နန်းထိုက်ပန်းမို့
အပိုင်း (၂၅)
#နန်းထိုက်ပန်းမို့“ဆန်နီ ဘယ်လည်း..”
“အိမ်ပြန် ထမင်းစားမလို့ပါ...”
“အဆန်းကြီးဟ..မင်း..အစာအိမ် ကျယ်သွားလို့လား..တစ်ခါမှ အိမ်ပြန် ထမင်းမစားပါဘူး..”
“အခုက မိန်းမ အတွက်ရှာစရာမလိုတော့ ဖြည်းဖြည်းနားရှာလို့ရသွားပြီလေ..ထမင်းစားချိန်ထွက်လာတာပေါ့..”
“တက်တယ်...ခွေးလေး..”
ဆန်နီ ထမင်းစားပြန်ခြင်း ဟူသော အကြောင်းပြချက် သပ်သပ် ဖြင့် အိမ်သို့ ဦးတည်ပြီး ကားကို မောင်းလာခဲ့လိုက်သည်..။
ကိုကို့ မှာ အရင်ကသာ ဒီလို အချိန်တွေ ရှိခဲ့ရင် မို့ ပျော်ခဲ့ရမှာနော်..။
ဒါပေမဲ့...ကိုကို အသည်းအသန် ရှာဖွေ နေတဲ့ ပိုက်ဆံတွေက မို့ အတွက် မလောက်ငှနိုင်ဘူးလေ...။
မို့ ပင်ပန်းတာပေါ့...မို့ အများကြီး သည်းခံခဲ့ရတယ်...ကိုကို့ ကြောင့်ပါကွာ...။
ကားကို ခြံရှေ့မှာ ကပ်ရပ်ပြီး ခြံထဲ ၀င်လာတော့ အမေ က ရေကန်မှာ ရေပိုက်ဆင်နေတဲ့ သူတွေကို စောင့်ကြည့်ညွန်ကြားနေသည်..။
နောက်ဆုံးတော့ မန်နီ လည်း ရေခပ်ရရော အမေ လည်း သံဝေဂ ရသွားပါရောလား...။
“ကြည့်...ကြည့်...သားလေး..ရေခပ်ရတော့ ချက်ချင်းကို ပိုက်ဖြစ်သွားပြီ..”
“ဘာဖြစ်လည်း...”
အမေ က မျက်စောင်းထိုးပြီး ကျောကို ရိုက်တော့ ဆန်နီ ကွေ့ရှောင်လိုက်ပြီး..
“ဗိုက်ဆာလို့..”
“ဟဲ့..ဒုက္ခပဲ...ဒီနေရာမှာ ထမင်းဘယ်လိုချက်လို့ရမလည်းဟဲ့..ငါတို့တောင် ဒီနေ့ နဲ့နက်ဖြန် ၀ယ်စားရမှာ နင်လည်း အပြင်မှာပြန်စား...ဒီနေ့မှ အိမ်ပြန်ထမင်းစားရတယ်လို့...”
“ဟူး..”
ဒါဆို ဒီနေ့မို့ မလာဘူးပေါ့လေ..ဆွေးပြီ...ကားသာဆက်မောင်းနေရင် တစ်ကြောင်း ငါးထောင်လောက် ရနိုင်သေးသည်..။
“ဟင်..”
အိမ်ထဲ ၀င်လာတော့ တီဗွီ ကို မော့ကြည့်နေတာ တီရှပ် အပွ နဲ့ အရင် ၀တ်ခဲ့တဲ့ ကာတွန်းဘောင်းဘီ ရှည်ဖြင့် အခန့်သား..။
မတွေ့တာကြာပြီဖြစ်တဲ့ ကလေးပုံစံလေးကို ကိုကို ချစ်လိုက်တာ မို့ရယ်...။
တီဗွီ မော့ကြည့်လိုက် ငုံ လိုက်လုပ်နေပုံက ကျောခိုင်းရက်သားမို့ ဘာတွေမှန်း မသိပေမဲ့ စားစရာဆိုတာတော့ သေချာသည်..။
ဆန်နီ ရှေ့ကို တစ်လှမ်းလောက် တိုးပြီး ကျော်ကြည့်လိုက်တော့ လက်ဖက် ထမင်းနယ်တွေ ဇလုံ အပြည့်..။
“အမေ..”
“အမလေး..”
ဆန်နီ အမေ့ ကို အော်ခေါ်လိုက်တော့ မို့က သူ့အာရုံနဲ့သူနေရင်း ကိုယ်လေးတုန်နေအောင် လန့်သွားသည်..။
“အမေ...အမေ....သားအရင်းကို ထမင်း မရှိဘူးဆိုပြီး မောင်းလွတ်တယ်...မခေါ်ပဲနဲ့ လာ မနှင်မချင်း မပြန်တဲ့ ဧည့်သည်ကျတော့ ကျွေးမွေးထားလိုက်တာ အကျအန..”
“ဟဲ့...လက်ဖက်ထမင်း၀ယ်လာတာလေ....နင်..စားချင်လည်းစားပေါ့...ရှည်လိုက်တဲ့လျှာ...”
ဆန်နီ ခေါင်းညိတ်ပြီး ဇွန်း တစ်ချောင်းသွားယူခါ မို့ ဘေးမှာ ထိုင်ချလိုက်သည်..။
ထမင်းဇလုံကို ပိုက်ထားနေဆဲ မချသေးတော့ ဆန်နီ ဆွဲယူတာ ပိုပိုက်ထားသည်..။
လက်ဖက်ထမင်း မကြိုက်သော်လည်း မို့ နဲ့ ရန်ဖြစ်နေရသည့် အခိုက်အတန့်လေးကို မြတ်နိုးသည်..။
ဒါကြောင့် နေ့တိုင်း အိမ်ပြန်လာပြီး မို့ ကိုချည်း ရန်လုပ်နေတာ ဆယ်ရက်တောင် ကျော်ပြီမလား..။
အထာသိနေတဲ့ မို့ က ထမင်းဇလုံကို တင်းတင်းပိုက်ပြီး ကျောခိုင်းပစ်လိုက်သည်..။
“ရမလား...ချ”
“ဟင့်အင်း..”
“မင်း အိမ် မင်းပြန်စားပါလား..”
“ကိုကို အပြင်မှာ စားပါလား..”
“ဟ...ငါ့ကို အဲလို မခေါ်နဲ့ လမ်းထဲက ကောင်မလေးတွေ ကြားရင် တစ်မျိုးထင်ကုန်မယ်..”
လူကို ဆောင်ပေပေလေး ဆိုက်ကြည့်ပြီးမှ အကြည့်လွဲပြီး...
“မသိဘူး အပြင်မှာသွားစား..ဒါ မို့အတွက် မေမေ ၀ယ်လာတာ..”
“ဗိုက်ဆာလို့ အိမ်ပြန်လာတယ်ဆိုမှကွာ...”
ဆန်နီ ခပ်ညီးညီး ပြောပြီး ကြမ်းပြင်ပေါ် လှဲအိပ်ချလိုက်တော့မှ ဒီဘက် ပြန်လှည့်လာပြီး ပန်းကန်ကို အသံမြည်အောင် ဆောင့်ချသည်..။
သိတာပေါ့ မို့ရယ်...မြိုမကျတော့ဘူးမလား...ဆန်နီ ကျေနပ်စွာ ပြုံးလို့ မျက်လုံးပါ ဖိပိတ် ထားလိုက်သည်..။
“ဒေါင်..ဒေါင်...”
ဇွန်းနဲ့ ဇလုံကို ခေါက်ပြီး စားဖို့ ခေါ်ရအောင် ကိုကို က ဘာကောင်ဖြစ်ရောလည်း..။
“ထစား...”
“စားပါ...ငါ စားလိုက်ရင် မင်း မ၀ ဖြစ်နေအုံးမယ်...”
“ဝြပီ..”
“တကယ်လား..”
ဆန်နီ အိပ်နေရာက ငုတ်ထုတ်ထထိုင်ပြီး ပန်းကန်ကို ဆွဲယူလိုက်တော့ မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေသည်.။
“ကြက်ဥကြော် မစားဘူးမလား..”
“ဟမ်..”
ကြက်ဥ ကြော်ကို ဇွန်းနဲ့ တစ်ခြမ်းလုံး ခပ်ယူလိုက်တော့ မျက်လုံး ပိုပြူးလာသည်..။
“အကုန်စားလိုက်မယ်နော်..မင်း အတွက် ထမင်းချန်ထားမယ်..”
“မရဘူး..ပြန်ပေး..”
ရှေ့ က ဇလုံကို ဆတ်ခနဲ့ ဆွဲယူပြီး ဇွန်းပြန်ကောက်ခါ ကြက်ဥတွေ ချည်း ခပ်စားနေတော့သည်..။
“ဟေး..ကြက်ဥချည်းပဲ မစားနဲ့လေ...”
ဆန်နီ ကိုယ်ဇွန်းနဲ့ ရသမျှ အလုအယက် ခပ်ပြီး ပါးစပ် ထဲ ထည့်နေရပေမဲ့ အကြည့်ကတော့ သူမလေးရဲ့ ပါးပြင်လေးမှာချည်းသာ...။
“တော်ပြီ..”
“တော်မှာပေါ့ ကြက်ဥရွေးစားပြီးသွားတာကိုး..အကျင့်ကိုက..”
မ၀န်ခံတဲ့ အပြင် မျက်စောင်းလေး တစ်ခု ဟန်ပါပါ ထိုးရင်း တီဗွီဆီ အကြည့်ရွေ့သွားတော့ မှ ဆန်နီ ပန်းကန်ပိုက်ပြီး တီဗီင်္ွဆီ အကြည့်ရွေ့လိုက်သည်..။
ငြင်းစရာလေးတွေ ရှာလိုက်ပါအုံးမည်...။
တီဗွီထဲက ကိုရီးယား လင်မယား ရန်ဖြစ်နေတာတွေ့တော့ ဆန်နီ ထမင်းတစ်ဇွန်းခပ်စားရင်း အကြံရသွားသည်..။
“မိန်းမတွေများ ငွေရှာပေးနိုင်တဲ့ ကောင် ရထားတော့ ရင်ခွင်ထဲ ခေါင်းထိုး ချွဲတက်တဲ့ ကောင်ကို လိုချင်တယ်..အဲ ထုရိုက် သောက်စားနေတဲ့ ကောင်ကို ရထားတဲ့မိန်းမ ကျတော့ ရှာဖွေ ကျွေးနိုင်တဲ့ ယောင်္ကျား မျိုး လိုချင်ပြန်ရော...ဘယ်တော့ မှ မရောင့်ရဲ မတင်းတိမ် မကျေနပ်နိုင်တဲ့ မိန်းမတွေ...”
“လောကမှာ ရှာဖွေလေ တွေ့ရှိလေတဲ့....အလိုလိုက်အကြိုက်ဆောင်ပြီး ရှာတက်ဖွေတက် ချက်တက်ပြုတ်တက် ဘက်စုံ ထူးချွန်တဲ့ ယောင်္ကျားတွေမှ ပုံလို့ ဒီမိန်းမကလည်း..ဘာလို့ သုံးစားမရတဲ့ ဒီနွားကို ယူလိုက်လည်း မသိဘူး..”
“ဘာ...နွား ဟုတ်လား..”
“ဘာရူးတာလည်း..တီဗွီထဲ ကို ပြောနေတာ...”
ဆန်နီ အောင့်သပ်သပ်ဖြင့် ထမင်း သုံးဇွန်းဆက်တိုက် ခပ်စားရင်း ပြန်ချေဖို့ စကားလုံးတွေ ရှာကြံနေမိသည်..။
“အဲဒီ မိန်းမလေ..လွန်ခဲ့တဲ့ ဆယ်လကျော်တုန်း က နွားမှ မရရင် သေပါမယ်ဆိုပြီး နွားခြေထောက်ကို ကိုင်မတက်တောင်းပန် ငိုယိုခဲ့တယ်...”
“အောင်မလေးလေး....ဝေးပါသေး...လီယွန်ရီ ကို “ ကို ချစ်လွန်းလို့ မုန်းချင်ယောင် ဆောင်ခဲ့တာ “ ဆိုပြီး အုတ်နံရံကို ပိတ်ကန်ပြခဲ့တာလေ...”
ဆန်နီ ရင်ထဲမှာ ရယ်ချင်စိတ်တွေ ပြည့်သိပ်နေပေမဲ့ မျက်နှာကို တည်ထားရတာ မနည်း မျက်နာပိုးသတ်နေရသည်..။
ဒီရုပ်ရှင်ထဲက မင်းသား က မင်းသမီးကို “လီယွန်ရီ ကို ချစ်တယ်” လို့ အုတ်နံရံ ပိတ်ကန်ပြီး အော်ပြောခဲ့တာ မှတ်မိသားပဲ
ချစ်လွန်းလို့ မုန်းချင်ယောင်ဆောင်ခဲ့ ရတာပါလို့ ၀န်ခံခဲ့တာ ကိုကို လေ မို့ရယ်....။
“ ချစ်တယ်ဆိုပြီး ပြောချင်လို့ ပြောခဲ့တာ မဟုတ်ဘူးကွ...ယောင်္ကျားဆိုတာမျိုးက လွယ်တယ်ထင်ရင် ပင်လယ်ကြီးလောက် ချစ်ပါတယ်လို့ လိမ်ပြော ဖို့ ၀န်မလေးဘူး...ရှေ့မှာ တုတ်ခြစ်ဆွဲရုံလေးဆိုလည်း မြောင်းလောက်ဖြစ်အောင် တွေးပစ်လိုက်တာ...မိန်းကလေးဘက်က မြောင်းလည်းဖောက်ရော..ငါတို့ အတွက်က ပင်လယ်လောက် လွယ်သွားရော....မင်းကြည့်ပါလား..မာနကြီးကြီး အပျိုကြီးတွေ ဘယ်မှာ လင်ရလို့လည်း..သူတို့က လိုက်ရတာ မလွယ်ဘူးလေ...ယောင်္ကျားတွေကလည်း ခံစားမနေပါဘူး..ရမလားလို့ ချစ်ကြည့်တာ မရလည်း နောက်တစ်ယောက်ပေါ့ ဘာဖြစ်လည်း ယောင်္ကျားလေးတွေ ဆီမှာ အပေါဆုံးက အချစ်ပဲလေ..ဒီကောင်မလေးတော့ ငါ့ကို ကြွေနေပါပြီဆိုတာ. မျက်လုံးကို တစ်ချက် ရှိုးလိုက်တာနဲ့ သိတယ်...”
“အလကား အီးပေါလော အချစ်တွေ ပြည့်နေတဲ့ အီးပေါလော ယောင်္ကျားတွေ...”
“ဟ..ဒီမှာ စားသောက်နေတာ...”
ဆန်နီ ခပ်စပ်စပ် အော်လိုက်မှ နှုတ်ခမ်းစူပြီး ပွစိပွစီ ရေရွတ်ခါ တီဗွီ ဆီ အကြည့်ပြန်ရွေ့သွားသည်..။
ဆန်နီ အပြုံးတစ်ခုနဲ့ အတူ နောက်ကနေ စချင်လာပြန်တော့..။
“ခက်ပါလားနော် ပြောလည်း မကြိုက်ဘူး..အဲဒီပေါလောတွေပဲ လိုချင်ပါတယ်ဆိုပြီး ပေါပေါလောလော တွေ ဖြစ်နေတာ အိမ်း သူတို့ ပေါတာလည်း အပြစ်မဟုတ်ပါဘူး..ရင်ထုပြီး လင်လုရမဲ့ မိန်းမထုကြီး ရင်လေးစရာပဲ..နောက်များဆို ရိက္ခာထုတ်နဲ့ တောင်ထိပ်မှာ တက်နေရတော့မယ်..”
တီဗွီ ဆီက အကြည့်ခွာပြီး ဆန်နီ့ဘက့်ကို လှည့်လာတာ သိနေပေမဲ့ မသိချင်ယောင်ဆောင် ထားလိုက်သည်။
“မိန်းမတွေပဲ ပေါရအုံးမယ်....ဘယ်သူပြောလည်း...”
“ဟ..အသိသာကြီး သန်းခေါင်စာရင်း အတိအကျနော် ၂သန်းကြီးများတောင်ကွာနေတာ...ဒီ ကွာခြားနေတဲ့ ၂သန်းထဲမှာ ဂေးတွေ မပါသေးဘူး...သူတို့ပါရင် ယောင်္ကျားစစ်စစ် လူဦးရေ ပိုနည်းပြီး...ဒါကြောင့် မိန်းကလေးတွေ ပိုပိုရဲလာတာဖြစ်မယ်...ယောင်္ကျား ချောချောတွေ့ရင် မျက်တောင်မခတ်လိုက်ကြည့်မယ်...ကိုယ်ခန္ဓာလေး လှုပ်ရမ်းပြီး အကလေး နဲ့ ဆွယ်မယ်...ပြီးတော့...ရေကူး”
“တော်ပါ...တော်ပါ...ကိုကို လည်း အစက ဂေး ကြီး...ဟုတ်တယ်...အခုလည်း ဂေးကြီးပါနော်...အတူတူနေလာတာ ပိုသိတယ်...”
“ဟေ့...မို့...မင်း...”
“ဘာလည်း..”
မေးလေးပင့်ပြီး ခေါင်းလှည့်မေးတော့ ဆန်နီ ရယ်ပြီး ထမင်းပန်းကန်ကို အကြည့်ပြန်ရွေ့လိုက်သည်..။
ဂေးမဟုတ်ဘူဆိုပြီး ကောက်နမ်းပစ်လိုက်လို့ ငိုတောင်သွားရမယ်...။
“ဟဲ့....စားလို့ မပြီးသေးဘူးလား..”
အမေ က အိမ်ထဲ ၀င်လာပြီး ခုံမှာ ခြေတင်ထိုင်ရင်း အော်မေးတော့ ဆန်နီ အတွေးပျက်သွားရသည်..။
“အမေ က ဘာစားမှာလည်း..”
“နင့် အဖေ ပြန်လာရင် ၀ယ်ခဲ့မယ်ပြောတယ်...”
“သြော်...သုံးယောက်စာ ၀ယ်ရမှာပေါ့...”
“ဘာလို့လည်း..နင် စားမလို့လား..”
“မဟုတ်ပါဘူး...မခေါ်ပဲလာ မနှင်မချင်း မပြန်နိုင်တဲ့ အလိုက်ကန်းဆိုး မသိ ဧည့်သည် တစ်ယောက် ရောက်နေတယ်..”
“ဟဲ့...ကောင်..”
အမေ့ရဲ့ ငေါက်သံကြောင် ရန်တွေ့ဖို့ နှုတ်ပြင်နေတဲ့ နှုတ်ခမ်းကို စူခါ ဆောင်ပေပေ အကြည့်လေးနဲ့ ရှေ့ပြန်လှည့်သွားသည်..။
“အမေကလည်း ကိုယ့်အိမ်မှာ သားချောတွေ ချည်း ရှိတာ သူစိမ်း မိန်းမတွေ အ၀င်မခံပါနဲ့ဗျာ...ခုခေတ်က မိန်းမတွေ ပေါနေတဲ့ ခေတ်..တစ်ခုလပ်တွေပိုဆိုး...အသေရရ အရှင်ရရ ကြံမယ်ဆိုတာချည်းဖြစ်နေတာ...”
“အောင်မလေး...ဟဲ့...နင့်လိုကောင်ကိုလား...ကြံနေရင်..လိုက်သာသွား...”
“ဟား..ဟား...နောက်မှ နောင်တ မရနဲ့နော်...”
ဆန်နီ အမေ့ကို ပြန်စိန်ခေါ်ရင်း ဘေးက မို့ ဆီ အကြည့် တစ်ချက်ရောက်သွားတော့ မို့ ညာဘက်ပါးမှာ မျက်ရည်စလေး အမှတ်တမဲ့ တွေ့လိုက်ရသည်..။
ရုပ်ရှင် မှာ စိတ်ပါသွားလို့လားတွေးရင်း ကြည့်လိုက်တော့ ရုပ်ရှင်ပြီးလို့ စာတန်းထိုးနေတာ..။
ဆန်နီ ပြောဖြစ်ခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားနေရင်း စိတ်တွေမောလာရသည်..။
ဘာကိုများ စိတ်မကောင်းဖြစ်သွားပါလိမ့်...။
မို့ ကို စနေတယ် ဆိုတာ မို့ ရန်တွေ့တာလေး ခံချင်လို့ပါ..။
မို့ ရန်စောင်တာလေး ကို အသည်းယားသလို မနိုင်နိုင်ရာ ပြန်ပြောနေတာလေး ကို ချစ်လို့ပါမို့ရယ်...။
အလိုက်ကန်းဆိုး မသိဘူး ပြောလိုက်လို့လား....မဟုတ်ပါဘူး..မျက်စောင်းတောင်ထိုးသွားသေးတာပဲ..။
“မို့ ပြန်တော့မယ်..မေမေ..”
“...အကျီ င်္တွေ ပြန်လဲဖို့ မခြောက်သေးဘူးမလား...”
“ရပါတယ်..ဒါလေးခဏ ၀တ်သွားမယ်နော်..မေမေ...”
“အေး..အေး...နေပူကြီးထဲ အိမ်တန်းပြန်အုံး..”
“ဟုတ်ကဲ့...”
ဆန်နီ ငိုင်နေမိတာ..မို့ အိမ်ပြင်ထွက်သွားတဲ့ အထိ ဘာပြာလိုက်မိလို့လည်း ပြန်စဉ်းစားနေတာ အားလုံးလည်း ကုန်နေပြီ..။
“ဒီကောင်မလေးမှာလည်း...တစ်ဒုက္ခ...မနက်က လာတုန်းကလည်း တိုင်ဂီရှေ့နေရာမှာ ချောလဲပြီး ရေတွေရွဲတာပဲ...သူ့ခမျာ သံယောဇဉ် မပြတ်လို့ လာနေရှာတာ နင့်ကိုလည်း ရှောင်လာရသေးတယ်..တွေ့တာနဲ့ နှိမ်ချိုးပြောနေတာပဲ ရန်သူတွေလည်း မဟုတ်ဘူး..”
“ကျွန်တော် ဘာပြောလို့လည်း..”
‘သြော်..အေး..ဘာပြောလို့လည်း..ဟလား...တစ်ခုလပ် လက်မခံနဲ့ ပြောတာလေ..သနားပါတယ်...ငိုင်ကျသွားတာပဲ...”
“ဟာ...ကျွန်တော်က...”
ဆန်နီ ပန်းကန်ကို တွန်းပစ်ပြီး ကားသော့ ယူခါ အပြေးအလွှားထွက်လာခဲ့လိုက်မိတာ ကံကောင်းလို့ ရေကန်ရှေ့ ချော်မလဲတယ်..။
လမ်းထိပ်ကို ကြည့်တော့ လက်ကလေး လမ်းဘက်ထုတ်ပြီး ကားတားနေဆဲ...။
ကားကို အရှိန်တင်ပြီး မောင်းသွားလိုက်တာ လမ်းထိပ်ကို စက္ကန့် ပိုင်း အတွင်း ရောက်သွားသည်..။
“ဘယ်လည်း..”
“ဟင်..”
ဆန်နီ ကားထိုးရပ်ပြီး မှန်ချ ပြောလိုက်တော့ မျက်ရည်စတွေ ကျန်နေတဲ့ မျက်၀န်းအစုံနဲ့ ကြောင်တောင်တောင်လေး ကြည့်နေသည်..။
“ကားတားနေတာမဟုတ်ဘူးလား..တက်လေ...”
“မလိုက်ဘူးလား..”
“ဟိုး...လိုက်မယ်...”
ဆန်နီ ကားရွေ့လိုက်တော့မှ ပြေးလိုက်ပြီး တံခါးဖွင့် တက်ထိုင်သည်..။
နောက်ခန်းမှာ ၀င်ထိုင်လိုက်ပေမဲ့ မျက်ရည်စတွေက အမြင်အာရုံတွေထဲမှာ စွဲထင်နေဆဲမို့ ရင်ထဲမှာ နာကျင် အောင့်မျက် နေရသည်...။
“ဘယ်ကို ပို့ပေးရမလည်း...”
“အိမ်ကိုပါ...”
“ဟ...မင်း ..သူငယ်ချင်းတွေဆီ မသွားတော့ဘူးလား..”
“မရှိဘူး...နေမျိုးကလည်း မအားဘူး..”
နေမျိုးဆိုတဲ့ ကောင်အသံ ပါလာတော့ ဆန်နိ ဒေါသလှိုင်းဖြစ်သွားရသည်..။
“ဝါရင့်သွားတော့ ကျားတွေနဲ့ ပဲ အပေါင်းအသင်းလုပ်တော့တယ်နော်...”
ဆန်နီ ရဲ့ ခနဲ့တဲ့ စကားလုံး ကို အရင်လို ရန်တွေ့တုန့်ပြန်မလာပဲ တိတ်ဆိတ်ငြိမ်သက်နေတော့ စိတ်ပူသွားရသည်..။
“မို့..”
“ဟင်..”
နာမည်ခေါ်လိုက်တော့ မှ အလန့်တကြားပြန်ထူးလိုက်တာ တစ်ခုခု ကို တွေးနေသည့်ပုံ...။
“ဒီတိုင်း စလိုက်တာပါ...စိတ်ထဲမထားနဲ့...”
“ရပါတယ်...မို့.သံယောဇဉ် ဖြစ်နေတော့ အရမ်းခံစားရလို့ လာနေတာပါ..တဖြည်းဖြည်း..နဲ့တော့လည်း..နေသားကျသွားမှာပေါ့....ကိုကို က ဘာမှ မခံစားရဘူးနော်...ကောင်းလိုက်တာ မို့လည်း အဲလို ဖြစ်ချင်တယ်...ကိုကို မရှိတဲ့ အချိန်ကို ရွေးလာခါမှ တွေ့ရတယ်လို့...မို့ကြောင့် စိတ်ညစ်နေရရင် တောင်းပန်ပါတယ်...ကြာလာရင် ကိုကို မရှိပဲ နေတက်သွားပါလိမ့်မယ်...အချိန် နည်းနည်း လိုသေးလို့ပါ...”
မို့ရယ်...ကိုကို က မခံစားရဘူးတဲ့လား...ကိုကို မရှိတဲ့ အချိန်ကို ရွေးလာမှန်းသိပေမဲ့ ကိုကို ကတော့ မို့ရဲ့ အနီးအနားမှာ မသက်ဆိုင်တော့လည်း အချိန် အကြာကြီး နေချင်တယ်...ပေါ်ပေါ်တင်တင် ချစ်ခွင့်မရလည်း...ဟန်ဆောင် မုန်းပြပြီး တိတ်တိတ်လေး ချစ်နေချင်တာပါ...။
နူးညံ့တဲ့ အိပ်ယာပေါ်မှာ မို့ အိမ်မက်လှလှလေး မက်နေချိန် ကိုကို အခန်းကျဉ်းလေးထဲမှာ လစ်ဟာနေတဲ့ လက်အောက် ဘက် နေရာကို မို့ ခေါင်းအုံးလေးအစားထိုးပြီး လွမ်းမိတုန်းပဲ...။
မို့ မရှိကတည်းက ကိုကို စောင်မလိုတော့ဘူး..မို့ ခြုံပေးတာလေးကို အိပ်ချင်ယောင်ဆောင်ပြီး ကြည်နူးခဲ့ရတာလေး လွမ်းတယ်ကွယ်...။
“တီ...”
“ဟ...ကိုကို...”
“ဟင်..”
“.ကြည့်အုံး...တိုက်ဖို့ နည်းနည်းပဲလိုတယ်...”
“ဆောရီး..”
“ဟာ...မို့ ကို ပြောရမှာ မဟုတ်ဘူးလေ...”
ဆန်နီ အလွမ်းတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်ပြီး ကားဆီ ပြန် အာရုံ ထည့်ရသည်..။
ဒီလိုနဲ့ ဘယ်နေ့ သေမယ် မသိ..ဟိုနေ့ကလည်း တစ်ခါ...
မို့ မင်းကလည်း...မောင်းထုတ်ထားတာတောင် ဘာလို့ ကိုကို့ အာရုံထဲ ၀င်မွှေနေတာလည်းကွာ...။
မို့ တို့ အိမ် ရောက်ဖို့ သုံးအိမ် အကွာမှာ ကားထိုးရပ်လိုက်သည်...။
ကားပေါ်က အပြေးအလွှား ဆင်းသွားတာ နောက်ကိုတောင် ငဲ့မကြည့်...အဲဒါတွေ အမြင်ကပ်တာ...။
နှုတ်ဆက်ရမှာ မသိဘူးလား..အလကားလည်း လိုက်ပို့ရသေး...။
“ဟေး...ကားခပေးအုံး..”
“ဟင်...သြော်...”
ကျောပိုးအိတ်ကလေး ဖြုတ်ပြီး ပြန်ပြေးလာတော့ ဆန်နီ မသိချင်ယောင်ဆောင်ပြီး ကားမောင်းထွက်လာလိုက်သည်..။
“ဟ...ကျစ်...”
မို့ နှုတ်ခမ်းလေး ဖိကိုက်ပြီး အိမ်ဘက်ပြန်လျှောက်လာခဲ့လိုက်သည်..။
တစ်ခုလပ် တွေ ကြံမှာ စိုးနေတဲ့ ကိုကို...။
မို့ လည်း တစ်ဖြည်းဖြည်း အဝေးကို ရောက်နေပါပြီ ကိုကို...။
အခုဆို ကိုကို မရှိပဲ အိပ်ပျော်နေပြီ...မနက် တစ်ချိန်လုံး အိမ်မှာ နေလို့ရနေပြီ..။
နေ့ခင်း သုံးနာရီ အိမ်ပြန်ရောက် အလှပြင် အပြင် တစ်ပတ်သွားပြီး ပြန်လာရင် ပန်းပင်လေးတွေ ရေလောင်းလို့ ပျော်တက်နေပြီ...။
ဒါပေမဲ့....သတိရတိုင်း ရင်ဘတ်ထဲက နာတယ် ကိုကို ရယ်...။
“စောပါလား..သမီး .”
“ဟုတ်...”
“ဟယ်...ဒီ အ၀တ်အစားတွေက ဘယ်လိုဖြစ်ပြီး...”
“ရေချိုးပြီး လဲထားတာ မေ့ပြီး ပြန်လာခဲ့တာ...တီတီနုရဲ့...”
“သြော်..ထမင်းစားခဲ့လား...သမီး...”
“ဟုတ်ကဲ့...”
“ကဲ..ဒါဆို အ၀တ်လှဲလိုက်အုံး...တီတီနု..မို့ စားဖို့ လက်ဖက် ချဉ်စပ်လေး လုပ်နေတာ...”
“ဟုတ်..”
ဒီနေ့ လက်ဖက် ချည်း စားနေရပါလားတွေးရင်း မို့ ဟက်ခနဲ့ ရယ်မိခါ ကြက်ဥလုရင်း ကိုကို့ရင်ခွင်ထဲအမှတ်တမဲ့ ရောက်သွားရတဲ့ အချိန်တွေကို ပြန်တွေးမိလို့ စိတ်ထဲ ပျော်လာရသည်..။
YOU ARE READING
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...