ပန်းကြိုးနွယ်
အပိုင်း (၁၆)
#ပန်းကြိုးနွယ်“ဟင်..”
အာကာ စားသောက်ဆိုင်ထဲ ၀င်သွားချိန် ခုံမှ ထိုင်နေတဲ့ ကောင်မလေးက ထသွားတော့
“ညီမ...ညီမ...”
“ညီလေး..ဟိုကောင်မလေးကို ခေါ်လိုက်..”
စားပွဲထိုးကောင်လေးက ပြေးခေါ်တော့ လှည့်ကြည့်ပြီး ပြန်လှည့်လာသည်..။
“ညီမက နဒီ့ သူငယ်ချင်းမလား..”
‘မဟုတ်ပါဘူး..”
“ဟင်..”အာကာ တွေ့ဖူးနေသည့် နဒီနဲ့ ဓာတ်ပုံတွဲရိုက်နေကျကောင်မလေးပါ...။
“နဒီ့ ကို အိမ်ပြန်ပို့ဖို့ ညီမ လိုက်ခဲ့ပေးပါလား အကို တစ်ယောက်တည်းဆို မကောင်းလို့ပါ..”
“မသိဘူး..”ပခုံးတွန့်ပြီးပြောခါ ထွက်သွားတော့ အာကာ မှာ ဒေါသဖြစ်လိုက် ဇဝေဇ၀ါဖြစ်လိုက်နဲ့ ကျန်ခဲ့ရသည်..။
“နဒီ...နဒီ...”
“ဟမ်..ဘူလည်း..”
“ကိုယ်ပါ...”
“ဘယ်က ကိုယ်လည်း..”
“ဟာကြာ အာကာ...”
“ဘယ်က အာတာလည်း..”
ဂါ၀န်ဒူးအုပ်ကလေးနဲ့ ဆံပင်ကို နှစ်ဖက်ခွဲ ချီထားပုံကြောင့် ဆယ်ကျော်သက် ကျောင်းသူလေးနဲ့ ပိုတူနေသည်..။
မျက်နှာ အထူးသဖြင့် ပါးနှစ်ဖက်က နီမို့မို့ ဖြစ်နေခါ မျက်လုံးတွေက ရီဝေ၀ ဖြစ်လိုက် စုံမှိတ်လိုက် ပြူးကြည့်လိုက်ဖြင့် အလုပ်များနေသည်.။
“ကို ပြန်ပို့ပေးမယ်နော်..”
“ညီလေး ဘယ်လောက်ကျလည်း..”
‘ရှင်းပြီးသားပါ အကို..”
‘ဟေ...”
သောက်တဲ့လူက ငွေတော့ ထုတ်ရှင်းနိုင်လား..ဒါမှ မဟုတ်သူ့အကြောင်း သူသိလို့ ကြိုရှင်းထားတာလား..။
“ကဲ..နဒီ..ထေလ..”
“ထဝူး..ပွေ့ချီ..”
“ဟာ...ကိုယ် ဘယ်လိုနိုင်မလည်းကွာ..”
“ရဝူး..ထဝူး...”
“ဟီး..ဟိ..ကလေးလေး နဲ့ တူတယ်နော်..”
စားပွဲထိုးကောင်လေးကပါ ပြုံးစေ့စေ့ကြည့်နေတော့ အာကာ စိတ်တိုရသည်..။
“နဒီ...ထဆို...”
“ဟွန့်..”
စားပွဲဝိုင်းကို လက်ထောက်ပြီး သေချာထရပ်ခါ ယိုင်တိုင်တိုင်ဖြင့်ထလာသည်..။
ဒေါက်ဖိနပ် ခုံထူထူကြောင့် ပြိုလဲပြန်တော့ အာကာ ဆီးပွေ့ထိန်းလိုက်ရသည်..။
“ကျစ်..လာ..”
စိတ်မရှည်လို့ တကယ်ပင်ပွေ့ပြီး ကားထဲအထိ ခေါ်ချလာခဲ့လိုက်ရသည်..။
“ငြိမ်ငြိမ်နေ ..ခါးပတ်၀တ်..”
ပြောနေလို့ဘာထူးမှာလည်း အသိစိတ်တောင် လွတ်နေတာကြီး..။
အာကာ ခါးပတ်၀တ်ပေးလိုက်ပြီး ကားထဲပြန်၀င်ခါ ခုံမှာထိုင်လိုက်ရင်း အကြည့်ရောက်သွားရပြန်သည်..။
ဆံပင်တိုရှည် မညီမညာလေးတွေက ပါးပြင်မှာ တစ်ချို့ ကျနေပြီး ပန်းနုရောင် နှုတ်ခမ်းပေါ်မှာလည်း တင်နေသေးသည်..။
မျက်တောင်လေးတွေ မှိတ်ကပ်နေပုံ နဲ့ အတူ မျက်နှာကျလေးက ငယ်ငယ်က စွဲလမ်းဖူးသည့် ဘိုမရုပ်ကလေးနဲ့ ခပ်ဆင်ဆင်တူပါသည်..။
အာကာ သက်ပြင်းချ အကြည့်လွဲခါ ကားမောင်းဖို့သာ အာရုံ ပြန်စိုက်လိုက်သည်..။
မမခင် ကြောက်နေပြီလား..လက်တွေက ဖုန်းနံပါတ်တစ်ခု ကို နှိပ်ပြီး ကားမောင်းရင်း စပီကာပါ ဖွင့်ထားလိုက်သည်..။
“ဟလို..”
“မမခင်လား..”
“ကိုမောင်မောင်အာကာပိုင်စိုး..”
“ခဏပဲနော်..ကျွန်တော်ပြန်လာနေပြီသလား.”
“အင်း..”
“ကြောက်နေလို့လား..”
“အင်း..”
“ဘာကြောက်စရာရှိလို့လည်း မမခင်ရဲ့..”
“မသိဘူးညဘက်ဆိုကြောက်တာပဲသူရယ်..”
“အင်း ဒါဆို ၀ရန်တာ ထွက်ရပ်စောင့်နေမလား..”
“သူ မြန်မြန်ပြန်လာနော်..”
“ကို..နဒီ့ ဖုန်းလား..ပေး...ပေးဟာ...”
“ဟာ..နဒီ..ကျစ်..”
အာကာဖုန်းချပစ်လိုက်ပြီး..ယောင်ယမ်းအော်ဟစ်နေသည့် နဒိကို လက်တစ်ဖက်နဲ့ လှုပ်နှိုးနေရသည်..။
မယုတို့ အိမ်ကိုပဲ ဦးတည်မောင်းလိုက်သည်..။
ဒီကောင်မလေး ဒီလောက်မူးနေတာ ..အဆောင်ပြန်ပို့ရလောက်အောင် အာကာလည်းသတ္တိမရှိပါ...။
“ဟူး..ရောက်ပြီ..နဒီ..”
အာကာ ကိုယ်စောင်းပြီး ခါးပတ်ကို လှမ်းဖြုတ်ပေး လိုက်တော့ ရုတ်တရတ် လည်ဂုတ်ကို ဆွဲဖက်ခံလိုက်ရသည်..။
“နဒီ..နဒီ...ကိုယ် အာကာပါ..နဒီး..”
“သိတယ်....သိတယ်....အဟင့်...”
“ဟာ...”
သိတယ်ပြောပြီး ငိုချလိုက်တော့ အာကာ သိပ်မရုန်းတော့ပဲ ငြိမ်နေလိုက်သည် ။
“ဘာဖြစ်လို့လည်း..မယု ဆူလို့လား..”
“မဟုတ်ဘူး..”
“ဒါဆို အိမ်ထဲ၀င်ပြီး နားလိုက်နော်..ညနက်နေပြီ..”
“နဒီ...နဒီလေ...မရတော့ဘူး..”
“ဘာဖြစ်လို့လည်း..”
“နဒီ့ စိတ်တွေတားဆီးမရဘူး..အာကာဆီပဲ အချိန်တိုင်းရောက်နေတယ်..”
“ဟာ..”
“အာကာ စိမ်းကားနေတာ နဒီ့ အသည်းတွေတကယ်နာကျင်ရတယ်..ကို့ကို မုန်းတယ်သိလား..မုန်းတယ်..ချစ်လွန်းလို့မုန်းရတယ်..မဖြစ်သင့်မှန်းသိလို့မုန်းရတယ်..အဟင့်.. အဟင့်..”
ငိုနေရင်း လက်သီးဆုပ်လေးနဲ့ ဝဲဘက် ရင်အုံကို ဖွဖွ တစ်ချက်ချင်း ထုနေတာကို အာကာ မတားဆီးရဲတော့ပါ..။
“နဒီ..”
“နဒီ့ မာနတွေ သိက္ခာတွေ အရှက်တရားတွေပါ စတေးပစ်ပြီး အာကာ့ကို ချစ်မိသွားပြီ..”
တင်းကြပ်စွာတိုးဖက်လာသည့် လက်ချောင်းလေးတွေနဲ့ အတူ အာကာရှေ့ကို ပိုရောက်သွားရသည်..။
“နဒီ....”
“နဒီ့ကို အရှက်မရှိတဲ့ မိန်းမလို့မြင်နေပြီလားဟင်....
နဒီ မခံစားနိုင်လို့ပါ..ကို့ ကို လွမ်းလို့ သေတော့မယ် သိလား..”
“လွှတ်ပါကွာ..အိမ်ထဲ၀င်ရအောင်နော်..”
“ဘာဖြစ်လို့လည်း..နဒီ့ကို မုန်းလို့လားဟင်..”
အာကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး..မျက်လုံးပါ မှိတ်ထားလိုက်မိသည်..။
“နဒီ့ကို မသနားဘူးလားဟင်..”
ရေမွှေးနံ့ သင်းသင်းလေးက အမှတ်မထင် ဖြစ်ခဲ့တဲ့ စွဲလမ်းမှုကို ပြန်ပုံဖော်ခိုင်းနေပြီ...။
အာကာ ညာဘက်ပါး နွေးသွားချိန် အလန့်တကြား မျက်လုံးဖွင့်ကြည့်မိသည်..။
“နဒီး.....”
ဆောင့်အော်ပစ်လိုက်တော့ မျက်ရည်စတွေနဲ့ မော့ကြည့်ပြီး..
“ဘာဖြစ်လို့လည်း..”
ဘယ်လိုပြောပြရမလည်း..အာကာလည်း အသွေးအသားနဲ့ ယောင်္ကျားသားတစ်ယောက်ပဲ..။
ကိုယ်အမြဲစိတ်ကူးယဉ်စွဲလမ်းခဲ့ရသည့် အရုပ်ကလေးက ကိုယ့်ကို ပွေ့ဖက်ထားပြီး..အနမ်းချွေလိုက်ခြင်းနဲ့ အတူ လူက ကတုန်ကယင်ဖြစ်ချင်လာသည်..။
ရီဝေ၀ အကြည့်လေးတွေနဲ့ အတူ နှုတ်ခမ်းတစ်စုံ က ဆွဲဆောင်လွန်းနေသည်..။
ဘယ်သူမှ ဘာမှ မသိပါဘူး..နဒီကိုယ်တိုင်တောင် မနက်နိုးလာရင် သိပါ့မလားမသေချာ..
စိတ်ကူးအရိုင်းအစိုင်းတွေက မဖိတ်ခေါ်ပဲ ကဆုန်ပေါက်၀င်ရောက်လာသည်.။
နဒီ့ နှုတ်ခမ်းလေးတွေကို ငေးကြည့်ရင်း..အာကာ ရှေ့နည်းနည်းပိုတိုးလိုက်သည်..။
မဟုတ်ဘူး..ဘယ်သူမှမတွေ့တောင် ဒါ ယောင်္ကျားပီသမှု လူပီသမှု တစ်ခုပဲ..
“တောက်..”
အာကာ့လည်ပင်းကိုသိုင်းဖက်ထားသည့် နဒီ့လက်ကို အားသုံးပြီး ဆွဲဖြုတ်ခါ ကားတံခါးဖွင့်၍ အပြင်တစ်ခါတည်းထွက်လိုက်ရသည်..။
အသက်ကို အငမ်းမရရှုရှိုက်နေရပြီး လှုပ်ခုန်နေသည့် ရင်ဘတ်တွေ အရိုင်းဆန်တဲ့ စိတ်ကူးတွေ လျော့ပါးသွားအောင် ကိုဆန်းသူတို့ တိုက်ရှေ့အထိ ပြေးသွားလိုက်သည်..။
“ဟူး..ခဏပါပဲ အာကာ..မင်း ယောင်္ကျားပဲ ..မထိန်းချူပ်နိုင်ရင်..ဘာလို့ လူဖြစ်နေသေးလည်း..”
“အား..”
“တင်တောင်..တင်တောင်...”
လှေကားတွေကို ပြေးတက်သွားပြီး လူခေါ်ဘဲလ်ကို စိတ်ရှိတိုင်းဆောင့်နှိပ်နေလိုက်သည်..။
“ဟာ..ဘာတွေလည်းကွာ..တောက်..ဘယ်ကောင်..”
“ဟင်..အာကာ..”
ကိုဆန်းသူက ဒေါသထွက်၍ တံခါးဖွင့်ပြီးခါမှ မျက်မှန်ပင့်ကြည့်ပြီး အာကာကို တွေ့တော့ အံသြသွားသည်..။
“ဘာဖြစ်လို့လည်း..”
“ဟူး...အမ်း...ဟူး...”
အာကာ ပြေးလာတဲ့ အရှိန်နဲ့မို့ အသက်ကို ပုံမှန်ဖြစ်အောင် ရှုရင်း စကားလည်း မပြောနိုင်သေး..
“မမခင်..ဘာဖြစ်လို့လည်း..”
“မဟုတ်...နဒီ..နဒီ..ကို ပြန်ပို့တာ လိုက်ခေါ်ပါအုံး..ကိုဆန်းသူ..မယုပါခေါ်အုံး..”
“ဟေ..ဘယ်မှာလည်း..နဒီ..”
“ကားထဲမှာ..”
“ဟေ...ယုရေ...ယု...”
မယုလည်း ထွက်လာတော့မှ အာကာ အောက်ကို ပြန်ဆင်းလာရဲတော့သည်..။
“ဟယ်...ဒီကောင်မလေး..တော်တော် အကျင့်ပျက်နေတာ..နဒီး...”
“တအားမဆူပါနဲ့မယု..အခုလည်း..အဆူခံရလို့ဖြစ်သွားတာ..”
“ကျစ်..အားနာလိုက်တာ..အာကာရယ်..”
“ရပါတယ်..ကျွန်တော်လည်း ကိုဆန်းသူကို ဖုန်းခေါ်မလို့ပဲ..သူ့သူငယ်ချင်းလည်း ရှိတယ်ဆိုလို့မခေါ်တော့တာပါ..ကျွန်တော် ရောက်သွားတော့ နဒီ တစ်ယောက်တည်းပဲ ကျန်တော့တယ်..”
“အင်း..သူငယ်ချင်းတွေနဲ့ မို့ဖြစ်မယ်..ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်တယ်နော်..”
“ကျွန်တော် ပြန်မယ်..”
“အေး..အေး...သွား..”
အာကာ ကားမှန်တစ်ဆင့် မယုလက်ထဲမှာ ကျန်ခဲ့သည့် အရုပ်မလေးကို ကရုဏာသက်စွာ ကြည့်လိုက်မိသည်..။
မယုတို့ ကိုဆန်းသူတို့က သာ တက်မခေါ်မိရင် ကိုယ့်စိတ်ကို ကိုယ်နိုင်ပါ့မလား မသေချာ...။
Sorry ပါ နဒီရယ်..
ကိုယ် ယောင်္ကျားကောင်း တစ်ယောက် ဖြစ်ချင်တာပါ..။
အိမ်တံခါးဖွင့်ဖို့ လက်ရွယ်လိုက်ချိန် တံခါးရုတ်တရက် ပွင့်သွားတော့ လန့်သွားရသည်..။
“မမခင် မအိပ်သေးဘူးလား..”
“အင်း..သူက ၀ရန်တာက စောင့်လို့ပြောလို့ပါ..”
“သြော်..ကျွန်တော် ကြာသွားတယ်..လာလေ..၀င်ကြမယ်..”
အာကာ တံခါးသော့ခပ်ပြီး ခုံမှာ ၀င်ထိုင်လိုက်တော့..ရေတစ်ခွက် အလိုက်တသိလာပေးတဲ့ မမခင်ကို အချိန်ကြာကြာစိုက်ကြည့်ပစ်လိုက်သည်..။
မင်း မ်ိန်းမကိုပဲ ခံစားတက်အောင် ကြည့်စမ်းပါ အာကာရာ..ကြည့်စမ်းကွာ တစ်၀ အမုန်းကြည့်စမ်း...။
စိတ်ဖိစီးမှု နဲ့ အတူ ခေါင်းကိုက်လာတာသာ အဖက်တင်သွားရသည်..။
“ကျွန်တော် အိပ်တော့မယ်နော်..”
“အင်း..”
အာကာ အခန်းတံခါးလော့ချပြီး ရေချိုးခန်းထဲ ၀င်ခါ ရေဇလုံထဲ ခေါင်းနစ်ထားလိုက်သည်..။
အခွင့်အရေး တစ်ခုကို လက်လွတ်သွားသလိုမျိုး နောင်တရနေတဲ့ ယုတ်ညံ့စိတ်တွေ ရေမွန်းပြီးပျောက်သွားပါစေ...။
တောက်...နဒီက မူးပြီး ဖြစ်နေတာ..မင်း က ဘာမူးနေတာလည်း..။
မှန် မှာပေါ်နေတဲ့ ပုံရိပ်ကို မျက်မှုန်ကြုတ်ပြီး မုန်းတီးစွာ စိုက်ကြည့်လိုက်သည်..။
ရူးနေပြီ...ရူးနေတာ..ဘယ်လိုလုပ်ရမလည်း....
မနက်ဖြန် ရုံးမှာ ဘယ်လိုတွေ ရင်ဆိုင်ရမလည်း..။
တစ်နာရီကြာအောင် ရေပန်းအောက်မှာ ငုတ်တုတ်ထိုင်နေလိုက်သည်..။
ရေချိုးခန်းထဲက ထွက်တော့ ကုတင်ပေါ်က ဖုန်းကိုယူပြီး သူ့အကောင့်ထဲ ၀င်ကြည့်လိုက်သည်..။
“သူ အခွင့်အရေးမယူခဲ့ဘူး.. မျက်ရည်ကျလောက်အောင် ချစ်မိသွားပြီ..”
“ဟာ..”
နဒီ မူးနေတာ မဟုတ်ဘူးလား..ဒါ သပ်သပ် လိမ်တာလား..ဘာလုပ်တာလည်း..
သူနဲ့ အာကာ တရား၀င်ဘာမှ မဟုတ်ပဲ..သူ့မှာ ဘာလို့ဒီလို လုပ်ခွင့်ရှိနေတာလည်း..
မဖြစ်နိုင်သူမို့ မခေါ်မပြောမိသလို ခပ်ကင်းကင်းလည်းနေခဲ့တာပါ..နဒီရယ်..။
လက်ကို ရိုက်ချိုးလို့ မဖြစ်တော့ သူ့အကောင့်အတွက် ဘလော့ ကိုသာ နှိပ်ပစ်လိုက်သည်..။
.
ခင်မေ မီးတွေ လိုက်ပိတ်ပြီး မီးဖိုခန်းထဲက အိပ်ရာဆီလျှောက်လာခဲ့လိုက်သည်..။
“အိုမေ့ပြန်ပြီ..”
မနက်အတွက် ရေခွက်သိမ်း ရေဖြည့်ရအုံးမည်..။
အယောင်ယောင်အမှားမှားတွေပါလား..မိခင်မေ ရယ်..။
ခင်မေ ရယ်ကြဲကြဲ လုပ်ပြီး ရေဖြည့်နေပေမဲ့ မျက်ရည်တွေကတော့ စီးကျနေတာပဲလေ..။
ခေါင်းအုံးပေါ် ခေါင်းရောက်တာနဲ့ လွတ်လွတ်လပ်လပ် ရှိုက်ငိုပစ်လိုက်သည်..။
အိမ်ပြန်ချင်လိုက်တာ...အဘကိုတွေ့ရင်လေ..အဘ ခေါင်းခေါက်တာခံပြီးကို အဘ ရင်ခွင်ထဲ တိုး၀င်ပြီးငိုပစ်လိုက်မှာ..ကြွေ့ကိုလည်း ခင် ခံစားရတွေရင်ဖွင့် တိုင်မိမှာပါ..။
သူ အခုလေ..မိချောလေးနဲ့ ညဘက်တောင် တွေ့နေပြီ..ခင်ကြောင့် သူတို့ ဝေးနေရတာ
ခင့်ကို သူ ဘယ်လောက်တောင် မုန်းတီးနေလိုက်မလည်း..။
သူအလုပ်ကိစ္စကြောင့်ထွက်သွားတာဆိုတဲ့ စိတ်နဲ့ အားတင်းနေပေမဲ့ ကြောက်မိသည်..။
ဖုန်း၀င်လာတဲ့ အချိန် အားရှိသွားပေမဲ့ နဒီ နဲ့ ကို ဆိုတဲ့ စကားသံလေးတွေက အခန်းတစ်ခုလုံး ဟိန်းထွက်သွားတော့ ခင်မေ ယောင်ပြီး ပါးစပ်တောင်အုပ်ထားလိုက်မိသည်..။
အို..ခင်က သူ့အတွက် ဘာမို့လို့လည်း..ခေါင်းယမ်းရင်း မျက်လုံးစုံမှိတ်အိပ်ပျော်ဖို့ ကြိုးစားမိပေမဲ့ ထင်သလောက် မလွယ်ခဲ့ပါ...။
.
“ဟက်ချူး..”
“နေကောင်းရဲ့လား..”
“ကာ...ကော..ဟက်ချူး...”
“ရေချိုးတာကြာလို့ဖြစ်မယ်..”
“အင်း..”
အာကာ မီးဖိုခန်းထဲက ထွက်လာတော့ ထမင်းချိုင့်ကိုင်ပြီး လိုက်လာသည်..။
“ကိုမောင်မောင်အာကာပိုင်စိုး.”
“ဟင်..”
“အိတ်ကျန်သေးတယ်လေ..”
“သြော်မေ့တာ..”
“နေ...နေ...ခင်သွားယူပေးမယ်..”
အခန်းထဲမှာ အိတ်သွားယူပေးတာပဲ ကျေးဇူးတင်ရမည်..အာကာ မနက်စောစောခေါင်းကိုက်နေရသည်..။
“အင့်..ဒီမှာ အနွေးထည်ပါ ၀တ်သွား..”
“ဟာ..မအေးပါဘူး..မမခင်..”
“သူ မ၀တ်ချင်လည်း အိတ်ထဲထည့်သွားပါ..”
“တကယ် မချမ်း..”
အာကာ့စကားမဆုံးခင် မမခင်က လက်ကိုင်အိတ်ထဲ အကျီ င်္ခေါက်ပြီး ထည့်လိုက်ပြီ..။
“ရပြီ..”
“အင်း..သွားပြီ..”
အိမ်တံခါး၀အထိ လိုက်ပို့တဲ့ မမခင် ကို တစ်ချက်ငေးကြည့်မိတော့ ပေါ်လာတာက နဒီ့ မျက်နှာ...။
အာကာ ကားထဲရောက်တော့ အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်သည်..။
ကားထဲကျန်ခဲ့တာတွေ့လို့ ကောက်လာချိန်အထိ ဘာပြသာနာမှ မရှိသေး..။
ပြန်ပေးဖို့ ရုံးလည်း မလာတော့ သိမ်းထားလိုက်ရသည်..။
ဖေ့ဘွတ်ပေါ်ပို့စ်တင်တာကြည့်ပြီး ဘာနဲ့တင်လိုက်ပါလိမ့်တွေးရင်း သူ့ဖုန်းကို ဖွင့်ကြည့်လိုက်မိတာ အမှားတစ်ထောင်ထက် သာပိုသည်..။
ဓာတ်ပုံ အလ်ဘမ်ထဲ၀င်ကြည့်မိတော့ ကင်မရာ ဖိုင်ထဲမှာ အာကာ့ရဲ့ ဘေးတိုက်ပုံ..ထမင်းငုံ့စားနေသည့်ပုံ လင်းလင်းကို ထုရိုက်နေသည့်ပုံ...အိုး..ရယ်နေတဲ့ပုံ စိတ်ဆိုးနေတဲ့ပုံ အကုန်လုံး ပုံ နှစ်ရာကျော်မည်ထင်..။
ဘယ်လိုမိန်းကလေးလည်း မေးခွန်းမျိုး မထုတ်ရက်ပါ...။
ဖေ့ဘွတ် အကောင့်ထဲမှာ ၀င်ကြည့်လိုက်တော့လည်း ဆက်ရှ် ဘောက်မှာ အာကာ ဆိုတာကို အင်္ဂလိပ်လို မြန်မာလို အမျိုးမျိုးရိုက်ပြီး ရှာထားသည်..။
အာကာ အကောင့်အစစ်မှ မသုံးတာပဲ..
ဖုန်းကောတွေလည်း ခေါ်လိုက်ပြန်ချလိုက်လုပ်ထားလို့ ထင်သည်..။
အာကာဖုန်းနံပါတ်တွေချည်းသာ..။
ပြန်မပေးခင် အလ်ဘမ်ထဲက ကိုယ့်ပုံတွေကို ခွင့်ပြုချက်မရှိပဲ အကုန်ဖျက်ပစ်လိုက်သည်..။
ဖုန်းကို အိတ်ထဲထည့်ပြီး ကားစက်နှိုးလိုက်ချိန် တွေးမိတာ...
ဒီနေ့ကောရုံးတက်ပါ့မလား..
တွေ့ရင်လည်း.မျက်နှာချင်းဆိုင် မသိချင်ယောင်ဆောင်ပြီး ပြန်ပေးလိုက်ရမှာပဲ..။
“ဟက်ချူး..”
အာကာ ဒီလောက် ဖြစ်နေတာ မဟုတ်တော့လို့ မက်အုပ်ထားလိုက်ရချိန်..
“ကို နေကောင်းရဲ့လား..”
“ဟမ်.”
အာကာ မျက်လုံးပြူးပြီး ဘေးဘီဝေ့ကြည့်လိုက်မိသည်..။
“ဘယ်သူမှ မရှိပါဘူး..”
“နဒီ...”
“ဟမ်..ဘာလည်း..”
မက်အုပ်ထားလို့ ပလုံးပထွေး ဖြစ်နေသည့် စကားလုံးတွေကို စိတ်တိုခါ မက်ကို ဆွဲဖြုတ်ပစ်လိုက်သည်..။
“ရော့ နဒီ့ဖုန်း..ကိုယ့်ဆီ ပါလာတယ်..”
“ကျေးဇူး..”
နှုတ်ခမ်းစူပြီး ဖုန်းယူခါ လက်နောက်ပစ်ပြီး ဆက်ရပ်နေလို့..
“နောက်ဆို အဲလို တွေ မလုပ်နဲ့နော်..”
“ဘာတွေကို မလုပ်ဖို့ပြောတာလည်း..”
“သြော်..စားသောက်ဆိုင်မှာ တစ်ယောက်တည်းသောက်ပြီး မှောက်နေတာလေ..”
“သိပါဘူး..ကိုယ်ထိလက်ရောက်ကျူးလွန်မိတာကို ပြောနေတယ် မှတ်လို့..”
“ဟာ..နဒီ့ကို ကိုယ်ဘာမှ မလုပ်ခဲ့ဘူးနော်..”
“သိတယ်လေ..သိတယ်...နဒီ လုပ်တာကို ပြောနေတာ..”
“ဟာ..”
“ဘာဖြစ်လို့လည်း..”
မပြောရက်လို့ မသိချင်ယောင်ဆောင်ထားပေမဲ့ နဒီ့ အတွက်တွေးရင်း ပြောဖို့ ဆုံးဖြတ်လိုက်ရသည်..။
“နဒီ ကိုယ် က အိမ်ထောင်သည်လေ..နဒီ သိက္ခာကျမှာစိုးတယ်ကွာ..”
“နဒီ လည်း သိပါတယ်..ဒါပေမဲ့..”
မျက်လုံးဝိုင်းလေးတွေက အရည်ဝေ့လဲ့ခါ မော့ကြည့်လာတော့ အာကာ ရင်ထဲ ဘယ်လိုတွေ ဖြစ်လာမှန်းကို မသိ...။
“နဒီ့ကို ယောင်္ကျားကောင်းတွေ အများကြီးစောင့်နေပါတယ်..ကိုယ့်ကို မေ့လိုက်နော်..”
“မေ့လိုက်ဟုတ်လား..အဲလောက်လွယ်ရင်လေ..နဒီ အခု ဒီမှာ ရှိမနေဘူး..အဟင့်..”
မျက်နှာနုနုဖက်ဖက် ကလေးက မျက်ရည်နဲ့ တန်ဆာ ဆင်လိုက်တော့ အာကာပျာပျာသလဲဖြစ်သွားရခါ..
“ဟာ..ကိုယ်ပြောတာ နဒီ့ အတွက်ပါကွာ..မငိုပါနဲ့..”
“..ဒီတိုင်းလေး ရင်းနှီးခွင့်တော့ပြုပါနော်..”
“မဖြစ်ဘူး နဒီ..”
“အဟင့်..”
“ကိုယ်တောင်းပန်ပါတယ်..”
“ဟင့်အင်း..ဟင့်အင်း..မတောင်းပန်ပါနဲ့..”
“ကျစ်..အဲဒါဆို ဘယ်လိုဖြစ်ချင်တာလည်းကွာ..”
“ကို နဲ့ အရင်လို ရင်းရင်းနှီးနှီးနေချင်တယ်...
မမခင်လည်း သူငယ်ချင်း အဖြစ်တော့ခွင့်ပြုမှာပါ..”
“ဟုတ်တယ် သူ ခွင့်ပြုတောင် ကိုယ်မလုပ်နိုင်ဘူး..ရင်းနှီးတာအချိန်ကြာရင် ကိုယ့်စိတ်တွေလည်း ထိန်းချူပ်လို့ မရအောင် ပြောင်းလဲလာမှာ ကိုယ်သိနေတယ်..မဖြစ်ဘူး....”
“မုန်းဖို့ကောင်းတယ်..”
လေသံမာမာ မျက်နှာတင်းတင်း ပြောလိုက်မိတဲ့ အာကာ့ ရင်ဘတ်ကို သူယူလာသည့် မုန့်ထုတ်နဲ့ ပစ်ပေါက်ပြီး ထွက်သွားပြန်သည်..။
“နဒီ့ကို ညက မင်းသွားခေါ်ရတယ်ဆို..”
“ဟေ..”အောင်၀င်းက ၀င်လာတာနဲ့ တန်းပြောတော့ အာကာ မျက်လုံးပြူးသွားရသည်..။
“ကိုဆန်းသူပြောတာ..မင်းကို အားနာနေတာ..မယုလည်း ကောင်းကောင်းဆူထားတယ်တဲ့..”
“ဟူး..”
“အဆူခံထားရလို့တော်သေး..”
အောင်၀င်းက မညှာမတာပြောလိုက်ပေမဲ့ အာကာ သနားမိရပြန်ပြီ...။
နေ့လည် ထမင်းစားချိန် ထမင်းစားခန်းမှာတွေ့ပေမဲ့ သူက ဦးအောင် မသိချင်ယောင်ဆောင်သွားတော့ အာကာ စိတ်သက်သာရသည်..။
မုန်းချင်တယ်ဆိုလည်း မုန်းသာမုန်းလိုက်ပါ နဒီရယ်..ကိုယ် ခံနိုင်ပါတယ်...။
“ဟက်ချူး..”
“မင်း..နေကောင်းရဲ့လား..”
“အေး..”
“အဲကွန်း နံပါတ်လျော့ထားတာလား..”
“ဟအး..ပုံမှန်ပဲ..”
ပုံမှန်ကို ဘာလို့ ချမ်းနေတာလည်း..။
အာကာ ချမ်းစိမ့်စိမ့်ဖြစ်နေတာ ထမင်းစားပြီးချိန်ကတည်းကမို့..တော်တော်ကြာ နေပြီ..။
“ငါ့ ပင် ယူသေးလား..”
“နိုး.”
“..ပြီးရင် မင်းတို့ ဆီကပဲတွေ့နေတာ..”
“မယူဘူး..ပြောပြီးပြီနော်..”
“ကဲ..လာ..လင်းလင်း ငါ့ဆီလာယူ..”
အာကာ အိတ်ထဲက ပင်ထုတ်ပေးလိုက်ပြီး အနွေးထည်တွေ့လိုက်ချိန် အတော်ပင် ပျော်သွားရသည်..။
ဘယ်လိုဖြစ်ပြီး ကြိုသိနေပါလိမ့်..။
.
“ကလင်....ကလင်...”
ဟင်းချိုအိုးလေး ဘေးချခဲ့ပြီး ဖုန်းဆီ အပြေးလျှောက်သွားလိုက်ရသည်..။
“ဟလို...”
“အန်တီခင်...အဲ မမခင်လား..”
အသံသာသာယာယာလေး ကြားလိုက်ကတည်းက နဒီမှန်း ခင်သိလိုက်ပါသည်..။
“ဟုတ်ကဲ့...”
“နဒီပါ...”
“ပြောပါ နဒီ...”
“မမခင် နဒီ့ ကို စိတ်ဆိုးနေသလားလို့...”
“မဆိုးပါဘူး..နဒီရယ်...”
ခင်မေ သက်ပြင်းတစ်ချက်ခိုးရှိုက်ရင်း ပြန်မေးရမှာက ခင့်ကို သူတို့ စိတ်ဆိုးနေလားလို့ပါ...။
“ဟို တစ်ခေါက်က ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ်နော်...နဒီ့ သူငယ်ချင်းက လူမှားပြီး ပြောလိုက်တာပါ..”
“ရပါတယ်...ခင် နားလည်ပါတယ်..”
“အင်း..”
နှစ်ဖက် စလုံးပြောစရာစကားမရှိပဲ အသံတွေ တိတ်သွားတာ ကြာနေတော့ ခင်ကပဲ စခါ..
“နဒီ ဘာပြောအုံးမလည်းဟင်..”
“သြော်..ပြောစရာမရှိပါဘူး..မမခင်ကို နဒီ ခင်တယ်နော်...”
“ခင် က လည်း နဒီ့ကို ညီမလေးလို ချစ်ပါတယ်..”
“ကျေးဇူးတင်ပါတယ် မမခင်..ဒါပဲနော်..”
“အင်း..”
“သြော်နေအုံး...ဟိုရက်က ကိုအာကာ နဒီ့ကို အိမ်ပြန်ပို့ပေးလို့ နောက်ကျသွားတယ်...မမခင် စိတ်ထဲ ဘယ်လိုမှ မထားနဲ့နော်..ကိုအာကာ ကိုလည်း စိတ်မဆိုးပါနဲ့..”
“မဆိုးပါဘူး..နဒီ...”
“နဒီ့ကြောင့် မမခင်တို့ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်မှာစိုးလို့ပါ..”
အိမ်ထောင်ရေး အဆင်မပြေမှာ စိုးလို့တဲ့ ...အိမ်ထောင်ရေးဆိုတာ ဘာလို အရာများလည်း...။
“မမခင် တို့က မောင်နှမလိုပါပဲ ဘာမှ စိတ်မပူပါနဲ့....”
“သြော်..အင်း..အင်း..အဲဒါစိတ်ပူနေလို့ပါ..ဒါပဲနော် မမခင်..”
ခင် ဖုန်းချလိုက်ပြီး ဟင်းချိုအိုး ပြန်တင်ထားခဲ့လိုက်သည်..။
အ၀တ်တွေ ထုတ်လှန်းရင်း ဘယ်လောက်တောင် ငိုင်နေမိမှန်းမသိ ဟင်းချို အနံ့တွေ နှာခေါင်း၀ ရောက်လာမှ သတိ၀င်လာရသည်..။
“အို....”
ဟင်းချိုအိုးဆီပြေးသွားတော့ ရေက အိုးကပ်ပဲ ကျန်တော့လို့ ရေပြန်ထည့်ပြီး အနားမှာပဲစောင့်နေရင်း အတွေးတွေကလည်း သူတို့နှစ်ယောက်ရဲ့ စကားသံတွေဆီမှာသာ...။
.
“တီ..တီ....”
“ဟက်ချူး...”
ကားသော့ဖွင့်ပြီး တက်ပြီးခါမှ လျှပ်စစ်ပစ္စည်းဆိုင်ကို မျက်လုံးရောက်သွားတော့ အာကာပြန်လှည့်လာခဲ့လိုက်သည်..။
“မင်္ဂလာပါရှင်..”
“ဟုတ်ကဲ့...အစ်မ မုန့်လုပ်တဲ့အိုးလေးလိုချင်လို့ပါ..”
“ဘာမုန့်လည်းရှင်..”
၀ယ်ဖို့ လာပြီးခါမှ ဦးနှောက်က နာမည်မေ့နေပြန်သည်..။
“ခွက်ကလေးတွေ အများကြီးပါတယ်လေ..”
“သြော် မုန့်လင်မယားလုပ်တဲ့အိုး..ဟုတ်ကဲ့ ရှိပါတယ်...”
“ဟုတ်ကဲ့ အဲဒါလေး တစ်ခုပေးပါ..ဘယ်လောက်လည်း..”
“သုံးသောင်းပါရှင်...ကျွန်မ တစ်ခါတည်း ပြပေးပါမယ်..”
“ဟုတ်ကဲ့...”
ဘေးခုံက ဘုံးအနီလေးကို ကြည့်ပြီး အာကာ ကားကို ပုံမှန်ထက် အရှိန်နည်းနည်းတင် မောင်းခဲ့လိုက်သည်..။
“တင် တောင်..တင် တောင်..”
“ဟင်..”
အာကာ လက်တစ်ဖက်ကို နောက်ပစ်ထားလိုက်ပြီး လက်ထဲက အိတ် နဲ့ ချိုင့် ကိုသာ အတင်းထိုးပေးလိုက်ခါ အိမ်ထဲ ၀င်လာခဲ့လိုက်သည်..။
မမခင် က အိတ်ကို စားပွဲပေါ်တင်ပြီး သူ လုပ်နေကျအတိုင်း မီးဖိုခန်းမှာ ချိုင့်၀င်ထားခါ သံပုရာရည် တစ်ခွက် ယူပြီး ပြန်ထွက်လာသည်..။
“မမခင်...”
“ဟင်..”
“ဒီမှာ...”
လက်ကို နောက်မှာ ဖွတ်ထားရကနေ ရှေ့ထုတ်ပေးလိုက်တော့ မျက်လုံးကလယ်ကလယ် နဲ့ နားမလည် သလို ကြည့်နေပြန်ပြီ..။
“မမခင်ဖို့..”
“သြော်...အင်း..”
လက်နှစ်ဖက် သေချာ လှမ်းယူပြီး အိတ်ထဲက ဘုံးကို ငုံ့ကြည့်နေတော့ အာကာ မနေနိုင်တာနဲ့ ဆွဲထုတ်လိုက်ပြီး ဘူးဖွင့်လိုက်သည်..။
“အိုးလား..”
မှောက်ရက်သားဆွဲထုတ်လိုက်မိတော့ အိုးမှန်း သိသွားပြီးမေးလာတော့ ရယ်လိုက်ရင်း..
“ဟုတ်ဘူး..ဒီမှာ..”
“ဟယ်...မုန့်အိုးလေး...”
“အင်း...”
“အို...အို....ကိုမောင်မောင်အာကာပိုင်စိုး သိပ်တော်တာပဲ...”
မျက်လုံးအရောင်တလက်လက်နဲ့ အတူ ကလေးတစ်ယောက် လိုချင်တာရသွားသလိုမျိုး မျက်နှာမှာ အပြုံးဝြေပီး အိုးကို လှည့်ပတ်ကြည့်နေသည်..။
“ခင် စျေးထဲမှာမေးသေးတယ်..သူတို့က သံဆိုင်မှာပဲရမယ်ဆိုလို့ လက်လျော့ထားရတာ..”
“ကြိုက်ရဲ့လား..”
“အင်း...ကြိုက်တာပေါ့..ခင်ဖြင့် ချစ်လိုက်တာ...လုံးလုံးလေးနော်..လိုချင်တာ ကြာလှပြီ..ကိုမောင်မောင်အာကာပိုင်စိုးကို ကျေးဇူးတင်ပါတယ်....”
“ဟား..ဟား..”
မမခင်က အ၀တ်အစားထက် မီးဖိုချောင် အသုံးအဆောင် ကို ပိုမက်နေတာ အာကာ အံသြရသည်..။
“တော်လိုက်တာ သူ့ကို
နက်ဖြန် မုန့်လုပ်ကျွေးမယ်နော်..”
အိုးလေးကိုပဲ အပြုံးတဝေဝေနဲ့ လှည့်ပတ် ကြည့်နေတာ မပြီးနိုင်။
“ဟုတ်ပါပြီ...အခုတော့ အဖွင့်အပိတ်ပြပေးရအုံးမယ်..သူက လျှပ်စစ်ပေါင်းအိုးလိုမျိုးလေ..”
“သြော်..အင်း..ပြပါအုံး..”
တစ်ခုံကျော်မှာ ခပ်ကျုံ့ကျုံ့ ၀င်ထိုင်ပြီးအာကာ့ဘက်ကို ခေါင်းစောင်းကြည့်နေတော့ အိုးကိုမပြီး ဘေးခုံမှာ ကပ်ထိုင်လိုက်ချိန်....
တွန့်ဆုတ်နေတာကို ရယ်ချင်လို့ အနားကိုပိုတိုးကပ်ပြီး သေချာရှင်းပြတော့ ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ပြန်သည်..။
“ ဟင်းချက်နည်း အခွေတွေ့လို့ တစ်ခါတည်း၀ယ်လာလိုက်တာ..မြန်မာ လို သင်ပေးတာဆိုတော့ မမခင် အတွက် အဆင်ပြေတာပေါ့..”
အာကာ စီတီကို စက်ထဲထည့်ပြီး တစ်ခါတည်း စမ်း ဖွင့်ပြလိုက်သည်..။
“ကိုမောင်မောင်အာကာပိုင်စိုး..ကြိုက်တဲ့..ပုစွန်ချဉ်စပ်ပါလား..”
“အင်း ပါမှာပေါ့..ဟင်းမျိုးတော်တော် စုံတယ်ပြောတာပဲ..”
“အို..ကောင်းတယ်..ကောင်းတယ်...”
“ဘာလို့..”
“သူ့ကို တောဟင်းတွေချည်း ချက်ကျွေးနေရတာ ခင်က အားနာလှပြီ...ဒီထဲက ဆရာကြီးချက်ပြတာ ကြည့်ပြီး အမျိုးမျိုးလေး ချက်ကျွေးလို့ရတာပေါ့..”
တီဗီ ကိုငေးရင်း ပြောနေတာ အားတက်သရော မို့ အာကာ သက်ပြင်းတစ်ချက် ခိုး ရှိုက်လိုက်မိသည်..။:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・
ဟီး နောက်ကျသွားလား ဆောဒီး🙏
နောက်မကျသေးပါဘူး နော် 😂
မရတော့ဘူး စပိုက်ကာ သွားရှာပြိ😂😂😂😂မရေးရင် မနေနိုင်တာလွဲလို့ 😁
အရေးအသားမကောင်းပေမဲ့ ရေးမိနေတုန်း
သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော် ❤
Love u all
#စပိုက်ကာ
YOU ARE READING
ပန်းကြိုးနွယ်
Romance" စိမ်းကားနေတာ အသည်းတွေတကယ်နာကျင်ရတယ်.. မုန်းတယ်သိလား..မုန်းတယ်..ချစ်လွန်းလို့မုန်းရတယ်..မဖြစ်သင့်မှန်းသိလို့မုန်းရတယ်...." :・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・ " သူ ခွင့်ပြုတောင် ကိုယ်မလုပ်နိုင်ဘူး..ရင်းနှီးတာအချိန်ကြာရင် ကိုယ့်စိတ်တွေလည်း ထိန်းချူပ်လိ...