Part 17

4.4K 197 3
                                    

ပန်းကြိုးနွယ်
အပိုင်း (၁၇)
#ပန်းကြိုးနွယ်

“အဟမ်း..အဟမ်း..”
ခင် အလူးအလဲ ထထိုင်လိုက်မိသည်..။
ညည်းသံ သဲ့သဲ့ကြားရပေမဲ့ စိတ်ထင်တာလို့ထင်ခဲ့တာ..အခုလို အသံကျယ်ကျယ်ကြားလိုက်ရတော့ သူ့ အခန်းထဲက လာနေမှန်း သေချားသွားပြီ...။
မနေ့ညကလည်း ချောင်းတွေဆိုးတာ တစ်ညလုံးလိုလို...
ခင် ဆံပင်ကို တစ်ပတ်လျှိုထုံးလိုက်ပြီး ခြင်ထောင်မခါ ထွက်လာခဲ့သည်..။
အခန်းရှေ့ရောက်တော့ သေချာနားစိုက်ထောင်မိတာ ဘာသံမှ မကြားရတော့ပြန်ဘူး..။
“ရှီး..ကျစ်..အ...”
“ကိုမောင်မောင်အာကာပိုင်စိုး..”
“.....”
“နိုးနေတာလား...”
“....”
“ဘာဖြစ်လို့လည်းဟင်...”
“....”
အချိန်ကြာတဲ့ အထိ တုန့်ပြန်သံမကြားရပဲ ညီးသံပဲ တစ်ချက်တစ်ချက်ကြားရလို့
“ခင်..၀င်ခဲ့မယ်နော်..”
တံခါးတွန်းဖွင့် ၀င်ဖို့ လုပ်တော့ အထဲက သော့ခတ်ထားပြန်သည်..။
ခင် ၀င်မှာ မကြိုက်လို့များလား...။
ခြေလှမ်းတွေကို မီးဖိုခန်းဘက် ဦးတည်လိုက်ချိန် ညီးသံက ထွက်လာပြန်တော့ စားပွဲအံဆွဲထဲကသော့ယူပြီး မဝံ့မရဲဖြင့် ဖွင့်လိုက်ရသည်..။
အခန်းထဲမှာ မီးရောင်မှုန်မှုန်လေးပဲ ရှိနေပြီး ကုတင်ပေါ်မှာ သူအိပ်ပျော်နေတာပဲ...။
ပြန်ထွက်သွားသင့်ပေမဲ့ သေချာအောင် အနားတိုးကပ်သွားလိုက်တော့...
စောင်ကို ဆုပ်ကိုင်ပြီး နှုတ်ကလည်း တဟီးဟီး..နဲ့...
“ကိုမောင်မောင်အာကာပိုင်စိုး..”
“...”
“ဘာဖြစ်လို့လည်း..”
“.....”
ခင် စိတ်တင်းပြီး နဖူးကို စမ်းကြည့်မိလိုက်တော့ မျက်လုံးပြူးသွားရသည်..။
“အို ပူကျစ်နေတာပဲ..”
ခင် အပြေးအလွှားထပြီး မီးဖွင့်လိုက်ခါ သူ့မျက်နှာကို စိုးရိမ်တကြီး လိုက်ကြည့်မိသည်..။
တစ်ဖက်စောင်းအိပ်နေပေမဲ့ နားသယ်စပ်မှာ ချွေးဥတွေစီနေပြီး စောင်ကို လည်း ခပ်တင်းတင်း ဆုပ်ကိုင်ထားတော့ ခင်ဘာလုပ်ပေးရမလည်း ..မတွေးတက်တော့ပါ..။
ကြွေဖျားရင်တော့ ရေပတ်၀တ်ကပ်ပြီး ဆေးတစ်လုံးလောက်တိုက်ရင် သက်သာ သွားတက်သည်..။
အခုလို ည နှစ်နာရီ ဘယ်မှာ ဆေးသွား၀ယ်ရမလည်း..။
ခင် တွေးနေချိန် သူ့ဆီက ညည်းသံ ထပ်ထွက်လာတော့ သူ့ဝေဒနာခံစားနေရတာကို သတိ၀င်ပြီး ရေချိုးကန်ထဲက ဇလုံလေးနဲ့ ရေသယ်လာခဲ့လိုက်သည်...။
“ရေပတ်၀တ် ကပ်ပေးမယ်နော်..”
သူ့ဆီက တုန့်ပြန်သံမလာတော့ ခင် အ၀တ်ကို ခေါက်ပြီး နဖူးကိုကပ်ပေးဖို့က စောင်းနေတော့ အဆင်မပြေ..။
“သူ နည်းနည်း စောင်းပါလားကွယ်..”
ခင် ကုတင်အဖျားမှာ ချိတ်ထိုင်လိုက်ပြီး သူ့ပခုံးကို ကိုင်ခါ စောင်းပေးလိုက်ရသည်..။
ကုတင်မှာ ထိုင်ရတာ မသင့်တော်လို့ အောက်ပြန်ဆင်းထိုင်လိုက်ပြီး.ရေပတ်၀တ်ယူခါ ခေါက်၍
သူ့နဖူးပေါ်တင်ပေးလိုက်သည်..။
တစ်ခဏ အတွင်း အ၀တ်က ပူနွေးသွားတော့ ခင် ရေပြန်စွပ်ပြီး ခေါက်ခါ ပြန်တင်ပေးရသည်..။
သုံးလေးခါ ကပ်ပြီးတာနဲ့ ဇလုံထဲက ရေတွေက ရေကျက်အေး အဆင့်သို့ရောက်သွားပြီ..။
ရေပြန်လဲပြီး ရေပတ်၀တ်ထပ်ကပ်လိုက် အပူ စမ်းသပ်ကြည့်လိုက်နဲ့ ခင့်မှာတော့ ချွေးပြန်နေရ၏...။
“ကျစ်..”
သူ့ဆီက စိတ်မရှည်တဲ့ အသံနဲ့ အတူ မျက်ခုံးတွေပါ တွန့်တက်သွားတော့ ခင် လန့်လို့ ရေပတ်၀တ်ကပ်တာကို ခဏရပ်ထားရသည်..။
“ကိုမောင်မောင်အာကာပိုင်စိုး...ဘာဖြစ်လို့လည်းဟင်...ခင့်ကို ပြောပါနော်...”
ခင် လက့်ကို သူ့ ပခုံးပေါ်တင်ရင်း ခပ်ဖွဖွ လှုပ်ခါ နိုးလိုက်တော့ လှုပ်လာပြီး..
“အင်..”
“ဘာဖြစ်လို့လည်း..”
“ခြေထောက်တွေ....တစ်ကိုယ်လုံး.နာတယ်... ချမ်းလို့..”
ခင် ရေပတ်၀တ်ကပ်ပြီး ခြေရင်းဘက်မှာ ၀င်ထိုင်ခါ ခြေထောက်တွေကို နှိပ်ပေးနေလိုက်သည်..။
“သူခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံးသက်သာသွားပါစေ...မိုးကလည်း လင်းခဲလိုက်တာ...”

ပန်းကြိုးနွယ် Where stories live. Discover now