Part 19

3K 139 0
                                    

နန်းထိုက်ပန်းမို့
အပိုင်း (၁၉)
#နန်းထိုက်ပန်းမို့

“ကိုကို...”
အိမ်၀မှာ ဆီးကြိုကတည်းက တစ်ခုခုပူဆာတော့မယ်ဆိုတာ သိပြီးသားပဲလေ...။
“ကဲပြော...ဘာများ ပူဆာမလည်း..”
“ဟွန့်...စေတနာနဲ့ ထွက်ကြိုတာပါနော်...”
“ဒီလိုဆိုရင်တော့ ကျေးဇူးတင်ရတော့မယ်..”
ဆန်နီ့ရဲ့ စကားကြောင့် အနားကနေခြေဆောင့်ပြီး ထွက်သွားခါ အမေ့အနားမှာ သွားထိုင်သည်..။
“ဆန်နီ..”
“ဗ်...”
“မို့ ကို ကျောင်းပြန်တက်ခိုင်းလိုက်ပါလား..”
“ဟင်..”
အမေ့ အနားမှာ ခေါင်းတိုးကပ်နေကတည်းက အမေ့ကို ပူဆာ ပြီးပြီဆိုတာ သိပြီးသားပါ...။
“ဟဲ့...ငါပြောတာ ကြားလား..”
“ဟုတ်..ကျွန်တော် စဉ်းစားပါအုံးမယ်..”
“မြန်မြန်စဉ်းစား..”
“ဘယ်လိုဖြစ်တာလည်း အမေရယ်..ကျွန်တော် အခုပဲ ပြန်ရောက်တာ ထမင်းတောင်မစားရသေးဘူးလေ...”
ဆန်နီ့စကားကြောင့် အမေ့ရဲ့ စကားသံတွေ တိတ်သွားသလို မို့လည်း ခေါင်းငုံ့နေတော့သည်...။
“ဟူး...”
အခန်းထဲရောက်တာနဲ့ ခေါင်းက ရေလက်ကျန်တွေကို ခါရမ်းပစ်ပြီး တီရှပ် အဟောင်းတစ်ထည် ကောက်၀တ်လိုက်သည်...။
မကြာခင် နောက်ဆက်လာတော့မည့် ကျောင်းတက်ဖို့ မေးခွန်းကို ဆန်နီ ဘယ်လို ဖြေရမလည်း..။
ကျောင်းတက်ဖို့ လိုတဲ့ စရိတ်ထက် မို့ အ၀တ်အစား အသုံးအဆောင်တွေ ပိုလိုမှာသိနေပြီး ကိုယ်ကလည်း မတက်နိုင်သည့်ဘ၀...။
မို့လို့ အရုပ်ကလေးနဲ့ တူတဲ့ သူကို ဘယ်သူက အိမ်ထောင်ရှိတယ်ထင်မှာလည်း..။
မို့ ရဲ့ အချစ်တွေက ကိုယ့်ဆီမှာ ရှိတာသေချာတောင် မို့ဘေးမှာ ရံလာမည့် သဌေးသားတွေကို ကြာကြာ ဘယ်လို လွန်ဆန် နိုင်မှာလည်း..။
အားလုံး အဆင်ပြေတောင် မို့ ကို လိုက်ကြည့်မဲ့ မျက်လုံးတွေ... လုံး၀ကို မကြိုက်တာ...။
“ကိုကို..”
“ဟင်...”
ဆန်နီ နောက်ကို လှည့်မကြည့်ပဲ ဆံပင်တွေကို ဆက်ခါ နေလိုက်သည်..။
“ကိုကိုး..”
ရှေ့ကို ရောက်လာတော့ ရှောင်လွဲမရသည့် အဆုံး ရင်ဆိုင်လိုက်ရတော့သည်..။
“ကိုကိုိ မို့ ကျောင်းတက်ချင်တယ်..”
“ဘာလို့..”
“ဟာ..ကိုကို ကလည်း တစ်နေ့တစ်နေ့ အိမ်ထဲမှာ မို့ ဘ၀က အနာဂတ်မရှိသလိုကြီး မနေချင်ပါဘူး..ကိုကိုချည်းပဲ ငွေရှာနေတာ လောက်တာလည်း မဟုတ်ဘူး..မို့ ကျောင်းတက်မယ်..အလုပ်လုပ်မယ်..”
“ဘာ...မလုပ်ရဘူး..”
“ဘာဖြစ်လို့လည်း..ကိုကိုရဲ့..”
“ပိုက်ဆံရှာတာ ယောင်္ကျားတစ်ယောက်တာ၀န်ပဲ...”
“ကိုကို ရှာနေတာ မို့ အတွက် မလောက်ဘူး..”
“မလောက်လည်း သုံး..အလုပ်လုပ်ချင်ရင် ငါသေအောင်စောင့်...”
ဆန်နီ အသံမြှင့်ပြောလိုက်တော့ မို့ က နှုတ်ခမ်းမဲ့ ပြုံးခါ ..
“ကိုယ့်ကို အရမ်း မုန်းနေတဲ့ လူကို ဇွတ်ချစ်မိတာ မှားမှန်းသိပါပြီ...”
“မာမီပြောတာ သိပ်မှန်တယ်..အိမ်ကပေးစားတဲ့ သူကိုယူရင် အခုလို ဖြစ်မှာ မဟုတ်ဘူး..အခုတော့ ကျောင်းလည်းမတက်ရ ငမွဲဘ၀လည်း ရောက်ရတယ် ...မိန်းမနောက်ပိုးဆိုပြီး နှိမ်နေတာ မချစ်ပဲနဲ့ ပေါနေတာ...အစကတည်းက တာ၀န်မယူချင်တဲ့ သူကို ယူခဲ့မိတာမှားတာပဲ......”
စကားတစ်ချို့မှန်နေပေမဲ့ တာဝန်မယူချင်တဲ့သူဆိုတဲ့ စကားလုံးကြောင့် ဒေါသထွက်ရပြန်သည်။
“တိတ်စမ်း..မို့...ငါ ဘာကို တာ၀န်မယူတာလည်း ပြောစမ်း..ဒီ စကားကို ငါ အမုန်းဆိုတာ မင်းသိတယ်နော်...”
“ချစ်တယ်ပြောပြီး အချိုးပြောင်းသွားတာလေ...”
“ငါက ဘ၀သမား ဘ၀သမားကိုယူထားမှတော့ မင်းသမီးလို နေချင်လို့ရမလားကွ...ငါ့ဘ၀က လက်တွေ့...ရုပ်ရှင်ထဲက လို မင်းသမီးကို ပွေ့ထားရင် သီချင်းသံထွက်လာမှာ မဟုတ်ဘူး..အကြွေးရှင်ရောက်လာမှာကွ..”
“အား...မသိဘူး..အခုချိန်မှာ လူလွတ်လိုပဲ ပြန်ဖြစ်ချင်တယ်......ဒါပဲ...”
မျက်လုံးစုံမှိတ် ခေါင်းခါရမ်းနေတဲ့ မို့ ကို ကြည့်ပြီး ပြုံးလိုက်ခါ..
“ဟား..ဟား...လျော့စျေးနဲ့ ရထားတဲ့ အရုပ်မလေးကို လွှတ်ပေးရအောင် ငါ က ငတုံးမှ မဟုတ်တာ....”
“ဟင်...”
“ဟား..ဟား..”ကြောင်တောင်တောင်လေးဖြစ်နေပြီးမှ ဆန်နီ အော်ရယ်တာကို ကြည့်ပြီး မျက်စောင်းထိုးသည်..။
“မာမီတို့ကလည်း ဘာမှန်းမသိဘူး..လာမခေါ်ဘူး....သမီးလေး တစ်ယောက်တည်း ရှိတာကို ဖုန်းဆက်တာတောင် မကိုင်ဘူး...ဒီလောက် ဒုက္ခရောက်နေတာ ပြန်သွားချင်လာပြီ...”
“မင်းပြန်သွားလည်း လက်မခံဘူးတဲ့နော်...”
“သိတယ်....သိတယ်..ကိုကို နဲ့ ပတ်သက်သရွေ့ လက်မခံဘူး...ကွာလည်းမပေးဘူးဆိုတော့ ..”
“အဲဒီတော့ ငါသေမှပဲ တစ်မျိုးပြောင်းတော့မယ်...”
“ဟုတ်တယ်..ကိုကို..သေမှ တစ်ခုလပ်ဖြစ်ပြီး သနားရင် ပြန်ခေါ်မယ်...သင့်တော်တဲ့ သူနဲ့ လက်ထပ်ပေးရင်လည်း အဲအခါကျ မငြင်းတော့ဘူး..”
“ဟား..ဟား...မှတ်သွားပြီပေါ့လေ....ဟုတ်ပါပြီ...အခွင့်အရေးကြုံရင် သေပေးပါမယ်ဗျာ....”
ကိုကို က ရယ်မောပြောဆိုနေတော့ စိတ်ကြည်သွားလောက်ပြီ အထင်နဲ့ ထပ်ပူဆာဖို့ ကြိုးစားရသည်။
ကိုကို့ လက်မောင်းကို လက်နှစ်ဖက်နဲ့ ကိုင်လှုပ်ပြီး
“ကိုကို...မို့ ကချင်တာ..”
“သိနေတယ်...ဒိယုန်မြင်လို့ ဒီခြုံထွင်တာ..ကျောင်းလည်းမတက်ရဘူး..ကလည်း မက ရဘူး..”
ကိုကိုက မို့ နဖူးကို လက်သီးဆုပ်နဲ့ဖွဖွထုလိုက်တော့ မို့ နှုတ်ခမ်းစူပြီး
“ဘာလို့လည်း ကိုကိုရဲ့..”
“မို့ ကရင် တစ်ကိုယ်လုံး ခါရမ်းနေမှာလေ..ဒါကို ယောင်္ကျားတွေက ဘယ်လို မျက်လုံးနဲ့ ကြည့်ကြလည်း မို့ မသိဘူး...ဟူး..တွေးတာတောင် မောတယ်...လုံး၀...လုံး၀ပဲ...”
“ကိုကို ကလည်း...အဖွဲ့နဲ့ ကိုရီးယားပုံစံကတာ...ဟော့ရမ်းအောင် ကတာမဟုတ်ပါဘူး..”
“မရဘူး..ဒါလည်း မို့ က အထင်းဆုံး ဖြစ်နေမှာ..ကိုကိုသိတယ်...”
“ဟွန့်...တော်တော် အတ္တကြီးတဲ့ လူကြီး...”
အတ္တကြီးတယ် ဆိုတဲ့ စကားကြောင့် ဆန်နီ ရင်ထဲ မွန်းကြပ် လှောင်အိုက်သွားခါ ရှေ့က ရန်တွေ့နေတဲ့ မို့ကို ဆွဲဖက်လိုက်မိသည်..။
“ဟင်...ဘာဖြစ်..”
“’ရှုး....တိတ်တိတ်နေ....”
“ကိုကို...”
“စေတနာရှိရင် ပြန်ဖက်ပေး..”
“ကိုကို ဘာဖြစ်လို့လည်းလို့...”
“မို့ ငိုချင်လာပြီ...”
“ဟာကွာ...ဖက်တာလေးကို ငိုစရာလား..”
ဆန်နီ ပြန်လွှတ်လိုက်ပြီး အခင်းတွေကို ပြန့်အောင်ခင်းခါ အိပ်ယာပေါ် လှဲချလိုက်သည်..။
နဖူးပေါ် လက်တင်ပြီး မျက်လုံးစုံမှိတ်ထားသည့် ကိုကို့ ကို ကြည့်ခါ မို့လည်း ဘေးမှာ ခေါင်းအုံးဆွဲပြီး ကျောခိုင်းအိပ်လိုက်သည်..။
ခွင့်မပြုပဲ လုပ်နေတာ တစ်နေ့နေ့သိသွားရင်တော့ မို့တော့ ဒုက္ခပါပဲ...။
ပြန်ထွက်လိုက်ရမလား...။
ပိုက်ဆံတောင် ယူပြီးသွားပြီပဲ....၄ပွဲတောင်ကရတော့မယ်...
ကိုကိုကလည်း ဆိုးလိုက်တာ....စိတ်ညစ်တာပဲ...။
အတွေးတွေနဲ့ ဝဲလည်ရင်း ကိုကို ရုတ်တရက် ဖက်လိုက်တာ ပြန်တွေးမိတော့ ရင်တွေဆောင့်ခုန်လာရသည်..။
မို့ ပြောမိတဲ့ စကားတွေကို ပြန်တွေးရင်း သေစကားတွေချည်း ထပ်နေတာ သတိရတော့ မျက်လုံးပြူးပြီး ခေါင်းရမ်းမိသည်..။
ဘေးက အိပ်ပျော်နေတဲ့ ကိုကို ကို ပြန်လှည့်ကြည့်လိုက်တော့ ပိုလို့ ၀မ်းနည်းခြောက်ခြားလာရသည်..။
ဟင့်အင်း...မို့ ဒီတိုင်း ပြောလိုက်တာပါ ကိုကို ခံစားသွားရစေဖို့ မရည်ရွယ်ခဲ့ပါဘူး ကိုကိုရယ်..။
“ဟ..”
“ဒီ တစ်ညတော့ ကိုကို့ ရင်ဘတ်ကြီး ငှားပါ ကိုကိုရယ်...”
“စောစောကပဲ အတင်းသေခိုင်းပြီးတော့..”
“ဟင့်အင်း..ဟင့်အင်း....မဟုတ်ဘူး..”
မျက်ရည်တွေ စို့လာရင်း ခေါင်းတွင်တွင်  ရမ်းပြီး လည်ပင်းကို သိုင်းဖက် လိုက်မိသည်...။
“အ...အသက်ရှုလို့ မရဘူး..”
“နေပါအုံး...သနပ်ခါးလိမ်းထားတာလား... လှလိုက်တာကွာ..”
မျက်နှာချင်းဆိုင် စကားပြောခဲ့ပေမဲ့ အတွေးတွေ နဲ့ စိတ်ရှုပ်နေရလို့ သေချာ မကြည့်ဖြစ်ခဲ့ရပါ..။
အခုမှ နှာဖျားနား အတင်းတိုးဝေ့ တက်လာတဲ့ သနပ်ခါးနံ သင်းသင်းလေးကြောင့် ကြည့်လိုက်မိတာ..
ပါးကွက်ရေးရေးလေး ပေါ်နေသည်..။
“အသားလှတယ်လို့ မေမေ က ပြောလို့ စမ်းလိမ်းကြည့်တာ အသားခြောက်တယ်သိရဲ့လား...”
“အသားခြောက်တာပျောက်အောင် လုပ်ပေးမယ်..”
ဆန်နီ ရုတ်တရက် ပြန်လှည့်ပြီး သူမ မျက်နှာလေးကို စောင်းခါ နှာဖျားနှစ်၀င်သွားအောင် နမ်းရှိုက်ပစ်လိုက်သည်..။
“ဟိ..”
“ဘာဖြစ်...”
“ပျော်လို့...”
“မိန်းကလေး ဖြစ်ပြီးတော့ကွာ...”
“အို..ကိုကို ကလည်း ကိုကို့ မိန်းမပဲ ဖြစ်နေပြီ ရှက်ရမှာလားလို့...”
“ကိုကို..ပါးပဲလား..”
“ဟင်..”
ဆန်နီ နားမလည်သလို ကြည့်လိုက်တော့ မျက်ခုံးလေး ပင့်ပြီး ရင်ဘတ်ကို လက်သည်းဖြင့် ဖွဖွကုတ်ရင်း..
“ကိုကို သိလား....သူများတွေဆို အခုချိန် ကလေးတောင် မွေးနေပြီ..ကိုကိုက မို့ကို နမ်းတောင် မနမ်းဖူးသေးဘူး..ဘာ ကြင်နာယုယ မှု မှလည်း မရဘူး..ကိုကို အနမ်း တစ်ပွင့်ရဲ့ အရသာကိုတောင် မသိရဘူး..မို့ဘ၀က  ယောင်္ကျား ရခဲ့ပေမဲ့ ရည်းစားထားသလို အထိအတွေ့တောင် မရှိဘူး..”
ချစ်ဖို့ကောင်းတဲ့ အကြင်နာစကားလေးတွေပေမဲ့ တွေးကြည့်တော့ စိတ်တိုစရာတွေ ပါလာပြန်ပြီ..
ဆန်နီ မျက်နှာတည်ပြီး..မို့ ပခုံးကိုကိုင်ရင်း
“မင်း ရည်းစားတွေနဲ့ ဘယ်လိုနေခဲ့လို့လည်း...အ်ိုး...ငါ အခုမှ တွေးမိတယ်..ကြည့်စမ်း...ကလေးလိုနေတဲ့ မင်းက အချစ်ဆရာမကြီးပဲဆို...”
“ဘယ်သူ ပြောလည်းလို့...”
“ငါမေးတာဖြေ..”
ဆန်နီ ခပ်စပ်စပ်ပြောလိုက်တော့မှ ပခုံးတွန့်ပြီး လက်ကို ရုတ်ခါ..
“ဟွန့်..မို့ က မပေါပါဘူး..ရည်စားဖြစ်ခွင့် ကို အသည်းအသန်လိုချင်ရင်တောင် တန်းစီပါအုံး..ရည်းစား ဖြစ်ခွင့်ရလည်း ပွဲတွေ ကလပ်တွေမှာ လက်ချိတ်သွားခွင့်ရတယ်...ဒါပဲ ခွင့်ပြုတာ...မို့ နမ်းဖူးတာဆို ရီလေး ပဲ ရှိတယ်...”
“ဘာ...မင်း...မင်း...မိန်းမချင်း..”
“အိုး..ကိုကို ကလည်း မူးပြီး နမ်းမိတာ တစ်ခါတည်းပါ ကိုကိုရဲ့...”
“ကဲ ကိုကို လည်း မို့ မေးတာပဲ ပြန်ဖြေရမဲ့ အလှည့်...ကိုကို က မို့ကို ဘာလို့ မထိချင် တာလည်းဟင်...မို့ကို မုန်းနေတုန်းပဲလား..”
ကိုကို ကို့ မော့ကြည့်ပြီး မေးခွန်းထုတ်လိုက်တော့ ကိုကို က အပြုံး တစ်ခုနဲ့ အတူ အရောင်လဲ့နေတဲ့ မျက်၀န်းတွေ နဲ့ ဆိုက်ကြည့်တော့ မို့ ရင်တွေ ဆောင့်ခုန်ခါ ခေါင်းပြန်ငုံ့လိုက်ရ၏..။
“ဟူး...ကိုကို မို့ကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး..အချစ်တွေကို မြိုသိပ်သော့ခတ်ပြီး မုန်းဖို့ ကြိုးစားခဲ့ရုံပ့ါပဲ...”
“မယုံပါဘူး...သက်သေပြ.”
မျက်လုံးစုံမှိတ်ပြီး မျက်နှာရှေ့တိုးပေးတော့ ဆန်နီ ရယ်လိုက်မိပြီး နဖူးကို ခပ်ဖွဖွလေး နမ်းပေးလိုက်ရသည်..။
“အရမ်းလှတဲ့ ပန်းလေးမို့  ကိုကို တစ်ယောက်တည်း ပိုင်ဆိုင်ခွင့်ရနေတာနဲ့ ကျေနပ်နေပါပြီ...”
“အဲ ပန်းလေးက ကိုကို့ အတွက် ဖြစ်တည်ပြီး ကိုကို့ နမ်းရှိုက်ခြွေယူမှာကိုပဲ မျှော်လင့်နေတယ်ဆိုတာရော မတွေးမိဘူးလား..”
“ဒီလိုဆိုရင်တော့ မိုက်မဲတဲ့ ပန်းလေး တစ်ချိန်ချိန်မှာ နောင်တရလိမ့်မယ်ကွယ်...”
“ကိုကို ကလည်း...”
“ကိုကို အိပ်ချင်ပြီ...တစ်ခါတည်း ပြောထားမယ်နော်...လုံး၀ မကရဘူး..”
“ဟင်..”
မို့ တောင့်တနေတဲ့ အနမ်းတွေ ကြင်နာယုယမှုတွေ အားလုံး လွင့်စင်သွားပြီး စိုး၇ိမ်စိတ်သာ ပြန်လည်ကြီးစိုးလာသည်..။
ဘယ်လိုပြောရမလည်း...ကိုကို သိရင် စိတ်တွေဆိုးပြီး....အိုး....စိတ်ညစ်လိုက်တာ ကိုကိုရယ်...။
.
“ဟင်...ဘာလုပ်နေတာလည်း မို့ရဲ့..”
“ကိုိကို့  သွားရင် အဆင်သင့်ဖြစ်အာင်လေ..”
မနက် ငါးနာရီ ကားရေဆေးပြီး ရေတစ်ခါတည်း ချိုးခါ အ၀တ်အစားလဲဖို့ တက်လာတော့ မို့က အကျီ င်္ ထုတ်ပေးတာ အံသြနေရသည်..။
ဆင်းသွားတုန်းကတောင် အိပ်ပျော်နေလို့ နေရာ ရွေ့ပေးခဲ့ရသေးတာ...အခုကျတော့လည်း မျက်နှာက ကြည်ကြည်လင်လင် နဲ့ အိပ်မှုံ့စုံ၀ါး ပုံစံတောင် မတွေ့ရ..။
“ကိုကို အိမ်မက် မက်နေတာလား..”
“အား...”
နှာခေါင်းကို လက်ကလေး နှစ်ချောင်းနဲ့ ညှပ်ပြီး ဆွဲတော့ နာပေမဲ့ ကြည်နူးမိသည်.။
“ဘာလို့ စောကြီး ထတာလည်း..သွားပြန်အိပ်နေနော်...”
“အင်း...ကိုကို သွားမှ ပြန်အိပ်တော့မယ်...”
“လိမ်မာလိုက်တာကွာ.....”
“နေပါအုံး...ဒီ အကျီီ ကိုကို မယူပဲ ထားခဲ့တဲ့ တံဆိပ်မလား...မို့ ဘယ်က ရတာလည်း..”
အခန်းထဲက အ၀တ်ကြိုးတန်းမှာ ချိတ် လှန်းထားသည့် အကျီ င်္ကို အနားတိုးပြီး သေချာအောင်ကြည့်လိုက်မိသည်..။
ဆိုဒ်ကို ဆိုင်ခွဲမှာ သွားယူပေးပါမယ်လို့ ပြောပြီး မ၀ယ်ဖြစ်ခဲ့တဲ့ တံဆိပ်..ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလည်း..။
“ဟင်...ကိုကို မေးနေတယ်လေ....မို့..ဒါ..”
“သြော်...အဲဒါ..မို့ မွေးနေ့တုန်းက စီစီ တို့ လက်ဆောင်ပေးတာပါ..”
“ဟာ..ဘာလို့ယူတာလည်း..မို့ လိုချင်တယ်ပြောလိုက်တာမလား..”
ကိုကို ရဲ့ မျက်နှာတည်သွားပြီး လေသံမာသွားတော့ မို့ လိမ်ဖို့အတွက်ပိုလို့ ခက်ခဲလာရသည်..။
“မဟုတ်ပါဘူး..ကိုကိုရဲ့ စီစီ က မို့ကြိုက်တဲ့ ဘရန်းတွေ အကုန်သိတယ်...ဒီအကျီ င်္ က ဒီနှစ်ဒီဇိုင်းဆိုတော့ တိုက်ဆိုင်သွားတာပါ..ပြီးတော့ အဖြူပဲလာတာလေ..ကိုကို ကလည်း မို့ က ပူဆာစရာလား..အောက်လို့..”
“အင်း..မို့ သူငယ်ချင်းတွေက သူငယ်ချင်းစစ် နဲ့ မတူဘူး..ကြေးစားဆန်တယ် ..မို့ကို မချူပ်ချယ်ချင်ပေမဲ့ သူတို့ နဲ့ သိပ်တော့ မပေါင်းနဲ့နော်...”
“ဟုတ်ကဲ့ပါရှင့်...”
“မဟုတ်သေးပါဘူး..မနက်စောစော ဘာလို့ အသည်းယားအောင် လိမ်မာပြနေတာလည်း..”
“မလိမ်မာရဘူးလား...ရတယ်လေ...ကိုကို မို့ ကိုဖိနပ် ၀ယ်ပေးရအုံးမယ်...အကျှီ င်္ဂါ၀န်က အသစ်ထွက်နေလောက်ပြီ...ညနေ စောစောပြန်ခေါ် ဟော့ပေါ့သွားစားချင်တယ်...ရုပ်ရှင် သစ်တင်တာကြည့်ရအုံးမယ်..ကိုကို့ ကို ၀ယ်ပေးဖို့ ပြောနေတာကြာပြီ ဆံပင်ကောက်စက် လိုချင်ပါတယ်ဆို..ပေါင်ဒါ ဘူး ကုန်ပြီး ခေါင်းလျှော်ရည် ဂျပန်...”
“ဟိုး..”
ကိုကို က မို့ ပခုံးကို ဖက်ပြီး ပါးစပ်ကို လက်နှင့် အုပ်လိုက်ပြီး ရယ်နေတာ အတောမသတ်ပင်...။
ကိုကိုရယ်....မို့ ကို စိတ်မဆိုးပါနဲ့နော်..မို့ တကယ် မလိမ်ချင်ပါဘူး..။
မို့ ကလပ် သွားခါနီး ဂါ၀န် အသစ်လေး ဖြုတ်၀တ်လိုက်ရပေမဲ့ ၀တ်ချင်တာ ၀တ်ရပြန်တော့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေရပြန်သည်..။
ကိုကို မကြိုက်တာလုပ်ပြီး စိတ်ဆိုးခံရတော့မှာ ကြိုတွေးမိတော့ သက်ပြင်းလေးသာ အဖော်ပြုရသည်..။
“မေမေ....မို့သွားတော့မယ်...ကိုကို ကို မပြောပါနဲ့နော်...”
‘မို့ရယ်...ငါတော့ စိတ်ဆင်းရဲတာပဲ..နင် လုပ်ခါမှ ငါလည်း မွေးထားတဲ့ သားကို ပြန်ကြောက်ရတဲ့ ဘဝြဖစ်နေရပြီ...ဘယ်လောက် ကျန်သေးတာလည်း..ပိုက်ဆံသာ ပြန်ပေးလိုက်တေ့ာ့ဟယ်...ငါမှာ ရှိတယ်..”
“၁၅ ရက်လောက်ပဲ လိုတော့တာပါ မေမေ ရယ်..ကိုကို သိရင် မို့ကို အရမ်းစိတ်ဆိုးမှာနော်..”
မေမေက လက်ထဲက ဟင်းရွက်တွေကို ပစ်ချပြီး သက်ပြင်းကြီး ပါ တစ်ခါတည်း ချလိုက်သည်။
“လင်မယားကိစ္စ ငါလည်း ၀င်မပါချင်ဘူး.ဒီကိစ္စ သူ မကြိုက်သလို ငါလည်း မကြိုက်ဘူး မို့ရဲ့...မိန်းမဆိုတာ လင်ယောင်္ကျားရှာတာနဲ့ လောက်ငှအောင် သုံးတက်ရတယ်..ရှာမကျွေးတက်ရှာတဲ့ နင့် အဖေ လူမျိူးဆိုရင်တော့ တစ်မျိုးပေါ့လေ..အခု ဆန်နီ က နင့် အတွက်ဒီလောက် ကြိုးစားရှာနေရတာ...အရင်က အိမ်မှာ ငါ ရှာတာနဲ့ စားဖို့လောက်တယ်..သူ ကားက ရတဲ့ ငွေက ကားငွေပဲ သွင်းရတယ်...အခုတော့  နင့် ကို ၀တ်နိုင် စားနိုင်အောင်  သူ့ ခမျာ အိမ်မှာနေရတဲ့ အချိန်ကို မရှိဘူး..နင် သ၀န်မတိုတော့ဘူး သူ့ကို နားလည်လာတယ်ဆိုပြီး ကြိတ်ပျော်နေရှာတာ..အခုလို လုပ်နေတာ သိသွားရင် အောင်မလေး..ဒုက္ခပါပဲ နောက်ကျောက ဓားနဲ့ ထိုးတယ်ဆိုပြီး ဖြစ်လိုက်မဲ့ ပြသာနာတွေ ငါ့မှာ လည်း အမေ ဘာလုပ်နေလည်းက ပါလာအုံးမယ်...ခက်တော့တာပဲ...”
“အဟင့်...မို့..ဘယ်လို လုပ်ရမလည်းဟင်..”
“ဒီနေ့ တစ်ခါတည်းမေးလာ..ပိုက်ဆံ ပြန်လျော်ရမှာ မများ၇င် ငါဆိုက်ပေးမယ်...”
“ရှင်...”
“နင်ရတဲ့ ပိုက်ဆံတွေက နင် ၀ယ်တာ ခြမ်းတာနဲ့ ကုန်ပြီမလား..”
“ဟုတ်..”
“ကဲသွား..မြန်မြန်...ဆန်နီ အိမ်ပြန်လာရင် နင်က သူငယ်ချင်းဆီ သွားတယ်ပဲ ပြောလိုက်မယ်နော်..”
“ကျေးဇူးတင်ပါတယ်..မေမေရယ်..”
မို့ ကျောပိုးအိတ် အသေးလေးကို ခပ်မြန်မြန် ကောက်ရွယ်ပြီး ထွက်လာခဲ့ရတာ ရင်ထဲမှာ ပူပူလောင်လောင်ကြီးဖြစ်နေသည်..။
လမ်းထိပ်ရောက်တော့ ကားတားစီးဖို့လည်း ကိုကို့များတွေ့မလားလို့ ဘေးဘီဝဲယာ ကြည့်ပြီး  ခိုးကြောင်ခိုးဝှက် တက်၇သည်..။
“ကိုကို မို့ ကို ဘာလို့ ဖုန်းမခေါ်လည်း..မို့သိခဲ့တယ်..ကိုကို က မိန်းကလေးတွေများ ပို့ပေးရရင် ပြုံးဖြီး နေတာပဲဆို..”
၊ မန်နီ နဲ့ အတူ လိုက်သွားပြီး အပြန်ဂိတ်မှာ ကိုကို့ကားကို ခဏစောင့်တုန်း အာကြီးဆိုတဲ့ လူပြောသမျှကို ပြန်ပြောပြတော့ ကိုကို က ထုံးစံ အတိုင်း ခေါင်းရမ်းသည်..။
“မို့ စဉ်းစားကြည့် မို့ ဖုန်းဆက်တဲ့ အချိန် ကိုကို က ပစ္စည်းတင်နေမယ်..ကားမောင်းနေမယ်..မို့ကထင်လိမ့်မယ်..ကိုကို ကားမောင်းရင်း ဖုန်းပြောလို့ ရတယ်...မပြောချင်လို့..တကယ်က မဟုတ်ဘူး.ကိုကို့ဘေးမှာ လူပါရင် ဖုန်း စပီကာဖွင့်ပြောရတာ အဆင်မပြေဘူး..လူမပါလည်း ကိုကို့မှာ လမ်းကြည့်ရတယ် ရှေ့ကား နောက်ကား ဘေးကား စုံနေအောင်ပဲ ဒီကြားထဲ ဘာမသိညာမသိ ဖြတ်ပြေးတဲ့ လူကို တိုက်မိမှာလည်း ဂရုစိုက်ရတယ်...မြို့ထဲမှာ ကားမောင်းရတာ အဝေးပြေးမှာ မောင်းရတာထက် ခက်တယ်မို့ရဲ့...ရှေ့ကားကို တိုက်မိမှာစိုးလို့ ဘရိတ်နင်းမိရင်းတောင် ကို့ ကားကို သူများက တိုက်ပစ်တော့တာ....ဘရိတ်နင်းရင် မိုးမွန်နေအောင်အဆဲခံရတယ်.....ကိုကို မောင်းရတာလည်း စျေးလမ်းတွေချည်းပဲ....ဒါကို ဖုန်းမကိုင်လို့ဆိုပြီး စိတ်ကောက်ချင်သေးတာလား မိန်းမ့ရယ်..”
ကိုကို့ရဲ့ ခပ်ညီးညီး စကားသံ အဆုံးမှာတော့ မို့ လည်း  ကိုကို့ ကို နားလည်သလို ရှိလာပေမဲ့..
“ဒါဖြင့် ကောင်မလေးတွေကို ဘာလို့ အလကားနေရင်း ရယ်ပြနေတာလည်း..”
“ဟောဗျာ...စကားပြောတာ စူစူ ပုတ်ပုတ်ကြီး ပြောနေရင် ဘယ်သူက စီးချင်မှာလည်း ပိုက်ဆံပေးစီးတာလေဗျာ..ကဲ မို့ နဲ့ စတွေ့တုန်းကပဲကြည့် လ မ်းမှာ ကားတားတယ်...မို့ ဘက်က ပိုက်ဆံ ပေးရမလားမေးတော့ ကိုကိုက တင်းပြီး အသံလေး မြှင့်မိတာ..မို့ ကိုကိုကြောင့် ငိုသွားတာ..မျက်နှာချင်းတောင် မဆိုင်ချင်တော့ဘူးလေ...မို့ကို ကိုကို စေတနာ နဲ့ ခေါ်လာခဲ့တာ လိုရာပိုပေးခဲ့တာတွေ သတိမရတော့ဘူး ကိုကို အော်တယ် ဆိုတာကိုပဲ မှတ်ထားတယ်လေ...ဒါပဲ..လူဆိုတာ ကောင်းကွက် တစ်ရာ ရှိထားခည်း ဆိုးကွက် တစ်ခု ၀င်လာတာနဲ့ ဆိုးတယ် ဖြစ်ရော...ကိုကိုတို့ အခကြေးငွေ နဲ့ လုပ်နေရတာ ပိုဂရုစိုက်ရတယ်....ကားပေါ်မှာ စူပုတ်ပုတ် လုပ်မောင်းလို့ ကားပေါ်က ဆင်းရင် နံ့ပါတ်ကို ၇ိုက်ပြီး အင်တာနက်ပေါ်မှာ လူဆိုးပါဆိုပြီး ဖွလိုက်ရင်သေရာပေါ့...ဒီလောက် သွားအစုံ ဖြဲပြနေတာတောင် လိုရာ ခရီး မရောက်ခင် လမ်းပိတ်ပြီး ကြာသွားရင် အသုံးမကျဘူး ပြောတယ်....လမ်းမှာ ခဏခဏ စျေး၀ယ်တာ မစောင့်နိုင်လို့ ကားပြောင်းစီးပါ ပြောမိတာ ဒီ ဒါရိုင်ဘာ လူးပါး၀ပါတယ်လို့ လက်ညိုးထိုးလို့ ရန်တွေ့သွားကြတဲ့ မိန်းမတွေပါပဲဗျာ...”
“ကောင်းတယ်..”
“ဟောကြည့်...ကိုယ့်ယောင်္ကျား ရန်တွေ့ခံရတာလေဗျာ..”
“အဲဒါ ကိုကို့ ကြောင့်လေ...”
“ဟုတ်ပါပြီတဲ့ဗျာ..”
ကိုကိုရှင်းပြပြီးတဲ့ နောက်ပိုင်း မို့ ဖုန်းလည်း အတင်း မဆက်ဖြစ်တော့သလို ည ပိုင်း အပြန်နောက်ကျလည်း  ကိုကို ကားမောင်းနေတာပါ မိန်းမတွေနဲ့ ရှုပ်နေတာ မဟုတ်ပါဘူးလို့ ဖြည့်တွေးတက်လာရသည်..။
အခုတော့ မို့ က တပြန် ကြောက်နေရပြန်ပါပြီ...။
မေမေ ပြောသလို ရှိတာလေးနဲ့ နေနိုင်အောင်ကြိုးစားပါသေးသည်..။
ကလပ်ကို တစ်ရက်သွားလည် လိုက်တာ အားလုံး ရဲ့ အထင်သေးတဲ့ မျက်လုံးတွေ အရင်နဲ့ မတူတဲ့ ဆက်ဆံမှုတွေကြောင့် .မို့ မခံချင်စိတ်လေးတွေ ထကြွ လာခဲ့ရသည်..။
တော်ပါပြီ..ထင်ချင်သလိုထင်...ကြည့်ချင်သလိုကြည့်ပါစေ..ကိုကို မကြိုက်တာဆို ဘာမှ မလုပ်တော့ပါဘူးလေ...။
.
“အမဲလိုက် အက စင်မြင့်ထက်က ရှုံးတဲ့သူ လဲကျမယ်..”
ဆန်နီ့ ဖုန်းထဲ ကြောက်ရတဲ့ ဖုန်းနံပါတ် က ပေါ်လာတော့ နောက်က လူပါနေပေမဲ့...ကားကို ဘရိတ်မှေးလိုက်မိသည်..။
နားကြပ်ကို ကောက်ထိုးလိုက်ပြီး ဟဲလို ဖြေဖို့ မေ့နေမိသည်..။
“ဆန်နီလား..”
“ဟုတ်ကဲ့...”
“မင်း အချိန်ရလား..”
“ဗျာ..”
“နေ..နေ....မင်း အားလည်း..ငါ မအားသေးဘူး..လိုရင်း ပြောပြီး ဖုန်းထပ်ချိတ်မယ်...အခု မို့ ဘယ်မှာလည်း..”
“အိမ်မှာပါ....ကျွန်တော်က ကားထွက်နေလို့...”
“ဟား...ဟား....တော်လိုက်တာ...အခု သူ၀င်ထားတဲ့ ဒန့်စ်ကလပ် မှာ အကတိုက်နေတယ်...နောက်သုံးရက်ကြာရင် အမ်တီဗီ ရိုက်ရမယ်....သူ့မျက်နှာကြီး တစ်နိုင်ငံလုံးက တွေ့တော့မှာ...ဒေါ်ရွှေစင်တို့များ....ကျိကျိတက် ချမ်းသာပြီး သမီးက ဖျော်ဖြေရေးမယ် ဖြစ်နေတယ်ဆိုတာမျိုးတွေ ကြားလာရတော့မယ်...မင်း အကြံ ဒါ အကုန်ပဲလား ဆန်နီ...”
“ဗျာ...”
“အန်တီရွှေစင်...စိန်မြိုင်မဟာက ဧည့်သည် ရောက်ပါပြီ..”
“သြော်..အေး..လာမယ်လို့...”
“..ဒါပါပဲ...ငါ မင်းနဲ့ ပြောစရာကျန်တာ နောက်မှ ထပ်ပြောမယ်..”
ဖုန်းချလိုက်ပေမဲ့ စီယာတိုင်ကို ဆုတ်ကိုင်လိုက်တဲ့ လက်က အကြောတွေ ထောင်ထပြီး ဒေါသကြောင့် နှုတ်ခမ်းတွေက တုန်ယင်လာရသည်..။
“အကို...ဆောရီးဗျာ...ကျွန်တော်အိမ်မှာ အရေးပေါ် ဖြစ်လို့...ကျွန်တော် ကားပြောင်းပေးမယ်နော်..”
“ဟ...သွားဖို့က..”
“ခဏ..အကို..”
ဆန်နီ ကားပြင်ထွက်ပြီး လက်တားလိုက်တော့ ..ဝိုင်းဂိတ်က အောင်ပိုင်စိုးက ကို ရလိုက်သည်..။
“လိုက်ပို့လိုက်ပါကွာ..”
“ကားပျက်တာလား အကို..”
“မဟုတ်ဘူး..သွားစရာပေါ်လာလို့..”
“သြော်..ဟုတ်ကဲ့..”
ဆန်နီ ရထားတဲ့ ကားခ အပါအ၀င် ပိုငွေ သုံးထောင်ကိုပါ အောင်ပိုင်စိုးကို  ပေးလိုက်တော့ ဧည့်သည်က ပြန်အားနာနေသည်..။
ကားကို ဘက်ဆုတ်ပြီး ခေါင်းပြန်တည်ခါ မောင်းသွားလိုက်ချိန် ဒေါသကြောင့် မျက်ရည်တွေ စို့တက်လာတာ မျက်တောင် ပုတ်ခတ် တားဆီးနေရသည်..။
“မင်္ဂလာပါရှင်...”
“ဟုတ်ကဲ့..ဘာများ ကူညီပေးရမလည်း..”
“ကျွန်တော် မို့မို့ဖြူ နဲ့ တွေ့ချင်လို့ပါ...”
“မို့မို့ဖြူ...မို့လား...အက ကျင့်နေတယ်ရှင်..”
“ခဏခေါ်ပေးပါ..အရေးကြီးလို့ပါဗျာ...”
“မရဘူးရှင့်...နိုင်ငံခြားက အကဆရာပါရောက်နေလို့ ပါ နောက် နာရီ၀က်ဆို ပြီးပါပြီ...”
ဆန်နီ အလိုမကျစွာ မျက်ခုံးတွန့်ကြေသွားပေမဲ့ ခေါင်းညိတ်ပြီး ကားဆီ ပြန်လျှောက်လာခဲ့လိုက်သည်..။
ဟုတ်တယ်..အခုချိန်တွေ့လည်း..ဒေါသကြောင့် ဆိုးဆိုးဝါးဝါးတွေ ဖြစ်ကုန်မှာပါ....။
“ဟူး....”
သက်ပြင်းရှည်ကြီး တစ်ချက်ချပြီး ခုံကို နောက်လှန်ချရင်း နဖူးပေါ် လက်တင်လိုက်သည်..။
မို့ အမေ ပြောတဲ့ မင်း အကြံ ဒါ အကုန်ပဲလားဆိုတာ ဘာကိုပြောတာလည်း..။
မို့ ကိုကို့ ကို လိမ်တယ်...အရူးလုပ်ပြန်ပြီ မို့ရယ်...။
ရင် ဘတ်ထဲ ရောက်လာသည့် ၀မ်းနည်းစိတ်တွေကြောင့်  မျက်လုံးမှိတ်လိုက်ချိန် အရည်ပူ တစ်စက် လွင့်ကျသွားရသည်..။
.
“ဟင်...”
ကိုကို့ ကားကို တွေ့တာနဲ့ မို့ ခေါင်း အမြန်ငုံ့ပြီး ခပ်သွက်သွက် လျှောက်လိုက်သည်..။
ကားနံပါတ်ရော ကားရော မှန်နေပေမဲ့ မျက်နှာချင်း မဆိုင်မိသေးသရွေ့ အကြောင်းပြစရာတွေ ရှိနေမည်..။
“မို့...”
“အိုး...လိုက်လာပြီ..”
မို့ ခြေလှမ်းတွေကို အရှိန်တင်ပြီး ခလုတ်တိုက်မတက် လျှောက်နေပေမဲ့ ကိုကို မှီလာပြီဆိုတာလည်း နောက်ကို လှည့်မကြည့်ရပါပဲ သိနေသည်..။
“မို့..”
တံတောင်ဆစ်အောက်ဘက်ကို ဆောင့်ဆွဲလိုက်တော့ မို့ ကိုယ်လေး လည်ပြီး ကိုကို နဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားရသည်..။
“ကိုကို..’
“အိမ် ပြန်ဖို့မလား ကိုကို လိုက်ပို့မယ်..”
“ရပါတယ်..ကိုကိုရဲ့...မို့စီစီ...”
“လာပါ မို့ရယ်..”
ကိုကို့ အတင်းဆွဲခေါ်နေတော့ မို့ လက်ကလေးရဲ ပြီး နာလာလို့ ကြောက်ပြီး လိုက်သွားရသည်..။
ကားတံခါးကို ပိတ်ပြီးတာနဲ့ အရှိန်တင် မောင်းလာတာ အ်ိမ်ကို မဟုတ်မှန်းလည်း သိနေသည်..။
မျက်နှာတည်တည်နဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး  မျက်ခုံးတွေကလည်း အလိုမကျစွာ တွန့်ကြုတ်နေသည်..။တစ်နေရာ ခေါ်သွားပြီး ထုရိုက်တော့မှာလား..
ကြောက်လိုက်တာ....မို့ ကို ကိုကို ချစ်ရဲ့လားတောင် မသေချာတာ....လူမမြင်ကွယ်ရာမှာ ကောင်းကောင်း နှိပ်စက်ပြီးမှ ပစ်ခဲ့မှာများလား...။
“ရပြီ..ဆင်း..”
ရေကန်စပ်မှာ ကားထိုးရပ်ပြီး ကိုကို က အရင်ဆင်းခါ မို့ ဘက် တံခါးကို ဖွင့်ပြီး ခေါ်တော့ ခေါင်းရမ်းပြီး ငြင်းမိသည်..။
“ဟင့်အင်း...ကြောက်တယ်...”
“ဘာ...”
“ကြောက်လို့ပါ ..ကိုကို့ ကို .မို့ ကြောက်လို့ပါ.....မို့ မှားပါတယ်..နောက် မလုပ်တော့ဘူးလေ..”
“မို့မို့ဖြူ..”
ကိုကို့ အသံဆောင့်အော်လိုက်တော့ မို့ ကိုယ်လေး တုန်ပြီး ပေါင်ပေါ်က အိတ်ကို ချခါ ကားပေါ်က ဆင်းလာခဲ့ရသည်.။
“ခုံမှာ သွားထိုင်..”
“ကိုကို...”
“မင်း ငါ့ကို အရူးလုပ်ထားတာလေးတွေ မရှင်းချင်ဘူးလား...”
“မို့ ဘယ်မှာ အရူးလုပ်လို့လည်း..မို့ ကမယ်လို့ ပြောခဲ့သားပဲ....”
“ငါ ခွင့်ပြုလား...”
“အိုး..ဒါကတော့ ကိုကို သပ်သပ် အမြင်ကျဉ်းတာလေ...ဒီ မိန်းမ ငါပဲ ကြည့်မယ်ဆိုပြီး သော့ခတ် လှောင်ပိတ်ထားတာလေ...”
မို့ ကို တီနာ ပြောပြတဲ့ သူ့ယောင်္ကျားရဲ့ စိတ်နဲ့ ကိုကို လည်း တူတူပဲ...
တီနာ လည်း မခံစားနိုင်လို့ သူ့ယောင်္ကျားနဲ့ ကွာပစ်ပြီး အခု ဘယ်လောက်များပျော်နေရလည်း..
မို့မှာသာ ကိုကို့ကို ချစ်လွန်းလို့...။
“မို့...မင်းကို ငါ ဘာလိုတွေ လှောင်ပိတ်လို့လည်း...ဟမ်...”
“မို့ က ချင်တာ ကိုကို ကြည်ကြည်သာသာ ခွင့်ပြုရင် လိမ်စရာ မလိုဘူး..”
“ခွင့်ပြုစရာလားကွ...”
ဆန်နီ ဒေါသကြောင့် ကန်ဘေးမှာ ပေါက်နေသည့် စိန်ပန်းပင်ကို ဖိနပ်ထိပ်နဲ့ လွဲ ကန်ပစ်လိုက်သည်...။
“အဟင့်...ဟီး......အော်ဖို့ပဲ..တစ်လောကလုံးကို ကောင်းတယ်..မို့ကိုဆို...အီး...အဟင့်...”
“.တစ်ခုတော့ မှတ်ထားပါ .မို့ ငိုနေတာ မကြည့်ရက်တဲ့ မင်းကပဲ မို့ကို ငိုရအောင် အကြိမ်ကြိမ် လုပ်မိလိမ့်မယ်.....မယုံဘူးမလား စောင့်သာကြည့်....”
ဆန်နီ စကားတွေကို ပြန်ကြားယောင်ပြီး ဒေါသတွေ လွင့်ပျံသွားရခါ ရင်ထဲ ကြောက်ရွံစိတ်တွေ ကြီးစိုးလာရသည်..။
ကျောပေးထိုင်နေတဲ့ မို့ ဆီကို တိုးသွားလိုက်ပြီး မုဆိုးဒူးထောက် ထိုင်ချ လိုက်တော့ မျက်ရည်စတွေပြည့်နေတဲ့ မျက်လုံးဝိုင်းလေးဖြင့် နားမလည် နိုင်သလို ကြည့်နေသည်..။
“မို့ ....ကိုကို မကြိုက်တာတွေ ဘာလို့ လုပ်တာလည်း....ကိုကို့ ကို အဲလောက်တောင် မုန်းလားဟင်..”
“အင့်...ကိုကို ကသာ....မို့ ကို မုန်းလို့ အပြစ်ရှာပြီး ဆူနေတာလေ....ဟီး....”
ရင်ဘတ်ကလေး နိမ့်ချည် မြင့်ချည် ဖြစ်အောင် ရှိုက်ရင်း  ပြောပြီး မျက်နှာလွဲလို့ ထပ်ငိုပြန်သည်...။
“ကိုကို မကြိုက်တာတွေ လုပ်တော့ ကိုကို ဆူမိတာပေါ့ မို့ရယ်.. မို့လည်း ငိုရတယ်....ပင်ပန်းတယ်...ကိုကိုရော စိတ်ချမ်းသာရတယ် ထင်လား..ဟင်..မို့....ပြောစမ်းပါ...
ကိုကို က မို့ ကို နှိပ်စက်ချင်နေတဲ့ပုံဖြစ်နေလား.....မို့ငိုနေတာ... ကိုကို က ၀မ်းသာရမှာလား...”
မို့ ကျောခိုင်းထားပေမဲ့ နားစွင့် နားထောင်နေရင်း ကိုကို့ အသံက တိမ်၀င်သွားတော့ ရုတ်တရက် လှည့်ကြည့်မိတာ ကိုကို့ ရဲ့ အမြဲတမ်း ယောင်္ကျားမာန်နဲ့ တောက်ပ စူးလဲ့နေတဲ့ မျက်၀န်းတွေက မျက်ရည်စတွေ နဲ့ စိုစွပ်နေသည်..။
အို...ကိုကို ဘာလို့ငိုတာလည်း...မို့ နှလုံးသားတွေ နာကျင်လိုက်တာ...။
“အင့်...”
“မို့ရယ်..”
“ကိုကို ရယ်...မို့ မှားပါတယ်...မို့ မလုပ်တော့ဘူ...မို့ ကိုကို မကြိုက်တာ ဘာမှ မလုပ်တော့ဘူး...မို့ ကို ခွင့်လွှတ်ပါ...ကိုကိုရယ်....မို့ ကို မမုန်းပါနဲ့နော်....”
“ဘယ်တုန်းကမှ မုန်းလို့ မရပါဘူး မို့ရယ်..”
ရင်ခွင်ထဲ ရောက်လာတဲ့ အချစ်ရဆုံးသူလေးကို တင်းတင်းပွေ့ပိုက်ရင်း အပြည့်အဝတောင် မကြည်နူးနိုင်တဲ့ ဘဝကြောင့်  ရင်ဘတ်ထဲမှာ ဘာတွေကို စိတ်မောရမှန်းမသိပဲ...မောနေရပါသည်..။

.☆━━━━━━━━━━━━━━━☆

ရေးတာပဲ 😭 ရှည်ကုန်ပြီ ဆောရီး 🙏
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

နန်းထိုက်ပန်းမို့Where stories live. Discover now