ပန်းကြိုးနွယ်
အပိုင်း (၆)
#ပန်းကြိုးနွယ်“အစ်မ က ရေခဲသေတ္တာထဲ ထည့်တာမကြိုက်လို့လား..”
“ကြိုက်ပါတယ်..ခင်တို့ ရွာမှာတော့ ထားမစားဘူးလေ..”
“ဒီမှာတော့ လူတိုင်းရေခဲသေတ္တာထဲ ထည့်စားတယ်...လိုအပ်တဲ့ အချိန် အဆင့်သင်ထုတ်စားလို့လည်း ရတယ်လေ..”
“အင်း...အင်း...”
မာမီရှာပေးခဲ့တဲ့ အိမ်အကူ ပွင့်ဖူး က ခင့်ကို အစစအရာရာ သင်ပြပေးနေရသည်..။
“အစ်မ က အ၀တ်တွေ လက်နဲ့ လျှော်တာတော့ ဟုတ်ပါပြီ အခုလို ရေစိုစိုနဲ့ဆို ခြောက်ဖို့ကြာတာပေါ့..လျှော်စက်ထဲ ထည့်ပြီးရေညှစ်လိုက်လေ..”
ခင် ညဘက် လျှော်ထားတဲ့ အ၀တ်တွေ ရေချိုးခန်းက ကြိုးတန်းမှာ ပြည့်နေတော့ ပွင့်ဖူး မနက်ပိုင်းအလုပ်လာတာနဲ့ ပြောတော့သည်..။
“ခင် မလုပ်တက်ဘူး.”
“ဒီမှာ ကျွန်မပြမယ်..အ၀တ်တွေထည့် ..ဒါက ရေချိန်တာ အ၀တ်များရင် အပေါ်ဆုံး မှာထားတယ် နည်းရင်အောက်ဘက်..ဆပ်ပြာခွက်ထဲထည့်လိုက်သူ့ဟာသူ အပြီးလျှော်တယ်..ပြီးလို့ အချက်ပေးရင် ထုတ်လှန်းလိုက်ရုံပဲ...”
“သြော်..”
“ကျွန်မ နမူနာ လုပ်ပြမယ်..”
ပြောပြောဆိုဆိုနဲ့ ရေချိုးခန်းထဲက အ၀တ်တွေယူပြီး လျှော်စက်ထဲ ပစ်ထည့်လိုက်သည်..။
ဆပ်ပြာထည့်ပြီး ခလုပ်နှိပ်ခါ ထားသွားပြန်သည်..။
“ပွင့်ဖူး ဒါက ဘာလုပ်ရအုံးမလည်း.’
“မလုပ်ရဘူးလေ...သူ့ဟာသူ လုပ်လိမ့်မယ်..”
“သြော်..အင်း.”
ခဏကြာတော့ စက်လည်သံကြားရလို့ ခင်မေ ပြေးကြည့်ရသေးသည်..။
“တွေ့လား ကိုင်ကြည့်..”
“အခြောက်နီးပါးပဲ..”
“အင်း...လွယ်လည်းလွယ်တယ်..အဖြူတွေဆို လက်နဲ့ လျှော်ပြီး ပြန်ထည့်လိုက်ပေါ့..”
“အင်း..အင်း...စောစောက သိရင် တော်တာပေါ့..ကိုမောင်မောင်အာကာပိုင်စိုး အကျီ င်္တွေ ရေမခြောက်လို့ စိတ်ညစ်နေတာ..”
“အစ်မ က မေးမှ မမေးပဲ..”
‘သိဘူးလေဟယ်...ပွင့်ဖူးသင်ပြမှပဲ တက်တော့တယ်..”
အ၀တ်လျှော်စက် ထမင်းပေါင်းအိုး ဂက်စ်နဲ့ ချက်တဲ့ မီးဖို လျှပ်စစ် မီးဖို ခေတ်မှီ ပစ္စည်း တော်တော် များများကို ပွင့်ဖူး အသင်အပြကောင်းမှုကြောင့် ခင်မေတက်မြောက်သွားရသည်..။
“အစ်မက မီးဖိုချောင်မှာပဲ အိပ်တာလား..”
“ဟမ်...အမ်း..အေးလို့..”
“အခန်းထဲမှာလည်း အဲကွန်းရှိပါတယ် အစ်မရဲ့..”
အ၀တ်တွေကို ချိတ်နဲ့ ချိတ်ရင်းပြောလာတဲ့အမေးစကားကို ခင်မေ ဆက်မပြောမိတော့အောင် နှုတ်ဆိတ်နေလိုက်သည်..။
ပထမဆုံးတစ်ည တူတူကျောပေးအိပ်ပြီးကတည်းက ခင်မေ မီးဖိုခန်းကိုပြောင်းရွေ့အိပ်ခဲ့သည်လေ...။
“ကိုမောင်မောင် အာကာ ပိုင်စိုး ခွင်ြ့့ပုမယ်ဆို ခင် မီးဖိုခန်းမှာ အိပ်ချင်ပါတယ်..”
ခင်မေ့ ဆီကတောင်းဆိုချက်ကို ဘာရယ်ကြောင့်တောင်မမေးပဲ လိုလိုလားလားခေါင်းညိတ်လက်ခံသည်..
ခဏကြာမှ မကောင်းတက်သဖြင့်
“ဒီမှာ ဘာလိုအပ်လို့လည်း မမခင် “တဲ့..
“မလိုပါဘူး..အခန်းကလှောင်နေတော့မွန်းကြပ်လို့ပါ မီးဖိုခန်းမှာပဲ ပြတင်းပေါက်ရှိတာကိုး..”
“သြော်..အင်း တိုက်ခန်းတွေက ဒီလိုပါပဲ..”
ထိုညကတည်းက မီးဖိုခန်းကို အိပ်ရာပြောင်းရွေ့ခဲ့လိုက်သည်..။သူ လူပျိုတုန်းက သုံးခဲ့တဲ့ ခေါင်းအုံးခြင်ထောင်စောင် အပိုတွေပဲ ခင်မေ တောင်းပြီးသုံးလိုက်သည်...။
“မနက်ဖြန် ဆို တစ်လတောင်ပြည့်ပြီ..”
“ဟင်..”
ခင်မေတွေးလက်စပျက်ပြီး ပွင့်ဖူးပြောတာကို ကြောင်စီစီဖြင့် စဉ်းစားနေမိသည်..။
“ကျွန်မ က တစ်လပဲ လုပ်ရမှာလေ...”
“ဟယ် ဟုတ်သားပဲ...ခင်တော့ လွမ်းနေတော့မှာပဲ..”
“ကျွန်မလည်း သတိရနေမှာပါ...မာမီမိုး က ထပ်နေဖို့ပြောပေမယ့် ကျွန်မက တခြားမှာ အလုပ်လက်ခံပြီးသွားလို့ပါ..ဒိဘက်က လာရတာလည်း ဝေးတယ်လေ..”
“အင်းလေ..လမ်းကြုံဖြစ်ဖြစ်တော့ ၀င်လာပါနော်..ခင်တစ်ယောက်တည်း ပျင်းလို့ပါ..”
“လာမှာပေါ့..”
အလွယ်တကူ ခေါင်းညိတ်ပေးတာကိုပဲ ခင့်မှာ အားကိုးတကြီး ဖြစ်ရသည်..။
“အစ်မ ဒီနေ့ ဘာချက်မလည်း..”
“ပန်းဂေါ်ဖီသုပ် နဲ့ ငါးဖယ်ငါးဆုပ်ဟင်းချက်ထားတယ်..အရည်သောက်ကတော့ ဘူသီးဟင်းခါးလေးပဲလုပ်တယ်..ကောင်းပါ့မလား..”
“ကျွန်မ ထမင်းစားပြီးမှ ပြန်မှာနော်..”
“ဟောတော့ ဘယ်တုန်းကများ မကျွေးပဲနေလို့တုန်း.”
“အစ်မ က ဟင်းချက်လက်ရာ ကောင်းတယ်နော်..”
“ပြောတာပါပဲတော်..”
“တကယ်..”
ခင်မေ မနက်စောစောချက်ပြုတ်ပြီးသွားလို့ ပွင့်ဖူးနဲ့ အ၀တ်တွေကူလှန်းပေးနေတာကို သူက မွှန်းနေတော့ မနေတက်ဖြစ်လာရပြန်သည်..။
“ပွင့်ဖူးရယ် ခင်တော့ ဒုက္ခရောက်တော့မယ်နော်..”
“ဘာဖြစ်လို့လည်း..”
“ပွင့်ဖူးအားလုံးသင်ပြခဲ့လို့ တက်သင့်သလောက်တက်ပေမဲ့ မီးဖိုမထိုးတက်ဘူးကွယ်..ရွာမှာက မီးမမှန်တော့ မီးသွေး မီးပူပဲ လုပ်ရတာ..အခုက တင်လိုက်ချလိုက် လင်းလိုက်မှိတ်လိုက်ရှုပ်နေတာပဲ..”
“ဟား..ဟား..လွယ်ပါတယ် အစ်မရဲ့ ပြခဲ့မယ် ပြခဲ့မယ်..”
အပေါင်းအသင်းကို သိပ်မတွယ်တာခဲ့ပေမဲ့ ပွင့်ဖူး မနက်ဖြန်ကစပြီး မလာတော့ဘူးဆိုတဲ့ အတွေးက အားငယ်စေသည်..။
အပြင်သွားလာတာလည်း မရှိ...စျေးနဲ့ အိမ်သွားပြီး တစ်နေကုန် အိမ်မှာ တစ်ယောက်တည်း နေရမဲ့ အဖြစ်ကြောင့် အထီးကျန်သလို ခံစားရသည်..။
ယောင်္ကျားလုပ်သူက မနက် မုန့်စားပြီးတာနဲ့ အလုပ်သွားတာ တစ်ခါတစ်လေဆို ည ၈နာရီမှ အိမ်ပြန်ရောက်သည်..။
မနက်စာ ဘယ်လိုစားလည်း အလုပ်ပြန်တာ ဘယ်အချိန်လည်း ဘာ အလုပ်လုပ်လည်း ခင်မေ တစ်ခုမှ မသိရ...။
တွေ့ချိန်က ည ထမင်းစားချိန်လေးကို စကား သုံးခွန်းတောင် အပြန်အအလှန်မပြောဖြစ်ပဲ သူလည်း လုပ်စရာရှိတာလုပ်..ဗီဒီယို ကြည့်ချင်ကြည့်တယ်..ခင်ကလည်း မနက်စောစော ပြန်ထရလို့ စားသောက်သိမ်းဆည်းပြီးတာနဲ့ မီးဖိုခန်းတံခါးစေ့ပြီး အိပ်လိုက်တာ မိုးအလင်း...။
.
“အာကာ မင်း ဘီယာတွေ ဇွတ်သောက်တယ်ဟလား..”
“မသောက်ပါဘူး..ငါမှ မကြိုက်တာ..”
“ဒါဆို ဝိတ်တက်လာတာလား..”
“ဘာဖြစ်လို့လည်း..”
“မင်းမျက်နှာကြီး ပါးစောင်ကားလာတယ်..”
“ဟင်..”
အာကာ လက်နှစ်ဖက် နဲ့ ပါးကို စမ်းကြည့်လိုက်သည်..။
“မိန်းမရတာ တစ်လပဲ ရှိသေးတယ် ငဖောင်ရိုးက ၀လာတယ်ဆိုတော့ မိန်းမ ညစာဘာတွေကျွးလည်း မသိဘူးနော်..”
“ဟာ..”
“ငါက ညစာ ထမင်းဟင်း ကိုပြောတာလေ..မင်းကလည်း...ဟား..ဟား..”
ရယ်ကြဲကြဲနဲ့ ဟိုမရောက်ဒီမရောက်ပြောနေသည့် အောင်၀င်း ကို ဂရုမစိုက်ပဲ CAD ကိုပဲ အာရုံစိုက်နေလိုက်သည်.။
“မင်းလို မနက်စာ မစားတဲ့ကောင် ၀လာတဲ့ အဓိက အကြောင်းက ဘာလည်း..”
“မသိဘူး..”
“မင်းမိန်းမပဲ နေမှာပေါ့...ငါ့ကိုလည်း ခဏလောက်ငှားပါလားကွ..ဟေး..”
“မင်း...ဘာစကားပြောတာလည်း..”
ဒေါသတကြီး ခုံကနဲ့ ဆတ်ကနဲ့ ထရပ်လိုက်တဲ့ အာကာကို အောင်၀င်းနဲ့ အတူ ဘေးနားက ၀န်ထမ်းတွေက အလန့်တကြားကြည့်နေကြသည်..။
အသိပြန်၀င်လာတော့ ကိုယ်တိုင်တောင် ဘာကြောင့်ဒေါသထွက်သွားမှန်း နားမလည်နိုင်လို့ မျက်နှာတည်တည်ဖြင့် သန့်စင်ခန်းဘက် ကို ထွက်လာခဲ့လိုက်ရသည်..။
“ဟူး...ဘာအရူးထတာလည်းဟ...”
မျက်နှာချင်းဆိုင်တောင် တစ်နာရီတူတူ မထိုင်ဖူးတဲ့ ဇနီးမယားကို ဘာကိစ္စ ဆပ်ဆပ်ထိမခံ ဖြစ်နေရတာလည်း..။
အောင်၀င်းက ဒီအတိုင်း စနောက်လိုက်တာကို ကိုယ်က ဒေါသထွက်ပြမိတော့ အားနာစရာ...။
ကျစ် သူများတွေလို ရွှေဘုံနန်းက ရွှေမင်းသမီးလို အလှပဂေးများရထားရင်တော့ အာကာတို့ လူတွေနဲ့ နေလို့တောင်ရပါအုံးမလား...။
“မင်းကလည်း ဘာထဖြစ်တာလည်း..”
အောင်၀င်းက အာကာ ကို မကျေနပ်လို့ ဒီအထိလိုက်လာတာသိတော့
“ဆောဒီး အပူနှစ်ခုထပ်သွားလို့ပါဗျာ..”
“ဟား..ဟား..ငါ ထင်တော့ထင်သား...”
ရယ်မောပြောဆိုရင်း အရင်ပုံစံပြန်ဖြစ်လာတာကိုပဲ ကျေးဇူးတင်ရသည်..မဟုတ်ရင် ဘေးချင်းကပ်ပြီး မျက်နှာပူစရာတွေ ဖြစ်လာမှာ...။
“မင်းလည်း အိမ်ထောင်ကျပြီပဲ မနက်စာ စားလေကွာ ကြာရင်မကောင်းဘူး..”
“ငါ မှ မဆာတာ..”
“မင်း ကော်ဖီနဲ့ နှစ်ပါးသွားနေတာကိုး အစာအိမ်က အကျင့်ဖြစ်နေပြီ...”
“အင်း..အဲလိုဖြစ်နေတာ..”အာကာ ၀န်ခံလိုက်ပြီး ရုံးခန်းကို ပြန်ရောက်တော့စိတ်၀င်တစား စူးစမ်းကြည့်နေသည့် လူအားလုံးကို ပြုံးပြ နှုတ်ဆက်လိုက်ရသည်..။
“ဟေး..ယောက်ဖ..”
“သေစမ်း..”အာကာ ခေါင်းငုံ့ပြီး အလုပ်တွေကိုသာသဲကြီးမဲကြီး လုပ်ပြနေပေမဲ့ ကိုဆန်းသူက အနားရောက်လာပြီ....ဒီလူ ဆိုက်ထဲ တာ၀န်ကျနေလို့ နားအေးနေတာ ဘာလို့ပြန်လာတာလည်း..။
“ယောက်ဖ မင်း အလုပ်ပြန်ရင် ငါလည်း လိုက်မယ်နော်..”
“ကိုဆန်းသူ .. ဘယ်တုန်းက အာကာ ယောက်ဖဖြစ်သွားတာလည်း..”
ဘေးခုံမှာ ဖိုင်လာပေးတဲ့ မနွယ် က လှမ်းမေးတော့ ဆန်းသူခေါင်းမော့ရင်း
“ဟ..ငါ့အစ်မကို ဒီကောင်ယူထားတာလေ..”
“ဟင်..ဟုတ်လား..အာကာတို့များလျှိုလိုက်တာ တစ်ခါမှ ထုတ်မပြပဲ ဖွက်ထားတယ်ပေါ့ ဟလား..”
“ဟုတ်လား ဟေ့ကောင် မင်း ငါ့အစ်မကို တိတ်တိတ်ပုန်း မယား လုပ်ခိုင်းထားတာလား..”
“တော်ပါဗျာ ကျွန်တော်ပြန်တော့မယ်..”
အာကာ စိတ်ရှုပ်လာလို့ ညီးတွားရင်း ဆွဲလက်စ ပုံစံ စာရွက်တွေကို လိပ်ခါ ဘူးထဲထည့်ပြီး အိမ်သယ်သွားဖို့ ဆုံးဖြတ်လိုက်ရသည်..။
“ငါလည်း လိုက်မယ်..”
အာကာ့စားပွဲပေါ်က ကားသော့ကို ဦးအောင်ကောက်ယူပြီး ရုံးခန်းထဲက ထွက်သွားတော့ အာကာနောက်က ပြေးလိုက်ခဲ့ရသည်..။
“တင်..တောင်...တင် ..တောင်..”
“မင်း မိန်းမယူလိုက်တော့ တံခါးသော့ဖွင့်စရာမလိုတော့ဘူးပေါ့..ငါတိုက်တွန်းလို့ ယူဖြစ်သွားတာ ကျေးဇူးတင်..”
ကျေးဇူးတင်ဆိုပြီး မျက်နှာကြီးမော့ခါ မေးငေါ့ပြောတော့ ပိတ်ထိုးချင်တဲ့ စိတ်ကို မြိုသိပ်ထားရသည်...။
သူ့ကြောင့်....အခုလိုတွေ ဖြစ်လာတာ...မိန်းမ တစ်ယောက် အိမ်ပေါ်ရောက်လာတာပဲ အဖတ်တင်တယ်..စိတ်ကူးနဲ့ လက်တွေ့ တကယ်တော့ တခြားစီ ဖြစ်သွားရတာ ..ဒင်းကြောင့်...။
ကိုယ်နဲ့ လိုက်ဖက်မဲ့ရည်းစားလေး ဘာလေးရှာပြီး သုံးနှစ်သုံးမိုးတွဲ ပြီး လက်ထပ်ရင် အဆင်ပြေဖို့ကို..ဒင်း ရဲ့ အဆွယ်တရား ကြွေ မွှေလို့ အခုလိုဟာကြီး အဖက်တင်သွားတာ..။
“ဟယ်..ဆန်းသူလည်း ပါတာပဲ..”
“ဟုတ်ပါ့ဗျာ..မမခင် လက်ရာကို သတိရလို့ပေါ့..”
“ဒါဖြင့် လူကိုတော့သတိမရဘူးပေါ့လေ..”
“ဟဲ..ဟဲ...ဘယ်ရမလည်း..”
“ကြည့်စမ်း..ဒီကောင်လေး..လာ..၀င်..”
ဆန်းသူနောက်က ၀င်လာတဲ့ သူ့ လက်ထဲက လက်ကိုင်အိတ် နဲ့ စာရွက်ထည့်တဲ့ ဘူး ကို ခင်မေ လှမ်းကြိုယူလိုက်ပြီး စာကြည့်စားပွဲပေါ် သွားတင်ထားလိုက်သည်..။
ရေခဲသေတ္တာထဲက အဆင်သင့်ထုတ်ထားတဲ့ လိမ္မော် ဖျော်ရည်ခွက်ကို ယူပြီး ဆန်းသူ အတွက်ပါ တစ်ခွက် ထပ်ဖြည့်ရသည်..။
“အင့်..”
“ထမင်းနော်...ဒါနဲ့ မရဘူး..ညစာ စားမှာ..”
လာပြန်ပြီ..ဒီညစာ...အာကာ သောက်လက်စ လိမ္မော်ရည်ခွက်ကို ပြန်ချထားလိုက်သည်..။
“ကိုမောင်မောင်အာကာပိုင်စိုး...အလုပ်မှာ အဆင်ပြေရဲ့လား..”
ခင်မေ သူ ပြန်လာတိုင်းမေးနေကျ စကားတစ်ခွန်း နဲ့ ခရီးဦးကြို မေးလိုက်ပေမဲ့ အလိုမကျစွာ တွန့်တက်သွားတဲ့ မျက်ခုံးတွန့်ကြောင့် နောင်တရချင်ချင် ဖြစ်ရသည်..။
“ပြေပါတယ်..”
“ကျွန်တော် ရေသွားချိုးအုံးမယ်.”
“အေး..”
အခန်းထဲရောက်တော့ အ၀တ်အစားချွတ်ရင်း အိမ်ရှေ့ခန်းက စကားသံတွေကြားနေရသည်..။
“မမခင် နေရတာ အဆင်ပြေရဲ့လား..အိမ်တွေ ဘာတွေလည်း လာလည်လေဗျာ...”
“အင်း လာခဲ့မယ်..”
“ဦးလေး ရော နေကောင်းရဲ့လား..”
“ဟိုရက်ကတော့ ဖုန်းရတယ်..ကောင်းပါတယ်..အခုလို ဆေးပေးမီးယူရှိသွားတော့ စိတ်ချရတာပေါ့..”
“အင်း..အင်း...မမခင် တို့ ရော အဆင်ပြေရဲ့လား..”
ရေချိုးခန်းထဲ ၀င်ခါနီးမှ ခြေလှမ်းတွေတန့်သွားရသည်..။
အသက်ကြီးကြီး အိုကြီးအိုမ မို့ အရာအားလုံး သည်းခံ ခွင့်လွှတ်ဖို့ ဆုံးဖြတ်ထားပေမဲ့ နှုတ်ဖွာရင်တော့ လက်မခံနိုင်ပါ..။
“ပြေပါတယ်..”
“ဘာလည်း ပြေပါတယ်..”
“ရော်..အားလုံးပြေတယ်လို့ပြောတာ..”
“ဟိုကောင့်ကို ကြည့်တာအေးတိအေးစက်နဲ့ မမခင်ကို အနိုင်ကျင့်သလား..”
“ခက်လိုက်တာ ဆန်းသူရယ်..သူ့ထက် အသက်ကြီးတဲ့ ငါ့ကို အနိုင်ကျင့်မလားဟ..”
အာကာ မျက်မှောင်ကြုတ်ပြီး မခံချင်စိတ်နဲ့ တံခါးကို ဆောင့်ပိတ်လိုက်သည်..။
သူ့အစ်မတော်ကို အနိုင်ကျင့်မလားတဲ့..ဒင်းတို့ တစ်မျိုးလုံးမွှေလို့..အခုလို ဘ၀ပျက်ရတာ...
တွေးမိရင် အသည်းနာတယ်..အမျိုးပါဆဲချင်တယ်...။
“ဟင် မမခင်...”
ရေချိုးခန်းထဲက ထွက်လာတော့ တံခါး၀မှာ ရပ်စောင့်နေလို့ အာကာ မျက်လုံးပြူးသွားရသည်.။.
“ဆန်းသူက ဒီမှာ ထမင်းစားမယ်တဲ့ ဖြစ်ရဲ့လား ကိုမောင်မောင်အာကာပိုင်စိုး..”
သူ စကားပြောတိုင်း အာကာ က ကြားထဲက မောရသည်..နာမည် တင် မဟုတ် အပိုတွေပါ ထည့်ခေါ်နေတာ ကြားရတိုင်း အသက်ရှုကြပ်စေသည်..။
“ဖြစ်တာပေါ့..ဖြစ်တယ်လေ..ထမင်းဟင်းချက်မထားလို့လား..ဒါဆို သွား၀ယ်လိုက်မယ်လေ..”
“ချက်ပြီသားပါ ကိုမောင်မောင်အာကာပိုင်စိုး မကြိုက်မှာ စိုးလို့ပါ..”
“ဟာ မဟုတ်တာ...”
အာကာ ရေသုတ်တာဝါယူပြီး ခေါင်းကို ရေစင်အောင် ခါသုတ်လိုက်သည်..။
ဧည့်သည်ကို အိမ်ရှေ့ထားခဲ့ပြီး အိမ်သားတွေက အခန်းထဲ၀င်တော့ တစ်မျိုးတစ်မည် ထင်ကုန်ရင် ဒုက္ခ..
ရောက်နေတဲ့ ဧည့်သည်ကလည်း တော်တော်လေး အမြင်ကပ်ဖို့ကောင်းသည့် မဟာဆန်းသူ..။
တီရှပ် အဟောင်းတစ်ထည်ကို ဖြစ်သလို ကောက်၀တ်ရင်း အိမ်ရှေ့ခန်း အမြန်ထွက်လာခဲ့ရသည်..။
“ကိုဆန်းသူ ပျင်းနေပြီလား..”
‘ဟေ..အေးပေါ့ကွ မင်းတို့ လင်မယားက အခန်းထဲ အောင်းသွားတော့ ငါလည်း ပြန်ရကောင်းနိုး ထိုင်ရကောင်းနိုး ဖြစ်နေတာပေါ့..’
“ဆောဒီးပါဗျာ..မိန်းမက လာစောင့်ပေးနေလို့..”
“ထူးဆန်းတယ်နော်...ဧည့်သည်ကို ယောင်္ကျားလောက်တောင် အရေးမလုပ်ဘူး..ဘာဆေးကျွေးထားလို့လည်းကွ..”
“တိုးတိုးပြောပါဗျ..”
ကိုဆန်းသူ ပခုံးကိုရိုက်လိုက်ပြီး တီဗီ ဖွင့်လိုက်ရသည်..။
“ထမင်းစားလို့ရပြီနော်...”
“နေပါစေဗျာ...အာကာက ကျွန်တော့်ကို မကျွေးချင်ဘူး..”
“ဟာ..ဘယ်လိုပြောလိုက်တာလည်း ..ကျွန်တော်က ဘာလို့ မကျွေးချင်ရမှာလည်း...”
ကိုဆန်းသူကို ကြည့်မရပေမယ့် ညစာ မသဒ္ဓါလောက်အောင်တော့ မဟုတ်ပါ...။
အာကာ ကိုယ်တိုင် သူ့ အိမ်မှာ နှစ်ချီပြီး ထမင်းစားလာခဲ့တာပဲ....။
“မသိဘူးလေကွာ ညစာ စားမယ်ဆိုတာနဲ့ နှစ်ယောက်စလုံး အလျှိုလျှို ပျောက်သွားတာကိုး..”
ဒီကိစ္စကလည်း မကျေနပ်စရာ ဘာလို့ဧည့်သည်ကို ထားခဲ့ပြီး အရေးမပါတာ မေးဖို့ အခန်းထဲ ၀င်စောင့်နေရတာလည်း...။
အာကာ အကြည့်ရောက်သွားတော့ ခေါင်းငုံထားတာ အပြစ်လုပ်ထားသူတစ်ယောက်လိုပင်...။
“ခင်ဗျားကြီးလာတဲ့အချိန်လည်း ကြည့်အုံးလေ..အေးအေးဆေးဆေးနားရမဲ့ အချိန်ကြီးကိုးဗျ..”
“သြော်..ဟား..ဟား...စောစောကပြောရောပေါ့ကွာ...ဟား..ဟား...သိပြီ..”
ဆန်းသူ တစ်ယောက် ဝါးလုံးကွဲအော်ရယ်နေပေမဲ့ ခင်မေ ရှက်လို့ မီးဖိုခန်းဘက်ကို လှစ်ခနဲ့ ဖြစ်အောင် ပြေးလာခဲ့ရသည်..။
“အဟဲ ကိုဆန်းသူ မိန်းမ ကို ကျွန်တော်အခု နားလည်သွားပြီ..”
“ဘာလို့..”
စားပွဲခုံမှာခုံဆွဲထိုင်ရင်း မေးလာတော့ အာကာရယ်လိုက်မိသည်..။
“ဘ၀တူသွားလို့ပေါ့ဗျာ...ဟား..ဟား...”
“ခွေးကောင်...မင်း..မိန်းမ ကျွေးတာ အဲ...”
ခင်မေကို တစ်ချက်ကြည့်ပြီးမှ တိတ်ကျသွားတော့ ပိုနေရခက်သည်.။
ထမင်းပန်းကန်အုပ်ကို အလယ်ချပေးပြီး ဟင်းပန်းကန်နွေးနွေး တွေကို ဆက်တိုက် ချပေးလိုက်သည်..။
“စားရတာကောင်းပါ့မလား မသိဘူး..”
“မမခင် လက်ရာပဲဟာ...အာကာ တောင် ဂုတ်တိုလာပြီ..”
“ဟား..ဟား..ဟုတ်တယ်...ညစာကို နင်းကန် စားမိတာကိုး..”
“ညစာပဲလား သန်းခေါင်စာကော မစားဘူးလား..”
“ကိုမောင်မောင်အာကာပိုင်စိုး က သန်းခေါင်မှာ ဗိုက်ဆာတက်လို့လား..”
“ဖြီး...ဟီးဟီး...ဟား..ဟား.....ဟား...”
ထမင်းစားပွဲမှာတင် ဗိုက်နှိပ်ရယ်နေတဲ့ ဆန်းသူကို ခင်မေ နားမလည်လို့ ကြောင်စီစီ ရပ်ကြည့်နေရသည်..။
“တော်ပါတော့ဗျာ..ထမင်းစားစမ်းပါ...ကိုဆန်းသူ မိန်းမအိမ်သော့ခတ်ထားလိမ့်မယ်နော်..”
“ဟုတ်ကဲ့ပါ သန်းခေါင်ကျော် ဗိုက်ဆာတက်တဲ့ ကိုမောင်မောင်အာကာပိုင်စိုးရဲ့.”
ခင်မေ့ စကားအတိုင်းသံယောင်လိုက်ပြီး စနောက်နေတော့ ခင်မေပြောတာ ဘာများမှားခဲ့လို့လည်း..။
“မမခင် ဆိုတာဘယ်သူလည်းဟင်..”
“ဟောတော့..”
“ဆွေမျိုးမေ့သွားတာလေ..”
‘ဒီကောင်လေး..”
ခင်မေ ဟင်းပန်းကန် ထပ်ဖြည်ပေးရင်း ဆန်းသူ စနောက်နေတာကို ခံနေရသည်..။
“မမခင်ရော မစားဘူးလား..”
“စားပြီးခဲ့ပြီ...”
“ဒါဖြင့် ကျွန်တော် အ၀ဆွဲပြီနော်..”
ဆန်းသူကပြောပြီး ထမင်းထပ်ယူတော့ ခင်မေကြည်နူးရသည်..။
ခင်မေမှာ အရာထင်တဲ့ အရည်အချင်းဆိုလို့ ဒီတစ်ခုသာရှိသည်ပဲလေ...။
“ဟာ..ဘာတွေလည်း မမခင်ရဲ့..
“အချိုလေ..ငှက်ပျောရွှေကြည်ပါ..”
ထမင်းစားပြီး တီဗီရှေ့မှာ စကားများနေသည့် သူတို့ကို ပန်းကန်ချပေးလိုက်တာနဲ့ ဆန်းသူက စပ်စုရင်းမေးပြီ..။
“သြော်..၀ယ်ထားတာ မကြာသေးလို့ ဖြစ်မယ်..ပူနေတာပဲ..”
“၀ယ်တာမဟုတ်ပါဘူးဗျာ..ကျွန်တော့် မိန်းမ ကိုယ်တိုင်လုပ်တာ..”
“ဟေ..”
သူ့ နှုတ်ဖျားက ပထမဆုံးထွက်သည့် ကျွန်တော့် မိန်းမ ဆိုတဲ့ စကားကြောင့် ခင်မေ ရင်ထဲ ချမ်းမြေ့ကြည်လင်သွားရသည်..။
“မမခင်ကလည်း မုန့်ကအစ ကိုယ်တိုင်လုပ်ကျွေးတာလား..’
“ဒါပေါ့ဗျ..”
“အောင်မလေး ကြွားနေတာ အမြင်ကပ်စရာကွာ...”
ကိုဆန်းသူက အာကာ ပခုံးကို ၇ိုက်ချပြီးပြောတော့ ရှောင်ပေးလိုက်ပြီး ရွှေကြည်မုန့် တစ်တုံးခပ်စားလိုက်သည်..။
“မမခင် ဒီကောင်ကို ညစာပဲ တာ၀န်ယူတာလား..”
“ဟင်..”
“မနက်စာကို ကော်ဖီပဲသောက်တယ်လေ..ကြာရင်မကောင်းဘူးနော်..ကိုယ့်ယောင်္ကျားကိုယ် ကြည့်ထိန်းအုံး..”
“ကလင်...ကလင်....အဲသေပြီ..”
“ဟား..ဟား..သူများကိုကြပ်နေတုန်းတွေ့ပြီလေ..”
“ဟလို...ယု...အဟဲ...ကိုယ်လား..အာကာတို့ အိမ်မှာပါ...ဟာ..ဘယ်သကောင့်သားပြောတာလည်းကွာ...ဒီမှာအာကာကိုယ့်ဘေးမှာ...ဟ..မဟုတ်ပါဘူးကွ..ဘာစံပယ်မလေး မှမရှိဘူး..ကျစ်...”
ကိုဆန်းသူရှုံ့မဲ့ ညီးတွားနေတော့ ကြည့်မရသူဖြစ်ပေမဲ့ ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပြီး..ဖုန်းကိုယူခါ..
“မယုရေ..ကိုဆန်းသူ ကျွန်တော့်အိမ်မှာပါ..ဘယ်ကလာ...တစ်ကောင်ကောင် ကြပ်လိုက်တာနေမှာပါ မယု မယုံရင် ဗီဒီယိုကော ခေါ်လိုက်လေ..”
အာကာ အကြံပေးရုံရှိသေးသည် ဖုန်းချပြီးတာနဲ့ ဗီဒီယိုကော ၀င်လာသည်..။
“ရပြီလား..မယု..”
“အေး..အေးပြီးရော...ကိုဆန်းသူ ပြန်မလာသေးဘူးလား..”
”လာမယ်...လာမယ်..ခုလာပြီကွာ..”
ကိုဆန်းသူ တစ်ယောက် ဖုန်းကိုင်ထားရင်း ထပြေးရသည့်ဘ၀...။
“ဟား..ဟား...မရက ကြီး...”
“ကိုမောင်မောင်အာကာပိုင်စိုး...”
တံခါးပိတ်ပြေးသည့် ကိုဆန်းသူကို ကြည့်ပြီး အော်ရယ်နေစဉ် ဒီ နာမယ် ကြီး ကြားလိုက်ရတော့ ရယ်ချင်စိတ်တောင် ပျောက်သွားသည်..။
“မမခင် ..အဲဒီလို နာမည်ကြီး မခေါ်ပါနဲ့လား...အာကာပဲခေါ်ပါ..”
ခင်မေ သက်ပြင်း တစ်ရှိုက် မသိမသာ ချရင်း သူ့ရှေ့က ခုံမှာ ၀င်ထိုင်လိုက်သည်..။
“ခင်လည်း တစ်ခါတစ်လေ တွေးမိပါတယ်...ဒါပေမဲ့ ဒေါ်ဒေါ် အဲ မာမီက အဲလို ပဲ ခေါ်ရမယ်လို့ ကတိတောင်းသွားတယ်..”
အာကာ ကို မာမီ သပ်သပ် ထောင်ချောက်လုပ်သွားတာပဲ..
“ဒါပေမဲ့ သူငယ်ချင်းတွေရှေ့ကျတော့ လှောင်စရာကြိး ဖြစ်နေတယ်လေ..”
“နောက်ဆို သတိထားပါမယ်.”
“မမခင် ဘာပြောမလို့လည်း.”
“သြော် ..မနက်စာကို ခင်ထည့်ပေးရမလား ပြန်စားမလားလို့ မေးမလို့ပါ..”
“ဟာ..ကျွန်တော် မနက်စာမစားတာ ကြာလှပြီ မလိုပါဘူး မမခင်..”
သူက ထုံးစံ အတိုင်း ဆိုပေမဲ့ အခုတော့ ခင့် အပြစ်ဖြစ်လာပြီလေ...လူတစ်ယောက်က မနက်စာ မစားပဲ နေလို့ရလို့လား..။
“ခင် မနက်ကျ အဆင်သင့်ပြင်ထားပေးပါမယ်..”
မယူပါဘူး မစားပါဘူး ပြောလိုက်တာကို မနက်ကျ အဆင်သင့် ပြင်ထားမယ်ဆိုတော့ အာကာ ဘာပြန်ပြောရမှာလည်း ...။
သူများ မနက်စာ မစားတာ ကို ပြောပြီး..သူကျတော့ရော ညစာစားလား...။
ညစာကို အာကာနဲ့ တူတူစားနေကျမို့မစားရသေးတာသိနေသည်..။
အလိုက်ကန်းဆိုး မသိသည့် ကိုဧည့်သည်ကလည်း ထမင်းဇလုံ အပြောင်စားရုံမက လိုက်ပွဲပါ ထပ်ဆွဲသွားသေးသည်..။
မီးဖိုခန်းဘက်ကိုလျှောက်လာခဲ့လိုက်တော့ အိပ်ရာတောင်ခင်းပြီးနေပြီ..
“မမခင် ထမင်းမစားရသေးဘူးမလား..ဘယ်လိုလုပ်မလည်း”
“ရွှေကြည်မုန့် စားထားတာ ဗိုက်ပြည့်နေပြီ..”
“သြော်..အင်း..”
အာကာ အခန်းထဲရောက်ပြီး အိပ်ရာပေါ်လှဲတဲ့ အထိ ထမင်းမစားရသေးတဲ့ သူ အကြောင်းတွေးမိနေဆဲပင်...။:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・
အရေးအသားမကောင်းပေမဲ့ ရေးမိနေတုန်း
သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော် ❤
Love u all
#စပိုက်ကာ
YOU ARE READING
ပန်းကြိုးနွယ်
Romance" စိမ်းကားနေတာ အသည်းတွေတကယ်နာကျင်ရတယ်.. မုန်းတယ်သိလား..မုန်းတယ်..ချစ်လွန်းလို့မုန်းရတယ်..မဖြစ်သင့်မှန်းသိလို့မုန်းရတယ်...." :・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・ " သူ ခွင့်ပြုတောင် ကိုယ်မလုပ်နိုင်ဘူး..ရင်းနှီးတာအချိန်ကြာရင် ကိုယ့်စိတ်တွေလည်း ထိန်းချူပ်လိ...