ်ထင်တယ်..”
“ဒီဘက် က ကျန်တဲ့ ခွက်လေးတွေကော ဘာစိုက်မလည်း..”
“ကြက်သွန်စိုက်ဖို့ က မခံဘူးဆိုတော့..မုန်ညှင်း ပင်လေး ထိုးကြည့်အုံးမယ်..”
“မမခင် ကြိုက်တာပဲ စိုက်နေတာပဲ..”
“ဟောတော့ သူ ငရုတ်သီး ကြိုက်လို့ စိုက်ပေးပြီးပြီလေ..”
“သံပုရာပင် ကျန်သေးတယ်..”
“အဲဒါက ဒီနေရာမှာ နည်းနည်း ခက်မယ်ထင်တယ်..”
“ဒါဆို..စတော်ဘယ်ရီ..”
“အို..ပိုဆိုးပြီ..”
“ဒူးရင်း ကော..”
“ဟယ်...”
ဒါကို နားမလည်ဘူးလား ဆိုတာမျိုး မော့ကြည့်လာပြီးမှ အာကာ ရယ်နေတာတွေ့သွားတော့ ပြုံးရင်း..
“နှစ်ခွက် အလွတ်ထားမယ်...သူ စားချင်တာသာ စိုက်..ဖြစ်လည်းစားရတာပေါ့..မဖြစ်လည်း ပစ်လိုက်တာပေါ့ ဘာခက်တာမှတ်လို့..”
“ပြီးရော..မနက်ဖြန် က စပြီး စားချင်တာမှန်သမျှစိူက်မယ်..မမခင် ခွက် က နှစ်ခွက်တည်းပဲနော်..”
“ဟုတ်ပါပြီ..”
“မမခင် ဘာ ဟင်းချက်ထားလည်း..”
“မနက်က ဟင်းပဲလေ..စားမကောင်းလို့လား..”
“မနက်က ဘာဟင်းလည်း..”
“ပုစွန်ဆီပြန်နဲ့ သီးစုံဟင်းလေ..”
“ဟုတ်သားပဲ..မနက်ကလည်း သီးစုံဟင်း မစားလိုက်ရပြန်ဘူး..”
“လင်းလင်းတို့ လုသွားပြန်ပြီလား..”
“ဟုတ်တယ်..”အာကာ စိတ်မကောင်းတဲ့ ပုံစံလုပ်ပြီးပြောလိုက်တော့
“နောက်ရက်ကျ ပိုထည့်ပေးလိုက်မယ်လေ..”
“ချိုင့်အသစ်၀ယ်သင့်နေပြီ..မမခင် က ပိုထည့်တာပြည့်လျှံနေပြီ..သူတို့က လောက်မှာ မဟုတ်ဘူး..ကားထဲမှာချည်း ဖိတ်နေတာပဲ..”
“သူတို့ကလည်း.လူများတော့ ဒီချိုင့်လေး ဘယ်လောက်မလည်း..ကလေးသာသာလေး
တွေဆိုတော့ ဘယ်ချက်တက်ပြုတ်တက် မလည်းနော်..သနားပါတယ်..”
“ဒီလူကိုရော မသနားဘူးလား..”
“သနားပါတယ်..”
အာကာ မျက်နှာ အပြုံးဝေရင်း လက်ဆေးပြီး ထမင်းဝိုင်းမှာ ထိုင်လိုက်ရသည်..။
“ကိုမောင်မောင်အာကာပိုင်စိုး..”
“ဟင်..”
“ဒီနေ့ပျော်နေတယ်နော်..”
“ဟမ်..”
“ဒီလိုလေး နေ့တိုင်း ပျော်ရပါစေလို့ ခင် ဆုတောင်းပါတယ်..”
အာကာ ပြုံးရင်း ခေါင်းညိတ်ခါ ထမင်းငုံ့စားနေလိုက်သည်...။
ထမင်းစားပြီးတော့ အာကာ အူမြူးရင်း တီဗီတောင် မကြည့်နိုင်
အခန်းထဲ၀င်ပြီး.. မနက်ဖြန် ၀တ်မဲ့ အ၀တ်အစားကို ကြိုထုတ်ထားလိုက်သည်..။
ရှပ် နီညို ထုတ်လိုက်ပြီး ပုဆိုး ရွေးနေချိန်
“အကို က အသားဖြူတော့ ပွင့်တစ်ရာ ကြောင်ခြစ်ကလေး ၀တ်ပါလား..ဒါ မြင့်မြတ်ပုဆိုး အသစ်လေ..”
ပုဆိုးဝယ်တုန်းက ဝန်ထမ်းကောင်မလေး ညွန်းထားတာ သတိရတော့..
လက်ညိုး တစ်ချောင်းနဲ့ အ၀တ်အထပ်ကို လိုက်ထောက်ပြီး အောက်ဘက်နား ရောက်နေသည့် မြင့်မြတ်ပုဆိုး နီညိုရောင်လေးကို ထုတ်လိုက်သည်..။
နီညိုရောင် အကျီ င်္ကို ပြန်ခေါက်လိုက်ပေမဲ့ ထုတ်စလို အချိုးမပြေတော့ အားနာနာ နဲ့ပဲ ခြင်းထဲ ထည့်လိုက်ရပြီး လိမ္မော်မကျ အဝါမက သည့် ရှပ်တစ်ထည် ထပ်ထုတ်လိုက်ရသည်..။
အိပ်ခါနီး ထုံးစံ အတိုင်းသူငယ်ချင်းမလုပ် ဖော်လို လုပ်မထားသည့် အကောင့်ကို ဆက်ဘောက် ထိပ်ဆံု့းမှ ၀င်လိုက်သည်..။
“နက်ဖြန် မုန့်စားဖို့ လာခဲ့နော်..မလာရင် စိတ်ဆိုးမှာပဲ..”
နှုတ်ခမ်းစူ ပါးဖောင်းပြီး မျက်မှောင်ကလေးပါ ကြုတ်ထားသည့်ပုံအောက်မှာ..
“ကို့ကိုပြောတာလား လာမှာပေါ့ ခေးရယ်..”
“သက်ဆိုင်သူကိုပြောတာလေ..ယူ့ကို မဟုတ်ဘူး..”သူ့လက်သုံး စိတ်ဆိုးနေတဲ့ အီမိုဂျီလေးနဲ့ ကွန့်မန့် ငကြောင်တိုင်းကို ရန်ပြန်တွေ့နေရပြီလေ...။
အသည်းယားဖို့ကောင်းလိုက်တာ..
ကလေးကျနေတာပဲ..။
အာကာ ကုတင်ပေါ် လဲအိပ်လိုက်ရင်း အမှတ်မထင် နမ်းမိတဲ့ ပါးကလေးကို စိတ်နဲ့ ပစ်မှားခါ အကြိမ်ကြိမ်အခါခါ ဖိနမ်း ပစ်လိုက်သည်..။

:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・

မမခင်ကိုသနားပြီး ဆက်ရေးဖို့တောင်

လက်မရဲဘူး 😭

ဇာတ်နာသွားရင် နားလည်ပေးပါနော် 😙

အရေးအသားမကောင်းပေမဲ့ ရေးမိနေတုန်း

သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို

ကျေးဇူးအထူးတင်ပါတယ် နော် ❤

Love u all
#စပိုက်ကာ

ပန်းကြိုးနွယ် Where stories live. Discover now