ပန်းကြိုးနွယ်
အပိုင်း (၄)
#ပန်းကြိုးနွယ်“အဘ...လော်ကြီးတွေက ဘာလုပ်ဖို့တုန်း..”
မနက်စောစော အိမ်ရှေ့မှာ အလုပ်များနေတဲ့ ရွာသားတွေကို ကျော်ပြီး ကွပ်ပျစ်မှာထိုင်နေတဲ့ အဘ ကိုသွားမေးရသည်..။
“ဟ ဖွင့်ဖို့ပေါ့ဟ..”
“ကောင်းပါ့မလား အဘရယ်..တော်ကြာ ပွဲပျက်တော့မှ လော်နဲ့ကျော် ပြီးသားဖြစ်နေပါ့မယ်..”
“မိခင်မေ..ညည်းဟာလေ..တယ် အဆိုးတွေးတာပဲ.”
“အကောင်းတွေးဖို့မှ မရှိပဲဟာ..”
“အေး ကောင်းတယ် အခုအချိန်ထိ ပေစုပ်စုပ်ပဲ မမိုးတို့ ဟိုဘက်ရွာသွားကြည့်တုန်း အ၀တ်အစားလေး ဘာလေး လဲ သနပ်ခါးလူးထား..ဝါထိန်နေအောင်လည်း လူးမနေနဲ့နော်..”
“ခင် ထမင်းဟင်းချက်ရမယ်လေ..”
အဘက မျက်စောင်းထောင့်ထိုးရင်း ခြေဟန်ပြင်ထိုင်ခါ..
“ဟဲ့ နင့်အရီးပုတို့ ရောက်နေပြီပဲ..သူတို့ ဦးစီးလုပ်နေတာ နင်က ဘာရှည်အုံးမလည်း..မင်္ဂလာသတိုးသမီးက လတ်လျားလတ်လျားလုပ်နေတယ်..သွား အပေါ်ပြန်တက်နေချေ..ငါခေါ်မှ ဆင်းလာခဲ့.”
အဘရဲ့ ခပ်ငေါက်ငေါက် ပြောသံကြောင့် ခင် ကွပ်ပျစ်ပေါ်က ပြန်ဆင်းလာခဲ့ရသည်..။
“ခင်မေ..”
“ရှင်..”
“အပေါ်မှာ နေခိုင်းတာနော်...နင့် ညီမလိုတော့ မလုပ်ချေနဲ့..”
“အို အဘကလည်း..ခိုးမဲ့လူမှ မရှိပဲဟာ..”
“အေး..ကောင်းတယ်..”
ခင်မေ အပေါ်တက်ပြီး သနပ်ခါးလိမ်းချိန် ကိုယ့်မျက်နှာ ကို ကြည့်ပြီး မုန်းတီးမိသည်..။
ပိတ်ဖောက်ဇာ အသားရောင် နဲ့ လုံချည် ချည်သားပြောင် အသားရောင်တို့က ခင်မေ အသားအရောင်ကို အမွဲရောင် ဘက်ကို ပြောင်းသွားစေသည်...။
လှလှပပ ချူပ်ဖြစ်တာလည်း ဒီတစ်စုံသာ ရ်ှိသည်ပဲ..အဖြူ၀မ်းဆက်ကို မနက်ဖြန်၀တ်ဖို့ချန်ထားမိတဲ့ မျှော်လင့်ချက် ကြောင့်လည်း စိတ်တိုမိသေးသည်.။
“ခင်မေ..”
“ရှင်..”
“လာလေ..သမီး..”
အရီးပုလာခေါ်လို့ ခင်မေ ဆင်းလိုက်လာပေမဲ့ ရင်ခုန်နှုန်းတွေက တဒိတ်ဒိတ်...။
“ဟင်..ဒီလူပဲလား..”
ခင်မေ ထိုင်နေတဲ့ လူတစ်စုကို ကြည့်ရင်း တိုးလျလျ ဝေဖန်လိုက်မိသည်..။
ရွာလူကြီး ဦးသာအောင်ရယ် အဘ သူငယ်ချင်း ဦးပိုးတီ ရယ် ဧည့်သည် နှစ်ယောက်ရယ် ဒါပဲလား..
မျက်လုံးဝေ့၀ဲရှာမိပေမယ့် ဘယ်သူမှ လည်း မတွေ့..
“လာသမီး..မာမီဘေးမှာ ထိုင်နော်..”
“ဟုတ်ကဲ့..”
ခင်မေ ခပ်ကျုံ့ကျုံ့ ၀င်ထိုင်လိုက်ပြီး ခေါင်းငုံနေလိုက်သည်..။
“သတိုးသားလောင်းက ကားပျက်နေလို့ ညမှ ရောက်မယ်တဲ့ နှစ်ဖက်မိဘ တွေလည်း စုံပြီး ဆိုတော့ စလိုက်ကြမယ်ဗျာ..”
ဦးပိုးတီ ရဲ့ အသံ စာစာ ကို နားထောင်ရင်း ခင်မေ မျက်ရည်ဝဲလာရသည်..။
စောင့်ကြပါအုံးလား...အခုလို အတည်တကျကြီး လုပ်ကြပြီးမှ သူငြင်းလိုက်ရင် ခင်မေ အရှက်ကွဲရမှာ...အခုတော့ စိတ်ထင်ရာတွေ လုပ်နေကြပါလား..
ခင်မေ ဘက်ကို နည်းနည်းမှ ငဲ့ မတွက်ကြဘူး..။
ရုပ်မလှပေမဲ့ ခင်မေလည်း မိန်းကလေးပါပဲ..
ကိုယ့် အတွေးတွေနဲ့ ကို ငိုချင်လာလိုက် ၀မ်းနည်းလိုက် စိတ်မကောင်းဖြစ်လိုက်နဲ့ မို့ ဘာတွေဘယ်လိုပြောပြီး ဘယ်လိုပြီးသွားမှန်းတောင် မသိလိုက်ပါ..။
“ကျူပ်တို့ အပျိုကြီးကတော့ စွံပြီဗျို့..နှစ်ထပ်ကွမ်းကွ..’
“အပျိုကြီးရေ..ခြံနောက်က ငှက်ပျောပင်ကြီး ခုတ်လိုက်တော့မယ်ဝေ့..”
“ဟဲ့ သိပ်စမနေနဲ့ တော်ကြာနေ ရှက်လို့ အော်ငိုနေမှ အခက်..”
“ဟား..ဟား...”
ကာလသမီး တစ်စုက မနက်ဖြန် အတွက် ကြိုတင်ပြင်ဆင် ရင်း ခင်မေကို လှမ်းစနေသော်လည်း မပျော်ပါ..။
“ခင် ကြက်သွန်စင်း ပေးရမလား..”
“နေပါ..နေပါ...ဒါ အပျိုဝိုင်းဟေ့..အအို မလာရဘူး..”
“ဟား..ဟား..ဟုတ်တယ်..”
“ကျူပ်က မအိုသေးပါဘူး..”
“မကြာခင် အိုတော့မှာ..မလာရဘူး..”
“ဟယ်..စိတ်ညစ်လိုက်တာ..’
“လာပါလိမ့်နိုး မျှော်ကာကိုးလို့ ရွှေမြို့ဆီက မောင်တော်ကြီး ကြောင့် စိတ်ညစ်ပြီပေါ့ အားရိုးရိုး..သနားလိုက်တာ..”
“နေပါတော့ကွယ်..မကူရလည်း သွားမယ်..”
ခင်မေရဲ့ မကြည်မသာတဲ့ မျက်နှာ နွမ်းနွမ်းကိုကြည့်ပြီး ထင်သလို မှတ်ချက်ပေးလိုက်ကြတာပဲ...။
ညီမလေးကော လှအုံး နဲ့ ပျော်နေပြီလားကွယ်...။
“မမခင်...အဘမိုး ခေါ်နေတယ်..”
ကလေးတစ်ယောက်လာခေါ်လို့ အိမ်နောက်ဘက် ကထွက်လာခဲ့လိုက်တော့ အိမ်ရှေ့ ကွပ်ပျစ်ပေါ်မှာ မမြင်ဖူးတဲ့ သူစိမ်း ၄ယောက်လောက်ထိုင်နေကြသည်..။
“သမီး ခင်မေရေ..ထမင်းပြင်ပါအုံးလား ကောင်လေးတွေ ဆာလှရောပေါ့..”
“ဟုတ်ကဲ့..”
ခင်မေ မီးဖိုချောင်ထဲ ၀င်ပြီး ဟင်းနွေးခါ ပန်းကန်တွေထဲ ထည့်လိုက်သည်..။
မိဝေ နဲ့ လှလေး တို့က ကူလုပ်ပေးပြီး အိမ်ရှေ့ကို သယ်ချပေးလို့ တော်ပါသေး...။
“ဘယ်လိုလည်းဟေ့.. မြို့စာလောက်တော့ ကောင်းမယ် မထင်ဘူး..”
“အောင်မလေး..ဦးလေးကသာ ပြောနေတာ..ဒီကောင်ကြီးက အိမ်ဟင်းဆို အငမ်းမရစားတာ...”
“ဟော်...အေး..အေး...ကောင်းပါတယ်ကွာ..”
“ထမင်းထပ်ယူပါအုံးလား..”
“မယူတော့ဘူး.မမခင်ရေ..မိုးချူပ်နေခါမှ သတိုးသားအရံ့တွေ အစာမကြေဖြစ်နေပါ့မယ်..”
ခင်မေ ရှည်မိတဲ့ ပါးစပ်ကြောင့် နောက်က အပျိုတစ်အုပ်ရဲ့ ခိုးခိုးခစ်ခစ် လှောင်ရယ်သံကို ကြားလိုက်ရသည်..။
မီးဖိုချောင်ဘက်ကို ပြန်လျှောက်လာပြီး ခင်မေ တစ်ယောက်တည်း အိမ်နဲ့ ခပ်လှမ်းလှမ်းက ခရေပင်အောက်မှာ သွားထိုင်နေလိုက်သည်..။
“ဟလို...ဟလို..ကြားလား..ကြားလား..ဟမ်း..ကျွန်တော်ကတော့ ရန်ကုန်သား..မျိုးနိုင်ဖြစ်ပါတယ်ခင်ဗျာ...ဒီည ကျွန်တော် ဖျော်ဖြေမဲ့ သီချင်းလေးကတော့ မ မချစ်မဖြစ်ပါ ခင်ညာ..”
အသံကို အမျိုးမျိုးလုပ်ပြီး လော်က ထွက်လာတဲ့ အသံဆူဆူကြောင့် ခင်မေ နောက်ကို လှည့်ကြည့်မိသည်..။
မီးစက်သံ လော်သံ ကာလသားသမီးတွေရဲ့ ဆူညံသံ နဲ့ အတူ.ရန်ကုန်က လာတဲ့ ဧည့်သည်တွေက မိုက်ကို ကိုင်တဲ့သူကိုင် တီဗီကို ဖွင့်တဲ့သူဖွင့်နဲ့ အလုပ်ရှုပ်နေကြသည်..။
“ကောင်းပါတယ်လေ...သူတို့ပဲကောင်း..”
ခင်မေ မနက်ဖြန် အတွက်ရင်မောရင်း ရှေ့က အမှောင်ထဲကို ပြန်ငေးကြည့်နေလိုက်သည်..။
ဒီမှောင်မှောင်ထဲ ခင်မေထိုင်နေတာတွေ့ပြီး သရဲလို့ အော်မပြေးရင်ပဲ ကံကောင်းလှပါပြိ...။
ဆိုးလိုက်တဲ့ဘ၀..။
ကိုယ်ပေါ်ကြွေကျလာတဲ့ ခရေပွင့်တွေကို လက်ထဲ ဆုပ်ကိုင်ထားရင်း မျက်ရည်က စီးကျလာသည်..။
“ထိုင်မယ်နော်..’
“ဟင်..’
“ဟာ...ငိုနေတာလား..”
နောက်က ရုတ်တရက် အသံကြားရလို့ လှည့်ကြည့်မိတာ ဧည့်သည်တွေထဲက တစ်ယောက်ဖြစ်နေသည်.။
“အဟင်း..ထိုင်ပါရတယ်..”
ခင်မေ ခေါင်းငဲ့ရင်း မျက်ရည် ကပျာကယာ သုတ်လိုက်ရသည်...။
ခရေပင်မှာ ပတ်လည် ရိုက်ထားတဲ့ ဝါးခုံအစွန်းဘက်မှာ သူက ၀င်ထိုင်လိုက်ပြီး ခုံပေါ်ကြွေကျနေသည့် ခရေတွေကို တယုတယ ကောက်ခါ မျက်လုံးစုံမှိတ်ရင်း ရှိုက်နမ်းလိုက်သည်..။
နှာတံစင်းစင်း မျက်ခုံးတင်းနဲ့ တော်တော်ချောတဲ့ လူပဲ..သတိုးသားရဲ့ သူငယ်ချင်းများလား..ခင် စပ်စုချင်စိတ်က လက်ကို အကြည့်ရောက်သွားတော့ သက်ပြင်းသာခိုးချလိုက်သည်..။
ကံကောင်းလိုက်တာ ရုပ်ချောရုံတင်မကဘူး အသားလေးဖြူလိုက်တာ...
“မမခင် လက်ရာကတော့ တကယ်ကောင်းတာပဲ..”
သူဘက်က စကားစလာတော့ ခင်မေ ဘာပြန်ပြောရမှန်းမသိဖြစ်ရသည်..။
“စားတက်ရဲ့လား.”
“စားတက်တာပေါ့..ကြက်သားနဲ့ ခရမ်းသီး ချက်တာ ကျွန်တော် တစ်ခါမှ မစားဖူးဘူး..တော်တော် ကောင်းပါတယ်..ငရုတ်သီးစိမ်းထည့်ချက်တော့ အနံ့က တစ်မျိုးလေးပဲ..”
“ဒါနဲ့ ပဲနီ ချဉ်ဟင်းလည်း ကောင်းတာပဲ ..”
အစားအသောက်တွေချည်း ဇွတ်ပြောနေတဲ့ ဒီလူ ဗိုက်တောင်၀ရဲ့လားလို့ ခင်မေတွေးမိသည်..။
ကိုယ့်အိမ်လာတဲ့ ဧည့်သည်ကို ၀၀လင်လင် စားသောက်စေချင်တဲ့ စေတနာ အရင်းခံကြောင့်..
“လက်ဖက် စားပါလားဟင်..”
“မစားနိုင်တော့ဘူး တကယ်ပါ..”
“သြော်..ဒီမှာကိုး...”
အနားရောက်လာသည့် မောင်တစ်၀မ်းကွဲ ဆန်းသူကြောင့် နှစ်ယောက်စလုံး လှည့်ကြည့်မိသည်.။
“မမခင် လက်ရာကတော့ ရှယ်ပဲဗျို့..”
“အဟွင်း အခုပဲ ဒီဧည့်သည်က ပြောနေတယ်..ထပ်ပြောပြန်ပြီ..”
“တကယ်ကောင်းတာကိုး..”
“ဧည့်သည် က စားကောင်းတယ်ဆိုတော့ ခင် အမောပြေတာပေါ့.”
“ဟိုး..ဟိုး..မမခင် ဒီကောင့် နံမယ် မသိဘူးလား...”
“ဟင့်အင်း..”ခင် ခေါင်းယမ်းရင်း ၀န်ခံလိုက်တော့ ဆန်းသူက နဖူးကို လက်ဝါးနဲ့ ရိုက်သည်.။
“ရင်းနှီးရမဲ့ သူတွေကိုဗျာ..မှတ်ထား..သူ နံမယ်က ကိုမောင်မောင် အာကာပိုင်စိုး တဲ့ ဗျ..’
“သြော်..ကိုမောင်မောင်အာကာပိုင်စိုး အင်း..”
ခင့်ရဲ့ စကားသံဆုံးတော့ ဆန်းသူက ပြုံးစေ့စေ့ ဖြင့်
“သွားဟဲ လိုက်အုံးမယ်..မင်းလည်း လာလေ..”
“သွားပါ နားတွေငြီးလို့..”
မျက်နှာ ရှုံမဲ့စွာ ညီးတွားလိုက်တဲ့ သူကြောင့် ခင် အားနာသွားရသည်..။
“ရွာမှာဆိုတော့ ဒီလိုပဲ ကိုမောင်မောင်အာကာပိုင်စိုး ကို အားနာလိုက်တာ...”
ခင့်စကား ဆုံးတော့ သူက နှုတ်ခမ်းဖိကိုက်ပြီး ပြုံးစစလုပ်ခါ အမှောင်ထဲကို ငေးနေသည်..။
“ခင် အသံသွားတိုးပေးရမလား..”
“နေပါစေ..မမခင်က ညဏ်ကောင်းတယ်နော်..”
“ဟင်..”
“အော်..နာမ်မယ် တစတဆုံးကို မှတ်မိတယ်...”
“ဘာကြောင့် မှတ်မိသွားမှန်းတောင် မသိဘူး..ကာရံလိုက်လို့ ဖြစ်မယ်.”
“အဟွင်း..ဟုတ်မယ်...”
စကားသံတွေ တိတ်ကျသွားချိန် လေတစ်ချက်အဝှေ့ မှာ ခရေပန်းလေးတွေ ဖွေးခနဲ့ကြွေကျလာပြန်သည်..။
“ခရေတွေ မွှေးလိုက်တာ..”
သူ့ဟာသူ တစ်ကိုယ်တည်း တီးတိုးပြောရင်း ခရေပွင့်လေးတွေ လိုက်ကောက်နေသည်..။
လူတွေ ရုတ်ရုတ် ရှိပေမဲ့ ခရေပင်က ခပ်လှမ်းလှမ်းမှာမို့..ခင် ထသွားရင်ကောင်းမလား..ကြာကြာထိုင်ဖို့လည်း မသင့်တော်ပါဘူးလေ..။
ခုံက မတ်တက်ရပ်ပြီး နှစ်လှမ်းသုံးလှမ်းလျှောက်လာပြီးချိန်မှ
“မမခင်..”
“ဟင်..”
“ကြွေ့ ကို မတွေ့ဘူးနော်..”
ညီမလေးကိုသိနေတဲ့ သူများလား..ခင် ဘယ်လိုပြောရပါ့မလည်း...။
“ကြွေ မရှိဘူး..ကိုမောင်မောင်အာကာပိုင်စိုးရဲ့.သွားလိုက်အုံးမယ်နော်”
“မရှိဘူး..”
ခင် နှုတ်ဆက်တာကို မတုန့်ပြန်ပဲ သူ့ဟာသူ တစ်ကိုယ်တည်း ပြောနေပြန်တော့ ခင်မေလည်း ကျောခိုင်း ထွက်လာခဲ့လိုက်သည်..။
ခင်မေ အိမ်ပေါ်တက်ခါနီး လှေကားနား အရောက် မိုက်လုရင်း သီချင်းအော်ဆိုနေသည့် ဧည့်သည် နှစ်ယောက်ထဲက ဘယ်သူက သတိုးသားလောင်းများလည်း..
ဘယ်သူပဲဖြစ်ဖြစ်ပျော်ပါစေလေ...မနက်ဖြန် ၀ရုန်းသုန်းကား ဖြစ်မှာ မြင်ယောင်မိပါသေးသည်..။
“သား...ဘာတွေလည်း.”
“ခရေတွေ မာမီ..အရမ်းမွှေးတယ်နော်...”
“အင်း..ဟုတ်တယ်...ထိုင်အုံး..မာမီသားလေး မနက်ဖြန်ဆို လူကြီး ဖြစ်ပြီဆိုတော့ မာမီ တဝြကည့်ပါရစေအုံး..”
မာမီက ခရေပင်အောက်မှာ ၀င်ထိုင်ရင်း လက်ကို ဆွဲခေါ်တော့ အာကာ ထိုင်လိုက်ရသည်..။
“သား ပျော်နေရဲ့လား..”
“ပျော်ပါဘူး..ခုထိ မတွေ့ရသေးဘူး..”
“အောင်မလေး ယူတောင် မယူရသေးဘူး..”
မာမီစကားကြောင့် အာကာ မလုံမလဲ ဖြင့် ခရေပွင့်တွေကို လက်ထဲက ထုတ်ချမိသည်..။
“ဟင်း..မာမီကတော့ ဘာပဲဖြစ်ဖြစ်ကွာ..ညဘက်အိပ်ပျော်ပြီ..အစားအသောက်ကောင်းတွေစားရရင်လည်း မျက်ရည်ကျစရာမလိုတော့ဘူး..”
“ဘာလို့..”
“သား မိန်းမရသွားပြီလေ..မဟုတ်ရင် ငါ့သားလေး တစ်ယောက်တည်း နေမှကောင်းရဲကလား စားရ အဆင်ပြေပါ့မလား အမြဲပူနေရတာ..”
“အင်း...ခုတော့ စိတ်ချလိုက်တော့..”
“အသက်ကွာပေမဲ့ မာမီကတော့ သဘောတူတယ်..အင်း ရုပ်ရည် ပကာသန ဥစ္စာ ဆိုတာ မတည်မြဲပါဘူးကွာ..မေတ္တာတရားသာ ရှိရင် လောကမှာ ပျော်စရာတွေချည်းပဲ အခုလို သားသတ္တိရှိရှိ ရွေးချယ်တာကို မာမီက ဂုဏ်ယူနေတာပါ..ပြီးတော့ ကျေးဇူးလည်းတင်တယ်...”
“မာမီ သဘောတူပေးတာကို ကျေးဇူးတင်ပါတယ်..ချက်ချင်းကြီး စီစဉ်လိုက်တာကို မယုံနိုင်သေးဘူး..”
“မာမီမှာ သားတစ်ယောက်တည်း အတွက် ဘယ်လောက်စိတ်ပူနေရသလည်း သိရဲ့သားနဲ့..ခင်မေ ကိုတွေ့တော့ စိတ်ထဲ သိပ်မတွေ့ပေမဲ့ အတူသွားလာတီးခေါက်မိတော့ ကလေးမ က မဆိုးပါဘူး.”
“သားလည်း ..ခင်ကြွေ့ ကိုမတွေ့ရသေးဘူး..”
“ဦးမိုးဝေမှာ ခင်မေ ဆိုတဲ့ သမီးတစ်ယောက်တည်း ရှိတာကိုး..”
“ဗျာ...”
ပြူးကျယ်ဝိုင်းစက်ပြီး တအံတသြဖြစ်ပြနေသည့် သားမျက်နှာကြောင့် မစိုး မျက်ခုံးတွန့်သွားရသည်..။
“ဘာဖြစ်လို့လည်း..သားရဲ့..”
“သား...ယူရမှာ ဘယ်သူလည်း..”
“ခင်မေဆို..”
“ခင်မေ ဆိုတာ ဘယ်သူလည်း..”
“ဟောကြည့်..သားတို့ကို ထမင်းခူးခပ်ကျွေးနေတာလေ..မာမီတောင် စလိုက်သေးတယ်လေ..လက်ရာကြောင့် အမေ မေ့မယ်လို့လေ..အကျီီ အသားရောင်လေးနဲ့ တစ်ယောက်.သားကလည်း အမေကို ပြန်စစ်ဆေး စရာလား..”
အာကာ့ ခေါင်းတွေ ချာချာလည် ထွက်သွားရသည်..။
ရွာထဲက အလှူ လာကူသူ ထင်မိတဲ့ မမခင်ဆိုတဲ့ အသားမဲမဲ ရုပ်ဆိုးဆိုး အသက်ကြီးကြီးလား...။
“မဟုတ်ဘူး..သူ့ဆို သားမယူနိုင်ဘူး...သူ ဒီလောက် ရုပ်ဆိုး မဲနေတာ..ဟာ..ဘာတွေ ဖြစ်တာလည်း..”
ခေါင်းတစ်ခါခါ ဖြစ်နေသည့် သားကို ကြည့်ရင်း မစိုးလည်း နားမလည်နိုင်ဖြစ်ရသည်..။
“သားပြောလို့ မာမီ လာတောင်းပေးတာလေ..အခုသား ဘာတွေပြောနေတာလည်း..”
“သားပြောတာ ခင်ကြွေပါ မာမီ ခင်ကြွေ..ဒီမှာ..”
အာကာ ငိုသံပါပါ နဲ့ အိတ်ကပ်ထဲက ဓာတ်ပုံ ထုတ်ပြလိုက်တော့ မာမီက ယူကြည့်သည်..။
“ဟင်..လွဲကုန်ပါပြီဟယ်...ဒါဖြင့် ဦးမိုးဝေက သမီး တစ်ယောက်တည်း ရှိတာလို့ ဘာလို့ ပြောလည်း..”
“မသိဘူး..မယူနိုင်ဘူး..မာမီ လုပ်အုံး..နေအုံး သားသွားရှင်းမယ်..”
စိတ်လိုက်မာန်ပါ ထရပ်လိုက်တဲ့သားဖြစ်သူလက်ကို ဆွဲကိုင်တားဆီးလိုက်ပြီး..
“နေစမ်း..မာမီပြောကြည့်မယ်...သားဘာမှ မပြောနဲ့ မိန်းကလေးဘက် က သိက္ခာလည်း ရှိသေးတယ်..”
“မာမီ..သားပြောတာကြွေပါ မာမီရယ်..ကြွေပါ...”
“အင်း..အင်း..”
မာမီ က ထသွားပေမဲ့ အာကာ လက်ထဲက ခရေပွင့်တွေကို စိတ်လှုပ်ရှားမှု အတိုင်းဆုပ်ချေလိုက်မိသည်..။
“ကိုမိုးဝေကော.”
“ဟိုဘက်ရွာကို သွားတယ်...ဒေါ်ဒေါ်...’
“ခင်မေကော..”
“အပေါ်မှာ..”
မစိုး အပေါ်ထပ်ကို တက်လာပြီး တံခါးဟနေသည့် ခင်မေ့ အခန်းရှေ့မှာ ရပ်လိုက်သည်..။
မာကျူရီ မီးအဝါရောင်အောက်မှာ ဒူးတုတ်ထိုင်ရင်း အပ်ချည် လုံးတွေနဲ့ အလုပ်ရှုပ်နေသည့်ပုံ...။
“သမီးရေ..”
“သြော်..ဒေါ်ဒေါ်...လာလေ..”
တံခါး၀မှာ ရပ်လိုက်ရင်ပဲ ဖော်ရွေစွာခေါ်လိုက်တော့ အခန်းထဲ ၀င်လိုက်သည်..။
“ဘာတွေ လုပ်နေတာလည်း..သမီး.”
“မနက်ဖြန် ၀တ်ဖို့ အကျီ င်္ နည်းနည်းချောင်နေလို့ လက်ချူပ်လိုက်နေတာ..ဒေါ်ဒေါ်..”
“အို..အခုမှလား..တစ်ယောက်ယောက်ခိုင်းပါလား..ကိုမိုးဝေ မစီစဉ်ထားဘူးလား..”
ခင်မေဘာပြောရမှန်းမသိအောင်ဖြစ်သွားရပြီး အဘ အပြစ်မဖြစ်ရအောင်..
“အလောသုံးဆယ် ဖြစ်သွားတော့ အဘ လည်း မတွေးဖြစ်ဘူး ထင်ပါတယ်..ကိုယ့်ရပ်ကိုယ့်ရွာဆိုတော့ ဘာမှ မဖြစ်ပါဘူး..ဒေါ်ဒေါ်..”
ဇာနည်းနည်းပါသည့် အကျီ င်္ အဖြူရောင်ကို လက်ထဲမှာကိုင်ရင်း ကိုယ်တိုင်ချူပ်နေသည့် ခင်မေကိုတွေ့တော့..
ရုပ်ရည် အဆင့်အတန်း အသားအရောင် တစ်ခုမှ မမြင်တော့ပဲ..မနက်ဖြန် ကိုယ်၀တ်ရမဲ့ သတိုးသမိး ၀တ်စုံကို ကိုယ်တိုင် ချူပ်နေရသည့် သတိုးသမီး အဖြစ်ကိုပဲ တွေးမိခါ သနားမိသည်..။
“မာမီ ချူပ်ပေးမယ်လေ..”
“ပြီးပါပြီ..”
ပြောရင်း ဘေးချထားတဲ့ ကတ်ကြေးကိုယူခါ လက်စလုံးချည်ကြိုးကို ဖြတ်လိုက်ပြီး အကျီ င်္ကို ခေါက်နေပြန်သည်..။
“လာ ၀တ်ကြည့်ပါအုံး မာမီကြည့်ပေးမယ်..”
မိန်းကလေးတစ်ယောက် ရုပ်ဆိုးဆိုး ရုပ်လှလှ ဖြူဖြူ ညိုညို ရှက်စနိုး အပြုံးတစ်ခုတော့ ရှိတက်သည်ပဲ.။
“အင်း ချူပ်တက်လိုက်တာ သီလိုက်တဲ့ ခါးနေရာတော့ ကွက်တိ ဖြစ်ပြီ..လုံချည်ပါ ၀တ်ကြည့်ပါလား”
ခင်မေ ရှက်နေပေမဲ့ အကြံပေးသူရှိတုန်းလေး ၀တ်ပြလိုက်ရသည်..။
“လိုက်ပါတယ်...”
ကျောဘက်အကျီ င်္ကို ဆွဲချပေးရင်း..
“သမီး ညီမလေး ကြွေရော မတွေ့ပါလား..”
“ရှင်..”
“မာမီ ကို အမှန် အတိုင်းတော့ ပြောစေချင်တယ်ကွယ်..ကိုမိုးဝေ ကို တိုက်ရိုက်မေးရင် လူကြီးချင်းမို့ မျက်နှာနာစရာရှိမှာစိုးလို့ပါ..”
ခင်မေရှေ့ က မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ပုံ၇ိပ်ကို ငေးရင်း မျက်ရည်စို့တက်လာသည်..။
“ဟို..ဟို...ခင် လိမ်တာ မဟုတ်ပါဘူး..ဒေါ်ဒေါ်..”
“ခင် လိမ်တယ်လည်း မပြောပါဘူးကွယ်..ဒါက နားလည်မှုလွဲတာပါ..”
“ညီမလေးက ဒေါ်ဒေါ်တို့လာမဲ့ ညကပဲ သူ့ချစ်သူနဲ့ လိုက်ပြေးလို့ပါ...အဘကလည်း လိမ်တာမဟုတ်ပါဘူး..စိတ်ဆိုးနေတုန်းမို့ သမီးတစ်ယောက်တည်း ရှိတာလို့ ပြောလိုက်တာပါ..”
“အင်း...ဒါပေမဲ့..ကြွေ မရှိဘူး ထင်ပြီး သမီးကိုပဲ သားချစ်သူလို့ ထင်ခဲ့တာ..”
“ဟုတ်ပါတယ်.သတိုးသားက..ကြွေမို့လို့ လက်ခံခဲ့တာကို အဘကလည်းပြောပြပါတယ်..အချိန်မလွန်ခင် ရပ်လိုက်သင့်ပါတယ်...ရပ်ကျော်ရွာကျော်ဖြစ်ပြီးသားမို့အဘကလည်း ခင် အရှက်ကိုငဲ့ပြီး မပြောထွက်ခဲ့တာပါ..ဒါပေမဲ့ နောက်ပိုင်းအကြောင်းပိုဆိုးလာရင် ခက်လိမ့်မယ်..ဒေါ်ဒေါ် ဒါကြောင့် မင်္ဂလာပွဲကို ဖျက်လိုက်ပါနော်...”
“ဒါဖြင့် သမီးကရော ဘယ်လို ဖြစ်မလည်း..”
ခင် သက်ပြင်းတစ်ခု ထင်ထင်ပေါ်ပေါ် ချလိုက်မိပြီး ခေါင်းငဲ့စောင်းခါ
“ချီးမွန်း ၇ရက် ကဲ့ရဲ့ ၇ရက် ပါပဲ..လူတစ်ယောက်ရဲ့ မေတ္တာတရားကိုတော့ အလွဲအပြောင်း မလုပ်သင့်ပါဘူးလေ..”
“မာမီ သဘောပေါက်ပြီ..ခင်ပြောသလိုပဲ လုပ်ကြတာပေါ့..မာမီ မမှားပါဘူးနော်..”
“ဟုတ်ကဲ့ မှန်ပါတယ်..”
အခန်းထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ချိန် အ၀တ်အစား ဖြူသန့်သန့်လေးတွေကို ပြန်ခေါက်ရင်း မှန်ကန်တဲ့ လုပ်ရပ်တစ်ခုကြောင့် အပြုံးယဲ့ယဲ့ ဖြစ်မိသည်..။
လိပ်ပြာလုံ သွားပါပြီလေ...။
မနက်ဖြန် ဖြစ်လာမဲ့ ခင်မေဘ၀ ရဲ့ ခေါင်းစဉ်တစ်ခု အဖြစ် အရှက်တကွဲ အကျိုးနည်း ပြီး လူပြောများလာမည့် ကိစ္စ တစ်ခုကို ခင်မေပုံဖော် ကြည့်မိသည်...။
“အို...အမှန်တရားဆိုတာ..လွယ်ကူတာမှ မဟုတ်ပဲ..”
မီးလုံးမှိတ်ပြီး ဖျာကြမ်းပေါ်ကျောချလိုက်ချိန် မိုက် သံ နဲ့ အတူ ပြန့်လွင့်လာတာ..
“မှိုင်းညို့ညို့ဆိုင်းလို့ရယ် ညိုပြာရည်မှောင်ခြယ် တောတန်းလေး နံဘေးက အဆွယ် အဲဒီရွာပဲကွယ်..
သဘောကောင်းတဲ့ ကလေးမရယ် ရွာကို အလည်လာမယ် မင်းတို့ အိမ်ရောက်တော့ ကွယ် မောင့်ကို ဘာကျွေးမယ်..”
စားဖို့သောက်ဖို့ချည်း ဆိုနေကြတာ ဗိုက်များဆာနေကြလို့လား..။
ခင်မေ စိတ်ထဲ လျှောက်တွေးမိရင်း အားနာရပြန်သည်..။
“ခင်မေ..ဟေ့...ခင်မေ..”
အဘ အော်ခေါ်သံကြောင့် ငုတ်တုတ်ထထိုင်လိုက်ရသည်..ဆံပင်တွေကို လက်နှစ်ဖက်နဲ့ စုသပ်သိမ်းပြီး တစ်ပတ်လျှို ထုံးလိုက်ရသည်..။
“အဘတော့ ရိုက်တော့မလား မသိဘူး..”
“ဟေ့..ခင်မေ..”
“လာပါပြီ..အဘ..”
အခန်းထဲက ထွက်လာတာနဲ့ အဘ ရဲ့ ရှုတည်တည် မျက်နှာထားကြောင့် ခင်မေ စိုးရိမ်မိသည်.။
အဘလည်း ရှက်နေရှာမှာပဲ...။
“တကယ်တဲ..လင်ဖြစ်မရသေးဘူး အကျင့်ကပျက်နေပြီ...နေဖင်ထိုးနေပြီ မထနိုင်သေးဘူး..ညည်းနော် အချိုးတွေပြောင်းဖို့ မကြိုးစားနဲ့..”
“ညက လော်သံကြောင့် အိပ်မပျော်လို့ပါ အဘ..”
“ဆင်ခြေ လာမပေးနဲ့ ပွဲက စတော့မယ် ဘာမှ မလုပ်ရသေးဘူး..’
“ရှင်.”
“သွား ရေချိုး အ၀တ်အစားလဲလေ...”
“ရှင်..”
“တယ်..တရှင်ရှင် နဲ့ ငါထုလိုက်ရ...”
အဘ လက်ရွယ်လိုက်မှ ခင်မေ အခန်းထဲ သွက်သွက် ပြန်၀င်လာခဲ့သည်..။
“ဘာတွေဖြစ်လာမှာလည်း..”
“သမီး ခင်ရေ မာမီ ၀င်လာမယ်..”
“ဟုတ်ကဲ့...”
“ဟယ်..အ၀တ်အစားတွေ လဲတော့လေ..သမီးရဲ့ သားတောင် အဆင်သင့်ဖြစ်နေပြီ...လာလာ..’
ခင်မေ အကျီ င်္ ကို ယူပြီး အဆင်သင့် လုပ်ပေးနေတော့ အားနာရပြန်သည်..။
“ထိုင်...ကိုမိုးဝေ ကို အလှပြင်ဆရာမ ရှာခိုင်းတာမရခဲ့ဘူး..မာမီပဲ ပြင်ပေးတော့မယ်နော်..ဖြစ်တယ်မလား..”
“ရှင်........ဟုတ်...”
ဘေးမှာ ချပြီး ဖွင့်လိုက်တဲ့ သေတ္တာ သေးသေးထဲမှာ ခင် မသိတဲ့ အလှပြင် ပစ္စည်းတွေချည်း...။
ခင်မေ မျက်နှာကို ဒါတွေ လိမ်းရင်ကော လှသွားမှာလား...နဂို ရှိမှ နဂိုင်း ထွက်တာပါ ဒေါ်ဒေါ်ရယ်..။
သတိုးသားက လက်ခံလိုက်ပြီလား...ဘာဖြစ်လို့လည်း..လူကြီးတွေကို ကြောက်လို့များလား..။
ခင့်ကို လက်၀တ်လက်စားတွေပါ ဆင်ပေးပြီး..
“ဒါ သမီးကို အပြီးပေးတာနော်..”
“ရှင်..” မယုံနိုင်ခြင်းနဲ့ အတူ စဉ်းစာရခက်နေပြီမို့။
“ဒေါ်ဒေါ် သူက လက်ခံရဲ့လား ဟင်..”
“ဒေါ်ဒေါ် မခေါ်ပါနဲ့ကွယ် မာမီပဲ ခေါ်ပါလား..”
“ဟုတ်ကဲ့..”
ခေါင်းညိတ်ပြီး ခပ်ငုံငုံ ထိုင်နေသည့် သူမ ကို ကြည့်ရင်း ညက သားနဲ့ အချေအတင် ဖြစ်ရတာ သတိရတော့ စိတ်မောရသည်..။
“ဘယ်လိုလည်း မာမီ..”
“ကြွေက ယောင်္ကျားရသွားပြီတဲ့..”
“ဟင်..ဒါဆို သူတို့က လိမ်ထားတာလား.’
“လိမ်တယ်လည်း မဟုတ်ဘူး..မာမီတို့နဲ့ နားလည်မှု လွဲသွားတာပါ..”
“ဒါဆိုလည်း မယူနိုင်ဘူး ပြောပြီး ပြန်ကြမယ် မာမီရယ်..”
ခပ်ညီးညီး ပြောလိုက်တဲ့ သားဖြစ်သူကို စူးစူးရဲရဲ မော့ကြည့်ခါ...
“အာကာပိုင်စိုး..မင်း ဘယ်လို ပြောလိုက်တာလည်း...”
ခက်ထန်နေသည့် အမေလုပ်သူ မျက်နှာကို နားမလည် နိုင်သလို ငေးကြည့်ပြီးမှ..။
“ဘာဖြစ်လို့လည်း..ဟင်..”
“တစ်ဖက်က မိန်းကလေး တစ်ယောက် သိက္ခာကို မင်းငဲ့ရမယ်လေ..ရွာသိရပ်သိ ပွဲဖိတ်ပြီးခါမှ မယူဖြစ်ဘူးဆို သူ ဘယ်လောက် ခံရမလည်း.ပြီးတော့ ဒါ မြို့မဟုတ်ဘူး..သူ့ယဉ်ကျေးမှုနဲ့ သူနေတာ..ကောင်မလေးကို ဘယ်လောက် ပြောဆိုကြမလည်း သိရဲ့လား..”
“မသိဘူး..မာမီ...သား အဲဒိ အသက်ကြီးကြီး ရုပ်ဆိုးမဲ ကို မယူနိုင်ဘူး မာမီ..မာမီကကော သဘောတူတာပဲလား..”
“မိခင် တစ်ယောက် အမြင်နဲ့ ကြည့်ရင်တော့တူစရာ အကြောင်းမရှိဘူးလေ..”
“အဲဒါပြောတာ ပြန်ကြမယ်နော်..”
“မိန်းမ တစ်ယောက် အမြင်နဲ့ ကြည့်ရင် သဘောတူတယ်..”
“ဟာ..မာမီ...”
“အိမ်ထောင်မှု ကိစ္စ လည်း နိုင်နင်းတာပဲ သားကိုလည်း စိတ်ချရမယ်..ဒါကြောင့် ဒီမိန်းကလေးနဲ့ သားကို မာမီ ပေးစားချင်တယ်...သားသဘောမတူရင်တော့ မာမီ အရှက်ကွဲမှာပဲ..သားကို မနိုင်တဲ့ အမေတစ်ယောက် ဖြစ်စေချင်လား..”
“မာမီ ပြောနေတာ..မဟုတ်သေးဘူး..မလွယ်ဘူး.မာမီ...ဟာ.အဆင်မပြေဘူး..ပြီးမှ ကွဲကြကွာကြရင် ပိုဆိုးမှာပါ...”
“ဒါလည်း တစ်ခါတည်း ကတိပေး..မိန်းကလေးဘက်က အပြစ်မရှိပဲ သားကွာရှင်းလို့မရဘူးနော်..”
“ဟာ..”
“ယောင်္ကျား ပီသတဲ့ စိတ်မျိုးပဲ ရှိစေချင်တယ်..”
“မာမီ..သားမှ သူ့ကို မချစ်တာ..မချစ်ဘူး..လုံး၀ မချစ်ဘူး..ခံစားဖို့ မပြောနဲ့ ကြည့်ဖို့တောင် အဆင်မပြေဘူး..”
“ချစ်ခြင်းမေတ္တာ ကို အထင်မသေးနဲ့သား ..သူ့မှာ အလျားအနံ အဆုံးမရှိဘူး..ဖြစ်တည်လာတဲ့ အခါကျရင် ကိုယ်က တားဆီးချင်တောင် မရဘူး..”
“မာမီ့..”
“မာမီ့ မျက်နှာကို ထောက်ထားပြီး လက်ခံပေးပါသားရယ်..သားတစ်နေ့ သိလာမှာပါ..မာမီ စိတ်ဆင်းရဲတာ မြင်စေချင်လားဟင်...”
အမေတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် နာကျင်စွာ လက်ခံလိုက်ရမှန်း အရည်လဲ့နေသည့် မျက်၀န်းတွေက သက်သေခံနေသည်..။
“ခင်မေရေ..သတိုးသားရောက်လာပြီ..”
“ဟယ်..သမီး..မာမီကလည်း မေ့နေတာ..”
“ဆင်းကြမယ်နော်..”
ယောက္ခမ တစ်ယောက်ရဲ့ အယုအယ လား မသိပေမဲ့ ခင်ကတော့ ရင်တွေ တဒိတ်ဒိတ် ခုန်နေပြီလေ...။
လှေကား ကို တစ်ထစ် ဆင်းတိုင်း ရင်ခုန်နှုန်းက ပိုပို မြန်လာသည်..။
ရွှေရောင်စာလုံးတွေနဲ့ အလှဆင်ထားသည့် လိုက်ကာမှာ မောင် အာကာပိုင်စိုး နှင့် မ ခင်မေ တဲ့..ဒါဆို
ခင်မေ အကြည့်တွေက လျှပ်တပြတ် ခုံမှာထိုင်နေတဲ့သူ့ဆီ အကြည့် ရောက်သွားရသည်..။
“ဟင်...ကိုမောင်မောင်အာကာပိုင်စိုး..”
“ဆင်းလာပြီး..ဆင်းလာပြီ..သတိုးသားထလေ...”
ကိုဆန်းသူတို့ နောက်က လက်ကုတ်နေတော့ ဘုကြည့်ပြန်ကြည့်လိုက်သည်..။
“ဟီး..ဟီး...အာကာကွာ..မင်း မဟေသီက လှတောသူ ယဉ်လှပါလား..”
“အဟီး...တောမှာလာရှာတာ..ရသွားပြီ..”
“နဖူးစာ ရွာလည်တာလေ...”
“ညကျရင် အောက်နိမ့် အိပ်နော် ငရဲကြီးလိမ့်မယ်..”
ငယ်သူငယ်ချင်း သုံးယောက်ကို အရံ့လုပ်ပေးဖို့ ခေါ်လာမိခါမှ..တစ်ယောက်တစ်မျိုး ဝေဖန်နေသမျှ ခံနေရသလို သတိုးသမီး ဆိုတာကိုလည်း ကြည့်ပြီး ရင်မခုန်ချင်...
စိတ်ထဲမှာလှိုက်တက်နေတာ ယူကြုံးမရ ၀မ်းနည်းတဲ့စိတ်တွေ..။
“ယူချင်အုံး ဟ မိန်းမ..”
လှိုင်၀င်း စကားတစ်ခွန်းက ထိချက်ပြင်းသွားတော့ ကိုဆန်းသူ ကို မိုက်ကန်းကန်း ဆိုက်ကြည့်ပစ်လိုက်သည်..။
“ဘာလည်း..ဟ...”
အူကြောင်ကြောင် လုပ်နေသည့် ကိုဆန်းသူကို ကြည့်ရင်း သွားကြားစေ့လေသံဖြင့်ပြောလိုက်သည်..။
“ခင်ဗျားကြီးကြောင့်....”။・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・
စာရှည်သွားတယ် နော် အသဲတုံးရေ 🙏
ဒီနေ့ အ်ိပ်ပျော်သွားလို့😁🙏😜
စာတင်တာ နေကျဝါးတယ် ဆောဒီး 🙏အရေးအသားမကောင်းပေမဲ့
သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော် ❤
Love u all
#စပိုက်ကာ
YOU ARE READING
ပန်းကြိုးနွယ်
Romance" စိမ်းကားနေတာ အသည်းတွေတကယ်နာကျင်ရတယ်.. မုန်းတယ်သိလား..မုန်းတယ်..ချစ်လွန်းလို့မုန်းရတယ်..မဖြစ်သင့်မှန်းသိလို့မုန်းရတယ်...." :・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・ " သူ ခွင့်ပြုတောင် ကိုယ်မလုပ်နိုင်ဘူး..ရင်းနှီးတာအချိန်ကြာရင် ကိုယ့်စိတ်တွေလည်း ထိန်းချူပ်လိ...