Part 15

4.5K 196 3
                                    

ပန်းကြိုးနွယ်
အပိုင်း (၁၅)
#ပန်းကြိုးနွယ်

“မမခင်..”
“ဟင်..”
“အင့်..”
အာကာ လှမ်းပေးလိုက်သည့် အထုတ်ကို ကြည့်ပြီး ယူခါ ရေခဲသေတ္တာထဲထည့်ဖို့လုပ်နေပြန်ပါပြီ..။
“မမခင်...ဘာလည်းသိလို့လား..”
“..သူစားဖို့ မုန့်၀ယ်လာတာမလား..”
“ဟား..ဟား...ဖွင့်ကြည့်ပါအုံး..မမခင်ဖို့ ၀ယ်လာတာ..”
အထူးအဆန်း ဖြစ်နေသည့် ခင်ဖို့ဆိုတဲ့ စကားလုံးကြောင့် စိတ်ထဲ အံသြ ကြည်နူးမိသွားပြီးမှ ကိုယ့်အခြေအနေကို သတိပြန်ပေးနေရသည်..။
“အကျီ င်္စလား..”
“အင်း ကြိုက်ရဲ့လား မမခင်...”
“လှပါတယ်..စျေးကြီးမှာပဲနော်..”
“မျကီးပါဘူး..”
“မမခင်..ကျွန်တော် ရေချိုးပြီးမှ ထမင်းစားမယ်..”
“အင်း..ညက ချောင်းဆိုးသံကြားတယ် ကြာကြာမချိုးနဲ့နော်..”
“အမ်း..”
အာကာ အခန်းထဲ ရောက်တဲ့ အချိန်အထိ အပြုံးဝေနေရသည်..။
ရုံးက မဝါတို့ ချည်ချိတ်ဆိုတာ အွန်လိုင်းက မှာပြီး အရောင် အဝေမတည့်ဖြစ်နေကြချိန် အာကာပါ မမခင် အတွက် တစ်တည် ရွေး၀ယ် လိုက်တော့ အရောင်ကောင်းယူလို့ ဆိုပြီး အားလုံး နှုတ်ခမ်းဆူကျန်ခဲ့ကြသည်..။
“ဟူး...လှပါတယ် ကြိုက်ပါတယ်..ရွေးတာတော်လိုက်တာ... ကိုမောင်မောင်အာကာပိုင်စိုး ရယ် လို့ ပြောပါလား..” အာကာ မကျေမနပ်တိုးတိုး ရေရွတ်ရင်း ရယ်လိုက်မိသည်...။
ရုံးမှာ နဒီနဲ့ ရှောင်နေရတာ စိတ်မသက်သာပေမဲ့ အိမ်ပြန်လာချိန် မမခင်ကို တွေ့ရင် ကိုယ့်လိပ်ပြာ ကိုယ်လုံသည် မို့ ဖြေသာသေးသည်..။
“အဟွတ်..အဟွတ်..”
ချောင်းဆိုးသံနဲ့ အတူ နံရံက ပြန်ကန်ထွက်လာသည့် အသံကို နားထောင်မိသည်..။
“အသံ လုံချက်..”
အာကာ ရေချိုးပြီး ရေသုတ်နေချိန် စကားသံတွေကြားရလို့ ထွက်လာခဲ့လိုက်တော့ ကိုဆန်းသူ နဲ့ မယုဝေ က ဧည့်ခန်းမှာ အကျအန..။
“ယောက်ဖ မင်းကလေ...သောက်ရမ်း မျက်နှာလိုက်တယ်သလား..”
“ကျွန်တော် ဘာများလုပ်မိလို့လည်း..”
“ဟ..ပိတ်ရက် တစ်ရုံးလုံးကို ထမင်းခေါ်ကျွေးတယ်..ငါ မပါဘူးလေ..”
“ဟာ..ကိုဆန်းသူက ဖိတ်မှ လာရမဲ့သူမှ မဟုတ်တာ..ဆရာ လာတော့ ဟို ကပ္ပိယတွေက ဘေးတွဲ အနေနဲ့ လိုက်လာကြတာပါ..”
ညဘက်ကြီး မကျေနပ်ချက်တွေနဲ့ ရောက်ချလာတဲ့ ကိုဆန်းသူကို အာကာ သေချာ ရှင်းပြနေရသည်..။
“မင်းနော်..မင်း..မိန်းမမရခင်တုန်း ငါတို့အိမ်မှာချည်း လာစားပြီးတော့ “
“မယု က မကျွေးဘူးလား.”
“ဟဲ့..”
“ဟား..ဟား..ထိုင်အုံး ထမင်းသွားပြင်လိုက်မယ်...ကျေနပ်အောင် ထမင်းစားသွားပါ...”
“မင်း မိန်းမ တစ်ယောက်တည်း လုပ်နိုင်ပါတယ်..”
“လုပ်နိုင်တာတော့သိတာပေါ့...”
“.ပင်..ပန်း...နေ..မှာ...စိုး.လို့..ဟဲဟဲ..”
ကျကျနန ဇိမ်ပြေနပြေဆွဲ ပြီးပြောနေတော့ ကိုဆန်းသူက မခံစားနိုင်တော့ပဲ
“ခွေးကောင်...”
အာကာ မီးဖိုခန်းထဲ ရောက်တာနဲ့ မျက်နှာပျက်နေသည့် မမခင်က ဆီးကြိုနေသည်..။
“ဘယ်လို လုပ်ကြမလည်းဟင်..ဟင်းတွေက မနက်က အကျန်တွေပဲ ရှိတော့တယ်..”
“ဟာ..မမခင်ကလည်း..ဧည့်သည် ဆိုတိုင်း အသစ်ချက်ကျွေးရတာ ပင်ပန်းတယ်..သူတို့လာတဲ့ အချိန်ကို ကြည့်အုံးလေ..ရှိတာပဲ စားပါစေ..အသုပ် တစ်ခုခု အမြန်လုပ်ပေးလိုက်မယ်..”
“အင်းနော်..အဲဒါပဲ မှီတော့မယ်..”
“ကျွန်တော် ဟင်းပန်ကန်တွေ ပြင်လိုက်မယ်..”
အာကာ ပန်းကန်တွေ ယူပြီး ဟင်းဖြည့်ခါ စားပွဲပေါ်မှာ တစ်ခါတည်း တင်လိုက်သည်..။
“ကြည့်ပါအုံး လိုသေးလား မမခင်..”
“လောက်ပါ့မလား.”
“အဆင်ပြေမှာပါ..သူစိမ်းတွေမှ မဟုတ်တာ..ထပ်တောင်းလည်း  အိုးပြောင်နေပြီ ပြောလိုက်မယ်..”
“စားလို့ ရပါပြီ ယောက်ဖတော်..”
“အေး..အေး..လာ..ကလေး..”
မိန်းမကို ရွှေလက်ဆွဲပြီး မီးဖိုခန်းထဲ ၀င်လာတော့ အာကာ အမြင်ကပ်မိသည်..။
ကလေး ခေါ်လိုက် အသည်း ခေါ်လိုက် အမျိုးမျိုးခေါ်ပြပြီး သူများကို မိန်းမလိုချင်အောင် လုပ်ခဲ့တဲ့ အယုတ်တမာကြီး....။
“မမခင် ကို တောင်းပန်ချင်နေတာ..”
မယု က စားလက်စဇွန်း ကို ချပြီး ပြောလိုက်တော့ အာကာ နားစွင့် ထားမိသည်..။
“နဒီ့ သူငယ်ချင်းက ရိုင်းသလို ဖြစ်သွားတယ်လေ..နဒီကလည်းကလေးလို ဆိုတော့ မမခင် စိတ်ဆိုးနေမှာစိုးလို့ပါ..”
“အို..ခင် စိတ်မဆိုးပါဘူး..ယု ရဲ့..”
“ယု သိပါတယ်..ဒါပေမဲ့ မကောင်းဘူး..ယုတော့ ကောင်းကောင်း ဆူပစ်လိုက်တယ်..”
“သနားပါတယ်...ခင် စိတ်ထဲ မထားပါဘူး..”
“အာကာ့ ကိုလည်း အစ်မ တောင်းပန်ပါတယ်..”
“ရပါတယ်..မယု..”
အာကာ စိတ်မ၀င်စားသလိုမျိုး ရေခွက်တွေကို ရေလိုက်ဖြည့်နေလိုက်သည်..။
“မမခင် လက်ရာ ရှယ်ပဲ..ကောင်းမှကောင်း..”
“ဟုတ်တယ်...ယုလို စိတ်မ၀င်စားတဲ့သူတောင် မမခင် ဆီမှာ သင်တန်းလာတက်ချင်သွားပြီ..”
“ဟား..ဟား..ကောင်းတယ်..”
ကိုဆန်းသူက သူ့မိန်းမ ကို လက်မထောင်ပြပြီး ၀မ်းသာအားရထောက်ခံတော့ မယု က မျက်စောင်းထိုးပြီး..
“တက်ပြိး လည်း ကိုယ့်အတွက်ပဲ ကိုယ်ချက်နိုင်မှာနော်..”
“ဟား..ဟား..ထောက်ခံတယ်..”
“သဲ ကလည်း..တကယ်ကြီး အဲလို ရက်စက်မှာလား..မမခင် ဒီကောင်ကိုလည်း..ဘာမှ ချက်ကျွေးမနေနဲ့..”
“ဟောတော့..”
အာကာ့ ကို မကျေနပ်လို့ ကိုဆန်းသူက မနိုင်နိုင်ရာ မမခင်ဘက်ကို ရာဇသံ ပြန်ပို့သည်...။
“ဟား..ဟား..မရဘူးလေ...စေတနာကို ဘာနဲ့တားချင်နေတာလည်း..ယောက်ဖကြီးရဲ့..”
“မမခင် အာကာ ကို ချက်ကျွေးရင် ကျွန်တော်နဲ့ဆွေမျိုးပျက်ပြီပဲ..”
“ဟား..ဟား...”
“အာကာ ချက်ကျွေးမှာ ပေါ့နော်..”
“အင်းပေါ့..”
အာကာ လို့ ပြောင်းခေါ်လိုက်တာ သတိထားမိလိုက်ပေမဲ့..ထင် ထား သလောက် ၀မ်းမသာမိတာ အမှန်....။
ကိုဆန်းသူ တို့ လင်မယား ပြန်သွားတော့  ည ၉နာရီကျော်နေပြီ နှစ်ယောက်စလုံး ညစာ မစားရသေး..။
“ဟင်းရည် ပန်းကန် ပြန်ထည့်ရမလား.”
“အင်း..” ခေါင်းသာညိတ်ပြပေမဲ့ ရေခဲသေတ္တာထဲက ဟင်းရွက်တွေ ငါးတွေ ထုတ်နေပြန်ပြီ..။
“မမခင် ဘာလုပ်မလို့လည်း...”
“ခင်တို့ စားဖို့ ပြန်ချက်ရမယ်လေ..”
“ထားလိုက်..ဒီနေ့ ၀ယ်စားမယ်နော်...”
“ဟင်..”
“ဟုတ်တယ် အပြင်စာ စားချင်လို့.”
“သြော်..အင်း..”
မမခင် မလုပ်ပါနဲ့ အပြင်မှာ ၀ယ်လိုက်မယ် ပြောကြည့်
“ခင် မပင်ပန်းပါဘူး..ရပါတယ်.. ကိုမောင်မောင်အာကာပိုင်စိုးရဲ့”..ဆိုတာမျိုး ပြောလာတော့မှာသိနေသည်..။
အာကာ ကားသော့ယူခါ ထွက်လာခဲ့ပြီးမှ...
ဘာတွေကြိုက်တက်လည်း တွေးကြည့်ပေမဲ့ ဆီချက်တစ်မျိုးသာ သိထားသည်.။
.
“မမခင်ရေ  ရတဲ့ဆိုင်ကပဲ ၀ယ်လာတာ ဒါပဲ စားရအောင်..”
“ခင် သန့်ရှင်းရေးလုပ်လိုက်မယ်..”
“လာပါ..အိမ်ရှေ့ မှာ ဒီတိုင်းချစားလိုက်မယ်..ပန်းကန်ပဲ ယူခဲ့လိုက် မမခင်..”
“ဟက်ချုး..”
“အို..”
အာကာ ဖော့ဘူးနဲ့ အိတ်အခွံတွေ စုထပ်နေစဉ် ခေါင်းပေါ် လက်တစ်ဖက်ရောက်လာပြီး..
“သူ ခေါင်းရေ မသုတ်ဘူးလား..”
“အင်း ထွက်လာရင်း ကိုဆန်းသူကိုတွေ့တာနဲ့ မေ့သွားတာ..”
“အခုချိန်ထိ စိုနေတုန်းပဲ..ရေစိုကြီးနဲ့ လျှောက်သွားနေတာပဲ..”
မမခင် လက်တွေက ခေါင်းကနေ တစ်ဆင့် ကျောပေါ်ရောက်သွားပြီး မျက်လုံး ပြူးလေးဖြင့်..
“အကျီ င်္တွေလည်း ကျောတစ်ခုလုံးစိုရွဲနေတယ်...”
“သွား..သွား..အ၀တ်အစားတွေ သွားလဲလိုက်..”
“ရပါတယ်..ခြောက်နေပြီ..”
“မခြောက်ပါဘူး..အစိုအတိုင်းပဲ..ခင် သွားယူပေးရမလား..”
“မမခင် စားနှင့်”
အာကာ အကျီ င်္ မလဲ မချင်း ပြောနေမည့် ပုံစံတွေ့သောကြောင့် အခန်းထဲ ၀င်ပြီး ဖလန် ရှပ် တစ်ထည် ကောက်လဲလိုက်ရသည်..။
“ခေါင်းရေသုတ်ရဲ့လား..”
“အင်း..”
မယုံသင်္ကာဖြင့် ဆံပင်တွေကို လက်နဲ့ ကိုင်ကြည့်ပြီ မှ ခေါင်းညိတ်လေသည်..။
မာမီ တို့ များ တစ်ပုံစံတည်း တူတဲ့ ချွေးမလောင်းကို ရွာလှည့်ပြီးကို ရှာထားသည်ပဲ..။
“ရော့ မမခင် စား..”
ပန်းကန်ထဲ ထည့်ပေးလိုက်သည့် ပုစွန်ချဉ်စပ် ကို ကြည့်ရင်း လူကိုပါ မော့ကြည့်လာတော့..
“အဲဒါ ပုစွန်ချဉ်စပ်.”
“သြော်..”
“ဒါက ငါးသောက်စမ်း..မမခင်ကြိုက်ပါ့မလား မသိဘူး..ပင်လယ်စာတွေချည်းပဲ ၀ယ်ခဲ့လိုက်တယ်..ကျွန်တော်တော့ မမခင်နဲ့ ရပြီးကတည်းက အသားလုံး၀ မစားချင်တော့တာ..”
“ဟင်..”
“သြော်..သြော်..ဟား..ဟား..ဒီလိုပါ..ကျွန်တော် တစ်ယောက်တည်း နေတုန်းက အလွယ်တကူ ကြက်သား ချက်ပြီး ၃ ရက်လောက်စားတယ်..နောက်ကုန်သွားလည်း အလွယ်တကူ အသားကို ကြော်လိုက် ပြုတ်လိုက် ချက်လိုက်နဲ့ နှစ်ပါးသွားနေရတာလေ...တကယ် မစားချင်တော့ဘူး..”
“သြော်..ဟုတ်တာပေါ့..ကိုမောင်မောင်အာကာပိုင်စိုးက အလုပ်တစ်ဖက်နဲ့ပဲလေ..အခု လည်း စားချင်တာဆို ခင့်ကိုပြောပါ ချက်တက်တဲ့ ဟင်းဆို ချက်ကျွေးပါမယ်..ဒီလိုမျိုး မြို့စာတွေကတော့ တစ်ခါ မှ မချက်ဖူးဘူး..ချက်တက်ချင်တယ်..”
“လွယ်ပါတယ်..မမခင်ရဲ့..ရော့..ဒါ ရန်ကုန် ကန်စွန်းရွက်ကြော်..”
“အင်း..လှတယ်နော်..”
“ဟား..ဟား...ဟုတ်တာပေါ့ ကန်စွန်းရွက်လည်း ရန်ကုန်ရောက်တော့ ဆေးဆိုးပန်းရိုက်ပြီး လှသွားတာ..”
“အယ်..ခင် က စိမ်းစိမ်းစိုစိုလေး ဖြစ်နေတာကို ပြောတာပါ...”
“မမခင် တို့ ၇ွာမှာ အသီးအရွက်တွေပေါမှာပေါ့နော်..”
“အင်း..လယ်ထဲမှာ မစိုက်တောင် ခြံထဲမှာ...အဟွတ်..အဟွတ်..”
ထမင်းစားနေရင်း ပါးစပ်ကို လက်နဲ့ အုပ်ပြီး ထပြေးတော့ အာကာလည်း နောက်က ပြေးလိုက်သွားလိုက်သည်..။
“အဟွတ်..အဟမ်း..”
မီးဖိုခန်းက ဘေစင်မှာ ခေါင်းမော့ပြီး မျက်လုံးပေကလပ်ပကလပ်ဖြစ်နေသည်..။
“သီးသွားတာလား..”
“ငရုတ်သီး..”
အသံရှတတနဲ့ အတူ မျက်ရည်တွေပါ ကျပြီးပြောနေတော့ အာကာ ရယ်ချင်ပေမဲ့ မရယ်ရက်တော့ပါ..။
ရေတစ်ခွက်ခပ်ပြီး ပေးလိုက်တော့ လှမ်းယူပြီး အားနာ သလို ပြန်ကြည့်နေပြန်သည်.။
“စပ်သေးလား..”
“အင်း..လည်ချောင်းကော နှာခေါင်းကော ပူလောင်သွားတာပဲ..”
ရေသောက်ပြီး ခဏရပ်ခါ
“ထမင်းစားနေချိန် အခုလို ချောင်းဆိုးတာ ယဉ်ကျေးမှု မရှိတာပေါ့နော်..သူ ခင့်ကြောင့် ထမင်းစားပျက်သွားရပြီ..အားနာလိုက်တာ..”
“မဟုတ်တာပဲ မမခင်ရယ်..”
အာကာ အိမ်ရှေ့ပြန်ထွက်လာတော့မှ နောက်က ပြန်လိုက်လာတော့သည်..။
“မမခင် အစပ်မစားနိုင်ဘူးထင်တယ်..ကျွန်တော် မသိပဲ အစပ်ချည်း ၀ယ်လာမိတာ..”
“ခင်လည်း အစပ်ကြိုက်ပါတယ်..”
အစပ်ကြိုက်တယ်သာပြောနေတာ မျက်ရည်တောင် ကျနေပြီလေ..။
မမခင် ကြိုက်တဲ့ ဆီချက်ရယ် မမခင် မကြိုက်တဲ့ ငရုတ်သီး ရယ် အာကာ မှတ်ထားလိုက်သည်..။
ညဘက် အခန်းထဲရောက်တာနဲ့..လက်က ဖုန်းကို ရောက်တာ ကိုယ့်ကိုယ်ကို မုန်းတီးမိသည်..။
အစပိုင်းတော့ ယောင်္ကျားလေး တစ်ယောက် လူထဲက လူ မို့ ရင်ခုန်တာလို့ တွေးမိပေမဲ့ ..အခုလို စွဲစွဲလမ်းလမ်းကြီး ဖြစ်လာတာကို အာကာ ကိုယ်တိုင်လည်း မကြိုက်ပါ..။
သူငယ်ချင်းတောင် ဖြစ်မထားသည့် ဖေ့ဘွတ်ထဲ ၀င်ကြည့်ရင်း ငါ့ကို ပြောတာများလားလို့ စိတ်ကူးယဉ်မိတုန်းက ပေါ့ပေါ့ပါးပါးပင်..။
အခုတော့ သူတင်သမျှက ကိုယ့်ကို ရည်ရွယ်နေမှန်းသိလိုက်တော့ အာကာ စိတ်အိုက်ရသည်..။
ပုံမတင်ပဲ ပို့စ်ချည်းသပ်သပ်ရေးတဲ့ အခါမျိုးဆိုလည်း..
“ဒီနေ့ ရှပ် ကို လက်ခေါက်ပြီး ကော်ဖီခွက် ကိုင်ထားတဲ့ သူ့ကို မျှော်လင့်ချက်နဲ့ လိုက်ကြည့်မိတယ်..
သူကတော့ မျက်နှာချင်းဆိုင်တွေ့တာတောင် မသိချင်ယောင်ဆောင် ပစ်လိုက်တယ်..”
နဒီရေးလိုက်တဲ့ ပို့စ်မှာ ကွန့်မန့်ပေါင်းများစွာ ရှိနေပေမဲ့  မနက်က ကော်ဖီ နဲ့ မုန့် သွား၀ယ်ပြီး ပြန်လာတော့  လှေကားနားမှာတွေ့ပြီး မသိချင်ယောင်ဆောင်ခဲ့တာ အာကာပါပဲ...။
“ကျစ်..”
Render ရင်န်ဒါ လုပ်ဖို့ကျန်နေတဲ့ ပုံ ကိုလည်း အာကာ ဆက်မလုပ်နိုင်တော့ပဲ ကုတင်ပေါ်ကိုသာ ပစ်လှဲချလိုက်ရသည်..။
အိမ်မက်ထဲမှာလည်း မနှောင့်ယှက်ပါနဲ့ နဒီရယ်..။
.
“ကလင်...ကလင်....”
ခင် ငရုတ်သီးဆီကြော်နေချိန် ဖုန်းအော်လာလို့ အိုးချပြီး ဖုန်းယူလိုက်ရသည်..။
“ဟလို...”
“မမခင်..”
“ကိုမောင်မောင်အာကာပိုင်စိုးလား..”
“ဟုတ်တယ် မမခင်..ကျွန်တော် ရုံးဆင်းရင် ဆရာလည်း လိုက်ပြီး ထမင်းစားချင်တယ်တဲ့ အဲဒါ အဆင်ပြေမလားလို့ ချက် လုပ်လိုက်တာ..”
“ပြေပါတယ်..ခင် လိုအပ်တာ လုပ်ထားလိုက်ပါမယ်..” ချက် ဆိုတာ ဘာလုပ်တာပါလိမ့်...။
“အင်း..ဒါဆို ဒါပဲနော်..”
သူ့ ဖုန်းဆက်တဲ့ ပထမဆုံး အကြိမ်မို့ ခင် နံပါတ်ကို သေချာ ကြည့်လိုက်သည်..။
“ဟင်..”
နာမည် ပေါ်နေတာ ကိုမောင်မောင်အာကာပိုင်စိုး ဆိုပါလား..
သူတစ်ခါပြောဖူးတာ နံပါတ်တွေကို နာမည်ရိုက်ထည့်ထားရင် ဖုန်းခေါ်ရလွယ်တယ်တဲ့လေ..
ဒီနာမည် သူ ကိုယ်တိုင် ရိုက်ထည့်ထားတာလား....
ကိုမောင်မောင်အာကာပိုင်စိုးကို မကြိုက်ဘူးလို့ သူပဲပြောပြီး...။
နေ့ခင်းစျေးကို တစ်ခေါက်ထွက်ခဲ့ပြီး ချက်စရာတွေ၀ယ်ရတာ မခက်ခဲတော့ပါ...။
လာမည့် ဧည့်သည်ကလည်း တောဟင်းကြိုက်သည်ကိုး...။
.
“မမခင်ရေ..ဆရာကတော့ တစ်ခါလာတိုင်း လက်ဆောင် တစ်မျိုး၀ယ်လာတယ်..ကျွန်တော်ပြောတာ မရဘူး..မမခင် ပြောပေတော့..”
တံခါးမှာ ကြိုနေသည့် ခင့်လက်ထဲ အိတ်ရောက်တာနဲ့ ဆီးကြိုပြောတော့ နောက်ကပါလာတဲ့ ဧည့်သည်ကို အားနာမိသည်..။
“ဟုတ်သားပဲ ကိုမျိုးဝေရယ်..ဘာလို့ ၀ယ်လာတာလည်း..”
“မျက်နှာပူလို့ပါ..”
“ဘာပူစရာရှိလို့လည်း..အာကာ ရဲ့ ဆရာပဲကို..”
“ဟုတ်ပါပြီ...နှစ်ယောက်ပေါင်းပြီး ဆူနေတော့ နောက်တစ်ခါ ၀ယ်မလာတော့ပါဘူးဗျာ..အခုတော့ လက်ခံလိုက်ပါ..”
လှမ်းပေးနေသည့် အထုတ်ကို ယူခါ မီးဖိုခန်းဘက် ၀င်လာခဲ့လိုက်ရသည်..။
“မင်း BGH က လုပ်နေတဲ့ ကွန်ဒို တွေ့ပြီးပြီလား..”
“အမ်း..ရင်တုန်စရာပဲ..ကျွန်တော်တော့ ဆိုက် အလုပ်သမားတွေကိုတောင်စိုးရိမ်တယ်..”
“အေးလေ..ဒီလို လုပ်ခွင့်ရနေတော့လည်း သာတာပဲကွ...”
“ဟိုနေ့ကတော့ ဖေ့ဘွတ်မှာ ဘယ်သူဖွလိုက်တယ် မသိဘူး..တက်လာသေးတယ်..ပြောသံဆိုသံတွေ ထွက်လာလို့ ခဏရပ်လိုက်တာ..အခုပြန်စ နေကြပြန်ပြီ..”
“မင်းတို့ပဲကောင်းတယ်..”
“ဟာ..ဘယ်က ကောင်းရမှာလည်း..ကွန်ဒို တစ်ခုလုံး ကျွန်တော့် ခေါင်းပေါ်မှာ ရောက်နေတာ ဆရာမှ မမြင်တာလေ..”
“ဟား..ဟား..လေးမှာပဲကွ...”
ခင်မေ သူတို့ စကားစပျက်မဲ့ အချိန်ကို စောင့်နေတာ ကြာပြီမို့ မနေနိုင်တော့ပဲ အိမ်ရှေ့ထွက်လာခဲ့ရသည်..။
“အာကာ နဲ့ ကိုမျိုး ထမင်းစားလို့ရပြီ..”
“လာ..ဆရာ..”
“လာမယ်ဟေ့...ဟင်းနံ့ကြောင့်..ဗိုက်ဆာနေပြီကွ..”
ဧည့်သည် အတွက် ဘေးက လိုအပ်တာတွေချပေးနေချိန်..
“မမခင် လည်း တစ်ခါတည်းစားလိုက်ပါလား..”
“နေပါစေ..”
“လာပါ ခင်မေရဲ့ သူစိမ်းတွေ မဟုတ်ဘူးဆို..”
“ဟို..လိုအပ်တာ..”
‘နေပါ.နေပါ..လိုရင် ကိုယ်တိုင်ထယူမယ်..လာ တစ်ခါတည်း ၀င်စားလိုက်..”
ခင့်မှာ ဧည့်သည်ရှေ့ မနေတက်ပါဘူးဆိုကာမှ အခုတော့ သူ့ကြောင့် ထမင်းပါ ထိုင်စားနေရပြီ..။
“ဒီ ကန်စွန်းရိုးနီ ချဉ်ဟင်းလေ..ကိုယ် မစားရတာဘယ်လောက်ကြာပြီထင်လည်း..”
ခင့်ဘက်ကို ကြည့်ပြီး ဦးတည်မေးလာတော့ ပါးစပ်ထဲက ထမင်းလုပ်ကို မဝါးပဲ အမြန်မြိုချခါ...
“ဘယ်လောက်ကြာပြီလည်းဟင်..”
“အနှစ်သုံးဆယ်လောက်ရှိပြီထင်တယ်..”
“အိုကြာပြီပဲ..”
“ဟုတ်တယ်..ကို့ မိဘတွေကွဲသွားတော့ ကိုယ်က အမေနဲ့ ထိုင်းကိုလိုက်သွားရတယ်လေ..အဲနောက်ပိုင်း မလေး စင်ကာပူ ယူကေ အထိရောက်သွားတာ..မြန်မာမှာ အလုပ်ပြန်၀င်တာ..အင်း..အာကာ တို့ တွေ့တာ ဘယ်တုန်းကလည်း..”
“၁၂ ဆိုတော့ ၆နှစ်ရှိပြီ ဆရာ..”
“ဟုတ်တယ်..၆နှစ်ပဲ ရှိသေးတယ်..”
“သြော်..အခုလိုဧည့်သည်ကို ခင်ချက်ကျွေးခွင့်ရတာ ဂုဏ်တောင်ယူရမယ်..ကမ္ဘာပတ်လာတဲ့သူပဲလေ..ခင် ချက်တာတွေ စားတက်ရဲ့လား ကိုမျိုး..”
“ဟာ...ပြောရင် ယုံမှာ မဟုတ်ဘူး..အာကာ နဲ့ ခင့်ကို အားနာလို့ ကိုယ် ဟိုတယ် မှာ ချက်ခိုင်းတာ..စားရတာ လုံး၀ အဆင်မပြေဘူး..”
“လယ်ဟင်းဆိုတော့ သူတို့ ခရုတွေပါကောက်ထည့်ပစ်လိုက်တာ..”
“အဟွင်း...တောမှာဆိုရင်တော့ ထည့်စားကြပါတယ်...”
“ဟုတ်တယ်..အဲဒါကြောင့်ကိုယ်လည်း ၀မ်းပူဆာ မနေနိုင်လို့ကို အာကာ ဆီမှာ ဧည့်သည်ဖြစ်ခွင့် ဗီဇာ လျှောက်တင်လိုက်တာ..”
“ဟား..ဟား..ဆရာကတော့ လုပ်ပြီ..”
“ကိုမျိုး ကန်စွန်းရိုးနီကို မှတ်မိတော့ ဒါလည်း စားတက်မှာပဲ..”
“ပုစွန်စုတ်ဖွားကြော်..”
“ဟုတ်တယ်..”
အာကာ ရှေ့က အာလူးဟင်းကိုချည်း စားနေရတာ ပုဇွန်စုတ်ဖွားဆိုတာလား ဆရာဘက်မှာ လယ်ဟင်းဆိုတာလည်း ဟိုဘက်ရောက်နေပြန်ပြီ....ငါးကြော်ကိုလည်း လှမ်းယူရမှာ မကောင်းတက်လို့ အာလူးဟင်းရည်လေးနှင့်သာ ညစာ ပြီးလိုက်ရသည်.။
“ပုစွန်ထုပ်စားနေကျဆိုတော့ အရသာတွေ့ပါ့မလား..”
“အရသာ တွေ့ မတွေ့တော့ မသိဘူး..ထမင်းနှစ်ပန်းကန် ကုန်သွားပြီလေ..”
“ဟား..ဟား..ဆရာ့ နှစ်ပန်းကန်က လက်တစ်ဆုပ်စာလေးရယ်..”
ထမင်းဝိုင်း မှာဧည့်သည် က မြိန်ရေယှက်ရေ စားတော့ ခင် အမောပြေရသည်လေ...။
ဧည့်သည် နဲ့ သူ အိမ်ရှေ့ခန်းမှာ စကားပြောနေချိန် မုန့်ပန်းကန်ယူပြီး ချပေးလိုက်သည်..။
“ဒါ စားလို့ ဖြစ်ပါ့မလား မသိဘူး..”
“အုန်းမှန်ကူ ပဲ.”
“ဟုတ်..”
“ဖြစ်တာပေါ့..စားတယ်..”
ခင်တင်ပေးလိုက်တဲ့ ပန်းကန် လှမ်းယူပြီး တစ်ဇွန်းခပ်စားလိုက်တော့ အဆင်ပြေပါ့မလား စိတ်ပူမိသည်...။
“ခင် တို့ က သဌေးတွေဆို..”
“ရှင်..”
“အာကာ ပြောတာလေ..ခင့် အဖေ က တိုက်တစ်လုံးတောင် အပ်သေးတယ်တဲ့..”
ခင် သူ့ကို ကြည့်လိုက်တော့ သူက ဘာမှ မပြောပဲ ပြုံးသာပြသည်..။
“သြော်..အဲဒါ ရွာကျောင်းဆောက်ဖို့ အပ်တာပါ..”
“ထိုင်ပါအုံး....ခင်တို့ ဆီမှာ ဘာတွေ စိုက်လည်း..”
သူ့ ဧည့်သည်နဲ့ စကားထိုင်ပြောဖို့ အဆင့် ရှိပါ့မလား...သူ့ကို ကြည့်လိုက်တော့ ဘာမှ၀င်မပြောလို့ ဘေးတစ်ခုံကျော်မှာ ၀င်ထိုင်လိုက်ရသည်..။
“ဟုတ်ကဲ့...အခုချိန်ဆိုရင်တော့ နွေစပါး စိုက်နေပြီပေါ့  ကြားချိန် မှာတော့ ပြောင်းစိုက်တယ်..ပဲလည်း ပြန်ချမယ် ပြောတာပဲ..”
“သြော်..ဒါဆို ခင် က လယ်ထဲလည်းသွားရတာပေါ့..”
“သွားရတာပေါ့ တစ်နေ့ကို သုံးခါလောက်တော့ သွားရတယ်..”
“လယ်ဦးစီးပေါ့..”
“ဘယ်က ဦးစီးရမှာလည်း..တစ်ခါက အဘ ချခိုင်းတဲ့ မျိုးစေ့ထုတ်ကြီးမှားကြဲမိတာ..အို ဒုက္ခရောက်တော့တာပဲ..”
“ဘာတွေမို့လည်း..”
“နှမ်းတွေ ဖြစ်နေတာ..အကုန်ရေမျောတာပဲ..အဘ ဆို စိတ်တွေဆိုးလိုက်တာ မပြောပါနဲ့.”
“မရိုက်ဘူးလား..”
ကိုမျိုး အမေးကြောင့် ခင် ထိုအချိန်တွေကို  ပြန်မြင်ယောင်မိခါ ရယ်ရင်း..
“အို ရိုက်တာပေါ့..ခင်လည်း ဘယ်ပြောကောင်းမလည်း..ရွာပတ်ပြေးလိုက်တာပဲ..”“ဟား..ဟား...ခင် ကတော့ ဖြစ်ရမယ်..ဒါချည်းပဲတော့ မဖြစ်နိုင်ဘူး..”
“ဟုတ်ပ..ပေါင်းဆေး တုန်းကလည်း တစ်ခါ မှားသေးတယ်..မှုန်း ဖို့ မှာ ခဲ့တော့လည်း ခင် တလွဲ ပြောမိလို့ အဘ စိတ်ဆိုးရသေးတယ်..အို ခဏခဏပါပဲ..”
“ဟား..ဟား..အဘ က အတော် စိတ်ရှည်တယ် ပြောရမယ်..”
“ဟီး.ဟီး...ဟုတ်တယ်..အဘ စိတ်ဆိုးလို့ ရိုက်ချင်လည်း လိုက်မမိ ရင် မိခင်မေလို့ ကုန်းအော်တာပဲ..”
“ခင်က အလုပ်သမားတွေလည်း ဦးစီးရတာပဲ..”
“အင်း..မြောင်းမောင်းတဲ့နေ့တို့ စက်ငှားတဲ့ အချိန် ဆို ခင်စောင့်ရတယ်လေ..အခုနောက်ပိုင်း လူအားထက် စက်အားကိုးလာရတယ်..စိုက်ပျိုးရေးလုပ်တယ် ဆိုတာ ထင်သလောက်မလွယ်ပါဘူး..အတော့်ကို စိတ်ရှည်ရတာ အဖျက်အမှောက်ကလည်း ကြီးပ..”
“ဟုတ်တယ်..ကိုယ်အဖေ့ လည်း သိရဲ့နဲ့ မစွန့်နိုင်ခဲ့ဘူးလေ..”
“....”
အာကာ ဘေးမှာ ထိုင်နေရင်း လကမ္ဘာ ပေါ် မှာ တစ်ယောက်တည်း လမ်းလျှောက်နေရသူလို အထီးကျန်နေသည်..။
မယုံနိုင်ခြင်းနဲ့ အတူ မမခင်ကို ငေးကြည့်နေမိတာ
စကားကို အားရပါးရပြောပြီး ရှားရှားပါးပါး ရယ်ပါနေလိုက်သေးသည်..။
“ဟား..ဟား..ကိုယ်တော့ ငယ်ဘ၀ကို ပြန်ရောက်သွားသလိုပါပဲ..”
“ဟေး အာကာ တို့ တောသား နှစ်ယောက်ကို ပေးတွေ့ပေးလိုက်တာ မင်းတော့ ပျင်းရတော့မယ်..”
“ဟဲ..ဟဲ...ကျွန်တော်လည်း ကြားဖူးရတာပေါ့..”
“ကဲ ခင်ရေ...ပြန်ရတော့မယ်..၉နာရီလည်း ကျော်လာပြီ...အာကာ ငါ ပြန်မယ်..”
“ဟုတ်ကဲ့..”
အာကာ တံခါး၀ အထိလိုက်ပို့ ပြီး ပြန်၀င်လာတော့မမခင်က ခုံမှာ မရှိတော့ပဲ..မီးဖိုခန်းမှာ ပန်းကန်တွေဆေးနေပြီ...။
မီးဖိုခန်းထဲ လိုက်၀င်သွားလိုက်ပြီး စားပွဲပေါ်က ဟင်းပန်းကန်တွေ သိမ်းပေးလိုက်သည်.။...
“မမခင်..”
“ဟင်..”
“ဟင်းပန်းကန်တွေ ဘယ်မှာထားမလည်း..”
“ရေခဲထဲပဲ ထည့်လိုက်မယ်..”
“ရေခဲ..သြော်..အင်း..”
အာကာ ပန်းကန်တွေကို ရေခဲသေတ္တာထဲ စီထည့်လိုက်သည်..။
ထုံးစံ အတိုင်း စကားမပြောပဲ သန့်ရှင်းရေးလုပ်နေပေမဲ့ အာကာ ကတော့ ပြောချင်နေသည်..။
အရင် က မမခင် စကားနည်းတယ်လို့ပဲ မှတ်ထားတာ..အခုက စကားနည်းတာ မဟုတ်ပဲ စကားမပြောတာလေ..။
ဆရာ နဲ့ ကျတော့ ပြောလိုက်တာ ခရားရေလွှတ်သလိုပင်...ကိုယ်တောင် တောစကား တော်တော်နားလည်သွားသည်...။
စားပွဲပေါ်က အထုတ်ဆီ အကြည့်ရောက်သွားတော့ ဘာတွေပေးသွားတာလည်း စပ်စုချင်စိတ်နဲ့ အိတ်ဖောက်လိုက်သည်..။
“ဟ..အကျီ င်္်ပါလား...မိန်းမ အကျိ င်္ဆိုတော့ မမခင် အတွက်ဖြစ်မယ်..”
“ဟင်..အင်း..”
“ဟာ..ဆရာတော့ မှားပြီ မမခင်က ရယ်ဒီမိတ်တွေမှ မ၀တ်တာကို ၀ယ်လာတယ်...ဒါနဲ့..ကျွန်တော် ၀ယ်လာတဲ့ အကျိင်္စကော ချူပ်ပြီးသွားပြီလား မမခင်..”
“မချူပ်ဖြစ်ပါဘူး.ကိုမောင်မောင်အာကာပိုင်စိုးရယ်....ချူပ်ခတွေစျေးကြီးတယ်..ချူပ်ပြီးသားပဲ ၀တ်တက်အောင် ၀တ်ကြည့်ရမယ်..’
အာကာ အင်္ကျီ ကိုအိတ်ထဲ ပြန်ထိုးထည့်လိုက်သည်။
အခုတော့ သူများ၀ယ်ပေးတဲ့ အကျီ င်္က အသုံးတည့်ပြီး ကိုယ်၀ယ်ပေးထားတဲ့ အချိတ်ကလေးက အပိုဖြစ်သွားရပြီ...။
ပန်းကန်ရေသုတ်နေသည့် မမခင် အနားကို  သွားရပ်လိုက်ပြီး..
“မမခင်..”
“ဟင်..”
“မမခင် ရွာ အကြောင်း ကျွန်တော့် ကို တစ်ခါမှ မပြောပြဘူး..အခု ဆရာ နဲ့ ထိုင်ပြောနေတာ တစ်လုံးမှလည်း နားမလည်ဘူး..”
အာကာ့ အပြောကို မမခင် က ပန်းကန်တွေ စီ နေရင်း လှည့်မကြည့်ပဲ..
“သြော်..သူ့ မှာ အချိန်မှ မရှိတာ ပြန်လာချိန် ပြောဖို့ကလည်း သူက အလုပ်က ပင်ပန်းလာတော့ နားချင်မှာပဲ ဆိုပြီး တိတ်တိတ် နေလိုက်တာ..”
“နောက်ဆို ကျွန်တော်နဲ့ နေရင် တိတ်တိတ် မနေနဲ့ ဆရာ နဲ့ ပြောသလိုပဲပြော..”
“ဟမ်.”နားမလည်သလို ကြည့်လာတော့မှ စကားပြင်ဖို့ သတိရတော့သည်..။
“မမခင်က တစ်ယောက်တည်း အ်ိမ်မှာနေရတာလေ..ကျွန်တော် နဲ့ မပြောတော့ ဘယ်သူ နဲ့ ပြောမလည်း..ဟုတ်ဘူးလား..”
“အင်း..”
“အပြာရောင် အချစ်ည မင်းလှမ်းကြည့်လိုက်စမ်း မိုးကောင်းကင်ထက် များတဲ့ ကိုယ့် အချစ်များ....”
“သူ့ ဖုန်းမြည်တာ ဖြစ်မယ်..”
“သြော်...ဟုတ်သား..”
အာကာ အိမ်ရှေ့ ခုံမှာ တင်ခဲ့သည့် ဖုန်းဆီ ပြန်သွားလိုက်ပြီး ယူကြည့်တော့ နဒီ့ ဖုန်း ဖြစ်နေသည်..။
“အပြာရောင် အချစ်ည မင်းလှမ်းကြည့်လိုက်စမ်း မိုးကောင်းကင်ထက် များတဲ့ ကိုယ့် အချစ်များ.....ကြယ်စင်အားလုံးထက် လင်းတဲ့ တို့ အချစ်များ အပြာရောင် အချစ်များကမ္ဘာမှာ...အိမ်မက်တွေ လှပစေ တို့ အချစ်ညလေး...”
ဖုန်းသီချင်း ဆုံးတော့မှ လေးကန်စွာ ကိုင်လိုက်ရသည်...
“ဟလို..”
“ဟလို..ဒီဖုန်းပိုင်ရှင်ကို သိလားဟင်..”
“ဟုတ်ကဲ့..ဘာ...ဘာ ဖြစ်လို့လည်းဟင်..”
“ကျွန်မတို့ စားသောက်ဆိုင်မှာ မူးနေလို့..”
“ခင်ဗျာ...”
“ဟုတ်ကဲ့..လာခေါ်ပေးလို့ရမလားရှင်.. ဆိုင်ပိတ်တော့မယ်..”
“အဲဒါ ..အဲဒါ...တခြား ဖုန်းကို ခေါ်ပါလား...ကျွန်တော်က ရုံးက အသိပါ..”
“ကွန်တက်မှာ ဒီ ဖုန်းနံပါတ်တစ်လုံးပဲရှိလို့ပါ.. ကောတွေမှာလည်း ဒီဖုန်းပဲရှိတာပါ..လာခေါ်ပေးပါနော်...”
“ဟုတ်ကဲ့..”
အာကာ ဖုန်းချလိုက်ပြီး အသက်ရှုကြပ်လာသလို ခံစားရသည်..။
ဘယ်လိုလုပ်မလည်း..မယုဆီ ဖုန်းဆက်ရမလား...မယု ဆူထားလို့ အခုလိုဖြစ်နေတာလား ထပ်ပြောလို့ ကောင်းပါ့မလား..။
အာကာ အတွေးတွေနဲ့ လုံးချာလည်လိုက်နေရသည်..။
မိန်းကလေး တစ်ယောက်တည်း..ပြီးတော့ နဒီက.....
အိမ်နေရင်း တီရှပ်အပေါ်ကို ဂျင်းရှပ် တစ်ထည် ထပ်၀တ်လိုက်သည်..။
ဖုန်းကောက်ယူရင်း မမခင် ကို ရင်ဆိုင်ဖို့ အတွက်ကလည်း ချွေးပြန်လောက်အောင်ကို ဘာကို လန့်နေမှန်းမသိ..။
“မမခင်...”
“ဟင်..”
“ကျွန်တော်..အပြင်ခဏ သွားမလို့..”
“ဟင်..”
မျက်နှာပေါ်ဖြတ်ပြေးနေသည့် ကြောက်ရွံတဲ့ အမူအရာကို မသိချင်ယောင်ဆောင်ပြီး..
“ကျွန်တော် အပြင်ခဏသွားမလို့...ခဏပါပဲ..”
တုန့်ပြန်သံကို မစောင့် ခြေလှမ်းကြဲဖြင့် မီးဖိုခန်းထဲက ထွက်လာခဲ့လိုက်သည်..။
“ကိုမောင်မောင်အာကာပိုင်စိုး....”
အိမ်ရှေ့တံခါးဝရောက်တော့ နောက်ကခေါ်လိုက်တဲ့ အသံကြောင့် လှည့်ကြည့်လိုက်ရသည်..။
“မနက်မှသွားလို့မရဘူးလားဟင်..”
“အင်း..သိပ်မကြာပါဘူး..မမခင်..”
လှေကားထစ်တွေကို ပြေးဆင်းလာချိန် ကြောက်ရွံအားငယ် နေသည့် မျက်၀န်းတစ်စုံ နှင့် အတူ အလွမ်းရိပ်ဖြင့် ရဲ နေသည့် မျက်၀န်းတစ်စုံ...။

:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・
မနက်စောစော တင်ပေးလိုက်တာ ❤

အကုသိုလ် အပွားရဝူးနော် 😂

အရေးအသားမကောင်းပေမဲ့

သည်းခံ ဖတ်ပေးခဲ့တဲ့

စာဖတ်သူ အားလုံးကို

ကျေးဇူးအထူးတင်ပါတယ် နော် ❤
Love u all
#စပိုက်ကာ

ပန်းကြိုးနွယ် Where stories live. Discover now