နန်းထိုက်ပန်းမို့
အပိုင်း (၁၇)
နန်းထိုက်ပန်းမို့“ကျွီ...”
ပဲခူးကို လိုက်သွားတာ အပြန်နောက်ကျလို့ တစ်အိမ်လုံး အိပ်နေကြပြီ...။
အိမ်ပြန် နောက်ကျတာ အထူးအဆန်းမဟုတ်လို့တံခါးကို အသာအယာ ပြန်ပိတ်ပြီး အမေ့အိပ်ရာဘေးဘက် ခုံပေါ် တင်ထားတဲ့ ထမင်းအိုး ဟင်းအိုးတွေဆီ တိုးသွားလိုက်သည်..။
“အ...”
နောက်က ပခုံးပေါ်ရောက်လာသည့် လက်တစ်ဖက်ကြောင့် လန့်ပြီး တုန်ခါ နောက်လှည့်ကြည့်လိုက်တော့
“ရှုး..”
လက်ညိုးကို နှုတ်ခမ်းလေးမှာ ကပ်ပြီး လက်တစ်ဖက်ကို ဆွဲခေါ်နေသည်..။
“နေအုံး...ကိုကို...ထ..မင်း..စား..အုံး..မယ်..”
တစ်လုံးချင်း လေသံနဲ့ ပြန်ပြောနေတော့ ခေါင်းခါရမ်းပြီး လက်ကို ချည်းဆွဲပြန်သည်..။
“အပေါ်မှာ ရှိတယ်..”
“သြော်..နေအုံး..လက်ဆေးမယ်..”
ဆန်နီ မီးဖိုခန်းဘက်ကို လျှောက်လာခါ ရေချိုးခန်းထဲ လက်ဆေးလိုက်ရသည်..။
လှေကားတွေဆီ ရောက်တော့ မှ မီးဖိုခန်း မီးမပိတ်ရသေးလို့ တစ်ခါ သွားပြန်ပိတ်ရ၏..။
“ဟူး..အရမ်းနောက်ကျသွားတယ်..အမေသိရင် သတ်အုံးမယ်..”
ဆန်နီ အခန်းထဲရောက်တာနဲ့ မို့ကို ကြည့်ပြီး ပြောလိုက်တော့ နှုတ်ခမ်းမဲ့ပြသည်..။
“မို့....”
“ဟင်...”
“ကိုကို ၁၁နာရီ ပြန်လာတယ်လို့ ပြောပေးနော်...”
“၁၂ခွဲလေ...”
“ဟာ...၁၁ လုပ်လိုက်ပါကွာ..နော်..လိမ်မာပါတယ်..ကိုကို့ ကို မချစ်ဘူးလား..”
“မို့ မလိမ်တက်ဘူး..”
“ချက်ချင်း..”
ဆန်နီ မျက်စောင်းပိတ်ထိုးပြီး အ၀တ်အစားမလဲနိုင်သေးပဲ ဗိုက် အတော်ဆာနေလို့ အခန်းထဲ ထမင်းပန်းကန်ပတ်ရှာမိသည်..။
“မို့ ထမင်းရော...”
“အဟဲ...ဒီမှာ..”
ရုပ်က မချိုမချဉ် ချက်ချင်းပြောင်းသွားလို့ ဆန်နှီ မျက်မှောင်ကြုတ် ကြည့်လိုက်သည်..။
ထမင်းပန်းကန် လက်ထဲရောက်လာတော့ ဟင်းပန်းကန် ကို ဆက်စောင့်မိသည်..။
“ဟင်းရောမို့...”
“ဟိ..အဲဒါလေ...အဲဒါ ကိုကို ကြောင့်...”
“ဟောဗျာ....ဘာနှယ်ကြောင့် ဟင်းပန်းကန်တောင်းတာ ကိုကို ကြောင့် ပြန်ဖြစ်ရတာတုန်း...”
“ဟိုလေ...ကိုကို...”
ဒူးတုတ်ပြီး လက်ထောက်ခါ ရှေ့တိုးလာတော့ ဆန်နီ လက်ထဲက ထမင်းပန်းကန်ပြန်ချထားလိုက်ပြီး ဘာပြောမလည်း စောင့်နားထောင်နေရသည်..။
“ကိုကို က ပြန်လာတာ နောက်ကျတာကိုး..”
“ဟင်...ပဲခူးလိုက်သွားရတာကိုး ကိုကို ဖုန်းဆက်ထားသားပဲ နောက်ကျပါမယ်လို့..”
“အင်း..မေမေက ကိုကိုနောက်ကျရင် အပေါ်မှာ စားဖို့ဆိုပြီး ပုဇွန်ထုတ် တစ်ကောင်နဲ့ ထမင်း အပေါ်ပို့ထားတယ်..”
ဒါလည်း သိပြီးသားပဲ ဆန်နီ တစ်ယောက်တည်း နေတုန်းကလည်း ညအပြန် နောက်ကျရင် အခန်းထဲမှာ ထမင်းဟင်း ပို့ထားတက်တာပဲလေ...။
“ကိုကို စဉ်းစားကြည့် မေမေက ပုစွန်ထုတ်က စျေးကြီးလို့တဲ့ လူကြီး တစ်ကောင် ကလေး နှစ်ကောင် စားရမယ်တဲ့...”
သိပါတယ်..အဲ ကလေး ဆိုတာ မန်နီ နဲ့ မို့ နှစ်ယောက်တည်း..။
“အဲတော့..”
“အဲတော့ ကိုကို ရယ်...ကိုကို့ အတွက်ပဲ ပုစွန် တစ်ကောင်ကျန်တာပေါ့လို့..”
“နေပါအုံး...ကိုကို မနက်စာ မစားတော့ နှစ်ကောင် ရမှာမလား....”
“အို..ကိုကိုကလည်း ကိုကိုမှ ပြန်မလာတာ မန်နီက ကျောင်းဆင်းတော့ မျက်စောင်းထိုးနေတာ .မို့ အမြန်ယူစား ပစ်လိုက်တာပေါ့လို့..”
မန်နီ နဲ့ သူ့ရဲ့ သောင်းကျန်းလှတဲ့ အစားအသောက် တိုက်ပွဲတွေ အကွက်တွေ လျှင်မြန်ဖြတ်လပ်မှုတွေကို ပြောပြနေတာ ဒီမှာ ဗိုက်က တဂျုံးဂျုံးမြည်နေရပြီ..။
“ကဲ..ဟုတ်ပါပြီ...အခု ကိုကို့ ပုစွန်ဝေစု ဘယ်မှာလည်း..ဗိုက်ဆာနေပြီ မို့ရဲ့ မနက်စာလည်း လက်ဖက်ရည်တစ်ခွက်ပဲ သောက်ထားရတာ...”
“အဲဒါက ရှိတော့ဘူး..”
“ဟင်..”
ဆန်နီ မျက်လုံးပြူးသွားတော့ လက်ထောက်ပြီး ရှေ့တိုးလာတာ တော်တော်လေး နီးကပ်လာနေပြီ..။
“ကိုကို က လိမ်မာပါတယ်...ဒီတိုင်းစားလိုက်နော်..”
ဆန်နီ ဘာပြောရမှန်းမသိအောင်ပင် အားပျက်သွားရသည်..။
“နေပါအုံး..ပုစွန်က ဘယ်ပျောက်သွားလို့လည်း..”
“မို့ ကိုကို့ ကို စောင့်နေတာလေ...စောင့်ရင်း..စောင့်ရင်း ဟင်းနံ့က တအားမွှေးနေလို့ နှိုက်မြည်းကြည့်တာ.....အိုး..စမြည်းတုန်းက နည်းနည်းလေးပါ တစ်တို့ထဲ...ကိုကိုက ကြာတာကိုး အဲတာ ဟင်းအနှစ်ကလေးတွေ ကုန်သွားတော့ ပုစွန် အမြီးလေးစားပြီး ပြန်အုပ်ထားပါသေးတယ်..အဲဒါလည်း ကိုကို က ပြန်မလာသေးဘူး..အဲဒါ နည်းနည်းချင်းစီ စားမိရင်း ခေါင်းလည်း ကျန်ပါသေးတယ်..”
“ခေါင်းပဲပေး...”
“ဟွန့်..အဲဒါလည်း..ကိုကိုက ကြာနေတာကိုး...အဲဒါလည်း နည်းနည်းချင်းစီ...”
“ကုန်ပြီ ဆိုပါတော့...”
“ဟုတ်တယ်...အဲဒါ ကိုကို့ကြောင့်လေ..ကိုကို နောက်ကျလို့ ဖြစ်ရတာ..”
ပေါင်ပေါ်လှဲအိပ်ပြီး နှုတ်ခမ်းစူ ရန်တွေ့နေတာ ငုံ့နမ်းချင်စိတ်တွေဖြစ်လာလို့ အကြည့်လွဲပြီး ထမင်း ပန်းကန်သာ ပြန်ကောက်ကိုင် လိုက်ရသည်..။
“ကိုကို စားကောင်းရဲ့လား..”
“ထမင်းဖြူ စားကြည့်ပါလား အရမ်းကောင်း..”
“ကိုကို ရွဲ့နေတာမလား..”
ရုတ်တရက် ထပြီး သူ့မှန်ခုံ လေးအောက်ကို လက်နဲ့ လျှောက်နှိပ်နေသည်...အကောင်တွေ ပလောင်တွေ ကိုက်လိုက်မှဖြင့် ဒုက္ခ ...။
အခန်းကလည်း ဆန်နီ တစ်ယောက်တည်း နေတုန်းကထက် ပိုရှုပ်ပွနေတက်သည်..။
ဒါတောင် အမေက အ၀တ်လျှော်မီးပူတိုက်ဖို့ကို မစိုးဆီ အပ်လို့ မဟုတ်လို့ကတော့ မလွယ်ရေးချမလွယ်...။
“ရပြီ...”
လက်ထဲမှာ အထုတ် တစ်ထုတ်ပါလာတာ လေအိတ် ဖောင်းဖောင်းဆိုတော့ မုန့်တစ်ခုခု မှန်းသိလိုက်ပြီ...။
“အင့် ကိုကို ဒါနဲ့စား ..စားလို့ ကောင်းမှာပါ..”
မုန့်ထုတ်ကို ဖောက်ပြီး ရှေ့ထိုးပေးတော့ ဆန်နီ ငုံ့ကြည့်လိုက်တာ အားလူးကြော် အစပ်တွေ..။
“စားပါ ကိုကိုရဲ့...မို့ ကို မေမေ ဝယ်ကျွေးတာတွေ မန်နီ မသိအောင်ဖွတ်ထားတာ ထည့်စားကြည့်ပါဆို....”
ထမင်းဖြူ ထက်စာရင် ပိုကောင်းမှာပါ တွေးရင်း အားလူးကြော်နဲ့ ငရုတ်သီး ဖက်ကလေးတွေ ထမင်းထဲမြုပ်ပြီး စားလိုက်သည်..။
“ကောင်းလား ကိုကို...”
“ဝါးတုန်း..”
“ကောင်းမှာပါ..”
မျက်လုံးဝိုင်းနဲ့ ပါးစပ်ကို လိုက်ကြည့်နေတော့ ထမင်းဝါးရတာတောင် မလွတ်လပ်သလို ခံစားရသည်..။
“မကြည့်နဲ့လေကွာ...ဘာလို့ ဒီလောက်ကြည့်နေတာလည်း..”
“ကောင်းလားလို့..”
သူ့ရဲ့ အဖိုးတန် မုန့်ကို မျှကျွေးနေတာ ဆန်နီ ထမင်းဖြူစားနေရတာ စိတ်မကောင်းဖြစ်နေသည့်ပုံပင်...စိတ်ချမ်းသာသွားအောင် ခေါင်းညိတ်ပြလိုက်တော့ ပါးစပ်ဟလာသည်..။
“ဟမ်..ဘာလည်း..”
“စားမကောင်းရင် ကိုကို စားလို့ ပြောမလို့....ကောင်းတော့ မို့ လည်းကျွေးအုံး..”
ဆန်နီ ထမင်းသီးလောက်အောင် ရယ်မိသွားပြီး အမေတို့ နိုးမှာစိုးလို့ ပါးစပ်ကို ဖိပိတ်ရင်း ရယ်မိသည်..။
လင်ယောင်္ကျား အပေါ် မသိတက်လို့ စိတ်ဆိုးရမလား..ကလေးတစ်ယောက်လို့ သူလိုချင်တာပဲသိလို့ ပိုချစ်ရမလား မတွေးတက်တော့ပါ...။
“အ..”
ထမင်းထဲ အာလူးကြော် ထည့်ပြီး တစ်လုပ်ခွံပေးလိုက်တော့ နှာခေါင်းရှုံ့ ပြီး ခပ်မြန်မြန် ဝါးခါ မြိုချသည်..။
“ကောင်းဘူး..”
“တော်ပြီ...ကိုကိုပဲစား..”
“ကျေးဇူးတင်ပါတယ်ဗျာ..သူများပုစွန်ကို စားပြီးသူ့အာလူးကြော်ကျတော့ မကျွေးချင်ဘူး..”
“အဲဒါ ကိုကို့ကြောင့်..”
“ဟုတ်ပါတယ်...မို့ မှာ ဘာဖြစ်ဖြစ် ကိုကို့ကြောင့်ပဲ...”
“သိပြီးရော...”
ေ၇သန့်ဘူး အဖုံးဖွင့်ခါ နှုတ်ခမ်းစုပ်သောက်ပြပြန်တော့
ထမင်းပန်းကန်ကြီးကိုသာကြည့်ရင်း ငုံ့စားနေရတာ လည်ပင်းတောင် နင်ရ၏..။
ထမင်းပန်းကန်ကုန်သွားတော့ ကြည့်လိုက်တာ အိပ်ရင်း ဖုန်းနှိပ်နေတာ ပြုံးစေ့စေ့ဖြစ်နေပြန်သည်..။
လက်ဆေး ပြီး ရေသုတ်ရင်း စချင်လာပြန်သည်။
အိမ်မှာနေတာ ကြာလာလို့လားမသိ
မို့ ကိုစလိုက်ရင် အရင်လိုငိုမဲ့မဲ့ မဖြစ်ပဲ ရန်ပြန်တွေ့တက်နေပြီလေ...။
“ဟွင်း..လှတာမက်တော့ ညစာခက်တယ်တဲ့ လူကြီးတွေ စကားသိပ်မှန်တာပဲ...”
ဆန်နီရဲ့ စကား ဘယ်သူ့ကို ရည်ရွယ်မှန်း သိသွားတော့ ဖုန်းကနေ အကြည့်တစ်ချက်ရွေ့လာသည်..။
“အရုပ်မလေး ယူပြီး အာလူးကြော်နဲ့ နှစ်ပါးသွားရတယ်လေ...”
“ကိုကိုး..”
ဖုန်းကိုင်လျက်သား ငုတ်တုတ်ထထိုင်တော့ ဆန်နီ ရယ်ချင်တာ မြိုသိပ်ပြီး
“ဘာလည်း..”
“ပုစွန်လေး စားမိတာကို အပြစ်တင်နေတာလား.”
“မဟုတ်ပါဘူး..စကားပုံလေးနဲ့ တိုက်ဆိုင်သွားလို့..”
“အော..ဟော...ဟုတ်တယ်...အဲဒီ့ စကားပုံက အရမ်းမှန်တယ်သိလား..”
“ဟုတ်လား....”
ဆန်နီ ရဲ့ ရွဲ့သလို စောင်းသလို ပြောလိုက်တဲ့ ဟုတ်လား ကြောင့် အနားကို ချက်ချင်း ရောက်ချလာသည်..။
“မို့ အတွက်လည်း အရမ်းမှန်တယ်...လှတာမှတ်လို့ တစ်ဘ၀လုံးစာ ခက်နေတာ...”
“ဟ..ပြောပါအုံး ဘာတွေခက်နေလို့တုန်း..”
ဆန်နီ ရုတ်တရက် လှည့်မေးလိုက်တော့ အဆိုးမလေ့း့မျက်နှာလေးနဲ့ ထိလုထိခင် ဖြစ်သွားလို့ သူက နောက်ကိုကိုယ်လေးရုတ်လိုက်သည်..။
“ကိုကို့ ချောတာကို ကြိုက်မိတာလေ...ကိုကို ချောတာကိုကြည့်ပြီး အိမ်ကပေးစားတဲ့ ဥက္ကာဆိုတဲ့ စည်ပိုင်းကြီးကို မယူချင်လို့ ကိုကို့ဆီ လိုက်လာမိတာလေ....အခုတော့ ရုပ်ကလေးပဲချောတာလေ..မို့ အတွက် ဘာအကျိုးရှိလို့လည်း..အမြင့်ပေါ်က ခုန်ချမိတာ ခြေထောက်ကျိုးတာပဲ အဖတ်တင်တယ်...”
“ဟား..ဟား...ခြေထောက် ကျိုးတာ ဟုတ်လား..ဘယ်နားလည်း..”
ည၀တ် ကာတွန်း ဘောင်းဘီရှည်လေးကို ဒူးအထိ ဆွဲမပြီး ပြူးတူးပြဲတဲ ကြည့်တော့ လက်နဲ့ ပြန်ဆွဲချခါ ဆန်နီ့ လက်ကို ရိုက်တော့သည်...။
“ဟား..ဟား...”
“ဖုန်းတော်ပြီ...အိပ်မယ်...လာ..”
“ကိုကို့ ကို စိတ်ဆိုးလို့ ဒီည ကိုကို့ အနားမှာ အိပ်ဘူး..”
ခေါင်းအုံးဆွဲခါ နံရံ ဘက်ကပ်သွားတော့ ဆန်နီ ခါးသေးသေးလေးကို ဆွဲပြီး အနားပြန်ခေါ်လိုက်သည်..။
“မရဘူး..”
“ဘာလို့..”
“မို့ အရင် လတုန်းကလည်း နေမကောင်း မဖြစ်ခင် စိတ်ဆိုးပြီး ကိုကို့ဆီက ထွက်ပြေးသေးတယ်မလား..”
“ဟုတ်တယ် စိတ်ဆိုးမပြေဘူး..ကိုကို မို့ကို ရိုက်မယ်ပြောတယ်လေ..စိတ်ဆိုးတယ်..”
“စကားနားမထောင်ရင်တော့ တကယ်ရိုက်မှာ...”
“ကိုကိုနော်...”
“အရိုက်မခံချင်ရင် စကားနားထောင်လိုက်ပေါ့...မို့ လည်း ကိုကို့ ကို မခွဲနိုင်လို့ ဒီရင်ခွင်ထဲ ပြန်ရောက်လာတာပဲမလား..”
“ဟုတ်ပါဘူး...နေမကောင်းတာကို ကိုကို က အခွင့်အရေးယူပြီး ဆွဲချည်းဖက်နေတာ .မို့က ပြန်မရုန်းနိုင်လို့ ငြိမ်နေရတာပါနော်..”
“ကိုကို က စိတ်ပူတာကိုး..”
သူမ ခေါင်းလေးပေါ် မေးတင်ပြီး ဆံနွယ်လေးတွေကို ခိုးနမ်းရင်း သက်ပြင်းခိုးချမိသည်..။
“မို့ ပင်ပန်းလားဟင်..”
“ဟင်...”
တိတ်ဆိတ်တဲ့ အခန်းထဲမှာ တုန့်ပြန် မှု မရှိလို့ ငုံ့ကြည့်လိုက်တော့ အိပ်ပျော်နေပြီ...။
မို့သာ အဲဒီ့ သဌေး ကို လက်ထပ်လိုက်ရင် ကိုကို့ နဲ့နေရသလို ဒုက္ခရောက်မှာ မဟုတ်ဘူး မို့ရဲ့...။
.
“တီ..”
ဆန်နီ ကားရပ်ပြီး ဆင်းလိုက်တော့ အိမ်ထဲက ပြေးထွက်လာတဲ့ မို့ကြောင့် ကြောင်သွားရသည်..။
“ကိုကိုး...”
ခြံထဲရောက်ရုံရှိသေး ပြေးဖက်တာ သူ့ ခေါင်းနဲ့ ဆောင့်မိတဲ့ ရင်ဘတ်က အောင့်မျက်သွားရသည်..။
“ဘာဖြစ်လို့လည်း..”
“ကိုကို့ ကို ခုပဲ လွမ်းနေတာ..”
“ဟုတ်လား....”
ဆန်နီ့ရဲ့ ဟုတ်လား က သူ မကြိုက်တဲ့ စကားတစ်ခုဆိုတော့ နှုတ်ခမ်းကို လက်နဲ့ ဆွဲလိမ်ပစ်သည်..။
“အ..”
“ကိုကို က မယုံဘူးမလား...”
“ဟုတ်ပါဘူး..”
သူ့မ ပခုံးလေးပေါ်ကို ပြန်ဆုပ်ကိုင်ခါ အိမ်ထဲ လျှောက်လာခဲ့လိုက်သည်..။
“ဟင်...ဘယ်သူမှ မရှိဘူးလား..”
“အင်း..ဖေဖေက သူငယ်ချင်း အိမ်သွားတယ်..မေမေ က မန်နီ့ ကျူရှင်ဆရာခေါ်လို့ မန်နီ နဲ့ လိုက်သွားရတယ်..”
“ကြည့်စမ်း ကိုကို့ မိန်းမ တစ်ယောက်တည်း ကြောက်နေပြီလား..”
“ကြောက်ပါဘူး..ဒါပေမဲ့ ကိုကို့ ကိုတော့ သတိရတယ်..ကိုကို ဒီနေ့ ပြန်လာတာ စောတယ်နော်..”
“အင်း...ဟုတ်တယ်...မိန်းမကို လွမ်းလို့...”
“ဟုတ်လား....”
ဆန်နီ့ စကားအတိုင်း သံယောင်လိုက်တော့ အသည်းယားလို့ ဆွဲပြီး ရင်ခွင်ထဲ ထည့်မိသည်..။
“မို့ အိမ်မှာဆို ညနေ ၆နာရီ ကထွက်တာ ညနက်မှ ပြန်ရောက်တယ်..”
အတိတ်တွေကို မေ့ပြီး ချစ်ဖို့ ချည်း တွေးထားတာ အစဖော်လာတော့ ဆန်နီ မျက်မှောင်ကြုတ်မိခါ...
“ကြည့်စမ်း ဆိုးလိုက်တာ..”
“ကိုကို ကလည်း...မို့ အခု ဘယ်မှလည်း မသွားရဘူး..”
“ဟုတ်ပါပြီ..လိမ်မာတယ်...မိတ်ကပ်လည်း ပြင်ပြီးသား တန်သွားအောင် ကိုကိုတို့ အပြင်သွားမယ်..”
“တကယ်..”
“အင်း..အ၀တ်အစားသွားလဲ..အိမ်က ပါလာတဲ့ ဂါ၀န်မ၀တ်ရဘူးနော်..”
“ဟုတ်ကဲ့ပါရှင့်...မေမေ ၀ယ်ပေးထားတဲ့ ဂါ၀န် ၀တ်မှာပါရှင်.”
သူ ပူဆာတာလေးသာ ရကြည့် မျက်နှာက မြူးတူးနေတာပါပဲ...။
ဆန်နီ အဖေ့ အခန်းထဲက ဖုန်းသံမြည်နေလို့ ၀င်လာရသည်..။
“ဟလို..”
“ဟလို ဦးလေးဖေ လား..”
“မဟုတ်ပါဘူး..ဘယ်သူလည်း..”
မိန်းကလေး ငယ်ငယ် တစ်ယောက် အသံမို့ ဆန်နီ အလိုမကျစွာ မျက်မှောင်ကြုတ်မိသည်..။
အဖေက ရပ်ကွက်ထဲက မိန်းကလေး တော်တော်များများကို စကားမပြောပဲ သူ့စည်းနဲ့ သူသာ နေတက်သည်..။
ပြီးတော့ မိန်းမတွေနဲ့ အရောတဝင်နေရင် ယောင်္ကျားတစ်ယောက်ရဲ့ သမာဓိသိက္ခာကျသည်လို့ သတ်မှတ်ထားသူ..
“ဟေး..မေးနေတယ်လေ..”
“ကိုဆန်နီလား..”
“ဟင်...ဘယ်သူလည်း..”
“မြတ်ပါ..”
“သြော်.......မြတ်ပဲ ဆောရီးနော်...”
“ဟုတ်ရပါတယ်...ဦးလေးဖေ မရှိဘူးလားဟင်..”
“အပြင်သွားလို့..”
“ဒါဆို ပြန်လာရင်ပြောပေးပါလား မြတ်အဖေက တွေ့ချင်နေလို့ပါ..မြတ်က နိုင်ငံခြားရောက်နေတော့ ဖုန်းခေါ်ရတာ ကြာတယ်လေ...အဲဒါလေး ဆက်ဆက်ပြောပေးပါနော်...”
“ဟုတ်ကဲ့..”
မြတ် အသံက စိတ်မကောင်းဖြစ်နေတာလား လိုင်းမကောင်းလို့ တုန်ယင်နေတာလား မသိ...
အဖေ နဲ့ဘယ်လိုသိသွားပါလိမ့် မြတ်အဖေ နဲ့ အဖေ က ဘာတွေလည်း..။
သူငယ်ချင်းတွေ ဘာတွေနေမှာပေါ့လေ...အဖေ မှာလည်း အပေါင်းအသင်းက ခပ်များများ..။
“ကိုကို...ဟာ..သွားပြီလား...အဟင့်...”
လူမတွေ့တာနဲ့ ငိုဖို့ပြင်နေတာ ကလေးလည်း မဟုတ်...
ဆန်နီ ခြေလှမ်းကြဲနဲ့ အမြန်ထွက်လာခဲ့ရသည်။
“ဟေး...မငိုနဲ့ ပျက်ကုန်မယ်..”
“သြော်...ကိုကို...”
“လှလား..”
“လှတယ်...ဘာလို့ အဖြူ မဟုတ်တာလည်း..”
“ဟင်..”
“မို့ က အဖြူလေးတွေနဲ့ ဆို အရမ်းချစ်ဖို့ကောင်းတယ်...”
ဂါ၀န် အဝါနုလေးကို ကြည့်ပြီး အမြင်ကို ပြောလိုက်မိတာ..လူကို ဆိုက်ကြည့်နေပြန်ပြီ..။
“ဘာဖြစ်..”
“သွားမယ်...”
ဆန်နီ လက်ကို ချိတ်ပြီး ခေါင်းမှီခါ အိမ်သော့ခတ်တော့လည်း လက်လွှတ်မပေး..။
“ကဲ ဘယ်သွားမှာလည်း..”
“သိဘူးလေ...”
ဆန်နီ ခေါင်းညိတ်ခါ စိတ်တွေ မွန်းကြပ်လာတိုင်း ထိုင်ဖြစ်တဲ့ အုတ်ခုံလေးဆီ ဦးတည်မောင်းခဲ့လိုက်သည်...။
“ဟင်...ကွင်းကြီး..”
“ကွင်းမဟုတ်ပါဘူးဗျာ..အိမ်ယာစီမံကိန်းအသစ် ..”
“သြော်...ဒီမှာ တိုက်တွေ ဖြစ်လာအုံးမှာပေ့ါ..”
“ဟုတ်ကဲ့..”
ဆန်နီ ကားပေါ်က ဆင်းတော့ မို့ လည်း နောက်ကလိုက်ဆင်းလာသည်..။
အုတ်ခုံပေါ် ထိုင်လိုက်တော့ မျက်လုံးလေး ပြူးပြီး လက်ကိုဆွဲခါ
“ကိုကို အဖမ်းခံရလိမ့်မယ်...ထ..”
“မဖမ်းပါဘူးဗျာ..ထိုင်ဖို့ လုပ်ပေးထားတာ..”
“ဟာ...မဟုတ်ဘူး..ထပါ...”
လက်ကို ဆွဲနေတဲ့ ကောင်မလေးကို လက်ပြန်ဆွဲချလိုက်တော့ ရင်ခွင်ထဲ ပြီုကျလာသည်..။
“အိုး..ကိုကို...”
ရန်စောင်တဲ့ မျက်၀န်းလေး ရုတ်တရက် မော့ကြည့်လာချိန် ဆန်နီ့ မျက်လုံးထဲ က အရိပ်တွေကို တွေ့ပြီး ခဏကြောင်သွားသည်..။
မျက်နှာလေးကို မော့ယူပြီး နီထွေးထွေး ဖြစ်နေသည့် နှုတ်ခမ်းလေးတွေကို အကြည့်ရောက်တော့ နှလုံးခုန်သံတွေ မြန်လာရသည်..။
ပြူးကျယ်ဝိုင်းစက်ပြီး အံသြနေသည် မျက်လုံးလေးတွေကို မြင်တော့ ဆန်နီ ရင်ခွင်ထဲ ထည့် ၍ဖက်ထားလိုက်သည်..။
“ကိုကို...”
“ဟင်...”
“ဘာလို့အဲလောက်ကြည့်နေတာလည်း..”
ဆန်နီ ပြုံးရင်း မျက်နှာလေးကို ငုံ့ကြည့်နေရာက အကြည့်လွဲလိုက်ပြီး..
“လှလို့ပေါ့..”
“ဟွန့်..သူများလှတာ အခုမှ သိလား..”
“အခုချိန်မှ အလုပ်က အားတာကိုး စိတ်ထဲမှာအေးချမ်းနေတော့မှ အလှအပဆိုတာ ခံစားလို့ရတာ...”
“ကိုကို အရင်က မြကြာဖြူကို ကြည့်ပြီး ခံစားသေးတယ်..”
“ဟွန့်.ရုပ်ရှင်မင်းသမီးလားဘာလား..ကျစ်..အဲဒါပြန်ပြောရင် .မို့ကို ထုချင်တယ်...လူကို အရူးလုပ်တာလေ..”
“မို့က ကိုကို နဲ့ စကားပြောချင်တော့ လိမ်ရတာပေါ့လို့...ကိုကို က မို့ဆို အရမ်းမုန်းနေပြီး..အဲဒါ ကိုကို့ကြောင့် ဖြစ်ရတာ..”
“ဟား..ဟား...ဟုတ်ပါပြီ..ကိုကို့ အပြစ်....”
“ကိုကို့ ကို ချစ်တယ်...”
ဆန်နီ ကောင်းကင်ပြင်ကို မော့ကြည့်ပြီး သက်ပြင်း တစ်ချက် ခိုးရှိုက်ရင်း သူမလေး ရင်ခွင်ထဲက ထွက်သွားမှာ ပိုလို့ စိုးမိသည်...။
“ကဲထ ပြန်မယ်..”
“ဟင်...ပြန်တော့မယ်...ရဘူး..တောထဲ ခေါ်လာပြီး..”
“ဒါဆို မို့ က ဘယ်သွားချင်လည်း..”
“လမ်းလျှောက်ချင်တယ်...ပြီးတော့ အကျီ င်္ လည်း ၀ယ်ပေးရမယ်...”
“ကိုကို့မှာ ပိုက်ဆံ အများကြီး မပါဘူး..”
“ရပါတယ်..မို့ ကြည့်ယူပါမယ်...”
“ကောင်းပါပြီတဲ့ဗျာ...”
ဆန်နီ ကားကို လမ်းပေါ်လျှောက်မောင်းနေပေမဲ့ ဘေးက တစ်ယောက်က ကြည့်ပဲနေတော့ အနေရခက်လှသည်..။
သူမလေး ကားစီးတဲ့ ပထမဆုံး အချိန်ကတည်းက လူကို ဒီလိုကြည့်ပြီး ရင်ခုန်အောင်လုပ်တာလေ..။
ဆန်နီ့မှာ မှင်သေသေ ကားမောင်းပြနေရပေမဲ့ ရင်ထဲမှာ လှုပ်ခုန်ပြီး ဝိုင်းဒိုင်းကြဲံနေသည်...။
မို့ ရဲ့ အကြင်နာမျက်၀န်းလေး ကို ကိုကို အရမ်းချစ်တယ်ကွယ်..။
“ကိုကို ..ပြောင်းဖူး စားချင်တယ်..”
ရုတ်တရက် လက်ညိုးထိုးပြီး ထအော်တော့ ဆန်နီတောင် လန့်သွားရသည်...။
“နေအုံး ကိုကိုတို့ ကားထားပြီးမှ ၀ယ်လို့ရမယ်..”
“အွင်း..”
ဆန်နီ ကားပါကင်ထိုးဖို့ နေရာ တော်တော်ရှာယူရပြီး မှ နှစ်ယောက်သား ဆင်းလျှောက်၇တာ တော်တော်ပင် ပြန်လျှောက်ရတော့မည်...။
“ခြေထောက်ညောင်းအုံးမယ်..”
“ညောင်းပါဘူးကွာ..နီးနီးပါပဲ...”
မို့က ဆန်နီ့ လက်ကို ကိုင်ပြီး လွဲလျှောက်နေတုန်း ဘေးက ကားလေး ဖြတ်သွားတော့
“ဟယ်...”
“ဟင်...”လက်ညိုးထိုးပြီး အော်လိုက်တဲ့ သူမအသံကြောင့် ဆန်နီ လိုက်ကြည့်မိတာ သူမအရင်က စီးတဲ့ ကားလေး..။
“အဟင့်...မာမီ ရက်စက်လိုက်တာ..”
“ဘာဖြစ်လို့...”
“မို့ကားလေးကို မို့ယောင်းမရဲ့ ညီမလေးကို ပေးလိုက်ပြီ...”
“ဟင်..”
“ဟုတ်တယ်...သူက အတင်းပြန်၀ယ်နေတာ အခုတော့ ရသွားပြီ...”
“မဟုတ်လောက်ပါဘူး...မို့ အိမ်က တစ်ယောက်ယောက် မောင်းသွားတာနေမှာပါ..”
စိတ်မကောင်းဖြစ်နေမှာသိလို့ စကားပြောင်းပြောလိုက်ခါမှ ခြေဆောင့်ပြပြီး..။
“မို့ သိတာပေါ့..ဟိုမှာ ကားရပ်တဲ့ စိန်စီခြယ်ဆိုတဲ့ စိန်ဆိုင်က သူတို့ဆိုင် ကိုကိုရဲ့...ဟင့်...”
ဆန်နီ ခေါင်းလေးကို ဆွဲလှည့်ပြီး လက်ကို ဖမ်းဆုပ်ကိုင်လိုက်တော့ ငုံ့ကြည့်သည်..။
“ကိုကို ရှိရင်ရပြီဆို အဲတော့ အဲဒီ့ကားကို ငေးမနေနဲ့ ကိုကို့ လက်ကိုပဲကြည့်..”
“ဟွန့်...”
ပြောင်းဖူး ၄ဖူး ၀ယ်ပြီး အိတ်ကိုလွဲခါ သူမလေး လက်ကို ကိုင်ပြီး လျှောက်ရတာ ဆန်နီ့ အတွက် စည်းစိမ်ချမ်းသာ တစ်ခုလိုပါပဲ..။
“အို...ကိုကို ကြည့်စမ်း..အဲဒီဟိုတယ်အပေါ် ဆုံးမှာ ရေကူးကန် ရှိတယ် အရမ်းမိုက်တာ ကိုကို သိလား..”
“ကိုကို ဘယ်သိမလည်း ရောက်မှ မရောက်ဖူးတာ..”
“ကိုကို ပိုက်ဆံတွေ အများကြီးရရင် အဲပေါ်က တစ်ခန်းလောက်၀ယ်ရအောင် ပြီးရင် မေမေ ဖေဖေ မန်နီတို့ပါ ခေါ်ထားကြမယ်လေ..”
“ဟား..ဟား..ကိုကို မှ မ၀ယ်နိုင်တာ..”
“ကိုကို ကလည်း နောက်တော့ပေါ့..”
“ကိုကို နဲ့ နေသရွေ့တော့ အဲအပေါ်ကို ရောက်မှာ မဟုတ်ဘူး..သိပ်စိတ်ကူးယဉ်တဲ့ကောင်မလေး..”
“အိုး..ကိုကို ကလေ သူများ စိတ်ကူးတွေကို ရိုက်ချိုးဖို့ပဲသိတယ်..”
လက်မောင်းကို လက်သည်းနဲ့ ထိုးဆိတ်ပြီး ပြောတော့ ဆန်နီ ပြုံးလိုက်ပြီး..။
“ဟုတ်တယ်လေ...ကိုယ်မှ မတက်နိုင်တာ...အဲ ထီပေါက်ရင်တော့ မပြောတက်ဘူး..ကိုကိုတော့ လတိုင်းထိုးတယ်...ကံကောင်းလို့ ပေါက်ခဲ့ရင် အဲတိုက်ခန်း အရင် ၀ယ်ပေးမယ်...အဲတော့ ဆုသာတောင်း...”
“ဟွန့်...”
ဆန်နီ့ လက်ကို ဆွဲဖြုတ်ပြီး ရှေ့က ခပ်သွက်သွက် သွားနေတော့ ခြေလှမ်း မြန်မြန်နဲ့ လိုက်ပြီး ပခုံးကို ဆွဲဖက်လိုက်တော့...
“ဘာဖြစ်နေတာလည်း..လမ်းမကြီးမှာ..”
“ဟောဗျာ...အရင်က လူများချိုင်းအောက် ခေါင်းလိုက်တိုးတာ ဘယ်သူလည်း..”
“အား...သိဘူး..”
ဆန်နီ ရယ်ပြီး လက်ကလေးတွေကို ပြန်ဆုပ်ကိုင်ခါ လက်မနဲ့ လက်ခုံလေးကို ပွတ်နေမိသည်..။
“မို့ ဆီမှာ ပူဆာခွင့် ရှိတာ ကိုကို သိပါတယ်...ဒါပေမဲ့လေ..တက်နိုင်တာပဲ ပူဆာပါကွာ..ကိုကို မတက်နိ်ုင်တာရင် စိတ်မကောင်းဖြစ်ရတယ်...ပြီးတော့ ရင်မောရတယ်..”
“မောရတယ်..ဟုတ်လား....”
“ဟင်...”
မီးရောင်အောက်မှာ လဲ့ခနဲ့ ဖြစ်သွားတဲ့ မျက်၀န်းကို တစ်ချက်တွေ့လိုက်ရတော့ ဆန်နီ လက်ကို ပိုတိုးဆုပ်ပြီး..။
“ဒီဆိုင်မှာ ၀ယ်မယ်ရမလား..”
“ဘာလည်း..”
“အကျီ င်္လေ..”
“တကယ်လား..”
“အင်း...”
မျက်နှာလေးက ချက်ချင်းအပြုံးဝြေပီး လက်ကို အတင်းဆွဲခေါ်နေတော့ ဆန်နီ တစ်ခုသတိရခါ..။
“မို့..နေအုံး..နေအုံး..”
“ဟင်..”
“ကိုကို့မှာ ၆သောင်းပဲ ပါတာ...”
“ရပါတယ်..ကိုကိုရဲ့...”
ဆိုင်ရဲ့ လှေကားထစ်တွေကို ပြေးတက်ပြီး ဆန်နီလည်း တရွတ်တိုက်နီးပါး ပါသွားရသည်..။
“ဟယ်...အိတ်ကလေး...”
မှန်အောက်မှာ မီးထွန်းပြီး တစ်လုံးချင်း တင်ထားကတည်းက စျေးမနည်းဘူးဆိုတာ သိလိုက်ပါသည်..။
“မို့ကလည်း ကျောင်းမှ မတက်ရတာ အိတ်မလိုဘူးလေ..”
“အင်း ဒါဆို အကျီ င်္...”
အကျီီ ဂါ၀န်လေးတွေချိတ်ထားတဲ့ ဘက်ကို ပြေးထွက်သွားပြန်ပြီ...။
“ကိုကို ဒါလေးကြိုက်လား..”
“အင်း..”
“ဒါကော...”
“လှပါတယ်..”
“အိုး..ကိုကို ကလည်း...သေချာကြည့်ပါ ဘယ်ဟာ ပိုလှတာလည်း..”
“မို့ အနားရောက်တော့ အားလုံးလှသွားတယ်...”
“ဟိ...အဲလိုလား..”
အကျီ င်္ကို ကိုယ်မှာ ကပ်ကြည့်နေတာ ဆန်နီ ပတ်ကြည့်ပေးရင်း တံဆိပ်ဆီ အကြည့်ရောက်တော့ လေးသောင်းကျော်...။
ပိုက်ဆံ မကြည့်တော့ပါဘူး သူအရမ်းကြိုက်နေတာ ၀ယ်ပေးလိုက်တော့မယ်တွေးမိပြီး.
“အဖြူလေး ယူလိုက်နော်...”
“ဒါလား..”
“အင်း..”
ဆန်နီ အကျိ င်္ကို လက်ပြောင်းယူခါ ၀န်ထမ်းကောင်မလေးကို လှမ်းပေးပြီး ကောင်တာဆီ လိုက်သွားလိုက်သည်..။
ပိုက်ဆံရှင်းတော့ အိတ်ကို ဖွင့်ကြည့်တာ ဒီနေ့ ကားဆွဲထားလို့ ရတဲ့ တစ်ထောင်တန်တွေက မဖြန့်ရသေးလို့ တွန့်ကျေနေတာ မနည်း ဖြန့်နေရသည်..။
ကောင်တာရှေ့ရောက်မှ ရှက်ပေမဲ့ မတက်နိုင်တော့ ...
တစ်ထောင်တန်တွေကို ဖြန့်ပြီး ငါးထောင်တန်ပါပေါင်းခါ ရေတွက်နေတော့ ကောင်မလေးတွေက လှောင်ပြုံးတွေ နဲ့ ပြုံးစေ့စေ့ ဖြစ်လာသည်..။
“ဟဲ့ ဟိုမှာက ရွေးတုန်း..”
မကြားတကြားပြောလိုက်ပေမဲ့ နားကြားသူမို့ လှည့်ကြည့်လိုက်တော့ မို့ ကို ပြောနေတာ သိပြီးဒေါသထွက်သွားရသည်..။
“ရပြီ အကို..ကျေးဇူးတင်ပါတယ်..”
ဆန်နီ မျက်မှောင်ကြုတ်ပြီး အိတ်ကို ယူခါ မို့ ဆီ ပြန်လျှောက်လာခဲ့လိုက်သည်..။
“ညီမ ဒါ ဆိုဒ် ရှိလား..”
“ဟုတ်ကဲ့..ဘယ်ဆိုဒ်လည်း အစ်မ..”
“L”
“ဆိုင်၂မှာ သွားယူရမှာမို့ တကယ်ယူမယ်ဆို သွားယူပေးပါမယ်..”
“ဟုတ်...”
“မယူနဲ့ ညီမ.”
၀န်ထမ်းကောင်မလေးကို တားလိုက်တော့ မို့ က မျက်လုံး ဝိုင်းလေးနဲ့ ပြန်ကြည့်သည်..။
“တော်ပြီနောက်နေ့မှ ၀ယ်မယ်နော်..”
“နေပါအုံး ကိုကို ကလည်း..”
“လာပါ နောက်နေ့မှ၀ယ်..ပြန်ဖို့နောက်ကျနေပြီ.”
“ရွေးပြီးသားကိုကိုရဲ့ နောက်နေ့ မရှိတော့ရင် ဘယ်လို လုပ်မလည်း..”
ကောင်တာက ကောင်မလေး နဲ့ ၀န်ထမ်းသုံးယောက်လောက်က ကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေကြပြီ...။
“ကိုကို့ ကို ခေါ်နေပြီ မို့နောက်မှ လိုက်လာတော့...”
“ဟာ..ကိုကို..”
ဆန်နီ လှေကားတွေကို ခပ်သွက်သွက် ဆင်းရင်း လက်သီးနှစ်ဖက်ကို ကျစ်နေအောင် ဆုပ်ထားမိသည်..။
“ကိုကို စောင့်အုံး..”
တကယ်ထားပြီး ထွက်သွားတဲ့ ကိုကိုနောက်ကို ပြေးလိုက်ရတော့သည်..။
“ကိုကို..”
ခြေလှမ်းကြဲကြဲနဲ့ မြန်မြန်လျှောက်နေတဲ့ ကိုကို နောက်ကို မို့ ပြေးလိုက်နေရတာ ခလုတ်လည်း တိုက်မိသည်..။
ကိုကို ရက်စက်လိုက်တာ ကိုကို့ကို စိတ်ဆိုးလိုက်တာ....။
ကားဆီရောက်တော့ စက်နှိုးပြီးသား .မို့ ထိုင်ပြီး တံခါး ပိတ်လိုက်တာနဲ့ ကားကို ဆောင့်မောင်းထွက်သည်..။
တစ်လမ်းလုံး စကားမပြောသလို မို့ လည်း တကယ်ပြောချင်စိတ်မရှိပါ ခြေသန်းလေး နာနေတဲ့ ဝေဒနာဆီ စိတ်ရောက်သွားတော့ ရင်ထဲပါ နာလာသည်..။
“ပြန်လာကြပြီလား..”
“ဟုတ်ကဲ့..”
“ကဲထမင်း တစ်ခါတည်းစား..”
မန်နီက ပြောင်းဖူးထုတ်နဲ့ မို့ လက်ထဲက အထုတ်ကို ကူသယ်ပေးပြီး ကြည့်ခါ အထုတ်ပြန်ပေးသည်..။
ကိုကို က ထမင်းကို မျက်နှာစူပုတ်ပုတ်နဲ့ မြန်မြန်သွက်သွက်စားသည်..။
မို့လည်း ထမင်း နည်းနည်းပဲ ထည့်စားလို့ တူတူပြီးသွားရပြီး ရေကန်ဆီ ကို တူတူရောက်လာတာ ကိုကို မျက်နှာက ပိုတင်းနေတော့ မို့ ၀မ်းနည်းလာရသည်..။
“အမေရဲ့ အသံကျယ်ပါ အမေတစ်ယောက်တည်း ကြားရတယ်..”
“ကြော်ငြာလာရင် ကျယ်လို့..”
“ဘာမှ မကြားရဘူး..”
“အေးပါဟယ်..နားတွေ မကောင်းကြတော့ဘူး..”
အမေကို အသံ ၅၀ကျော် ကျယ်ခိုင်းခဲ့ပြီး ကိုကို က အိမ်ပေါ်တက်သွားတော့ မို့လည်း စာရင်းရှင်းချင်လို့ အပြေးလိုက်သွားလိုက်သည်..။
အခန်းထဲရောက်တော့ ပက်လက်လန်ပြီး မျက်နှာကို ခေါင်းအုံး အုပ်ထားလို့ ခေါင်းအုံးကို ဆွဲ လွင့်ပစ်လိုက်ခါ..
“ကိုကို ဘာလုပ်တာလည်း...မို့မှာ ပိုက်ဆံမပါတာကို ဘာဖြစ်လို့ထားခဲ့တာလည်း ဟမ်...”
ကိုကို က ဆတ်ကနဲ့ ထထိုင်ပြီး မို့ကို လက်ညိုးထိုးပြီး...
“မင်းတော်တော် အလိုက်ကန်းဆိုး မသိတာပဲ မို့....”
“ဘယ်လို..”
“ဒီလောက်စျေးကြီးတာတွေ ငါ ဘယ်လို အများကြီး ဝယ်ပေးနိုင်မလည်း ကွ...”
ကိုကိုက ဘေးမှာချထားတဲ့ အိတ်ကိုဆွဲယူပစ်တော့ အိတ်ထဲက ဂါဝန်အဖြူရောင်လေး ထွက်ကျလာသည်။
ကိုကို ဝယ်လိုက်တာလား လေးသောင်းကျော်ဆိုတော့ ပိုက်ဆံကုန်ပြီပေါ့...။
မို့အတွေးတွေနဲ့ နောင်တရပြီး ကိုကို့ကို သနားမိပြန်သည်။
“ကိုကို ဝယ်လိုက်တာ မို့မှမသိတာ....”
“ လူတကာရှေ့မှာ ယူပါမယ်ချည်းလုပ်နေတာ ရှက်ဖို့ကောင်းလိုက်တာကွာ...တောက်...”
“အဲဒါဆိုလည်း.ဝယ်လိုက်လို့ ပိုက်ဆံကုန်ပြီ...ပိုက်ဆံမပါဘူးပြောလေ..နောက်နေ့ ၀ယ်ပေးပါမယ်ဆိုတော့ ရွေးပြီးသားဖြစ်နေလို့ ယူမယ်ပြောမိတာပါ..”
“လူတွေရှေ့မှာ ပိုက်ဆံမပါဘူး.လို့...ငါဘယ်လိုပြောထွက်မလည်း....
မင်းသာ အလိုက်သိတဲ့ သူဆို ငါ့ မျက်နှာကို ကြည့်တာနဲ့ သိတယ်....”
“မို့ ကို အလိုက်မသိဘူးလို့ မစွပ်စွဲပါနဲ့....မို့ အလိုက်သိလွန်းလို့ ...ကိုကို့ ကို ချစ်လွန်းလို့...ဘ၀မှာ တစ်ခါမှ မခံစားခဲ့ရဖူးတဲ့..ပင်ပန်းဆင်းရဲ ဒုက္ခတွေ ခံနေရတာ သိရဲ့လား....အဟင့်ဟီး...”
အိပ်ယာထိပ်မှာ ဒူးပိုက်ပြီး ခေါင်းမှောက် ငိုနေတော့ ဆန်နီ ရင်ထဲ နာကျင်ရသည်..။
ကိုကို့ ရင်ခွင်ထဲရောက်လာကတည်းက အပြုံးလေးတွေ ပျောက်ပြီး မျက်ရည်တွေပဲ ပေစွန်းနေရပါလား မို့ရယ်..။
ကိုကို အတ္တတွေကြောင့်ပါ....။
ဆန်နီ ခေါင်းအုံးဆွဲယူပြီး ကျောခိုင်း အိပ်ပစ်လိုက်ပေမဲ့ ရင်ဘတ်ထဲက နာကျင်တာကို မိန်းမတွေလို ငိုရှိုက်ပြီး လွတ်လပ်ခွင့် ပေးလို့ မရတော့ ပိုမို ကြပ်တည်းလာရသည်..။
အသက်ရှုလိုက်တိုင်း တစ်စို့စို့ ဖြစ်လာသလိုလို...။
ငါး မိနစ်လောက်ငိုပြီး ငိုသံ ရှိုက်သံပျောက်ခါ ဆန်နီရှေ့ရောက်နေသည့် ခေါင်းအုံး အပို တစ်လုံးစီ လက်ဖြူဖြူလေးရောက်လာသည်..။
ခေါင်းအုံး နဲ့ အတူ လက်ဖြူဖြူလေး တစ်ဖြည်းဖြည်းနောက်ဆုတ်သွားတော့ ဆန်နီ အလန့်တကြား ဖမ်းဆုတ်လိုက်မိသည်.။
လက်ကို အတင်းရုန်းနေတော့ လွတ်ပေးလိုက်မိခါ ဆန်နီ နောက်ဘက် ပြန်ကြည့်လိုက်တော့ ဆံနွယ် လေးတွေသာ သူ့ကိုယ်စားတွေ့ရသည်..။
ဆန်နီ အနားတိုးသွားပြီး နည်းနည်း ပြန်ခွါရင်း ဆံနွယ်လေးတွေကို မထိပဲ နမ်းရှိုက်လိုက်ရ၏..။
“အင်...”
“ဟင်..”
ရုတ်တရက် လှည့်ကြည့်တဲ့ သူမလေးကြောင့် မျက်နှာ နှစ်ခု နီးကပ်သွားရပြီး တစ်ယောက်နဲ့ တစ်ယောက် မျက်တောင်မခတ် ပဲ စိုက်ကြည့်နေမိတာ..မျက်လုံးတွေညောင်းလာလည်း အကြည့်မလွဲနိုင်အောင်ပင်..။
လှုပ်ရှားမှု တစ်ခုနဲ့ အတူ အကြည့်ရပ် ၍ခေါင်းအုံးဆွဲရင်း ရင်ခွင်ထဲ တိုး၀င်လာပြန်သည်။
နတ်သမီးလေးကို ပြန်လည်ထွေးပိုက်မိတော့ ဆန်နီ့ ရင်ထဲ မှာ သနားစိတ်နဲ့ အတူ ချစ်စိတ်တွေ ပိုသာလို့ တိုးလာရသည်..။☆━━━━━━━━━━━━━━━☆
အခုရက်ပိုင်း စာရေးရင် ဘာကြောင့်ရှည်သွားမှန်းကိုသိဘူး 😥
ပြန်ဖတ်ကြည့်ပြီးရင် ဘာတွေဘယ်လိုဖြတ်ချရမှန်းမသိဘူးဖြစ်ရော..💔
အာ့နဲ့ ဒီတိုင်း တင်ဖြစ်သွားပြန်ရော...😜
မကျော်ပစ်ပဲ ဖတ်ပေးခဲ့လို့ ကျေးဇူးပါ😙
အများကြီး ဖတ်ပေးရလို့ ဆောရီးပါ 😙
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

YOU ARE READING
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...