Part 11

4K 180 4
                                    

ပန်းကြိုးနွယ်
အပိုင်း (၁၁)
#ပန်းကြိုးနွယ်

“ဒါက ဘယ်လည်း မမခင်..”
မနေ့က မနက်ပိုင်း တွေ့ပြီး ကတည်း မကြည်မလင် ဖြစ်နေသည့်သူက ညက လည်း စကားတစ်လုံးမှာ မပြောပဲ ထမင်းစားပြီးတာနဲ့ အခန်းထဲ တန်း၀င်သွားသည်..။
ခင် အမှားလုပ်မိလို့ စိတ်ဆိုးနေမှန်းသိတော့ ပိုပြီး နေရခက်ရ၏။
သူနဲ့ လမ်းမှာ မဆုံဖြစ်အောင် ကြိုးစားမည်လို့ ဆုံးဖြတ်ရင်း..ခင် အိမ်အလုပ်တွေထဲ စိတ်နစ်ထားရသည်..။
မနက်စောစော ထွက်လာသည့် သူ့ စကားလုံးက လေသံမာမာ နဲ့ ဒေါသ တစ်ချို့ ပါ၀င်နေသည်မို့ ခင် ဆွဲခြင်း ကိုင်လျက်သား ခြေလှမ်းတွေ ရပ်တန့်သွားရသည်..။
“စျေးသွားမလို့ပါ..ဘာမှာအုံးမလည်းဟင်..”
ပြောလိုက်တဲ့ စကားက ကိုယ့်ကို လာရွဲ့နေသလိုလိုပင်...။
“ဘာမှ မမှာဘူး..မမခင်လည်း မသွားရဘူး..”
“ဟင်..”
“ခြေထောက်နာနေတာ စျေးကို ဘာလို့သွားမှာလည်း..”
“စျေးမသွားရင် ချက်ဖို့...”
“မလိုပါဘူး..ဒီနေ့ ကျွန်တော် ရုံးပိတ်တယ်..”
“ဒါပေမဲ့...”
“ခြေထောက်ကို ဆေးထည့်ထားလား..”
“အင်း..”
ဆေးထည့်တယ်သာပြောတယ် ပတ်တီးက လျော့တိလျော့ရဲ ဖြစ်နေတာ ဒါကြီးနဲ့ စျေးထဲလျှောက်သွားမယ်...
ပိုးမွှားပေါင်း များစွာနဲ့ တိထွေ့လာမှာမသိဘူးလား..။
မနေ့ကတည်းက ကိုယ့်အကြောင်းကိုယ် မသိတဲ့သူမို့ ဒေါသထွက်ရင်း မှုန်ကြုတ်ကြုတ်ပဲ နေလိုက်တာ..
အခုချိန်ထိလည်း သူအပြစ်သူ သိပုံမရ...တုံးလိုက်တာ...အဲဒါကြောင့် အပျိုကြီး ဖြစ်နေတာ...။
စိတ်ထဲ ရှိတဲ့ အတိုင်း ဆူပစ်လိုက်ချင်ပေမဲ့ ငရဲကြီးနေမှာစိုးလို့ လက်ဆွဲပြီး ခုံဆီကို ခေါ်လာလိုက်ရသည်..။
“မမခင် ဆေးထည့်တာလည်း ကြည့်အုံး...”
ပတ်တီး ပြန်ဖြည်လိုက်ပြိး သန့်ရှင်းရေးလုပ်ခါ ဆေး အသစ်ပြန်ထည့်ပေးလိုက်သည်..။
“မမခင် စျေး တစ်ပတ် မသွားရဘူး..”
“ဟင်..”
ခြေထောက်ကို လက်နဲ့ သေချာကိုင်ပြီး ပတ်တီးစီးပေးနေရင်း ပြောလိုက်တဲ့ စကားကြောင့် ခင်မေ မျက်လုံးပြူးသွားရသည်..။
ဒီလမ်းမှာ သူ တစ်ပတ်လောက် အလုပ်ရှိလို့များလား..။
“ကိုမောင်မောင်အာကာပိုင်စိုး ဒီလမ်းမှာ အလုပ်ရှိတယ်ဆိုရင် ခင် တစ်ခြားလမ်းက သွားပါ့မယ်..”
“ဟမ်..”
နားမလည်ခြင်းနဲ့ အတူ ဆောင့်အော်လိုက်မိသလို ဖြစ်သွားတော့ မျက်လုံးပြူးပြီး အာကာကို ပြန်ကြည့်နေပြန်သည်..။
“မမခင် ဒဏ်ရာနဲ့ စျေးထဲသွားနေတာ..မကောင်းဘူးလေ..”
“သြော်..”
“တစ်ပတ် စျေးသွားခွင့် ပိတ်တယ်..”
“ဒါဆို ဘာတွေချက်ပြီး ဘယ်လိုစားကြမလည်း..”
“ကျွန်တော် စျေးသွားမယ်လေ...”
“သူက..”
“အင်း...”
“ခင် က ..”
“ကျွန်တော်သွားနေကျပါ..မမခင် လိုအပ်တာတွေ ချရေးထား..”
စာရွက်နဲ့ ဘောပင် လက်ထဲ လာထည့်တော့ ခင်ယူပြီး ထိုင်နေမိသည်..။
“မမခင် က ခြေထောက်နာနေပေမဲ့ လမ်းလျှောက်တာ မြန်သားပဲ..”
“ဟင်..”
“မနေ့က ကျွန်တော် ပြန်ပြေးဆင်းလာတော့ မတွေ့တော့ဘူး..”
“ဘာလို့ ပြန်ဆင်းလာတာလည်း..”
“လိုက်ပို့မလို့လေ..ဧည့်သည်က ပါနေလို့..”
“သြော်..ရပါတယ်..”
ဧည့်သည်ရှေ့မှာ နှုတ်ဆက်လိုက်ဖို့ သူရှက်နေတာကိုး...။
သူ အခန်းထဲ၀င်သွားတော့..
ခင် လက်ထဲရောက်နေသည့် စာအုပ်နဲ့ ဘောပင် ကိုကြည့်ရင်း ဒီနေ့ချက်ဖို့တွေးထားတာတွေ ချရေးလိုက်ရသည်..။
“လယ် ငခူ ၁၅သား
ဘူးသီး ၁၀၀ ဘိုး.
မြစ်ခွာရွက် တစ်စီး
ဆန် အစိမ်းမုန့် တစ်
ကောက်ညုင်း...အဲညင်း လား  ဟထိုးလား တစ်ခေါင်းငင်လား..ပြောရတာလွယ်သလောက် ရေးရတာခက်လိုက်တာ...”
ခင် ဘောပင် အဖုံးနဲ့ ခေါင်းကိုခြစ်ပြီး စဉ်းစားရခက်နေရသည်..။
“ရေးပြီးပြီလား..မမခင်..”
“အင်း....ဟင့်အင်း..”
ခေါင်းညိတ်လိုက် ခေါင်းခါလိုက် နဲ့ ဘာတွေ့ပါလိမ့်
“ရေးလေ...”
“ရေးပြီးပြီ မပေါင်းတက်လို့..”
အာကာ့ကို လှမ်းပေးတဲ့ စာအုပ်ကိုယူပြီး အနားမှာ မတ်တတ်ရပ်ခါ ဖတ်ရင်း ရယ်ချင်စိတ်က မြိုသိပ်မထားနိုင်သလို..ကိုယ့်ယူထားတဲ့ မိန်းမ စာတက် မတက်တောင် သိခွင့်မရှိခဲ့တဲ့ သတိုးသား ဘ၀ကို ရင်နာရသည်..။
“မမခင်..ကျောင်းမနေခဲ့ဘူးလား..”
“နေခဲ့ပါတယ် ကြာတော့ မေ့ကုန်ပြီ..”
“သြော်..ဘာနဲ့ ကျောင်းပြီး ထားတာလည်း..”
“က ကြီး အဆင့်နဲ့လေ..ရွာမှာ အလယ်တန်းပဲရှိတော့ အထက်တန်းမတက်ဖြစ်တော့တာ..”
ငင့်...ကကြီး အဆင့်ဆိုပဲ..အာကာ မျက်ခုံးတောင် ပင့်သွားရသည်..။
“ကိုမောင်မောင်အာကာပိုင်စိုးရော..ကျောင်းနေခဲ့လား..သြော်နေခဲ့တာပေါ့နော်..အဲဒါကြောင့် အလုပ်လုပ်လို့ရတာပေါ့..”
“အင်း..မမခင် ၀ယ်ရမှာတွေ ပြော..ကျွန်တော် မှတ်သွားလိုက်မယ်..”
“လယ်ငါးခူ..၁၅ကျပ်သား..”
“လယ်ငါးခူ ဆိုတာ..”
‘မွေးမြူရေး မဟုတ်ဘူးလေ..”
ဒုက္ခ..အာကာ ဘောပင်နဲ့ ခေါင်းကိုကုတ်လိုက်ပြီး..ချရေးလိုက်ရသည်..။
“ကိုမောင်မောင်အာကာပိုင်စိုး..”
‘ဟင်..”
‘ဆွဲခြင်း ကျန်ခဲ့ပြီ..”
“သြော်..အင်း..”
ကားထဲရောက်တာနဲ့ ဆွဲခြင်းကို နောက်ခန်း ထဲ ပစ်ထည့်ပစ်လိုက်သည်..။
တစ်ခါမှ ဆွဲခြင်းနဲ့ စျေးမ၀ယ်ဖူးပါဘူး..အခုမှ...။
.

ပန်းကြိုးနွယ် Where stories live. Discover now