နန်းထိုက်ပန်းမို့
#နန်းထိုက်ပန်းမို့
အပိုင်း(၁)
"ကိုကျော်ဖေ...ရှင် ပြန်ကြွလာပြီလား.."
"ဟအေး...ပြန်သွားရမှာ..စာအုပ်
လာပြန်ယူတာ..."
"ကြွ...အကုန်...သယ်သာသွား.."
"မိန်းမ ငါ့ကို ထမင်းစားမစောင့်နဲ့နော်..နောက်ကျမယ် သလား.."
"အောင်မယ်...လာလာချည်သေး..."
ကြားနေကျ စကားပေမဲ့ ဆန်နီ အိပ်ယာပေါ်မှာ ငြိမ်နေရင်း အမေ့ရဲ့ နောက်ဆက်တွဲ ဆူပြောညီးတွားမည့် စကားတွေကို မကြားချင်လို့ နားကြပ်ထိုးပြီး သီချင်းဖွင့်လိုက်ရသည်..။
"ဟဲ့ ဆန်နီ...ထမင်းစားတော့လေ...နေ့ခင်း တစ်ကြောင်းရှိတယ်မလား..."
"ဟုတ်ကဲ့..."
အခုလောက်ဆို ပြောစရာတွေ ကုန်လောက်ပြီဆိုတာ သိလို့ နားကြပ်ချွတ်၍ အိပ်ရာထခါ ခြင်ထောင်တွေ လုံးထွေးသိမ်းလိုက်သည်..။
စောင်ကို ဖြစ်သလို ၆ခေါက် ခေါက်ပြီး အခန်းထောင့်မှာ ခေါင်းအုံးနဲ့ အတူထပ်ထားပြီး ထွက်လာခဲ့သည်..။
"ငါလည်း ရောက်တာနဲ့ အမြန်ချက်ရတာပဲ..လိုတာသာ ထည့်စား.."
"ဟုတ်.."
မုန်လာဥ ၊ ဘူးသီး ၊ခရမ်းချဉ်သီး အကုန်လုံးကို ဆနွင်းဆားနဲ့ ထည့်ပြုတ်ထားသလို စားချင် စဖွယ်ဖြစ်နေသည့် တစ်ခုတည်းသော ဟင်းပန်းကန် ကိုကောက်ယူပြီး ပန်းကန်ထဲ လောင်းထည့်လိုက်သည်...။
"ဟဲ့ကောင်...အရည်ချည်းပဲမထည့်နဲ့လေ..အသီးထည့်စား.."
"ဟာ..အမေကလည်း မကုန်တာတွေချက်ထားတာ..အရသာလည်း မကောင်းဘူး.."
"မြိုကြည့်အုံး..ဟဲ့...စေတနာကိုစော်ကားနေတာ ဖအေတူသား..."
ဆန်နီ ဗိုက်ဆာလို့ ခပ်များများ ထည့်နေတဲ့ ထမင်းလုပ်က လက်ထဲက ပြန်ကျသွားပေမဲ့ အမေကတော့ သတိမထားမိပါ...။
"ငါလေ...မိန်းမတိုင်း ယောင်္ကျားတာ၀န်မကျေတဲ့ ယောင်္ကင်္ျားနဲ့ ဝေးပါစေ..ဆုတောင်းတယ်.."
YOU ARE READING
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...