ပန်းကြိုးနွယ်
အပိုင်း (၂၁)
#ပန်းကြိုးနွယ်“မမခင် ..ကျွန်တော် ဆန်းသူ ပါ...အာကာရှိလား..”
“အင်း..ရေချိုးနေတယ် ...”
“ခေါ်လို့ရရင် ခေါ်ပေးပါလား မမခင်...အရေးကြီးလို့ပါ...”
ခင် အခန်းထဲ ၀င်သွားတော့ သူက ရေချိုးပြီးလို့ အပြင်ရောက်နေပြီ..။
“ဖုန်းလာလို့ ဆန်းသူ..”
“ဟင်..”
အာကာ့ ဖုန်းကို ခေါ်မရလို့ မမခင် ဆီ ခေါ်တာဖြစ်မယ်လို့တွေးရင်း ဖုန်းကိုင်လိုက်ရသည်..။
“ပြော..ယောက်ဖကြီး..”
“အာကာ မင်း အခုလာလို့ရရင် မင်းတို့ထိပ်က ဆေးရုံခဏ လိုက်ခဲ့ပါလား..”
“ဟင်..ဘာဖြစ်တာလည်း..”
“နဒီ ဆေးရုံတက်နေရတယ်..မင်းကိုတွေ့ချင်တယ် ပြောလို့..”
“ဗျာ...”
အာကာ မယုံနိုင်အောင် ဖြစ်ရသလို စိတ်တွေ လှုပ်ရှားလာပြီး..ကိုဆန်းသူ ဖုန်းချသွားလည်း.. အာကာ ကိုင်ထားမိဆဲ...။
“ကိုမောင်မောင်အာကာပိုင်စိုး..”
“ဟင်..မမခင်..”
“ဘာဖြစ်လို့လည်းဟင်...”
“ဟို..ဟို...နဒီ ဆေးရုံတင်ထားရတယ်တဲ့...”
“ဟယ်...ဘယ်လိုဖြစ်တာလည်း...”
“ကျွန်တော်လည်း မသိဘူး..လာဖို့ပြောပြီးဖုန်းချလိုက်တယ်..”
“သွားလိုက်လေ...မြန်မြန် အ၀တ်လှဲအုံး..”
မမခင်က ဦးဆောင်ပြိး အ၀တ်ဘီဒိုထဲက အ၀တ်ထုတ်ပေးမှ အာကာ အသိ၀င်လာ၍ အကျီ င်္၀တ် ပုဆိုးလဲပြီး ခေါင်းရေကို လက်နဲ့သာ ခါရင်း ထွက်လာခဲ့လိုက်သည်..။
ဆေးရုံအောက်ရောက်တော့ ဖုန်းထပ်ဆက်ပြီး အခန်းမေးခါ တက်လာခဲ့ရတာ ရင်ထဲမှာတော့ တထိပ်ထိပ်..။
နဒီ အခုလို ဖြစ်တာ အာကာ့ ပယောဂ ကင်းရဲ့လားတွေးရင်း ဇောချွေးပင်ပြန်လာသည်...။
“ဟော..ရောက်ပြီ..”
“ကို...ကို....လာပါအုံး..ကိုရယ်....နဒီ့ ကို မုန်းသွားပြီလား...ဟင်...”
“ဟင်..”
ကို ဆန်းသူက မျက်နှာငယ်နဲ့ ရပ်နေသလို မယုကလည်း မျက်ရည်ကျနေသည်...။
သူတို့ ၀င်မတားဘူး ဆိုကတည်းက တစ်ခုခု ဖြစ်နေတာ သေချာသွားပြီ...။
“နေကောင်းရဲ့လား..နဒီ..”
“ကောင်းတယ်...ကို...အဲဒါကို မမ တို့က မကောင်းဘူးဆိုပြီး ဒီလာပို့ထားတယ်...နဒီ နေကောင်းပါတယ်နော်ကိုနော်...”
“ဟင်...အင်း...”
“ခဏနော်...ညီမလေး..မမ တို့ အာကာ နဲ့ စကားပြောလိုက်အုံးမယ်...”
“အင်း..”
မယုက အာကာကို ခေါ်ပြီး တံခါး၀ အရောက်..
“သွားရဝူး..သွားရဝူး..ဟီး...ဟီး..”
“အေး..အေး...မသွားဘူးနော်..”
မယုက တံခါးပေါက်ဆီကနေ သူညီမဆီ ပြန်လျှောက်သွားရပြန်သည်..။
“အာကာ..”
“အကို နဒီ ဘာဖြစ်တာလည်း..”
“မသိဘူးကွာ..အခုရက်ပိုင်း အလုပ်လည်း မသွားဘူး အိမ်မှာချည်းပဲ..ညနေပိုင်းကတည်းက အိမ်မှာရောက်နေတာ...သူအိပ်မယ်ဆိုတော့ ယုက ထုံးစံ အတိုင်း ပြင်ဆင်ပေးခဲ့တာ...ည တစ်နာရီကြီး တဒုန်းဒုန်း နဲ့ တက်သလို သတိလစ်သလိုလို တစ်ကိုယ်လုံး တုန်နေတာ ပြီးတော့ ဆေးရုံရောက်တော့ ပြောင်းဆန်နေတာပဲကွာ..မင်းဆီသွားမယ် အတင်းလုပ်နေတော့.ငါတို့လည်း ကြံရာမရလို့ တစ်ညလုံးချော့ထားပြီး အခုမင်းကိုခေါ်လိုက်တာ..”
“ဟာ...ဆရာ၀န်က ဘာဖြစ်တယ်ပြောလည်း..”
“ဆေးစစ်တာ အားလုံးကောင်းတယ်..
စရောက်ခါစ စိတ်ငြိမ်ဆေးဆိုလားထိုးပေးတယ်
အားနည်းချိန် စိတ်ဖိစီးတာများသွားလို့ပြောတယ်
ခေါင်းကို ရိုက်ထားတာက ချက်ချင်း အဖြေ မထွက်သေးလို့ စောင့်ရမယ်တဲ့ လူနာကို စိတ်ချမ်းသာအောင်ထားရင် သူ့ဟာသူလည်း ပြန်ကောင်းလာနိုင်တယ်တဲ့လေ...”
“ကို...ကို....နဒီ...ရေသောက်ချင်တယ်..”
“ဟင်...အင်း...”
အာကာ ကုတင်ဘေးခုံက ရေခွက်ကို ပိုက်တပ်ပြီး လှမ်းပေးတော့ မယူပဲ နှုတ်ခမ်းစူနေသည်..။
“ကို နော် ကိုင်ပေးထား..”
အာကာ ခေါင်းညိတ်ပြီး ရေခွက်ကို ပါးစပ်နားမှာ ကိုင်ထားပေးလိုက်ရသည်...။
“မမတို့ပြန်ချင်ပြန်လေ...နဒီ့မှာ ကို ရှိတယ်..”
“ဟမ်...”
“ဘာလည်း...မမတို့ အလုပ်မသွားကြတော့ဘူးလား..”
“အာကာ လည်း သွားရမှာလေ...ညနေ မှ သူ တစ်ခေါက်ပြန်လာလိမ့်မယ်နော်..ညီမလေး...”
“ရဝူး..ရဝူး...အဟင့်...ကို မသွားရဘူး..”
အာကာ့ လက်ကို ဆွဲပြီး ကလေးတစ်ယောက်လို ငိုနေတဲ့ နဒီကြောင့် အာကာပါ ရူးချင်ချင် ဖြစ်လာရသည်..။
“နဒီ ရဲ့ အာကာ ရုံးပျက်တာ များနေလို့ပါ..လိမ်မာပါတယ်နော်...ညနေ လာမယ် ရုံးဆင်းတာနဲ့လာမှာ ဟုတ်တယ်မလာ..အာကာ...”
“ဟုတ်တယ်...ဟုတ်တယ်...နဒီ..ကို ရုံးဆင်းတာနဲ့ ဒီပဲလာခဲ့မယ်..”
“မလိမ်ရဘူးနော်...”
“အင်း..”
“ကတိ..”
“အိုကေ...ကတိ..”
လက်သန်း သွယ်သွယ်လေးကို ကွေးရင်းပြောတော့ အာကာပြန်ချိန် ပြီး ကတိပေးလိုက်ရသည်..။
“တာ့တာ နော်...ချစ်တယ်နော် ကို..”
“အင်း...”
“ဟာ ပြန်ပြောအုံးလေ..ကို..”
“အင်း ချစ်တယ်..”
အာကာ မလုံမလဲ နဲ့ မြန်မြန်ဆန်ဆန်ပြောပြီး ခပ်သုတ်သုတ် ထွက်လာခဲ့လိုက်ရသည်..။
“ကျေးဇူးပဲ အာကာရယ်...မမခင်သိရင် စိတ်ဆိုးမလား..”
“မဆိုးပါဘူး..ရပါတယ် ..”
“နဒီ့ ကိုလည်း မဆူရက်ဘူး..”
“ဟုတ်တယ်...အခုချိန် သူက နေကောင်းတာမဟုတ်ဘူးလေ..ကျွန်တော့် ကို အားမနာပါနဲ့ မယု...”
“နဒီက အစွဲအလမ်းသိပ်ကြီးတာ မိတဆိုးမလေး အဖေဒုက္ခပေးတာလည်းခံရတယ်...
သူအရမ်းချစ်ရတဲ့ ကောင်လေးက လက်ထပ်ပြီး တစ်နှစ်မှာ သူ့ကို ထားသွားတယ်.အဲတုန်းကလည်း နေမကောင်းတွေ ဖြစ်သေးတယ်...နောက်ပိုင်း ဘယ်သူကိုမှလည်း အတည်တကျ စွဲစွဲလမ်းလမ်း တွဲတာမျိုး မရှိဘူး..ဒါပေမဲ့..”
မယုက စကားမဆက်ပဲ အာကာ့ ကို ကြည့်လိုက်တော့ မျက်နှာပူရသည်..။
“မမ....ကို့ ကို ညနေမလာဖို့ ပြောနေတာလား...”
“မဟုတ်ပါဘူး...နဒီရယ်...”
အာကာ အပြန်လမ်းမှာ သက်ပြင်း အကြိမ်ကြိမ်ချနေမိသည်..။
နဒီ့လို လှလှပပပ မိန်းကလေးတစ်ယောက် က အခုလို ဖြစ်ရတာ နှမျောစရာ...
ပြီးတော့ တရားခံက အာကာ ဖြစ်နေတာ
ပိုစိတ်မကောင်း ရသည်...။
“ကိုမောင်မောင်အာကာပိုင်စိုး...”
“ဟင်..”
“နဒီ ဘယ်လိုနေသေးလည်း..ဟင်..ဒဏ်ရာက များလား..ဘာဖြစ်တာလည်းဟင်..”
မေးခွန်းတွေစီပြီး ထိုင်စောင့်နေတဲ့ မမခခင်ကို မြင်တော့ အာကာ မသက်သာစွာ ပြုံးပြလိုက်ရသည်..။
“ဒဏ်ရာ မရှိပါဘူး...မမခင်..ညဘက် ထလန့်ပြီး နည်းနည်း ကြောင်သွားတာ..”
“ဟင်..”
“အခုလည်း ကျွန်တော့် ကို မပြန်ရဘူးချည်း ဆွဲထားလို့ မယု မနည်းပြောယူရတယ်..”
“သနားပါတယ်...လိပ်ပြာလန့်သွားတာလား မသိဘူး..”
“ဟုတ်မှာပေါ့... ကျွန်တော် ရုံးသွားဖို့ ပြင်လိုက်အုံးမယ်...”
သူ အလုပ်သွားဖို့ မေ့ပြီး နဒီ့ အတွက် စိတ်ပူနေမိတာ..ထမင်းချိုင့်တောင် မပြင်ရသေး....။
“သူ......အိတ်ကျန်ခဲ့ပြီ...”
“သြော်....မေ့တာ...”
ခင်လှေကားထိပ် အထိ လိုက်ပို့ပေမဲ့ မနှုတ်ဆက်ပဲ ဆင်းသွားပြီ တံခါးပြန်ပိတ်လိုက်ချိန် တွန်းလိုက်လို့ လန့်သွားတာ...
“ကားသော့ ကျန်ခဲ့လို့..”
“ခဏ..”
စားပွဲပေါ်က သော့ကိုပြေးယူပေးလိုက်တော့ ကျေးဇူးပြောပြီး ပြန်ဆင်းသွားပြန်ပြီ...။
ဘာတွေ ကျန်ခဲ့ အုံးမလည်း မသိ....သူ တော်တော် စိတ်မကောင်း ဖြစ်နေမှာပဲ...သနားလိုက်တာ....။
“တင်..တောင်...တင်...တောင်...”
ခင်မေ မီးဖိုခန်းက ပြေးထွက်လာပြီး တံခါးပေါက်က ကြည့်လိုက် ယု ဖြစ်နေသည်..။
“ဟယ်..ယု..လာလေ...၀င်...”
“ဟုတ်...”
“မမခင် နေကောင်းတယ်နော်..”
“ကောင်းပါတယ်..မတွေ့တာကြာပြီနော်...”
“မမခင် က အိမ်လည်မှ မလာတာ...”
“အင်း..ခင် လည်း..အပြင်သိပ်မထွက်ဖြစ်လို့ပါ ..”
“မမခင် နဒီ့ သတင်းကြားပြီးပြီလား..”
ယုက သက်ပြင်းတစ်ခုနဲ့ အတူမေးတော့ ခင် လည်း စိတ်မကောင်းဖြစ်ရပါသည်။
“နေမကောင်းဘူးဆို...ဘယ်လိုနေသေးလည်း..”
“နေမကောင်းတာ မဟုတ်ဘူးမမခင်ရေ....စိတ်မကောင်းတာ...”
“ဟင်...”
“စိတ်က ကနာမငြိမ် နဲ့ အရူးတစ်ပိုင်း ဖြစ်နေတာ...”
“အို...”
“အဲဒါ မမခင် နားလည်အောင် လာပြောပြတာပါ..သူ က အာကာ့ကိုချည်း ခေါ်ခိုင်းနေတာလေ..မမခင် အထင်လွဲ မှာစိုးလို့ လာရှင်းပြတာပါ...”
“အထင်မလွဲပါဘူး..ယုရယ်... နဒီ့ အတွက် ဘာတွေလုပ်ပေးရမလည်းဟင်..”
“ရပါတယ်..မမခင်..သူက အာကာ့ကိုချည်း လိုနေလို့ခက်တာ....”
“အဟွင်း..နေမကောင်းလို့ပါယုရယ်...ဒါနဲ့...နေအုံး...မုန့်လုပ်ထားတာလေးတွေ ထည့်ပေးလိုက်မယ်...”
“မမခင်လည်း လိုက်ပါလား လမ်းထိပ်တင်ပဲ..”
ခင် လိုက်သွားသင့်လား မသင့်လားစဉ်းစားရင်း နောက်ဆုံးတော့ သတင်းမေးအနေနဲ့ လိုက်သွားလိုက်မိသည်..။
“နဒီရေ...မမခင် လာတယ်..”
“ဘယ်က မမခင်လည်း..”
“အာကာ့ မိန်းမလေ..”
“ဟင် ကို့ မိန်းမ ဟုတ်လား...ဟုတ်ဘူး..ဟုတ်ဘူး...ကို့ မိန်းမကို နဒီ...ဟီး...ဟင့်..”
“ဟုတ်ပါတယ်...နဒီရယ်...ခင် နဲ့ ဘာမှ မဟုတ်ဘူးနော်..တိတ်...တ်ိတ်....နဒီ့ အတွက် မုန့်တွေယူလာတယ်..”
“စားဘူး..”
“နဒီ..”
“ရပါတယ်..ရတယ်...မဆူပါနဲ့...”
နဒီ့ လို ချစ်စရာ ကောင်းတဲ့ မိန်းကလေး တစ်ယောက် အခုလို ဖြစ်သွားရတာ ခင်မယုံနိုင်သလို သနား ကရုဏာလည်းဖြစ်ရသည်..။
တံခါးဖွင့်၀င်လာသူက ကိုမောင်မောင်အာကာပိုင်စိုးဖြစ်နေတော့ ခင်အံသြနေချိန် သူက ခင့်ကို ကြည့်ပြီး မယုံနိုင်ဖြစ်နေသည်..။
“မမခင်..ဒီရောက်နေတာလား..”
“အင်း..ယုနဲ့ လိုက်လာတာ..”
“ကို...ကို....အဲ့ဒီ မိန်းမကြီးကို မောင်းထုတ်ပေးပါနော် ကို..နဒီ ကြောက်လို့ပါ...တကယ်ကြောက်လို့ပါ..”
အာကာ လှည့်ကြည့်တော့ မမခင် က မျက်လုံး ပေကလပ် လုပ်ပြီး ရပ်ကြည့်နေသည်..။
“နဒီကလည်း..မမှတ်မိတော့ဘူးလား..အဲဒါ မမခင်လေ.”
“မသိဘူး..မသိဘူ.း...သူက နဒီတို့ကို ခွဲလိမ့်မယ်...အဲမိန်းမကြီး စိတ်လည်း မကောင်းဘူး..ကို ကို့ ပြန်ခေါ်သွားမှာ...ခွဲပစ်မှာ...”
“မခွဲပါဘူး..နဒီ..ရယ်..မခွဲပါဘူး..ခင်က မုန့်လာပေးတာလေ...နဒီ ကြိုက်မှာပါ မုန့်ဝိုင်းလေးတွေလေ...စားကြည့်ပါလား..”
ခင် ချိုင့် အသေးကိုရှေ့တိုးပေးချိန် နဒီ က မထင်မှတ်ပဲ ရိုက်ထုတ်လိုက်တော့ ချိူင့်က လွင့်စင်ပြီး အခန်းထောင့်ရောက်သွားသည်..။
“နဒီး...”
“နေပါစေ..ယုရယ်...သူ နေမကောင်းလို့ပါ..”
“သူ့ကို မောင်းထုတ်ပေးကြပါ...နဒီကြောက်လို့ပါ...”
နဒီက ခြေဆောင့်ငိုနေတော့ ခင် ချိုင့်ကောက်ပြီး ပြန်ဖို့ပြင်ရသည်..။
“ကျွန်တော်လိုက်ပို့မယ်..မမခင်..”
“ဟင့်အင်း..သွားရဘူး..ကို သွားရဘူး..”
“ရတယ်..သူနေပါ..နဒီ..ငိုနေတယ်လေ...ခင် စျေးသွားနေတဲ့လမ်းပဲ ပြန်တက်ပါတယ်...”
ချိုင့်တစ်လုံးကိုင်ပြီး နှုတ်ဆက်ထွက်သွားသည့် မမခင်ကိုငေးရင်း သက်ပြင်းတစ်ချက် ခိုးချလိုက်ရသည်..။
“ကို...ဗိုက်ဆာတယ်...မုန့်ခွံကျွေးပါ..”
“ဟင်...အင်း..”
ကုတင်ဘေးမှာ တင်ထားတဲ့ အငွေ့ထနေတဲ့ ခေါက်ဆွဲပြုတ် ပန်းကန်ကို လက်ညိုးထိုးပြပြီး နှုတ်ခမ်းစူပြောနေပြန်သည်..။
နှုတ်ခမ်းကို ခပ်ဟဟလေးဖွင့်ပြီး စောင့်နေတော့ အာကာ အကြည့်လွဲရင်း ခွံပေးလိုက်ရသည်...။
“အား..ကောင်းလိုက်တာ.....ကို ခွံပေးလို့ ပိုကောင်းနေတာ..”
“အင်း...တစ်လုပ်ထပ်စားလိုက်နော်...”
“အွင်း..”
ခေါင်းညိတ်ပြီး ပါးစပ်ဟစောင့်နေတော့ အာကာ ကုန်တဲ့အထိ ဆက်ခွံပေးပြီး ဆေးပါ တစ်ခါတည်းတိုက်လိုက်သည်..။
“ကို ပြန်မယ်နော်...”
“ပြန်ရဘူး...ပြန်ရဘူး..”
“နဒီ..အဲလို ဆိုးနေရင်..မမ အာကာ ကို မလာခိုင်းတော့ဘူးနော်...”
“ဟင့်အင်း...ဟင့်အင်း..”
မယု ခြိမ်းခြောက်လိုက်တော့လည်း ကလေးတစ်ယောက်လို ခေါင်းတွင်တွင်ရမ်းပြနေသည်..။
“ကို မနက်ဖြန်လာမယ်နော်..နဒီက လိမ်မာပါတယ်..နော်”
အာကာတောင်းဆိုသလိုပြောလိုက်တော့ မျက်ရည်ကို လက်ခုံနဲ့ ဖိဆွဲသုတ်ရင်း ခေါင်းညိတ်ပြသည်..။
လှေကားတွေကို လေးကန်စွာတက်ရင်း မမခင်ကို အားနာမိသည်...။
“တင်..တောင်..”
တံခါးဖွင့်ပြီး တာနဲ့ မမခင်က ထုံးစံအတိုင်း အပြုံးတစ်ခုနဲ့အတူ အိတ်တွေကိုလက်လွဲယူသွားသည်..။
အာကာ ဒီနေ့တော့ ဘာကြောင့်မှန်းမသိ အရမ်းပင်ပန်းနေတာ..တံခါးဖွင့်ပေးတဲ့ မမခင်ကို ပွေ့ဖက်ချင် စိတ်တွေတောင်ဖြစ်လာသည်..။
“မမခင်..”
“ဟင်..”
“ဘာမှ မဟုတ်တော့ပါဘူး..”
“သူ ရေချိုးရင် မကြာနဲ့နော်...လက်ကော ဘယ်လိုနေသေးလည်း..”
“အင်း ကောင်းသွားပါပြီ...”
အာကာရေချိုးပြီးတော့မှ လူက နည်းနည်းနေလို့ကောင်းသွားပြီး အ၀တ်အစားလဲခါ မီးဖိုခန်းထဲ ၀င်လာခဲ့လိုက်သည်..။
“မမခင်...ထမင်းစားကြမလား..”
“အင်း..”
အာကာ စားပွဲမှာ ၀င်ထိုင်လိုက်တာနဲ့ မမခင် တစ်ခဏအတွင်း ဟင်းပန်းကန် ထမင်းပန်းကန်တွေချလို့ပြီးသွားပြီ...။
“ခရမ်းချဉ်သီးချက်က မွှေးနေတာပဲ..”နီနီရဲရဲ စားချင်စဖွယ်အရောင်တောက်နေသည့် ခရမ်းချဉ်သီးချက် ပန်းကန်ကို အရင်ယူပြီးခပ်ထည့်လိုက်တော့ မမခင်က ဟင်းပန်းကန်တွေ ရှေ့တိုးပေးသည်...။
“မမခင်..”
“ဟင်..”
ထမင်းငုံ့စားနေရာကမော့ကြည့်တော့ အာကာပြောဖို့စကားတွေတန့်ကုန်ပြီ.။
“ဟို..ဟို..စားပြီးမှပဲ..”
“အဟွင်း..ပြောပါ ကိုမောင်မောင်အာကာပိုင်စိုးရဲ့...သူစိမ်းတွေ ကျနေရောပဲ...”
“ကျွန်တော် နဒီ့ဆီ သွားနေတာမှန်ရဲ့လား...မမခင် ..”
“ဘာများလည်းလို့ နေမကောင်းတဲ့သူကို ပြုစုပေးတာ ကောင်းတဲ့ အလုပ်ပဲလေ..”
“အင်း..ကျွန်တော့် အတွက် ပင်ပန်းနေသလိုပဲ..”
“မလုပ်ဖူးတဲ့ အလုပ်မို့လို့နေမှာပါ..”
“ဟုတ်မယ်..”
ထမင်းဆက်စားနေတဲ့ သူ့ကိုကြည့်ရင်း ခင် စိတ်မကောင်းဖြစ်ရသည်..။
ချစ်ရသူ တစ်ယောက် စိတ်တွေဖောက်ပြန်ကုန်တာ သူ ဘယ်လိုခံစားနေရမလည်း ခင်နားလည်ပါတယ်..။
ထမင်းစားနေပေမဲ့ မဝါးမိပဲမြိုချနေမိတာ ထမင်းကုန်သည် အထိပင်..။
YOU ARE READING
ပန်းကြိုးနွယ်
Romance" စိမ်းကားနေတာ အသည်းတွေတကယ်နာကျင်ရတယ်.. မုန်းတယ်သိလား..မုန်းတယ်..ချစ်လွန်းလို့မုန်းရတယ်..မဖြစ်သင့်မှန်းသိလို့မုန်းရတယ်...." :・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・ " သူ ခွင့်ပြုတောင် ကိုယ်မလုပ်နိုင်ဘူး..ရင်းနှီးတာအချိန်ကြာရင် ကိုယ့်စိတ်တွေလည်း ထိန်းချူပ်လိ...