Part 13

3.7K 210 8
                                    

ပန်းကြိုးနွယ်
အပိုင်း(၁၃)
#ပန်းကြိုးနွယ်

“မမခင်က ဘယ်သွားပြန်ပြီလည်း..”
“ဟူး..စျေးနဲ့ အိမ် နဲ့ နီးလို့ပဲ..မဟုတ်ရင်တော့ မလွယ်ဘူး..”
အာကာ ရေချိုးပြီး အ၀တ်အစား မလဲသေးပဲ မိးဖိုခန်းထဲ ၀င်ခါ စားစရာ လိုက်ရှာမိသည်..။
“ဝိုး..အကြော်ပါလား.”
ထမင်း စားပွဲမှာ ၀င်ထိုင်လိုက်ပြီး အကြော်နွေးနွေးကို မကျဉ်းသီး အချဉ်ရည်နဲ့ တို့စားလိုက်တာ ပန်းကန်အပြောင်...။
“ကိုးနာရီထိုးတော့မယ်..ကြာလိုက်တာ..”
အာကာ မစောင့်နိုင်သည့် အဆုံး အ၀တ်အစားလဲပြီး အိမ်သော့ပိတ်ခါ ထွက်လာလိုက်ရသည်..။
အောင်၀င်းဆီ ဖုန်းဆက်တော့ ဒင်းတို့ အုပ်စုက လမ်းထိပ်တောင် ရောက်နေပြီဆိုပဲ..။
အလှူတကာ လိုက်စားလာတဲ့ အုပ်စုမှန်း သိသာပါတယ်...။
“မင်းတို့ကလည်း နည်းနည်း ပါးပါး မစောင့်ဘူးနော်..မိုး မလင်းခင် ကတည်းက အိမ်၀လာထိုင်စောင့်နေတာလား..”
“ဟီး..ချိုင့်ပါ ယူလာတာ..”
“ဟယ်..ကိုအာကာ သန့်နေပါလား..”
“အံမယ်..ဒီကောင့်ကို အပြစ်မှားနဲ့နော်..သူက ပိုင်ရှင်ရှိပြီးသားကြီး..”
“အေးလေ..တို့က မနဒီနဲ့ လူမှားခဲ့တာအားနာစရာကြီး..”
“မင်း မိန်းမကို ဘယ်တော့ မှ မိတ်ဆက်ပေးမှာလည်းကွ..”
“နေစမ်းပါကွာ..”
“ကိုအောင်၀င်းကြီးက စကားသိပ်များတာပဲ ဟွန့်..”
မျက်စောင်းထိုးပြီး ထွက်သွားသည့် နဒီကို တစ်ဝိုင်းလုံးက အပြုံးဖြင့်သာ လိုက်ကြည့်နေကြသည်..။
“ဟင်..”
မုနု့ဟင်းရည် ချိုင့် တစ်ခုနဲ့ အတူ ဟင်းရည်လိုက်ဖြည့်ပေးနေတာ မမခင်..။
ဘယ်တုန်းက ဘယ်လို ဒီရောက်နေတာလည်း..။
ဟာ..မေ့တက်လွန်းလို့ ကိုယ.့်ကိုယ်ကို ကျိန်ဆဲ ရင်း အာကာ ထပြန်ရကောင်းနိုးနိုး ထိုင်နေရကောင်းနိုးနိုးနဲ့ ထောင့်ဘက်သို့ အသာတိုးထိုင်နေလိုက်သည်...။
အာကာ တို့ ဝိုင်းကို ဟင်းရည် လာဖြည့်ပေးတော့ အာကာ မျက်ခုံးကုတ်သလိုလို ခေါင်းကုတ်သလိုလို နှင့် မသိချင်ယောင်ဆောင် နေမိသည်..။
“သြော်..ဟို အစ်မပဲ..”
“ရှင်..”
“ဟဲ..ဟဲ...ကျွန်တော် တို့ ခဏခဏတွေ့တယ်နော်..အာကာ မင်းမှတ်မိလား..”
“ဟမ်...”
“ရေခွက်ဘေးပို့ထားအုံး ထသီးအုံးမယ်..”
“ဘာများ လိုအပ်လည်း ရှင်..”
“ရပါပြီ..ကျေးဇူးတင်ပါတယ်..”
အောင်၀င်းစကားကို ဖြတ်ပြီး ထသွားတော့မှ အာကာ သက်မချနိုင်တော့သည်..။
“ကိုအာကာ ထည့်စားလေ..”
“အင်း..”
အကြော်တစ်ပန်းကန်စားလာခဲ့ပြီမို့ မုန့်တစ်ပွဲကိုတောင် နယ်နေတာတော်တော်ကြာပြီ..။
“မမနဒီ ရေ...ဒီဘက်ကလည်း လူတွေပါနော်..”
“ဟဲ့..ငါက ဘာလုပ်နေလို့လည်း..”
“သိဘူးလေ..မမြင်မှာစိုးလို့ပါ..”
“လင်းလင်း ခွေးကောင်..”
နဒီက အာကာ ဘေးက လင်းလင်းကို လက်ရွယ်ရိုက်ရင်း မထင်မှတ်ပဲ ရင်ခွင်ထဲ ပစ်ကျလာသည်..။
“ဟာ..”
“ဟား..ဟား...ကောင်းတယ်..သူများ ရိုက်ချင်တာကိုး..”
“ဟွန့်..ဘာမှန်းကိုသိဘူး..လွတ်လေ..”
“သြော်..အမ်း..ဆောဒီး..ပန်းကန်တွေပေါ် မှောက်ကျမှာ စိုးလို့ပါ..”
“ဘယ်သူက ဘာပြောနေလို့လည်း..”
“ဟား..ဟား...”
“...ခွမ်း....”
“ဟာ..”
အကုန်လုံး အကြည့်တွေက အသံလာရာဆီရောက်သွားတော့ မျက်လုံးကလယ်ကလယ်နဲ့ လူ ပရိသတ်အပေါင်းကို ကြောက်လန့်တကြား လိုက်ကြည့်နေသည်.။
“ကုန်ပါပြီ...ကုန်ပါပြီ...”
“အဒေါ်ကြီး...ဘယ်လိုလုပ်လိုက်တာလည်း..”
“ဟို လှမ်းတင်ရင်း မမှီလို့ ပြုတ်ကျတာပါ..”
“ခြေဖျားထောက်တင်တောင် မှီပါတယ်...အဲဒီလို အကြောင်းပြချက်တွေကြောင့် ဒီလို ဘဝရောက်နေတာ..”
“ခင် တောင်းပန်ပါတယ်..”
“တောင်းပန်တယ်..ဒါ ဘယ်လောက်တန်လည်း သိလားဟမ်.....စင်ကာပူ က မှာထားရတာ..”
အာကာ ဒေါသ မထိန်းနိုင်တော့လို့ ဘယ်သူ့ကို မှ ဂရုမစိုက်ပဲ နေရာကထခါ စားပွဲဝိုင်းတွေကို ကွေ့ရှောင်သွားလိုက်သည်..။
“ဘယ်လောက်တန်လည်း..”
မျက်နှာ ရှစ်ခေါက်ချိုးနဲ့ မိန်းမ က အာကာ့ စကားကြောင့် ကြောင်သွားပြီးမှ...။
“ဟင်..အကိုက ဘာလည်း..”
နဒီလည်း အာကာ့နောက်ကို ထလိုက်လာခါ
“ကိုအာကာ ဘာဖြစ်လို့လည်း... သီရိလည်း တော်ပါတော့ ဧည့်သည်တွေ ရှိနေတယ်လေ..”
“မင်း အရမ်းရိုင်းတယ်..ပြန်တောင်းပန်ပါ..”
“ကိုယ့် အလုပ်သမား ကို ပြောနေတာ အကို က ဘာလို့ ၀င်ပြောနေတာလည်း..”
အာကာ  ဒေါသကြောင့် စကားတောင် ဘယ်လိုပြောရမှန်း မသိတော့ပဲ ပျောက်ဆုံးကုန်သည်။
“အလုပ်သမား မဟုတ်ပဲ စေတနာနဲ့ ကူလုပ်ပေးနေတဲ့သူမို့ ၀င်ပြောနေရတာပေါ့ကွ..”
“သူ့ဟာသူ ဘာလိုပဲကူကူ အကိုကချည်း ရန်တွေ့နေတာ အကိုနဲ့ ဘာတော်လို့လည်း..”
“မတော်ပါဘူး.”
အဖြစ်အပျက်တွေမြန်ဆန်လွန်းလို့ ကြောက်ရွံ ထိတ်လန့်နေပေမဲ့ သူ့ကို တော့ ၀င်မပါစေချင်လို့ ခင်ပျာပျာသလဲ ပြောလိုက်ပေမဲ့ သူက ခင့်လက်ကို ဆွဲခါ..
“ဒါ ငါ့ မိန်းမ..”
“ရှင်..”
“မမခင် ပြန်မယ်လာ....”
အာကာ လက်ဆွဲပြီး ခေါ်လာတာ ဒေါသကြောင့် ကားဆီကို ဘယ်လိုရောက်လာမှန်းတောင် မသိလိုက်ပါ..။
ကားထဲရောက်မှ အသက်ကို ပုံမှန်ဖြစ်အောင်ရှုရင်း ရေဘူးယူပြီး မော့ချလိုက်ရသည်..။
ကားသော့လှည့်ပြီး စက်နှိုးလိုက်တော့ လက်မောင်းပေါ် လက်တစ်စုံကျလာလို့ လှည့်ကြည့်လိုက်တာ..
“နေပါအုံး ကိုမောင်မောင်အာကာပိုင်စိုးရယ်..”
“ဘာဖြစ်လို့လည်း မမခင်..”
“သူ့ပိုက်ဆံယူထားပြီး အလုပ်မပြီးခင် ပြန်လို့ ကောင်းပါ့မလား..”
“ဟာ..”
အာကာ ကိုယ့်စကားနဲ့ ကို တံခွန်ထူပြိး ပြောခဲ့ပေမဲ့ အခုလို ပိုက်ဆံယူထားတာသိရတော့ ဟားစရာလုံးလုံး ဖြစ်ပြီ..။
“မမခင်က ဘာလို့ယူလည်း..”
“ခင် မယူပါဘူး..သူက အတင်းရင်ဘတ်ထဲ ထိုးထည့်တော့ လူတွေရှေ့ ပြန်မထုတ်ရဲလို့ပါ..”
“အဲဒါဆို အခုထုတ်ကြည့်..”
“ဟင်..”ပြူးကျယ်ကျယ် မျက်လုံးကို လိုက်ကြည့်ရင်း ဘာပြောချင်တာပါလိမ့်...။
“ဟာ..ကျွန်တော်မကြည့်ပါဘူး..”
“အင်း..”
အာကာ နဖူးပေါ်ဝဲကျနေသည့် ဆံပင်တွေကို လက်ချောင်းတွေထိုးပြီး သပ်တင်ရင်း လမ်းဘက်ကို ခေါင်းစောင်းကြည့်နေလိုက်သည်...။
“ဟယ် တစ်သောင်းတန်..”
အာကာ မျက်လုံးပြူးသွားရသည်..တစ်သောင်းတန် ဆိုသောကြောင့် အလန့်တကြားလှည့်ကြည့်တော့ လက်ထဲကိုင်ထားတာ တစ်ရွက်တည်းသာ..။
“ကျန်သေးလား..”
“ဟင့်အင်း..”
“ပြန်မယ်..”
“တစ်သောင်းကြီးတောင်ယူပြီး အလုပ်မပြီးခင် ပြန်သွားတာ ကောင်းပါ့မလား..”
“မကောင်းလည်း ကျွန်တော်ပြန်ပေးလိုက်မယ်..”
“ကိုမောင်မောင်ပိုင်စိုးကလည်း လူတွေအများကြီးရှေ့မှာ ခင့်ကို ဆွဲခေါ်လာတာပဲ...သူ့ ကို သူငယ်ချင်းတွေ လှောင်နေမှာပဲ.”
“လှောင်လည်း မတက်နိုင်ဘူး..ဒေါသထွက် နေတာပဲ သိတယ်..”
“ခင့်ကြောင့် အခုလို ဖြစ်ရတာတောင်းပန်ပါတယ်..”
“မတောင်းပန်နဲ့..”
“ဟင်..”
“နောက်ကို ဘယ်သူ့ကိုမှ စေတနာ ထားပြီး မကူနဲ့တော့ ဒီက လူတွေက အရောင်တွေနဲ့ မမခင်ရဲ့..”
“အရောင်တွေ..”
“ဟုတ်တယ်..အဲတော့ ဘယ်သူ ခေါ်ခေါ် သွားရမလား ခွင့်ပြုရဲ့လား လာမမေးနဲ့.. ကိုမောင်မောင်အာကာပိုင်စိုး ခွင့်မပြုဘူးလို့သာ တစ်ခါတည်း ပြန်ပြောလိုက်တော့...”
တွေဝေ ငေးမော စဉ်းစားနေတာ အသက်မှ ရှုသေးရဲ့လား..
“ဟွန့်..ကြားရဲ့လား..”
အာကာ ခပ်ငေါက်ငေါက်လေး ပြောလိုက်တော့ မသိမသာ တုန်သွားပြီး မှ ခေါင်းသုံးချက်လောက်ဆတ်ညိတ်ပြပြီး..
ကြားပါတယ်တဲ့..
မနက်ဖြန် ရုံးဖွင့် ရင် ဘယ်လို ရင်ဆိုင်ရမလည်း တွေးရင်း ဘေးကလူကို အားနာသဖြင့် သက်ပြင်း တစ်ချက် ခိုးချလိုက်ရသည်..။
.

ပန်းကြိုးနွယ် Where stories live. Discover now