Part 9

4.1K 204 7
                                    

ပန်းကြိုးနွယ်
အပိုင်း ( ၉)
#ပန်းကြိုးနွယ်

“ကိုဆန်းသူ စောစောစီးစီးပါလား..”
အာကာ အိပ်ရာနိုးတာနဲ့ ရုံးသွားဖို့ တစ်ခါတည်း ပြင်ဆင်ပြိး ထွက်လာတော့ အိမ်ရှေ့ခန်းမှာ ကိုဆန်းသူက အကျအန ထိုင်နေသည်..။
“အေး..ယောက်ဖရေ..မင်းကိုစောင့်နေတာ..”
“ဟ..ရုံးမှာ ဘာတွေ ဖြစ်လို့လည်း..”
အာကာ လန့်ဖြတ်ပြီး ဘေးက ပလတ်စတစ် ခုံမှာပြေးထိုင်လိုက်ရသည်.။
“ဟာ..မင်းကလည်း..အလန့်တကြား..”
“မသိဘူးလေ..”
“ငါ့ခယ်မနဲ့ သူ့သူငယ်ချင်းတွေ အလှူ အတွက် ချက်ပြုတ် နေကြတာကွာ..ဘာမှ တက်ကြတာလည်း မဟုတ်ဘူး.အဲဒါ ကူဖို့ လူ မရှိလို့ မမခင် ကို လာ အကူအညီတောင်းတာ..”
“သြော်..”
“မသြော်နဲ့ ငါ ထိုင်စောင့်နေရတာတော်တော်ကြာပြီ..”
“ဘာလို့ ကျွန်တော့်ကို စောင့်နေလည်း..မမခင်ကို ပြောလိုက်ပြီးရော..”
“ပြောပြီး ပါပြီကွာ..မင်း အတွက် ထမင်းချိုင့် လုပ်ရမယ်တဲ့ ပြီးတော့ မင်းဆီက ခွင့်ပြုချက်ရမှ လိုက်မယ်တဲ့....”
“ဟား..ဟား..ကျွန်တော် မိန်းမ က အဲလိုမျိုး..ဟီး..ဟီး..”
“ပြောပေးအုံး...”
အာကာ ဂုဏ်ယူ ၀င့်ကြွားစွာဖြင့် ကော်လာကို ထောင်ပြလိုက်ပြီး..
“မမခင်..”
“အင်း..”
“ကိုဆန်းသူက အလှူအတွက် ကူပေးပါလားတဲ့..”
“ခင့် ကို ပြောပြီးသားပါ..ကိုမောင်မောင်အာကာပိုင်စိုး ခွင့်ပြုရဲ့လား..”
“ပြုတာပေါ့..ကောင်းတဲ့ ကိစ္စပဲလေ..”
“ဒါဆို ခင်လိုက်သွားမယ်နော်..ဆန်းသူ စောင့်နေတာကြာတော့ အားနာဖို့ကောင်းနေပြီ..”
“တော်သေးတာပေါ့..”
ဒီလောက် အတိုင်အဖောက်ညီနေတဲ့ လင်မယား နှစ်ယောက်ကို ဆန်းသူ စိတ်ရှိလက်ရှိ မျက်စောင်းထိုးပစ်လိုက်သည်..။
“သူ စားဖို့ မုန့် အဆင်သင့်ပြင်ခဲ့တယ်..ချိုင့်လည်း ထည့်ပြီးသားနော်..”
“ရတယ်..တာ့တာ..”
အာကာ ကိုဆန်းသူကို ရွဲ့ပြီး တာ့တာ ဘိုင်ဘိုင် အပြင် ဖလိုင်းကစ်ပါ လုပ်ပြလိုက်သည်..။
အမျိုးမျိုး လုပ်ပြနေပေမဲ့ မိန်းမဖြစ်သူက တစ်ချက်ကြည့်ပြီး ပြုံးပြရုံ နှုတ်ဆက်ခါ ထွက်သွားပြီ..
နောက်တစ်ခါကျ သင်ထားအုံးမယ်...ရန်ကုန်က လူတွေက သွားခါနီး လာခါနိးဆို ပွေ့ဖက် နှုတ်ဆက်တယ်လို့....
အာကာ အိမ်တံခါးပိတ်ခဲ့ပြီး မီးဖိုခန်း၀င်လာတော့ စားပွဲပေါ်မှာ ကောက်ညှင်းပေါင်း နဲ့ ငါးခြောက် အနံ့က သင်းနေပြီး ကော်ဖီခွက်ကလည်း အငွေ့ထနေဆဲ...။
မနက်ပိုင်း မမခင် မရှိတုန်း အသုံးစရိတ်ကျန်သေးရဲ့လားလို့ အတွေး၀င်လာသည်..။
တစ်နေ့ တစ်မျိုး မရိုးရအောင် အဖွယ်ဖွယ်အရာရာ ချက်နေတာ ပိုက်ဆံက လောက်ရဲ့လား...ကုန်ရင်လည်း ကုန်ပါပြီလို့ ပြောမယ် မထင်.
အာကာ ပန်းကန်ဘီဒို အောက်က အံဆွဲကို ဖွင့်ကြည့်လိုက်တော့ ပေးထားတဲ့ ပိုက်ဆံက တစ်၀က်တောင် မကုန်သေး..ဘယ်လိုတွေ ၀ယ်ပြီး ဘယ်လိုတွေ စီမံ ခန့်ခွဲနေပါလိမ့်..
ကိုယ်တိုင်က အိမ်ဝေယျဝေစ္စ လုပ်ခဲ့ဖူးသည် မို့ ဒီ အလုပ်နဲ့ ဒီပိုက်ဆံ ဒီလောက် ကြာကြာခံနေတာကို အံသြရသည်...။
ညကျမှ မေးကြည့်အုံးမယ်..စာရင်းကိုင် အလုပ်များ စိတ်၀င်စားသလားလို့...။
.

ပန်းကြိုးနွယ် Where stories live. Discover now