Part 22

5.3K 201 5
                                    

ပန်းကြိုးနွယ်
အပိုင်း (၂၂)
#ပန်းကြိုးနွယ်

“တင်..တောင်...တင်...တောင်..”
အာကာ မုန့်စားနေရင်း ထဖို့လုပ်တော့  မမခင် က
“နေ..နေ...ခင်သွားလိုက်ပါမယ်..”
အဝါနုရောင် ၀မ်းဆက် နဲ့ မမခင် က ၁၀နှစ်လောက် နု သွားသလိုလို..
အာကာ ၀တ်ထားသည့် ရှပ် အကျီ င်္ အဝါဖျော့ရောင် ကို ငုံ့ကြည့်လိုက်ပြီး နှစ်သက်စွာ ပြုံးလိုက်သည်..။
“ဟင်...”
“ဟ..မမခင် လူတောင်မှားတယ်... လန်းလှချည်လား...”
“အဟွင်း...အလှူသွားရမယ်ဆိုလို့”
လင်းလင်းက အိမ်ထဲဝင်လာရင်း အံသြပြနေတော့ အရမ်းများပြင်ထားသလို ဖြစ်နေပြီလား တွေးရင်းရှက်မိသည်။
ကိုမောင်မောင်အာကာပိုင်စိုး ကလည်း တို့ဖက် လိမ်းခိုင်း နှုတ်ခမ်းနီပါးပါးဆိုးခိုင်းနဲ့
သူပြင်ပေးတော့မတက် ပြောဆိုနေတော့ နာခံလိုက်ရတာ.....။
“၀င်ပြီနော်..မမခင်..”
“ဟုတ်...လာပါ..”
“အာကာရေ...”
ရုံးက အောင်၀င်း အသံဗြဲကြီး ကြားလိုက်ရတော့ အာကာ မျက်လုံးပြူးသွားရသည်..။
သူများ လင်မယား အပြင်သွားခါနီးမှ ရောက်ချလာတာ တစ်အုပ်လုံး..။
“ဟဲ..ဟဲ...စားနေတာလား...ဘာတွေလည်း..”
“ဆီထမင်းနဲ့ ငါးခြောက်...”
“သားလည်း..စားမယ်..”
“မင်းတို့ သောက်ခွက်တွေ ဟိုရက်က ဘယ်လိုလည်း..”
“ဟီး..ကိုကြီး ကလည်း....မမနဒီ ကိုကြီးကိုကြွေပြီး ဂေါက်သွားတာ ပြောမှ မပြောတာပဲ..အခုတော့ တစ်ရုံးလုံးက အကိုကြီးကို အားနာနေတာ မမဝါ၀ါ တို့ဆို အားနာလို့ မျက်နှာချင်းတောင် မဆိုင်ရဲဘူးတဲ့ဟီး..သားတို့က မမခင်ကို သနားလို့ပါ..”
အာကာ  အိမ်ရှေ့ခန်းမှာ ရပ်နေတဲ့ မမခင် ကြားမှာစိုးလို့ မျက်လုံးပြူးပြီး ပန်းကန်ထိုးပေးရင်း...
“ဟေ့ကောင် ...စားစရာရှိစား..”
“မင်းတို့ ဘာလာလုပ်တာလည်း..”
“မယုတို့ အိမ်သွားဖို့ ကား မရှိလို့ ကားကြုံလာစီးတာ..”
‘ဘာ..မင်းတို့ ငါ့အိမ်ကျတော့ ဘာနဲ့လာလည်း..”
“နိုင်ငံကြီးသားပီပီ ဝိုင်ဘီအက်စ် ကို မတ်တက်စီးလာတယ်လေ..”
“အလှူအိမ်ကိုတော့ လမ်းလျှောက်မသွားချင်ပါဘူး.အကိုရာ..ပဲ့တယ်..ကတ္တီပါ ဖိနပ်ကလေး သနားပါတယ်..”
“ဒီလူ အကုန်မကာဘူးနော်..အဲတော့မှ ပို အရှက်ကွဲမှာ....”
“ရတယ်..အန်ကယ်လေး ကားလည်း လာအုံးမှာ..”
“ဟမ်..”
အာကာ မျက်ခုံးတွန့်ကြုတ်မိပြီးမှ ပြန်ပြင်လိုက်ရသည်..။
“တင်...တောင်..တင်...တောင်..”
“ဟော..လာပြီ..ထင်တယ်..”
“ဟယ်..ကိုမျိုး..မတွေ့တာကြာပြီ..လာလေ..”
“ဟုတ်တယ်...ခင်ရေ...ဒီကောင်တွေကို လာခေါ်တာလေ..”
“ဟင်...ဒါ ခင်မေ ဟုတ်ပါတယ်နော် လူမှားတာလား”
ကိုမျိုးက ဆိုက်ကြည့်ပြီးပြောတော့ ခင်မလုံမလဲဖြင့်
“ပြင်တာများလို့လားဟင်..”
“ဟ မဟုတ်ဘူး..လူသစ်တစ်ယောက်လို ဖြစ်သွားပြီး အရမ်းလှနေတယ်...”
“အဟွင်း တော်သေးတာပေါ့ ထိုင်..ဆီထမင်း စားပါလား.”
“မစားတော့ဘူး..”
.
“မင်းချစ်နိုင်လား မသ်ိပေမဲ့ ထိန်းချူပ်ဖို့လည်း🎶 ခက်နေတဲ့ ငါ့ရဲ့ အချစ်တွေ ပြည့်နှက်နေ
နီးနီးက လွမ်းရမဲ့ အစား..ဝေးသွားချင်လည်း ဝေးပါစေတော့...🎶”
အာကာ့ ဖုန်းကို လင်းလင်းက ကောက်ကိုင်လိုက်ပြီး စပီကာ ဖွင့် ပေးသည်..။
“ဟလို...”
“နဒီပါ..ကို..”
“အင်း..နဒီပြော..”
“နဒီ့ကို လာခေါ်လို့ရမလားဟင်..ခေါင်းနည်းနည်း မူးနေလို့ တက္ကစီ နဲ့ မသွားချင်လို့ပါ..”
“အင်း..”
အာကာ အပို စကားမပြောပဲ ဖုန်းအမြန်ချလ်ိုက်ရသည်..။
“မင်းတို့ အိမ်မှာနေအုံး...မမခင်ကို ခေါ်ပြီး မယုတို့ဆီ အရင်ပို့ခဲ့လိုက်မယ်...”
“အေး...ကောင်းတယ်...”
“အာကာက နဒီ့ကို ၀င်ခေါ်ရအုံးမှာ ဆိုတော့ ခင်က ကိုယ်နဲ့ ပဲလိုက်လေ..ဖြစ်တယ်မလား..”
သူ နဲ့အတူတူသွားရမယ်ဆိုတာနဲ့ မြင်ယောင်လာမိတဲ့ အတိတ်က သူ့ရဲ့ မလိုလားတဲ့ ဒေါသမျက်၀န်းတွေကြောင့် ခင့်မှာ ဒီနေ့လည်း ဘာတွေဖြစ်လာမလည်း တွေးပူနေမိတာ...။
အခုတော့ အဆင်သင့်သွားပြီမို့ သူ့အနားတိုးသွားပြီး
“ဖြစ်လားဟင်..”
အာကာ့ ကိုကြည့်ပြီး လူတွေရှေ့မေးလာတော့ ဘယ်လို ပြန်ပြောရမလည်း..။
“အင်း..”
“ဒါဆို ကိုယ်တို့ အရင်သွားလိုက်မယ်လေ...ဟိုကောင်တွေ ဘယ်သူ လိုက်မှာလည်း..”
“သားတို့စားလို့ မပြီးသေးဘူးလေ..”
“လိုက်သွားလိုက်စမ်းပါကွာ ပန်းကန်ပါ ယူသွား..”
နှစ်ယောက်တည်း သွားတော့မယ် ဆိုတဲ့ အသိကြောင့် စိတ်တိုလာပြီး လင်းလင်း နဲ့ မင်းနိုင် ကို ဖိအော်ပစ်လိုက်သည်..။
“ဟွန့် သွားမယ်..”
တကယ် ပင်  ဆီထမင်း နဲ့ ငါးခြောက်ဖုတ် ပန်းကန်မ ပြီး ထွက်သွားကြသည်..။
တံခါးပိတ်သံ နဲ့ အတူ ခြေသံတွေ တိတ်သွားတာနဲ့...
“တောက်...”
အာကာ စိတ်ထဲ ထိန်းချူပ်ထားသမျှ တောက်ခတ်လိုက်ပြီး လက်နဲ့ စားပွဲကို ထုချပစ်လိုက်သည်..။
“စိတ်လျော့ပါကွာ...”
“ကျစ်..မင်း ကြားလား အောင်၀င်း..ဘလိုင်းကြီးကွာ..”
“ငါ လည်း သတိထားမိပါတယ်..ဘယ်တုန်းက အဲလောက် ရင်းနှီးသွားတာလည်း..”
“ထမင်းစားဖိတ်မိကတည်းကပဲ..တောက် ငါ့ကို လိုက် ဒုက္ခပေးနေတာ..ငါ့ဟာငါ နဒီ့ ခေါ်ချင်ခေါ်မယ်..မခေါ်ချင်မခေါ်ဘူး..သူနဲ့ ဘာဆိုင်လည်း..အခုပြောသွားတာလည်းကြည့်လေ..ငါ နဲ့ မမခင် ကို ရန်တိုက်နေတာ.ကျစ်..”
မမခင် ကကော အားနာပြီး လိုက်သွားတာလား..လိုလားပြီး လိုက်သွားတာလား..။
အပြင်တူတူ သွားရဖို့ကို အစီအစဉ်တွေအထပ်ထပ်ဆွဲ
ကိုယ်တိုင်အကျီ်ရွေး အလှအတင်းပြင်ခိုင်းခဲ့ရတာ....
ရုပ်ရှင် လက်မှတ်တွေပါ ကြို၀ယ်ပြီး ညက ဆို ညနက်တဲ့ အထိတောင် အိပ်မပျော်နိုင်ဖြစ်ခဲ့ရသူ...။
အခုတော့ ကိုယ် မဟုတ်တဲ့သူနဲ့ တွဲထွက်သွားပြီ
မီးဖိုခန်းမှာ တစ်ယောက်တည်း ကျန်ခဲ့ရတာ စီစဉ်ထားသမျှ အကုန်ရေစုန်မျောသွားသလို ခံပြင်းရသည်..။
အာကာ အခန်းသော့ခတ်ပြီး အောင်၀င်း နဲ့ အတူ ထွက်လာခဲ့လိုက်သည်..။
နဒီ က လမ်းဘေးမှာ ရပ်စောင့်နေတာတွေ့တော့ ကားထိုးရပ်လိုက်ချိန် နဒီက ရှေ့တံခါးကိုဖွင့်တော့
“ဆောဒီး နဒီ..နောက်မှာ ထိုင်လိုက်နော်..”
အောင်၀င်း စကားကို မကျေနပ်သလို တံခါးဆောင့်ပိတ်ပြီး နောက်ခန်းကို ၀င်ထိုင်ပြီးလမ်းဘက်ကို ကြည့်နေပြန်သည်..။
“နဒီ နေကောင်းသွာြး့ပီနော်..အကိုတို့ ပျော်နေကြတာ..နဒီ ရုံးမှာ မရှိတော့ ခြောက်ကပ်နေတာပဲ...”
“ခြောက်ရင် ရေဖြန်း..”
“ရေဖြန်းရင် မန်နေဂျာကြီး ဆူမှာပေါ့လို့..”
“ဆူလည်း ခံလိုက်.”
“ယောင်္ကျားချင်းကြီးတော့ မကောင်းပါဘူး..”
“ဘာ..”
“ယောင်္ကျားချင်း ဆူတာ ပြောတာ ခံရတော့ မာန ထိခိုက်တယ်လေ..’
အောင်၀င်း ပါလာလ်ို့ အာကာ စကားတစ်လုံးမှ မပြောပဲ အေးဆေး နေနိုင်တာ..မဟုတ်လို့ကတော့...။
“လာ..ကို...”
အိမ်တံခါးဖွင့်ပြီးတာနဲ့ အာကာ့ ကိုပဲ ခေါ်ပြီး အောင်၀င်းကို မခေါ်တော့ မျက်နှာပူရသည်..။
“ဟယ်...လာကြပြီ....အတော်ပဲ ဟိုဘက်ဝိုင်းကတော့စားတောင် ပြီးတော့မယ်..မမခင်လည်း ဟိုဘက်မှာပဲ စားနေပြီ..”
“သြော်..ဟုတ်လား...ဘယ်မှာလည်း...”
အာကာ စားပွဲ ဝိုင်းမှာ ၀င်ထိုင်ရင်း ခေါင်းထုတ်ပြီး တစ်ချက်လှမ်းကြည့်လိုက်တော့ ရုံးက နဒီ့ သူငယ်ချင်းတွေ ဝိုင်းမှာ ထိုင်နေသည်..။
“ရော့ ထည့်စားနော်....မမခင် လက်ရာလောက်တော့ မကောင်းဘူးနော် ကြိုပြောထားတယ်..”
“ဟား..ဟား...တစ်ယောက်တစ်မျိုးပါ မယုရယ်...မယုချက်တဲ့ ကြာဇံချက်က ဘယ်သူမှ လိုက်မမှိပါဘူး.”
အာကာ ခုံပေါ်က ကြာဇံချက်ကို သောက်ရင်း မမခင် ဘက်ကို လှမ်းကြည့်လိုက်ချိန် မမခင်ကလည်း ပြန်ကြည့်တော့ အကြည့်ချင်းဆုံသွားရသည်..။
“မမခင်..ထည့်စားလေ..အားမနာ ရဘူးနော်..ကိုယ့် မိသားစုတွေပဲ..”
“အင်း...ရတယ်...ညီမ..”
“မမခင် အန်ကယ်မျိုးဝေ နဲ့ လိုက်လာတာ အာကာ မသိဘူးနဲ့ တူတယ်..”
“ဟင်..”
“မမခင် ရောက်နေတယ်ဆိုလို့ လိုက်ရှာနေတာလေ..ဟိုမှာတွေ့လား လည်ပင်းကြီးကို ရှည်လို့..”
“အဟွင်း..”
“...အာကာက ငယ်တယ်ဆိုပေမဲ့ စိတ်က ရင့်ကျက်တယ်...တိုင်ပင်လုပ်တော့ သူလည်း သဘောကျတာပေါ့....မမခင် က အကြီး ဆိုပေမဲ့ ယောင်္ကျားဆိုတဲ့ မျိုးက သူတို့ကို ဆရာတင်ရင် သိပ်ကြိုက်တာ ကိုဆန်းသူလည်း ဒီလိုပဲ သိလား..ဟီး..”
“အင်း..”
ခင့်မှာ ရှက်လွန်းလို့ ငိုသာချလိုက်ချင်တော့သည်..။
ရှေ့က ကောင်မလေးတွေကလည်း စားလက်စတောင် ရပ်ပြီး နားထောင်နေကြတော့ စိတ်မကောင်းလည်း ဖြစ်ရသည်..။
ခင် က သူမသိအောင် သူစိမ်း ယောင်္ကျား တစ်ယောက်နဲ့ ခိုးထွက်လာသလိုလို ဖြစ်နေပြီလား..။
သူ ကိုယ်တိုင် ခွင့်ပြုခဲ့တာပဲလေ..ပြီးတော့ လင်းလင်း နဲ့ မင်းနိုင်တို့လည်း ပါရဲ့သားနဲ့ စွပ်စွဲခံရသလို နာကျင်ရသည်..။
“မမခင်..ထည့်စားလေ..မမခင်ရဲ့..”
“တော်ပါပြီ..နဒီရယ်..ခင် မုန့်စားထားတာ သိပ်မကြာသေးလို့ပါ..”
သူကတော့ နဒီကို ပြုံးရင်း လှမ်းကြည့်နေပြန်ပြီ...လူတွေ အာရုံစိုက်နေချိန်မှာ သတိထားသင့်ပါတယ်..သူရယ်..။
ခင် ရှေ့က ကောင်မလေးတွေ သူ့ကို ဆွေကြည့်နေတာ သိတော့..
“ညီမလေး ထည့်စားလေ..ငါးဖယ် လေးတွေ အများကြီးပဲ ညီမလေး ငါးဖယ် ကြိုက်လား ခင် ထည့်ပေးမယ်လေ..”
“ဟုတ်ကဲ့..အမ ကျေးဇူးပဲနော်..”
“ဟို...ခဏ...”
နဒီ့ စကားသံကြောင့် စားပွဲသုံးဝိုင်းက လူ ဆယ်ငါးယောက်တိတ်ကျသွားသည်..။
“နဒီ နေမကောင်းချိန်...အဲ...စိတ်မကောင်းချိန်မှာ အစစအရာရာသည်းခံပေးကြတယ်...ဂရုတစိုက် ကူညီပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်...နေမကောင်းချိန်မှာ ပြောမှားဆိုမှားခဲ့တာတွေကို နဒီ မမှတ်မိတော့ပေမဲ့ တောင်းပန်းပါတယ်နော်...အထူးသဖြင့်..ဟောဒီ့က မမခင် နဲ့ ဟိုဘက် ဝိုင်းက ကိုအာကာတို့ကို ပေါ့...ဟီး...နေရာတွေ လွဲနေတော့ နှစ်ဝိုင်းမျှပြောနေရတယ်....အားလုံးကို ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်...ခွင့်လွှတ်ကြမယ်မလားဟင်..”
“ခွင့်လွှတ်ပါတယ်...”
အားလုံးက အပြုံးကိုယ်စီ နဲ့ ခေါင်းညိတ်ပြောတော့မှ နဒီ က ခင်တို့ ဝိုင်းမှာ ၀င်ထိုင်သည်..။
“မမခင် ...နဒီ ကို ကြက်သားလေး ဖဲ့ပေးပါလား...လက်သည်းနာနေလို့..”
“ဟင်..”ခင်မှ ဒီဇွန်းတွေ ခက်ရင်းတွေ မကိုင်တက်တာပဲကို ဘယ်လို လုပ်ရပါ့မလည်း...။
လူတွေရှေ့မှာ အရှက်ကွဲတော့မှာကို တွေးမိရင်း လက်က ချွေးစေးတောင်ပြန်သည်..။
ဒီလိုများအရှက်ကွဲရင် သူ့ကို အားကိုးရမှာလား..မဟုတ်ပါဘူး...သူ ဒေါသတကြီးပဲ ထွက်သွားမှာပါ...။
“နဒီ...ယူလာ....ကိုယ်လုပ်ပေးမယ်..”
“ကျေးဇူး...”
နဒီ က သူ့ဝိုင်းကို သွက်လပ်စွာ သွားပြီး ၀င်ထိုင်လိုက်သည်..။
သူကတော့ ဇွန်းကို ကျွမ်းကျင်စွာကိုင်ရင်း နှုတ်ခမ်းမှာလည်း အပြုံးတွေဝေလို့...။
“ကဲ...ကဲ...တို့စားလို့ပြီးတာ ကြာပြီနော်..ခင်ရေ...ပြန်မယ်..”
“ရှင်.”
ဒီလူကြီးကလည်း အလိုက်ကန်းဆိုးမသိ ဘာမှ မဆီမဆိုင်ပါပဲ လူတွေရှေ့အော်ခေါ်နေတာ...
သက်ဆိုင် သူကတော့ တုတ်တုတ်မျှမလှုပ်ပဲ စားသောက်နေသည်..။
ဘယ်လို လုပ်ရပါ့မလည်း...။
ခင် သူ့ကို တစ်ချက် အဖြေတောင်းသလို ကြည့်လိုက်တော့လည်း ပြုံးပြတာလား စကားပြောနေရင်း ပြုံးလက်စမို့ ခင့် ကို ပြုံးပြသလို ဖြစ်သွားတာလား မသိတော့ပါ...။
“မမခင်....ကျွန်တော့်တို့ ကားနဲ့ လိုက်မှာမလား..”
“ဟင်....အမ်း..”
လာတုန်းကတော့ တူတူ လာပြီးပြန်ခါမှ ပုန်ကန်သလို ဖြစ်နေမလား တွေးရင်း ခင် ခေါင်းညိတ်လိုက်မိသည်..။
“သွားမယ်နော်...ယု...”
“ဟယ်..အာကာ.နဲ့...သြော်...အင်း..မမခင် နောက်လည်းလာလည်ပါ မမခင်ရဲ့...မမခင် ကလည်း သူစိမ်းဆန်လိုက်တာနော်...”
“လာခဲ့ပါမယ်...သွားပြီနော်..”
“ဟုတ်..”
ခင် ဖိနပ်စီးချိန် သူ့ကို လှမ်းကြည့်ပေမဲ့ သူကတော့ ငဲ့တောင် မကြည့်ပါ..။
ဟုတ်ပါတယ်လေ...လူတွေရှေ့ရောက် သူစိမ်းလို နေရတာ အခုမှ မဟုတ်ပါဘူး..ဘယ်အချိန်ဖြစ်ဖြစ် လူတွေရှေ့မှာဆို ခင် က သူ့ အတွက် အရှက်ရစရာကြီးကိုး...။
“ဟေး..ဆင်းရတာညောင်းတယ်..ဓာတ်လှေကား ဖွင့်ပြီပဲ.. အဲဒီကနေ သွားမယ်..”
“ဟင်..”
“ခင် မစီးရဲဘူး..”
“လာပါ မမခင်ရဲ့...ကျွန်တော်တို့ သုံးယောက်တောင် မမခင် ဘာမှ မဖြစ်ဘူး..လာ...”
ခင့်မှာ ကြည့်ရတာတောင် မွန်းကြပ်နေပါပြီ...။
“အာကာ မင်းလိုက်မသွားဘူးလား..”
ပန်းကန် အခွံ ရှေ့ချထိုင်နေတဲ့ အာကာ့ ကို အောင်၀င်းကို လက်ရိုက်မေးတော့ ခေါင်းရမ်းရင်း..
“ဟအေး..ဒီတစ်ခေါက်က မမခင် ကိုယ်တိုင်က ငါ နဲ့ မသွားချင်တာ သိသာတယ်..”
“ဟာ မဟုတ်ပါဘူး..မမခင် က အရမ်းအားနာတက်တာပါ...သွားလိုက်သွားစမ်းကွာ..မင်းမှာလည်း ဒုက္ခ အမျိုးမျိုး..”
“မင်းကဘယ်လိုလုပ်မလည်း..”
“အိမ်ပြန်မှာပေါ့..ဒိုးတော့ မြန်မြန်...”
“အမ်း..”
အာကာ ကားသော့ ယူပြီး ဘယ်သူကိုမှ မနှုတ်ဆက်နိုင်ပဲ အပြေးတစ်ပိုင်းထွက်လာခဲ့လိုက်သည်..။
“လာပါ မမခင်..”
“ခင် ကြောက်တယ်နော်..”
“ရတယ်...”
ခင့်မှာ စောင့်နေရသူတွေကို အားနာလို့သာ ၀င်လိုက်ရတာ နဖူးချွေးပြန်လာပြီ...။
“တီ..”
ခလုပ်အနီလေးကို လင်းလင်း က နှိပ်လိုက်တော့ တံခါးပိတ်လာချိန်..
“အမလေး..”
ခင့်ရှေ့မှာ လက်တစ်ဖက် ထွက်လာတော့ လိပ်ပြာလန့်မတက်ဖြစ်သွားရသည်..။
“ဟင်..သူ..”
“ကိုအာကာ..ပြန်တော့မလို့လား..”
“ဟအေး...သွားစရာ ရှိလို့..”
“သြော်..”
“အမလေး...လှုပ်နေတယ်....ပြုတ်ကျနေပြီ...”
ခင် ခေါင်းကို လက်နဲ့ အုပ်ပြီး ထိုင်ချလိုက်မိသည်..။
“ဟား..ဟား..မမခင်...ဟား...ဘာမှ မဖြစ်ဘူး..ထပါ..မမခင်..”
“မထဘူး..မထဘူး...လှုပ်နေပြန်ပြီ...အား..”
“ခင်.....ခင်...ကိုယ့်ကို ကြည့်စမ်း...ဘာမှ မဖြစ်ဘူး..ထလိုက် ဘေးတန်းကို ကိုင်နော်..ခဏလေးနဲ့အောက်ရောက်ပြီ...”
တည်တည်ငြိမ်ငြိမ် ပြုံးပြီးပြောနေတော့ ခင် စိတ်တွေသက်သာလာပြီး စမ်းထကြည့်သည်..
တကယ်ရပ်သွားပြီ...။
“တီ...”
တံခါးဖွင့်သွားချိန် ခင် အမြန်ထွက်လိုက်တော့ သူနဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားရသည်..။
အို...ဒေါသမျက်၀န်း...ခင် နဲ့ အတူ အပြင်သွားရတိုင်း သူ ပုံစံ ပြောင်းသွားတက်တဲ့ မျက်၀န်း..။
ခင့်ကြောင့် သူ ရှက်လွန်းလို့ ဒေါသတွေဖြစ်နေမှာပဲ...။
သူ့ အပေါင်းအသင်းတွေ အလည်မှာ လှောင်စရာ ဂုဏ်ငယ်စရာ သိမ်ငယ်စရာ မိန်းမကို သူဘယ်လောက် မုန်းတီးနေမလည်း..။
ခင့်လို ရှက်စရာ မိန်းမကြီး တောသူမကြီး ကို ယူခဲ့မိလို့ သူ့ကိုယ်သူလည်း မုန်းတီးနေမှာပါပဲ..။
“ဟား..ဟား...မမခင်..တကယ်ကြောက်တာပဲ..”
“အဟဲ..အစမို့ပါ မမခင်ရဲ့..နောက်ကျ ရဲသွားလိမ့်မယ်...”
“အင်း...ခင် ပြန်တော့မယ်နော်..ကားစီးခွင့်ပေးခဲ့လို့. ကျေးဇူးတင်ပါတယ်..”
“ဟင်..ကျွန်တော်တို့ ကားနဲ့ ပြန်မယ်လေ..မမခင်ရဲ့..”
“ခင် အိမ်မပြန်သေးပါဘူး..၀င်စရာလေး ရှိလို့ပါ...”
“ရတယ်လေ...ဒီနေ့ ရုံးပိတ်တာပဲ ကို လိုက်ပို့ပေးမယ်...ခဏစောင့်ကားသွားယူလိုက်မယ် ခင်ကိုပို့.ပြီးမှ လင်းလင်းတို့ကို လိုက်ပို့လိုက်မယ်..”
ခင် စကားပြောနေချိန် လက်တားလိုက်တော့ ကားက ရပ်လိုက်သည်..။
“ရပါတယ်...သွားပြီနော်...”
“ဟာ...မမခင်...ကျွန်တော်တို့က...”
စိုးရိမ်တကြီး ပျာပျာသလဲ ဖြစ်နေသည့် လင်းလင်း နဲ့ မင်းနိုင်တို့ကို ပြုံးပြရင်း
တံခါးပိတ်လိုက်လို့ ဘာမှ မကြားရတော့ပေမဲ့ မျက်ရည်တွေက ဝေ့တက်လာရပြန်ပါပြီ...။
အို မငိုစမ်းပါနဲ့...သူ့ဆီက တုန့်ပြန်မှု
ဒီလိုတွေ ဖြစ်လာတိုင်းသာ ငိုနေရင် ပါးပေါ်က အရေပြား မျက်ရည်တိုက်စားလို့ ကုန်တော့မှာပါပဲ..။
ခင် မျက်ရည်တွေသုတ်ပြီး စိတ်တင်းပြုံးနေပေမဲ့ ငိုချင်လာပြန်ပြီ...။
“ဟာ..အာကာ..မင်း မသွားဘူးလား..”
“ဟအေး...အီနေတယ်...တစ်နေရာသွားရင် ကောင်းမလားပဲ...ငါ ရင်ခံနေတယ်..”
လှေကားက ဆင်းလာတဲ့ အောင်၀င်းက အာကာ့ မျက်နှာကို လိုက်ကြည့်ပြီး ခေါင်းရမ်းရင်း
“ဘာတွေ ဖြစ်လို့လည်း..”
“ကျစ်..မသိဘူး..ဟူး..”
“မသိဘူးသာပြော..မင်းမျက်နှာကြီးက နီရဲနေတာပဲ ဘာတွေကို ဒေါသထွက်နေတာလည်း..”
“မမခင်က ဓာတ်လှေကား မစီးရဲဘူး..”
“ဟား..ဟား..ဒါများကွာ မင်းကိုင်ထားပေးလိုက်ပေါ့...မင်းကိုက နုံတာ ရုပ်ရှင်တွေထဲမှာ အပြန်အလှန် အနမ်းခြွေရင်း ဓာတ်လှေကားစီးတာ မင်း မတွေ့ဖူးဘူးလား...ဘာလည်း မင်းက ဓာတ်လှေကား မစီးရဲတဲ့သူနဲ့ အတူတူ လက်ချိတ်ထားရမှာ ရှက်လို့လား..”
“အေး..ဟုတ်တယ်...အရင်က အဲလို ရွံဖို့ကောင်းတဲ့ စိတ်ဓာတ်မျိုး ငါ့မှာ ရှိခဲ့ဖူးတယ်...ဒါပေမဲ့ အခုလို အရာအားလုံးကို ရင်ဆိုင်ရဲတဲ့အချိန်ကျပြန်တော့ ဟွန့်..တခြားတစ်ယောက်က အမှတ်ယူသွားတယ်...”
“ဟာ..ဘာတွေလည်းကွာ ရှုပ်နေတာပဲ..”
အာကာ နှုတ်ခမ်းမဲ့ ပြုံးရင်း အောင်၀င်းနဲ့ အတူတူ လျှောက်လာပေမဲ့
မမခင် လက်ကို တွဲထူလိုက်ပြီး လက်ကို ဆုပ်ကိုင်ထားတဲ့ ဒေါသထွက်စရာ အရိပ်တွေက မျက်လုံးထဲမှာ ဝေ့၀ဲနေဆဲ...
“ကျစ်...သွားပါပြီ..တကယ် စိတ်ဆိုးသွားပြီ ထင်တယ်..”
“လှောင်သလို ဖြစ်သွားတာကိုးကွ..”
“ရှက်သွားတာနေမှာပေါ့...”
“ငါလည်း ဒီတိုင်းပြောလိုက်မိတာပါ...”
အာကာ အောင်၀င်းကို စောင့်ရင်း ၁၀မိနစ်ကြာမှ ထွက်လာတာတောင် သူတို့တွေက လမ်းပေါ်မှာပဲ မိုးတိုးမတ်တက်ရှိသေးသည်..။
“ဘာဖြစ်လို့လည်း..”
“မမခင် တက္ကစီ နဲ့  ပြန်သွားပြိ...”
“ဟင်...မင်းတို့နဲ့ ပြန်ဖို့ဆို..”
“ဟုတ်တယ်...ဓာတ်လှေကား စီးတာ ရယ်လိုက်လို့စိတ်ဆိုးသွားတာလားမသိဘူး..”
“ကဲ အာကာ မင်းဒိုးတော့..ငါ အန်ကယ့် ကားနဲ့ပဲလိုက်တော့မယ်..”
အာကာ ခေါင်း အမြန်ညိတ်ပြပြီး ကားပေါ် တက် စက်နှိုးလိုက်သည်..။
“ကလင်...ကလင်...”
“မမခင် ကျွန်တော် ဆန်းသူပါ..”
“အင်း..မောင်လေး..ပြော...”
“မမခင် ဘယ်မှာလည်း..”
“လမ်းမှာလေ...”
“သြော်..အာကာနဲ့လား..”
“မဟုတ်ဘူး..တက္ကစီနဲ့ပါ..”
“မမခင်တို့ နှစ်ယောက် အဆင်ပြေရဲ့လား..”
“ပြေပါတယ်..”
“မသိပါဘူး..မမခင် က အရင်တုန်းက လို မဟုတ်လို့ပါ...အန်ကယ်နဲ့ လာပြီး အန်ကယ်နဲ့ ပြန်သွားတော့ အာကာ နဲ့ စကားများထားတယ်ထင်လို့..ပြီးတော့ နဒီ့ဘက်က အငြိအစွန်းလေးတွေ ရှိထားတော့ မမခင် အာကာ့ ကိုစိတ်ခုနေမှာစိုးတယ်...အာကာ လုံး၀ စိတ်သန့်သန့်နဲ့ ကူညီတာပါ..”
“ခင် မှားသွားတာပါ...”
“...မမခင် လိုက်လာတဲ့ ကားထဲမှာ သူစိမ်းတွေချည်းပဲ ပြီးတော့  မမခင်ကော အာကာကော က အနားမှာ လူကြီးမိဘတွေ ရှိတာ မဟုတ်ဘူးလေ..ကတောက်ကဆဖြစ်ကြမှာ ကျွန်တော် စိတ်ပူလို့ပါ..”
“ကျေးဇူးတင်ပါတယ်..မောင်လေးရယ်..ခင် မှားသွားတာ ခုမှ တွေးမိတယ်..ဒါပဲနော်...”
ခင် ဖုန်းချပြီးတာနဲ့ အူလှိုက်သည်းလှိုက်သာ ငိုကြွေးမိတော့သည်..။
“အစ်မကြီး..ရေသောက်မလား..”
“င်...အင့်..အင်...မသောက်.....ပါ...ဘူး...”
ခင့်လို ရုပ်ဆိုးပန်းဆ်ိုးက ငိုနေတော့ ဘီလူးငိုချင်း ဖြစ်နေသလို ကားသမားတောင် ရေပေးနေပြီ..။
“ရောက်ပြီ...မောင်လေး..ဘယ်လောက်လည်း..”
“သုံးထောင်ပဲ ပေးပါ အစ်မ..”
“ဟင်..”
ငါးတောင်တန် စျေးကို သုံးထောင်ပဲ တောင်းတာ စျေးလျော့ထားလို့လား ကားစျေးကျသွားလို့လား..။
“ကျေးဇူးတင်ပါတယ်နော်..”
“ဟုတ်ကဲ့...အစ်မ..မနက်ဖြန်တွေ အတွက် အားတင်းထား..”
ကားသမားက ဘာကို ရည်ရွယ်ပြီး ပြောသွားတာလည်း မသိပေမဲ့ လှေကားပေါ်ခြေချလိုက်တာနဲ့ ယု ပြောတဲ့ စကား ကောင်မလေးတွေ မျက်လုံး ဆန်းသူ  ရဲ့စကားတွေ က အားလုံး အစုအပြုံ နဲ့ အတွေးထဲ ၀င်ရောက်လာတော့သည်..။
သူစိမ်းတွေကသူနဲ့ မသွားလို့ အပြစ်မြင်ကြသလို သူကလည်း ခင်နဲ့ အပြင်သွားရတိုင်း ဒေါသထွက်ပြတာပဲမလား..ခင် ဘယ်လိုလုပ်ပေးရမလည်း....။
“ဟီး...အဟင့်...”
ခင် ငိုလိုက် ရှိုက်လို့ လှေကားကို တက် လိုက် ရပ်နားပြီး ငိုလိုက် နဲ့ လှေကား တက်နေတာ တစ်နာရီကြာပြီလို့တောင် ထင်ရသည်..။
“ကျစ်..ဘယ်သွားနေလို့ ဒီလောက်ကြာနေတာလည်း..မနက်ကလည်း စျေးသွားပြီးသားပါ..”
“ဖုန်းဆက်ကြည့်ရမလား..”
“ဖုန်း.လည်းထားခဲ့တာ....”
အာကာ အ၀တ်အစားမလဲသေးပဲ ခုံမှာထိုင်လိုက် ထလျှောက်လိုက်က တစ်နာရီလောက်ရှိပြီ ထင်ရသည်..။
“ဂျောက်...”
“မမခင်..”
အိမ်တံခါးဖွင့်လိုက်တာနဲ့ ငို ထားသည့်မျက်လုံးတွေက မျက်ရည်ရဲ့ ဓာတ်ပြုမှုကြောင့် နီရဲနေပြီး မျက်နှာ တစ်ခုလုံး လည်း နီသလို ဖြစ်နေသည်..။
“မမခင်.....တက္ကစီ နဲ့ ပြန်လာတာဆို...ဘာဖြစ်လို့..”
လူကို ရှောင်ပြီးဘေးကနေ ဖြတ်ခါ မီးဖိုခန်းထဲ ၀င်သွားတော့ ပို စိတ်ပူရသည်..။
မမခင် မှာ အာကာ နဲ့ ပတ်သက်လာရင် ဥပက္ခာတရားဆိုတာ မရှိခဲ့ဖူးပါ...
“မမခင်..”
အိမ်ရှေ့ ခန်းမှာ ခဏ ငိုင်နေမိပေမဲ့ အသိ၀င်လာတော့ မီးဖိုခန်းထဲ လိုက်သွားလိုက်သည်..။
ထမင်းစားပွဲမှာ လက်ပေါ်ခေါင်းမှောက်ပြီး ကလေးတစ်ယောက်လို ရှိုက်ကြီး တငင်ငိုနေတော့ စိတ်မကောင်းဖြစ်ရပြန်၏..။
“မမခင်......”
“....”
“.............”
“မငိုပါနဲ့တော့ မမခင်ရယ်...”
“....”
“မမခင်..ဘာဖြစ်တယ်ပြောပါ...”
“သူ...မကောင်း...ဘူး...”
“ကျွန်တော်...ဟုတ်လား..ကျွန်တော် ဘာလုပ်မိလို့လည်း..”ရှိုက်ငိုရင်း ထွက်လာတဲ့ အာကာ ကြောင့်ဆိုတဲ့ စကားကြားရတော့ ပိုပြီး ထိပ်ထိပ်ပျာပျာ ဖြစ်သွားရသည်...ဘာလုပ်မိလို့ ဒီလောက်တောင် ငိုသွားရတာလည်း...။
“ကိုမျိုး နဲ့ သွားဖို့ သူပဲ ခွင့်ပြုခဲ့တာ...”
“ဟုတ်တယ်လေ....အဲဒါ ဘာဖြစ်လို့လည်း..”
“လူတွေရှေ့မှ လာမေးတော့ ခင် သိက္ခာကျတာပေါ့..”
ပိုရှုပ်ကုန်ပါပြီ...စိတ်ထဲမှာ မကျေနပ်ပေမဲ့ အလှူအိမ်မှာ စားပွဲလည်း မတူပဲ..စကားလည်း မပြောခဲ့ပါဘူး..။
“ကျွန်တော် ဘာပြောမိလို့လည်း..မမခင်”
“သူ..ယုကို  ခင် လာတာမသိဘူးလို့ ပြောတယ်မလား...ယု က လူတွေရှေ့မှာ ခင့်ကို မေးတာ...ခင်ရှက်လိုက်တာ.... မိန်းမယုတ်ကြီးဖြစ်ရပြီ..”
သူ့ကြောင့်ငိုနေမိပေမဲ့ အကြောင်းအရင်းကို ဖွင့်မပြောရဲ့လို့ အပြစ်တစ်ခုသာ ဆွဲပြောလိုက်ရသည်...။
“ဟာ...ဘာဆိုင်လည်း..မမခင်ရယ်...”
“ဟုတ်တယ်လေ...ယောင်္ကျားမသိပဲ လူတကာနဲ့ လျှောက်သွားနေတာ မိန်းမကောင်းမှ မဟုတ်တာ..”
“ကျွန်တော်က  မမခင် ရောက်နေတယ် ဟိုဘက်ဝိုင်းမှာဆိုလို့ ဟုတ်လား ဘယ်မှာလည်း လို့ ဒီတိုင်းမေးလိုက်တာပါ...”
“သူ့ ဒီတိုင်းက ခင့် အတွက်တော့ ဒီတိုင်းမဟုတ်ဘူး.....ဟီး...ဟင့်....”
ပြောနေရင်းဆိုနေရင်း ရှင်းပြမိတော့မှ ရန်တွေ့ပြီး.. ခေါင်းမှောက်ငိုပြန်ပြီ...။
“ကျစ်...ဒီ ဘာမဟုတ်တာလေးနဲ့ ဒီလောက်ငိုနေတာ မဟုတ်သေးပါဘူး..”
အာကာ ကိုယ်တိုင်လည်း စိတ်မောလာသလို မမခင် ပင်ပန်းမှာကို လည်း စိုးရိမ်မိတော့..
“မယုပြောလိုက်လို့ အခုလို ဖြစ်နေတာမလား...ကျွန်တော် အခု ဖုန်းဆက် ပြောလိုက်မယ်..”
“ဘာပြောမှာလည်း..”ခေါင်းငုံ့ထားရင်းပြောသည့်စကားမို့ နှာသံ တွေပါနေသေးတော့ အာကာပြုံးမိရင်း..
“ကျွန်တော့် မိန်းမ ကျွန်တော့်ဆီက ခွင့်ပြုချက် တောင်းပြီးမှ သွားတာကို ကျွန်တော်မေ့သွားမိလို့ မေးမိတာပါ မယုတို့ အထင်မလွဲကြပါနဲ့လို့..ပြောလိုက်မယ်..ရပြီလား..”
“မပြောနဲ့...”
“မပြောနဲ့ဆို တိတ်တော့...ဆက်ငိုနေရင်တော့ ပြောရမှာပဲ...”
ခြိမ်းခြောက်သလို ပြောလာသည့် သူ့စကားများကြောင့် ခင် ထပြီးမျက်နှာသစ်ပစ်လိုက်ရသည်...။
သူက ဘယ် ချော့ချင်ပါ့မလည်း..နဒီ သာ ငိုရင် သူ ခြေမကိုင်မိ လက်မကိုင်မိဖြစ်မှာပါ..။
ခင့် ကျတော့ ထပ်တောင် အော်ဆူလိုက်သေးတယ်...။
ဆိုးလိုက်တဲ့ဘ၀ရယ်...ခင် ဘာအမှားတွေများ လုပ်ခဲ့မိလို့လည်း ကွယ်...။

:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・

နောက်ကျပြန်ပြီ ဆောရီး 🙏💔😭

မမခင်ရယ် 😭

အရေးအသားမကောင်းပေမဲ့

သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို

ကျေးဇူးအထူးတင်ပါတယ် နော် ❤
Love u all
#စပိုက်ကာ

ပန်းကြိုးနွယ် Where stories live. Discover now