ပန်းကြိုးနွယ်
အပိုင်း (၃)
#ပန်းကြိုးနွယ်“ဟုတ်တာပေါ့..ဟုတ်ကဲ့ အစ်မကြီးတို့ အဆင်ပြေသလိုသာ လုပ်ပါ ကျွန်တော်တို့ဘက်က ကိစ္စကို ကျွန်တော်တို့ စီစဉ်ပါမယ်...မပူပါနဲ့..”
“ကျွန်တော်တို့ဘက် က ကျေးဇူးတင်ရမှာပါ...”
“ဟာ...အားနာစရာလိုပါဘူးဗျာ..အရင်းအချာတွေ ဖြစ်လာမှာကိုပဲ....”
“သေချာတယ်.ဆို..ကျွန်တော်.. ကြိုဖို့ လူလွှတ်မယ်နော်..ဟုတ်ကဲ့ပါ....”
“အေး..အေး..ဟေ..ဟေး...”
ဟာဝေးဖုန်း ကြီးကို ဟန်ပါပါ လက်ညိုးနဲ့ ထိုးပိတ်လိုက်ပြီး ဦးမိုးဝေ တပြုံးပြုံး ဖြစ်နေသည်..။
“ဟေ့...ခင်မေ..လာစမ်းဟဲ့..”
“လာပြီ ..”
“နင့် ညီမကော..”
“အပေါ်ထပ်မှာ ရှိမှာပေါ့ အဘရဲ့..ခေါ်မလို့လား..”
“မခေါ်နဲ့...မခေါ်နဲ့..လာ ထိုင်အုံး..”
ကွပ်ပျစ်ပေါ် လက်နဲ့ ရိုက်ပြီး ထိုင်ခိုင်းတာ့ ခင်မေ ၀င်ထိုင်လိုက်ရသည်..။
“နင့် ညီမ ကို ယောင်္ကျားပေးစားရမယ်..”
“ရှင်..”
“ဟုတ်တယ်..ရန်ကုန်သား လူချောပညာတက်ပဲ...သူတို့လည်း သဘောတူလို့ လာပြီးစကားပြောဆိုမယ်..ပြီးတာနဲ့ မင်္ဂလာတန်းဆောင်မယ်ကွာ..’
“ဟင်..ခင် လည်း မသိရပါလား..”
“ညည်းသိစရာလိုလားဟ...”
“မဟုတ်ဘူးလေ..ဘယ်သူဘယ်ဝါဘာလုပ်လည်းဆိုတာ..”
“အောင်မယ်..ငါ့ ဆရာလာလုပ်နေတယ်...သေအုံးမယ်..”
အဘ က လက်ရွယ်လိုက်လို့ ခင်မေနောက်တွန့်သွားရသည်..။
“ငါသိပါတယ်..ခင်မေရယ်..ငါ့သမီးတွေကို ငါ က ဟင်းကန်စွန်းလို လုပ်ပါ့မလား..အခုလည်း လူကြီးချင်း အထပ်ထပ် ဖုန်းနဲ့ တိုင်ပင်ပြီးသေချာသွားပြီ..နင့်ကို အကြီးတစ်ယောက်ဆိုပြီး အသိပေးတာနော်..”
“ဟာ..အဘ...လှအုံးက..”
“တယ်..ဒီအကုသိုလ် နာမယ်ပြောပြန်ပြီ...”
“အဘ..ညီမလေးက..လှအုံးကို တကယ် ချစ်..”
“ဂွက်..”
“အား..လား..လား..နာလိုက်တာ အဘရယ်...”
အခေါက်ခံလိုက်ရတဲ့ နေရာကို လက်နဲ့ နာနာ ပွတ်ရင်း ခင်မေ လှမ်းကြည့်လိုက်တော့ ညီမလေးကလှေကားနားမှာပဲ..
ကြားသွားပြီ...ငိုနေတော့မှာပဲ..။
“နင့် ညီမ ကို အသိမပေးနဲ့..နားချထား..ကြားလား..”
“အဘ ကလည်း အသိမပေးပဲ ဘယ်လို နားချမလည်း..”
“ဟဲ့...မိဘ စကားနားထောင်ရင် ဘယ်လိုကောင်းစားမယ် ဘာညာပြောခိုင်းတာဟဲ့..”
“သြော်..အဘ ပဲ ပြောလိုက်ပါလား..”
“တယ်..”
လက်က လေပေါ်မြှောက်သွားတာနဲ့ ခင်မေ ကွပ်ပျစ်ပေါ်က ဆင်းပြေးလိုက်ရသည်..။
“ညီမလေး..”
“အို...”
အခန်းထဲ ၀င်လိုက်တာနဲ့ ဒူးကို ပိုက်ပြီး ထိုင်နေတဲ့ ညီမလေး မျက်နှာမှာ နီရဲ အစ်မို့နေလို့ ဘယ်လောက်တောင် ငိုထားလည်း သိသာလွန်းနေသည်..။
“ညီမလေးရယ်..”
ခင်မေ ဆွဲဖက်လိုက်ပြီး ရင်ခွင်ထဲ ပိုက်ထားမိသည်..။
“ဟီး..အဟင့်...”
“တိတ်ပါနော်..တိတ်ပါ...မမ ရင်တွေ နာလှပါပြီ...”
“အဘ မတရားဘူး..ဟီး...”
ပလုံးပထွေး စကားသံတွေနဲ့ ရင်ဖွင့်နေတဲ့ ညီမလေးကို ပြောချင်ရာပြောခွင့်ပြုထားလိုက်ရသည်..။
“ထမင်းစားတော့မလား..ညနေတောင်စောင်းလာပြီ..”
“မစားချင်ပါဘူး.’
“ဒါဖြင့် လက်ဖက်သုတ်ပေးရမလား..”
“မစားချင်တာ..မစားချင်ဘူး..သေချင်နေတာ..”
“ဟဲ့..မပြောကောင်းမဆိုကောင်း..”
“မမ နှလုံးသားမရှိတော့ ဘယ်ခံစားတက်မလည်း..”
“ကြွေရယ်..မိဘစကားနားထောင်လိုက်လို့ ကောင်းစားသွားရသူတွေ တစ်ပုံကြီးပါနော်..အခု လူက လူကောင်းပါ..”ခင် လည်း မသေချာပေမဲ့ ရှေ့နေ လိုက်ပေးရသည်..။
“ကိုလှအုံးလည်း လူကောင်းဆိုတာ မမ သိသားနဲ့.”
“ဟုတ်ပါတယ်..သိပါတယ်..ဒါပေမဲ့ သူက အလုပ်မရှိ အကိုင်မရှိ နေတာကိုး အဘ က ညီမလေး အတွက် စိတ်မချလို့ပါ...အဘကို နားလည်ပါ..”
“ကိုလှအုံးက ဆီစက်ကို ဦးစီးနေတာ..”
“ဟင်.မမလည်း မသိပါလား..”
“မမကို ပြောစရာလား..ကျွန်တော်ကတော့ဘာတွေလုပ်နေပါတယ်လို့ မောင်းတီးကြေငြာရမှာလား.”
နှုတ်စွာစွာနဲ့ ရန်တွေ့နေတဲ့ ညီမလေးကို ခင်မေ ခွင့်လွှတ်သည်းခံနေရသည်..။
“မမ တို့ က ညီမလေး စိတ်ဆင်းရဲပြီး အသေစောတာ မြင်ချင်နေတာ..”
“ဟယ်..ဘယ်လိုပြောလိုက်တာလည်း...မိကြွေ..’
“မချစ်မနှစ်သက်တဲ့ လူနဲ့ နေရတဲ့ ဒုက္ခကို မမ မသိဘူး...မသိဘူး..ဟီး..”
“နောက်ကြာတော့ ချစ်သွားမှာပေါ့ ကြွေရယ်. ချစ်နေတဲ့ အချိန် များကျမှ မခွဲနိုင်မခွါနိုင် ဖြစ်ပြီး မမ တို့ဆီ ပြန်လာပါဆိုတောင် ညီမလေး လာချင်မှာ ဟုတ်ဘူး...ညီမလေး တစ်ခါပြောဖူးတယ်လေ..၇န်ကုန်မှာအပြီးနေချင်တယ်...ရန်ကုန်သူကြီးဖြစ်ချင်တာဆို..အခုဘယ်လောက် ကောင်းလည်း...ညီမလေး တိုက်ပေါ်မှာ ကောင်းကောင်းမွန်မွန် နေရမယ်..ဒီမှာ လှအုံးနဲ့ညားရင်..လယ်ထဲနော် သိတယ်မလား..ဟွင်းဟွင်း...’
“မမ..”
“အင်း..”
“ဟီး..မရဘူး..ကိုလှအုံးကိုပဲ ယူမယ်..”
“ခက်လိုက်တာ ညီမလေးရယ်...အဘ က သဘောမတူဘူးလေ..’
“ဟီး....”
ခင်မေ ညီမလေးကို သနားလွန်းလို့ မျက်ရည်စို့လာရသည်..။
အခန်းထဲက မထွက်ပဲ တစ်နေ့ကုန် ငိုနေပြီး ညစာလည်း ခေါ်ကျွေးလို့မရတော့ ခင်မေလည်း မြိုချလို့မရ...။
“အဘ..”
“ဘာတုန်း..”
“အကြွေ က သိသွားပြီ..”
“ဟမ် ညည်း ပြောလိုက်တာလား..”
“မဟုတ်ပါဘူး..အဘရယ်..မနက်ကတည်းက ကြွေက လှေကားမှာ ရပ်နေရင်း ကြားသွားတာ..’
“သိတော့လည်း ကောင်းတာပေါ့..’
“ငိုချည်းနေတာ...”
“ခဏပါ ဒီတိုင်းလွှတ်ထားလိုက်..”
အဘ ကလည်း ဘယ်လိုပဲ နားချချ မရမည့်ပုံပင်..။
“အဘ ..”
“ဟင်..ညီမလေး..”
နောက်က ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ညီမလေးက မျက်နှာ ညိုးငယ်နေပြီး ဖြူသည့်မျက်နှာ ငရုတ်ရောင် ဖြစ်နေပြီ..။
“လာလေ..”
“ညီမလေးကြောင့် အဘ နဲ့ မမ တို့ စိတ်ညစ်ရမှာပဲ..”
“မဟုတ်တာ..”
“ကြွေ့ ကို ခွင့်လွှတ်ပါ...”
“ကဲ ကဲ..ပြီးခဲ့တာတွေ ပြီးပြီ..ရှေ့လျှောက်မိဘ စကားနားထောင်နိုင်အောင်ကြိုးစားကြားလား..”
“ဟုတ်ကဲ့..”
“အေးအေး....ညီမလေးလည်း ထမင်းတစ်ခါတည်းစားလေ..အဘ နဲ့ မမ က စားပြီးပြီ..”
“ဟုတ်..”
ကြွေ က အခုတော့လည်း နောင်တရနေတဲ့ မျက်၀န်းတစ်စုံနဲ့ပါလား..။
ဘာပဲ ဖြစ်ဖြစ် လက်ခံလိုက်တာပဲ ကျေးဇူးတင်ရတော့မည်.။
“မမ အတွက် ပြောစမ်းပါ..”
“ညည်းက ဆောင်မှာလေ..မိကြွေရဲ့..”
“ကြွေက ဖေ့စ်ဘုတ်က မှာထားပြီးသား ဂါ၀န်လေ..ဒီမှာ..ဒီမှာ..ပြီးမှ အဘ တက်နိုင်ဘူးပြောရဘူးနော်..”
“အေးပါ သမီးကြိုက်ရင် ပြီးတာပဲ..တစ်သက်တစ် မင်္ဂလာပဲဟာ..”
သမီး နှစ်ယောက် ကြည့်နေသည့် ဂါ၀န်ဖြူဖြူ ပုံလေးကို ကြည့်ရင်း ဦးမိုးဝေ တစ်ယောက် ပီတီဖြစ်နေရသည်..။
“အလှပြင်ဖို့ကော..”
“အဲတာလည်း မှာထားပြီးသား အဲနေ့ မနက်ကျလာမယ်တဲ့..”
“သြော်..သြော်...ခေတ်က ပြောင်းလဲလာတာ ကောင်းလိုက်တာ..တို့များငယ်ငယ်ကဆို ၇ ရက် ၇လီ ကြိုပြင်ဆင်ကြရတာတော်..”
အရီးပုက ဧည့်သည် အခန်းအတွက် ပြင်ဆင်ပေးရင်း သူ့ခေတ်သူ့အခါ အကြောင်းလေးပါ ပြောပြနေသည်..။
“ဒါပဲ ၀တ်မယ်..”
ကြွေ့ သေတ္တာထဲက အ၀တ်အစား အသစ်ပုံကို ရှာရင်း သူ့ စိတ်ကြိုက် တစ်စုံ ထုတ်ပေးသည်..။
“အဖြူကြီးဟယ်...ဒီအသားအရောင်နဲ့တော့..ကျီးကန်းဘဲဥဖြစ်တော့မှာပဲ ကြွေရယ်..
“မမကလည်း...ညီမလေးနဲ့ ဆင်တူလေ..ရဘူး..ရဘူး.”
“အေးပါဟယ်..အေးပါ..ပေး..”
လက်ထဲရောက်လာသည့် အကျီ င်္ကို အခန်းရဲ့ ကုတင်တန်းမှာတင်ခဲ့လိုက်ပြီး လိုအပ်တာလုပ်ဖို့ အောက်ထပ်ဆင်းလာခဲ့လိုက်သည်..။
ဧည့်သည်အတွက်လိုအပ်တာတွေကော..မင်္ဂလာဆောင် အတွက်လိုအပ်တာတွေကောကို အဘ နဲ့ ခင် သာ ဦးဆောင် စီစဉ်နေရ၏..။
ညီမလေးကို အခုလို အဝေးထည့်ပေးရမှာ တွေးကြည့်မိရုံနဲ့ မျက်ရည်က စို့လာရပြန်ပြီ..
ဘယ်တက်န်ိုင်မလည်း အတောင်စုံတော့လည်း ပျံကြအုံးမှာပါပဲ...။
အိပ်ပျော်နေတဲ့ ညီမလေးကို ရင်ခွင်ထဲ ထည့်သိပ်ရင်း နဖူးလေးကို အနမ်းပေးလိုက်သည်..။
ကြွေ ငယ်ငယ်မှာပဲ အမေဆုံးသွားလို့ ခင်ကသာ ကြွေ့အတွက် အမေ အစ်မဖြစ်ခဲ့ရသည်..။
မိဘကို စိတ်ချမ်းသာအောင်..သူ့ အသည်းနှလုံးတွေအကွဲကြေခံထားတဲ့ ညီမလေး ဘ၀တစ်လျှောက် ပျော်ရွှင်ပါစေကွယ်...။
“ဗျို့ အဘ မိုးဝေ..”
“ဟေ..ဘယ်သူတုန်း..”
“ကျူပ်..ထွန်းဖေပါ..”
“ဟေ..အေး..”
ကားသမား ထွန်းဖေဆိုတာ သိရတော့ ဦးမိုးဝေ အိပ်ယာကနေ ကမန်းကတန်း ထွက်လာမိသည်..။
“သွားခေါ်ရတော့မလား..”
“ဘယ် နာရီ ရှိသေးလို့တုန်းကွ..”
“၁၀နာရီကျော်ပြီလေ..”
“ဟေ...”ဦးမိုးဝေ လည်မြိုမှာ တစ်ဆို့သွားရသည်..။မနက် ၅နာရီ ထနေကျသူက ၁၀နာရီ သူများလာခေါ်မှ နိုးရသည်တဲ့...။
“အေး..အေး..သွား...”
“ဟဲ့ ခင်မေ..”
“ခင်မေ.....”
“ရှင်..”
“ရှင် မနေနဲ့ မြန်မြန်လာ..”
ခင်မေ ဆံပင်ကို ဖြစ်သလို တစ်ပတ်ရစ်ထုံးရင်း လှေကားကို ပြေးဆင်းလာခဲ့လိုက်သည်..။
“ဘာဖြစ်လို့လည်း အဘ..”
“ဘာဖြစ်ရမလည်း..ဧည့်သည်တွေလာတော့မယ်..စိစဉ်စရာရှိတာ စီစဉ်အုံး..”
“ဟင်..”ခင်မေ ငယ်ထိပ် မြွေပေါက်သလို ခေါင်းတွေ နောက်ကျိသွားပြီး မီးဖိုခန်း ပြေး၀င်ရသည်..။
“ဟဲ့ နင့်ညီမလည်း မနိုးသေးဘူးလား..”
“ညီမလေး အပေါ်မှာ မရှိဘူး..အဘ..”
“ဘာ...”
အဘ အသံက ဟိန်းထွက်သွားပြီး လှေကားတွေကို ပြေးတက်သွားပြန်သည်.။
ဘာလို့ ဒီလောက်လောနေပါလိမ့်...။
ခင်မေ စဉ်းစားရင်း မီးမွှေးနေတာ ခဏကြာတော့ တဒုန်းဒုန်း နဲ့ ပြေးဆင်းလာပြန်သည်..။
“မိခင်မေ..”
“ရှင်..”
“နင်ညီမ လှအုံး နဲ့ လိုက်ပြေးပြီ..”
“ရှင်.”
“ရှင် မနေနဲ့ နင် ထည့်ပေးလိုက်တာမလား.”
ဒေါသတွေနဲ့ လက်တွေပါတုန်ရင်း အသံကုန် အော်ဟစ်နေသည့် အဘ ကြောင့် ခင်မေ မျက်လုံးပြူးနေရသည်..။
“မဟုတ်ပါဘူး..အဘ ရယ် ခင် ညကတည်း က အိပ်ပျော်သွားတာ အဘ နှိုးမှ နိုးလာတာပါ..”
ခင်မေ အဖြစ်သနစ်တွေ စဉ်းစားဖို့တောင် အချိန်မရပဲ အလောတကြီး ပြောပြမိသည်..။
“မိဘကိုအိပ်ဆေးခပ်တဲ့ခွေးမ....တောက်
ငါ့မှာတော့ငါ့သမီးလေးစေတနာနဲ့သုပ်ပေးတဲ့
လက်သုပ်ဆိုပြီးမြိုချမိတာ အဆိပ်တွေ အဆိပ်..
ဟေး..ဟေး..ဒါမျိုး လာလုပ်လို့ရမလား...ခွေးဇာတ်ခင်းမှတော့ ငါ့ သမီး မဟုတ်တော့ဘူး..တောက်...ခွေးမသား လှအုံး..ဒင်းနဲ့ ငါ တွေ့အုံးမယ်..”
“မလုပ်ပါနဲ့ အဘ ရယ်..စိတ်လျော့ပါအုံး..”
“ဟဲ့ လွှတ်စမ်း နင် လည်း နာချင်နေတာလား..”
အဘ လက်မြှောက်တက်သွားချိန် ခင်မေတော့ ပါးတစ်ဘက် စပ်ပြီ လို့ တွေးရင်း မျက်လုံးစုံမှိတ်ထားလိုက်သည်..။
“ရွာလေး က သာယာသားပဲ..”
“အဘရေ..ဧည့်သည်..ဧည့်သည်..”
ခင်မေ အရင် ရှေ့ကို ထွက်ပြေးလာလိုက်သည်..။
“ကြွပါရှင်..”
“ ကျွန်မတို့လည်း လာဖို့ ကြာသွားတယ်..သားရေး သမီးရေး ဆိုတာ မိခင်တွေက အဓိကမလား.”
“ဟုတ်ကဲ့..”ခင်မေ ကြောင်စီစီ နဲ့ ခုံမှာ ၀င်ထိုင်ရင်း ခေါင်းညိတ်နေရသည်..။
“အဘ ရေ..ဧည့်သည်ရောက်ပြီလေ..”
“အေးအေး..”
အဘ က ဒေါသ ငြိမ်အောင် ရေတစ်ခွက်သောက်ပြီး မီးဖိုချောင်က ထွက်လာသည်.။
“အစ်မကြီးတို့လည်း ခရီးပန်းလာရောပေါ့..နားချင်ရင် အပေါ်ထပ် အဆင်သင့် ပြင်ထားပါတယ်..”
“နေပါစေ..ဦးမိုးဝေရဲ့..မသိတဲ့ သူတွေမှ မဟုတ်တာ ဖုန်းပြောပြီး ရင်းနှီးပြီးသားပါ ...သူများနိုင်ငံရောက်နေတာဆိုတော့ သွားချင်လာချင် မလွယ်ဘူး..အဲဒါ ဖုန်းနဲ့ ပြောနေရတာ တကယ်အားနာတယ်...လူချင်းကတော့ ခုမှတွေ့ဖူးတယ်နော်...အပြင်မှာတကယ်ခန့်တာ..”
“သြော်..ဟော်..ဟုတ်ကဲ့ ပါဗျာ...”
“ဒါထက် သမီးကော...”
အဘရော ခင်မေပါ ဘာပြန်ပြောရမှန်းမသိအောင် ခဏကြောင်သွားပြီး အဘက ရယ်ရင်း.
“ဒါ ကျူပ်ရဲ့ တစ်ဦးတည်းသောသမီး ခင်မေလေ..”
“ရှင်..”
ခင်မေမှာ ပြောင်းလဲသွားသည့် အမျိုးသမီး မျက်နှာကို မကြည့်ရဲလို့ ခေါင်းငုံနေရသည်..။
“သြော်...သြော်..ဟင်း...သဘောပေါက်ပြီ...သဘောပါက်ပါပြီ...သားတော်မောင် တို့ လုပ်ချလိုက်ရင် အဆန်းကြီးပဲ....သမီးလေး နာမယ်က ခင်ကြွေနော်..”
“ခင်မေပါ ရှင်..”
“ခင်မေ..အင်း..အင်း..သားနဲ့တော့ အသက်ကွာမှာပေါ့..ကိစ္စမရှိပါဘူး.မေတ္တာမျှရင်တော်ပြီပေါ့ ဟုတ်ဘူးလား ကိုမိုးဝေ...”
“ဟင်...အင်း...အင်းပေါ့..ဟုတ်တာပေါ့..”
“ကျွန်မကတော့ မနက်ဖြန် လူကြီးစုံရာစကားပြောပြီး သဘက်ခါ မင်္ဂလာပွဲလုပ်ချင်တယ်..ဖြစ်ပါ့မလား...ကိုမိုးဝေ..သားလည်း မနက်ဖြန်ဆို လိုက်လာမှာပါ...လောရတာက ရန်ကုန် ဟိုတယ်မှာ ပွဲလုပ်ဖို့က အချိန်ကပ်သွားမှာစိုးလို့ပါ...”
“ကောင်းပါတယ်...ကောင်းတာပေါ့..လက်ခံပါတယ်..အစ်မကြီးတို့သဘောပါပဲ..”
“ရှင်..”
ခင်မေ မျက်ရည်စို့လာရပြီ...ညီမလေး ကိုပြောမိလို့ ၀ဋ်လည် သွားတာလား..အဘ ဘာတွေ လျှောက်လုပ်နေတာလည်း..လူကြားထဲ အရှက်ကွဲ ရင်တော့ ခင်မေ ကိုယ့်ကိုယ်ကို သတ်သေမိမလားတောင် မသိ...။
“သမီးရေ နင့်အဒေါ်ကို နားလို့ရအောင် စီစဉ်ပေးပါအုံး..”
မျက်ရည် လည်လည် ဖြင့် ခင်မေ ကွပ်ပျစ်ပေါ်က ထလိုက်ရသည်..။
“ဒီဘက်လှေကားကို ကြွပါ..”
“လိမ်မာလိုက်တာကွယ်..မာမီတော့ သဘောကျတယ်..အဟွင်း...ဟွင်း..”
ရယ်ချင်တာကို မြိုသိပ်ပြီး ထွက်လာတဲ့ အသံမို့ ခင်မေ ရင်ထဲက နာကျင်ရပါသည်..။
လှောင်စရာ မျက်နှာကြောင့်... ဒီအသားအရည်ကြောင့်လေ...။
“အခန်းက ကုတင်မရှိတော့ အဆင်ပြေပါ့မလား ဒေါ်ဒေါ်.”
“ရတယ်..မာမီတို့ နေတက်ပါတယ်..ကိုပိုင်သူ ကတော့ ရွာထိပ်မှာ စကားပြောကျန်ခဲ့တယ်..သမီးဒယ်ဒီလေ..အဲဒါ မာမီလည်း လိုက်သွားချင်လို့.”
“ဟုတ်ကဲ့ ဒေါ်ဒေါ် နားပြီးရင် ခင်လိုက်ပို့ပါမယ်..”
“အင်းကောင်းတယ်..ကောင်းတယ်..မာမီ.အ၀တ်အစား လဲလိုက်အုံးမယ်..ခဏစောင့်နော်.”
ခင်မေ အောက်ထပ်ကို ပြေးဆင်းလာခဲ့တော့ အဘ က ကွပ်ပျစ်မှာ ထိုင်နေဆဲ...
“အဘ..အဘ..ဘာတွေ လုပ်နေတာလည်း.ဟင်...တစ်ရွာလုံးရှေ့မှာ ခင် အရှက်ကွဲမှာ..အဘ စဉ်းစားကြည့်ပါအုံး.”
“မိခင်မေ...တိတ်နေစမ်း..ငါက အဖေ ဒီလို အဖြစ်ခံမလား.”
“ဒါပေမဲ့..မဟုတ်ဘူး..ခင်ကြွေ့ မို့လက်ခံတာလေ..ခင်မေဆိုရင်..”
“အားလုံးစီစဉ်ပြီးသွားပြီ..ခင်မေ...ငါ့မျက်နှာ ပျက်မယ့် အရေး သမီး မကယ်ချင်ဘူးလား တစ်ရွာလုံး ဝိုင်းဟားစေချင်တာလား..”
“ဒါဆို ခင့်ကို ဝိုင်းဟားမှာကတော့...”
“ဦးမိုးဝေ သမီးပဲ သိတာ..အကြီးလား အငယ်လား သိတာ မဟုတ်ဘူး..တခြား ရွာတွေတောင် ငါ ဖိတ်ပြီးပြီ..”
“အဘရယ်..ခင်တော့ သေချင်တာပဲသလား.”
“လာပြန်ပြီ နောက်တစ်ယောက်..ငါသေမှ..ငါသေမှပါ...”
“တော်ပါတော့...တော်ကြပါတော့..ခင် အရှက်ကွဲလည်း ခံပါမယ်...သေစကားမပြောကြပါနဲ့..ဟီး..”
ခင်မေ အိနြေ္ဒရရနေလာခဲ့ပေမယ့် ဒီတစ်ခါတော့ ကွပ်ပျစ်ပေါ် ခြေပစ်လက်ပစ်ထိုင်ပြီး ငိုနေမိသည်..။
“သမီးခင်မေ..မာမီ...ဟယ်...ငိုနေတာလား..သမီးရယ်..”
“အဟွင်း..မခွဲနိုင်လို့ပါ..”
“သြော်..ဟုတ်တာပေါ့..ဟုတ်တာပေါ့..ဘယ်အချိန် လာလာ ရပါတယ်သမီးရဲ့..”
ဧည့်သည် ရှေ့မှာမို့ ခင်မေ ကိုယ့်အဖြစ်ကို မလုံမလဲ ဖြစ်ပြီး ကျောခိုင်းရင်း မျက်ရည် ကပျာကယာ သုတ်လိုက်ရသည်..။
“ဒေါ်ဒေါ် သွားတော့မလား..ခင် လိုက်ပို့ပါမယ်..”
“အင်း..ကိုမိုးဝေရေ..ကျွန်မ အိမ်သားကို လိုက်ခေါ်လိုက်အုံးမယ်..ရွာထိပ်များ စကားဖွဲ့ကျနေပြီထင်တယ်..”
“.သမီးရေ..သေချာ ခေါ်သွားနော်.”
“ဟုတ်..”
ရွာလမ်းအတိုင်းလျှောက်လာရင်း တစ်အိမ်စီက အကြည့်တွေ ရောက်လာပေမဲ့ ခင်မေ ဖြည်းဖြည်းမှန်မှန်သာလျှောက်လာခဲ့လိုက်သည်..။
ပြောစရာတွေများပြီး ခင်မေတို့ အကြောင်းကတော့ ရွာရဲ့ ခေါင်းစီး သတင်း ဖြစ်အုံးမည်..။
“ရွာလေးက သာယာတယ်နော်..သမီး..”
“ဟုတ်ကဲ့...ဒီနောက်ပိုင်း မြို့ပြောင်းတဲ့သူတွေ များလာလို့ သိပ်မစည်တော့ပါဘူး..”
“အေးပေါ့လေ...အစိမ်းရောင် ပတ်၀န်းကျင်ကို ပြန်တော့ လွမ်းကြမှာပဲ..”
“ဟုတ်..”
လယ်ကွင်းတော်တော်များများက မြေပြင်နေချိန်မို့ လေနဲ့ အတူ မြေနံ့ သင်းသင်းလေးတွေပါလာသည်..။
ကောင်းကင်ပြာပြာ မိုးကုပ်စက်ဝိုင်းဆီ ဦးတည်လျှောက်နေပေမဲ့ ခင်မေ့ရင်ထဲမှာတော့ မွန်းကြပ်လို့....။
“သမီးတို့ မိုးတွင်းဆို လယ်ကွင်းရေလျှံမှာပဲနော်..အခုတော့သွားလို့လာလို့ကောင်းနေတယ်..”
“ရေလွဲ ရှိပါတယ်..ဒေါ်ဒေါ် ရွာထဲ သိပ်မရောက်ပါဘူး..”
“ရေသိပ်မရလို့ ဖြစ်မယ် ဟိုဘက်ပိုင်းက အပင်တွေရှင်းနေတယ်..”
လက်ညိုးညွန်ပြသည့်မြေကွက်လပ် ကို ခင်မေ မျှော်ကြည့်လိုက်ပြီး
“အဲဒါ ပျိုးကြဲဖို့ အဆင့်သင့် လုပ်ထားတာ..နောက်သုံးရက်လောက်ဆို စကြဲပြီလေ..”
“သြော်..သြော်...စက်တွေနဲ့လည်း လုပ်ကြတာပဲ..”
“ဟုတ်ကဲ့...လူအားက သိပ်မထွင်ဘူး..အငှားလည်းမရဘူးလေ..ကလေးတွေတော်တော် များများက မြို့တက်သွားကြတော့..”
“အဆင်မပြေဖြစ်တာပေါ့...”
“ဟုတ်ကဲ့..”
စကားတပြောပြောနဲ့ လျှောက်လာစဉ် တစ်ဖက်က လာနေတဲ့ မျက်နှာစိမ်း ဧည့်သည် တစ်ယောက်က ဖိနပ်ကို ချွတ်ခါ လက်မှာကိုင်ပြီး အိတ်ကိုလည်း ပိုက်ထားသေးသည်..။
“ကိုပိုင်သူ ရှင်စကားပြောတာကြာလိုက်တာ..”
“ဟာ အခုပဲ ပြီးလို့ ထွက်လာတာ..ငါသူငယ်ချင်းက ဒီမှာကျောင်းဆရာဖြစ်ပြီး အိမ်ထောင် ကျသွားတာ..သူပြောသလောက်ဆို ကလေးမက မဆိုးဘူးကွ..”
ခင့် အကြောင်းမှ မဟုတ်ပဲ ခင် နောက်နားမှာ ရပ်စောင့်နေလိုက်သည်..။
“တိုးတိုး ပြောပါရှင်..ကလေးပါလာတာ..”
“ဟေ...အဲဒါလား..မင်းသားကတော့ ဆန်းပါ့ကွာ...”
“ရှင် ကလည်း ပြောလိုက်ရင် ရှေ့မကြည့်နောက်မကြည့်အရမ်းပဲ..”
“မင်းပြောမှပဲ....”
“ဟေး...သမီး..အန်ကယ်ကို လာကြိုရလို့ အလုပ်များသွားလား..”
“မများပါဘူး ရှင်..”
“အေး..အေး...သွားကြရအောင်..ရွာထဲမှာ ကြက်ပွဲရှိတယ်ပြောတယ်...အန်ကယ်ငယ်ငယ်က ဝါသနာကြီးတာ အရိုက်ခံရတာလည်း မပြောပါနဲ့.ဟား..ဟား...”
ခင့် ကိုအားနာပြီး ရောက်တက်ရာရာတွေ ပြောနေမှန်းသိလို့ ခင် မသိချင်ယောင်ဆောင်ပြီး ခေါင်းညိတ်လိုက်ရသည်..။
တစ်နေကုန် ဧည့်သည်တွေအတွက် ချက်ပြုတ်လုပ်ကိုင်နေရပေမဲ့ ညီမလေး အဆင်မှ ပြေပါ့မလား တွေးမိရင် စိတ်က ပူရသေးသည်..။
“ဒေါ်ဒေါ် တို့ ထမင်းပွဲ ကို ဒီမှာ ပဲ ပြင်ပေးရမလား အပေါ်ကို ယူလာပေးရမလား..”
“ဒီမှာပဲ ကောင်းပါတယ် သမီးရဲ့..ပျော်ဖို့ကောင်းတယ်..”
ဧည့်သည်တွေကတော့ ဘာကြောင့်များ ပျော်နေကြလည်းမသိ..ခင် ကတော့ သူတို့ကို တွေ့လေ သိမ်ငယ်သလို ဖြစ်ပြီး ငိုချင်လာလေလေ...။
ဧည့်သည် နှစ်ယောက်စလုံးက ချောချောလှလှ အသားဖြူဖြူ တွေ ..သူတို့သားဆိုတာသာ ရောက်လာရင်..
အို ခင်မေဆိုတာ ကို လက်ညိုးထိုးပြီး ရန်စောင်ရင်တော့..
ထစ်ခနဲ့ဆို စပ်စုကြပြီး ရွာလုံးကျွတ်အုံလာတက်သည့် ရွာဓလေ့ကြောင့်...
ခင်တွေးလိုက်ရုံဖြင့် ချောက်ချားလာရသည်..။
ဟင်း ထမင်းတွေကို ပန်းကန်ထဲ ဖြည့်ထည့်ရင်း မနက်ဖြန် အတွက် ကြိုတွေးခါ သက်ပြင်းငွေ့သာချမိသည်..။
“ရပါပြီ ဒေါ်ဒေါ် လက်ဆေးရေ..”
“အခုလို အပင်အောက်မှာ ထိုင်စားရတာ စိတ်ကြည်နူးဖို့ကောင်းတယ်နော်..ဒါကြောင့် မြို့က လူတွေထက် ကျန်းမာရေး ပိုကောင်းကြတာ..”
“ဟုတ်ပါဗျာ..ကျူပ်တို့ ရွာမှာ သွေးတိုးတို့ ဆီးချို တို့ သိပ်မဖြစ်ဘူးဗျို့..စားရတာလည်း အသီးအရွက်က ခပ်များများရယ်ကို...ခင်မေရေ..နင့်ဦးလေး ကိုလည်း ထမင်းဖြည့်ပေးပါအုံး..”
“ဟုတ်ကဲ့..”
“ထမင်းသာ ထပ်ဖြည့်ရင် တစ်ပြည်ချက် ကုန်လိမ့်မယ် သမီးရေ..”
“ထည့်ပါ ဦးလေးရယ်..”
ခင်မေ ကမ်းပေးတဲ့ ထမင်းဇလုံ ရှေ့ ပန်းကန်ရောက်လာမှ ဇွန်းနဲ့ ခပ်ထည့်ပေးလိုက်ရသည်..။
ခင် အနားမှာ ရပ်ပြီး လိုအပ်တာတွေ လိုက်လုပ်ပြီး မတ်တက်ရပ်နေလိုက်သည်..။
“သမီး က ဟင်းချက်လက်ရာကောင်းလိုက်တာကွယ်..ထမင်းစားလို့ ကောင်းလိုက်တာ..သခွပ်သုပ် ထင်တယ်နော်..ဒီလိုအရသာမျိုး ဖြစ်အောင်သုပ်နိုင်တာ တကယ်တော်လို့ပဲ..”
“ဟုတ်တယ်...ကိုလည်း ပြောမလို့ပဲ..သားရွေးတာ မှန်သွားတယ်လို့လေ..”
“ဒါဖြင့် ရှင်က ကျွန်မ ဟင်းမချက်တက်တာကို အပြစ်ပြောချင်တာလား..”
“မဟုတ်ပါဘူးကွာ..ခင်မေ က ဟင်းချက်လက်ရာကောင်းတော့ သား အတွက် ဂုဏ်ယူနေတာပါဟ..”
“အဟွင်း...သူက တစ်နေ့တစ်နေ့ မီးဖိုချောင် အတွက်ချည်း အချိန်ကုန်နေရတာကိုး မစိုး တို့တော့ စားတက်ပါ့မလားမသိဘူး..တောစာတွေချည်း ချက်ထားတာကိုး ခင်မေရဲ့..”
အဘက ဧည့်သည်ကို အမွန်းတင်ရင်း ခင်မေ့ ဘက်ကို ကြည့်ခါ ဆူပြန်ပြီ..။
“ဒါမျိုးစားရတာပဲ ကံကောင်းလှပြီ..ကျွန်မတို့ဆီမှာ မြန်မာ ထမင်းဟင်းတွေတောင် မေ့တေ့တေ့ ဖြစ်နေပြီ...”
“နိုင်ငံခြားမှာဆိုတော့ မြန်မာပြည်လွမ်းနေမှာပဲ..”
“လွမ်းတာပေါ့..အလုပ်တွေကြောင့်သာနေရတာ..ပိတ်ရက်ရောက်တာနဲ့ တန်းပြန်လာတာပဲ..သားက ဟိုမှာလာမယ်ဆိုတာကို စိုး တို့ကလက်မခံတာ..ဟိုမှာပဲ တစ်မိသားစုလုံး အခြေကျသွားမှာစိုးတယ်လေ..”
သူတို့သား ဆိုတဲ့ အကြောင်းပါလာတော့ ခင်မေ ထော်လှန်လှန်လေး ဖြစ်နေတဲ့ နှုတ်ခမ်းကို ဖိကိုက်ထားမိသည်..။
အို အသားဖြူသူနဲ့ အသားမဲသူ ယှဉ်ပဲ ကြည့်ပါအုံး ဘယ်လောက် သိမ်ငယ်နေပြီလည်း..။
ဒီကြားထဲရုပ်ခံက မရှိ နှာခေါင်းက ပြားပြား နှုတ်ခမ်းကလည်း ထော်သေး..ရွာမှာတော့ ဟားစရာဖြစ်ကြအုံးမည်..။
သူတွေ့ပြီး ပွဲကြမ်း ငြင်းလိုက်လည်း ကောင်းတာပါပဲ...။
မနက်ဖြန်တွေ့ခွင့်ရရင် ခင်မေက ခင်ကြွေမဟုတ်ပါဘူးဆိုတာရယ်..သူ့အမေ လူမှားတာပါလို့ သတိပေးရမယ်...။
“တီ...တီ...တိ...”
ဧည့်သည်ရဲ့ ပိုက်ဆံအိတ်အကောင်းစားထဲက ဖုန်းသံမြည်လာတော့ လက်ထဲက ရေနွေး ပန်းကန် ကို ချပြီး ဟန်ပါပါ ဖုန်းထုတ်ကိုင်သည်..။
လက်ကလေးတွေကလည်း သွယ်လိုက်တာ....။
“ဟလို..သားလား....”
ခင်မေ ယပ်တောင်ကိုင်ထားရင်း မျက်လုံးဝိုင်းကျယ်သွားရသည်..။
“အင်း..အင်း...အဆင်ပြေပါတယ်..”
“သားက ဘာကို စိုးရိမ်နေတာလည်း..ဟား..ဟား..မဟုတ်တာ..သားသဘောကျရင် ပြီးပြီလေ..မာမီတို့က ဘေးလူပဲ..အခုတော့ စိတ်ချရပြီပေါ့..အင်း..အင်း...”
“မနက်ဖြန် စေ့စပ်မှာနော်..သဘက်ခါ မင်္ဂလာပွဲလုပ်ဖို့ ကိုမိုးဝေက အားလုံးစီစဉ်ထားတယ်..အင်း..အားလုံးပဲ..”
ခင်မေ အကြည့်က အဘ ဆီရွေ့သွားတော့ အဘ က ဘာမှ မဖြစ်သလို လက်ဖက်ပန်းကန်ရှေ့ချပြီး ဧည့်သည် ဦးလေး နဲ့ ရွာ ချောင်းဖောက်တဲ့ အကြောင်းပြောနေကြသည်..။
“သမီး နဲ့ ပြောအုံးမလား..”
“ရှင်..”
“အင့် ပြောလိုက်ပါ သမီး..”
“ဟို..ဟို..နေပါစေ..ဒေါ်ဒေါ်..”
“ပြောလိုက်ပါ သမီးရဲ့..”
အတင်းလှမ်းကမ်းသည့် ဖုန်းကို ခင် ငြင်းလည်းမရသည်မို့ လှမ်းယူလိုက်ရသည်..။
“ဟ...လို....”
“မရဘူး ဒေါ်ဒေါ်..”
ဘာသံမှ ထွက်မလာသည့် ခင် ပြန်ပေးလိုက်တဲ့ ဖုန်းကို ယူကြည့်ပြီး..
“သြော် ဖုန်းလိုင်းကျသွားတာကိုး...”
“ဟုတ်တယ်...မစိုးရေ..ဒီမှာက ဖုန်းလိုင်းတွေ သိပ်မမိဘူး..”
“မနက်ဖြန်တွေ့မှ ပဲ တစ်ဝပြောတော့ သမီးရေ..”
ခင် လည်း ပြောစရာတွေ အများကြီးရှိပါသည်..။
တွေ့တော့ မှပဲ ပြောပြတော့မယ် ကိုအဝှါရေ...။・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・
အရေးအသားမကောင်းပေမဲ့
သည်းခံ ဖတ်ပေးခဲ့တဲ့ စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော် ❤
Love u all
#စပိုက်ကာ
YOU ARE READING
ပန်းကြိုးနွယ်
Romance" စိမ်းကားနေတာ အသည်းတွေတကယ်နာကျင်ရတယ်.. မုန်းတယ်သိလား..မုန်းတယ်..ချစ်လွန်းလို့မုန်းရတယ်..မဖြစ်သင့်မှန်းသိလို့မုန်းရတယ်...." :・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・ " သူ ခွင့်ပြုတောင် ကိုယ်မလုပ်နိုင်ဘူး..ရင်းနှီးတာအချိန်ကြာရင် ကိုယ့်စိတ်တွေလည်း ထိန်းချူပ်လိ...