Part 14

3K 152 1
                                    

နန်းထိုက်ပန်းမို့
အပိုင်း (၁၄)
#နန်းထိုက်ပန်းမို့

“အ..အ....အ...”
“ကိုကို ထပါအုံး...”
“ဗိုက်နာလို့ သေရပါတော့မယ်...”
ဆန်နီ ဒီနေ့ တစ်ရက်လေး မနက်စောစော မထရလို့ ဇိမ်နဲ့ နှပ်နေမိတာ အခုတော့ ဘေးက မရွှေချောက လက်သံပြောင်ပြောင်နဲ့ ထုရိုက်နေတော့ ငုတ်တုတ်ထထိုင်လိုက်ရသည်..။
“ကယ်ကြပါအုံး...အား..လား....လား.....နာလိုက်တာ...ထူပါအုံး”
“ဖြည်းဖြည်းထလေ မို့ရဲ့...ဘာဖြစ်တာလည်း...ဘဖြစ်တာလည်း ဟင်..”
“ဗိုက်နာလို့ပါဆို....ကိုကို က ဘယ်နှစ်ခါမေးနေမှာလည်းလို့...”
“အား....အ....ဖြည်းဖြည်း..”
“အဲဒါ ကိုကို့ ကြောင့် ကိုကို့ကြောင့် ဟီး...”
ဝေဒနာအတူ မျက်နှာလေးပါ မှုန်ကြုတ်ပြီး မျက်ခုံးလေးစုခါ လက်နဲ့ လွဲထုတော့ ဆန်နီ လက်သီးဆုပ်လေးကို ဖမ်းကိုင်တားဆီးရင်း....
“ကိုကို နဲ့ ဘာဆိုင်လို့လည်း မို့ရယ်..”
“သိဘူး...နာတယ်..အ...”
မပေါ့မပါးကို ဖြည်းဖြည်းချင်းထရသလို သူ့မှာ ရုတ်တရက် မထလာနိုင်သေး...။
ဆန်နီ ရင်ခွင်မှာ မှီထားခိုင်းလိုက်ပြီး ရှုံ့မဲ့နေတဲ့ သူ့မျက်နှာလေးကို စိုးရိမ်တကြီး လိုက်ကြည့်မိသည်..။
“..မို့ရယ်..”
“ကိုကို တို့ ဆေးခန်းသွားမယ်..”
မျက်လုံးစုံမှိတ် မျက်နှာ မဲ့ရင်း ခေါင်းသာ တွင်တွင်ရမ်းပြနေသည်..။
“ဆေးခန်းမသွားလို့ ရမလားကွ..”
“အင်း...”
“နေပါအုံး ဗိုက်နာတာလား အောင့်တာလား..အဆီကျ နို့မှုန့်တွေ အများကြီးသောက်တာလား..”
“အဲဘူးက ကုန်တာကြာလှပြီလေ...၀ယ်ပေးအုံးနော်..”
ဖြစ်နေပုံကို ကြည့် ပြီး ထုရိုက်ချင်လာရသည်..။
မိန်းမတွေများ ပူဆာဖို့ဆို  ဝေဒနာတောင် မေ့ထားနိုင်သည်..။
“ဒါဆို ဟိုဒင်း လာလို့လား..”
“ဟုတ်ဘူး..”
“ဒါဆို ဘာဖြစ်တာလည်း အစာအိမ်ထိတာလားဘာလား မသိဘူး..လာကွာ ဆေးခန်းသွားမယ.်..”
“မုတ်ပါဘူးဆို ပြောတာ နားထောင်ပါအုံးလားလို့..”
နားပြီးမှ ပြောနေရတာ လိုရင်း မပြောပဲ ကိုကိုကြောင့်ချည်း ပြောပြီးတော့ ဒီလူက ဘယ်လို နားလည်ပါ့မလည်း..
“နာရတဲ့ ကြားတဲ့ စကားချည်းပြောနေရတာ ပိုနာတယ်..”
“နားထောင်ပြီ ဖြည်းဖြည်းပြော...”
“လေ့ကျင့်ခန်း လုပ်တာ များသွားလို့ပါ..”
“ဟမ် ..ဘာလေ့ကျင်ခန်းလည်း..” ဆန်နီ လေ့ကျင့်ခန်းပေါင်း များစွာ မျက်လုံးထဲ ပေါ်လာပြီး မန်နီ နဲ့များ အိမ်စာတွေလုပ်တာကို ပြောတာလား..
“အိပ်ထမတင်လုပ်တာလေ...ဂျင်မှ မသွားရတာ..အိမ်မှာ လုပ်လို့ရတာ လုပ်ရတာပေါ့လို့...”
“ဘာ...”
“အော်နဲ့..နာနေတာ..”
နာရင်သေလို့ ပြောဖို့ ရက်စက် တဲ့ စကားလုံးတွေကို မခံစားနိုင်တဲ့ နှလုံးသားနုနု ပိုင်ရှင်မို့ သက်ပြင်း တစ်ခုသာ ချလိုက်နိုင်သည်..။
“မို့ကွာ..”
“နာလို့ပါ..”
“အများကြီး မလုပ်နဲ့ပေါ့ တန်ဆေး လွန်ဘေးတဲ့...မို့က လေ့ကျင့်ခန်း လုပ်ရလောက်အောင် ဝနေတာလည်း မဟုတ်ဘူး..ပိန်ပိန်လေးကို အခုလို မလုပ်နဲ့လေ...”
“အင်းပါ လျော့လုပ်ပါမယ်..”
ဒါတောင် လျော့ပြီး လုပ်အုံးမယ်ဆိုပဲ ထုပစ်ချင်တဲ့ စိတ်ကို မြိုသိပ်ထားရသည်..။
“မုန့်စားပြီးရင် အကိုက်အခဲ ပျောက်ဆေး.. သောက်ရမယ်..အခု ထလို့ရလား..”
“အင်း..”
ကုန်းထနေပေမဲ့ ရှုံ့မဲ့ ညီးတွားနေလို့ ဆန်နီ စိတ်မရှည်စွာဖြင့် ကောက်ပွေ့ချီချ လာခဲ့ရသည်..။
“ကိုကို သေချာကြည့်နော် နှစ်ယောက်စလုံးပြုတ်ကျမှာ သိရဲ့လား..”
“ဟား..ဟား...ဟုတ်ကဲ့ပါ ကိုကို ပြုတ်ကျတောင် .မို့ မနာစေရပါဘူး...”
“မျက်နှာ ဘယ်မှာသစ်မှာလား..”
“အိမ်ရှေ့မှာပဲလေ..”
ဆန်နီ အိမ်ရှေ့အထိ ချီလာပြီး ချပေးလိုက်တော့ တစ်ချက် တွန့်သွားပြန်သည်..။
“အင့်..”
သွားတိုက်ဆေးထည့်ထားတဲ့ သွားပွ့တ်တံ ကို လှမ်းပေးလိုက်ပြီး ရေတိုင်ကီထဲက ရေကို ဖလားနဲ့ ပါ ခပ်ပေးလိုက်သည်..။
“ကိုကို က ချစ်ဖို့ကောင်းတယ်...”
“ခုမှ..”
“အမြဲပါ...”
သွားတိုက်နေရင်း လူကိုကြည့်ပြီး ပြောနေတော့ မနေတက်လို့ မီးဖိုအနားက ကျနေတဲ့ သံချောင်းတွေကို ကောက်သိမ်းလိုက်ရသည်..။
“ရပြီ...ကော်ဖီ နဲ့ ဘက်တာ ကိတ် သခင်မလေး အတွက် အဆင့်သင့်ဖြစ်ကြောင်းပါ...”
“ကိတ်မုန့်က အေးနေတယ်...”
“နေအုံး မီးမွှေးလိုက်မယ်..”
“ဟာ ကိုကို ရွဲ့တယ်..”
ကော်ဖီ တစ်ချိုက်သောက်ပြီး ပြန်ချခါ  ဆန်နီ လက်ထဲက ကိတ်မုန့်ကို ဆွဲလုစားပြန်သည်..။
“ကိုကို့ မှာ ဒီနေ့ တစ်ရက်လေး အလုပ်မရှိလို့ အေးဆေး အိပ်ရမလားမှတ်တယ်..”
“မို့ ကြောင့် နိုးသွားတာလား..ပြန်အိပ်လေ..”
“ရတော့ဘူး..”
“ကိုကို ဒီနေ့ ဘယ်အချိန်ထွက်ရမှာလည်း..”
“၁၁ မှလေ...အေးဆေး..”
ဆန်နီ မျက်လုံး တစ်ဖက် မှိတ်ပြီး ပြောလိုက်တော့ ပြုံးပြီး ရှေ့က ကော်ဖီကို ပြန်သောက်ပြန်သည်..။
“သြော်..ကိုကိုး မို့ ကို ဖုန်းဘေလ် ထည့်ပေးအုံးနော်..”
“ဟာ...ဗုဒ္ဓဟူးနေ့ကမှ တစ်သောင်းဖြည့်ပေးထားတာလေ မို့ရဲ့...”
“ကုန်ပြီ...မို့ အက ဗီဒီယိုတွေ ကြည့်လိုက်တာ...”
“သုံးရက်တည်း ကြာသေးတယ်ကွာ..”
“ကိုကို ကလည်း တစ်သောင်းလေးကိုး..”
နှုတ်ခမ်းရှေ့ထုတ်ပြီး အလိုမကျစွာပြောလာတဲ့  သခင်မလေး နားလည် သဘောပေါက်အောင် ရှင်းပြဖို့ တာ၀န်ကျလာပြီ...။
“မို့ “
“ဟင်..”
“ကိုကို ပိုက်ဆံရှာတာ တစ်နေ့ ဘယ်လောက်ရတယ် ထင်လည်း..”
“တစ်သိန်း..”
“ဟား...အဲလောက်ရရင်တော့ ကိုကိုတို့ မီလီယံနာ ဖြစ်ရောပေါ့...”
“ဘယ်လောက်ရလို့လည်း...”
“အမှန်မရှိဘူး ဆီဖိုးနှုတ်ပြီးရင် ဒီလမှာ အများဆုံးရတဲ့နေ့က ၈သောင်း တစ်ရက်တည်းရယ်...၅ ရက်က ၁သောင်းအောက်ပဲရတယ်..ကိုကို က စာရင်းမှတ်ထားလို့ သိနေတာ...၁သောင်းအောက်ရတဲ့ နေ့ဆို..တာယာ ပွန်းတာ မတန်ဘူး မို့ရဲ့...”
“နည်းနည်းလေးရတာ..လုပ်မနေနဲ့ပေါ့ ကိုကိုရဲ့...”
“ကိုကို မလုပ်ရင် ဘာနဲ့ ထမင်းစားကြမလည်း ...”
“မေမေ ကျွေးမှာပေါ့လို့..”.
“ဟုတ်တယ် အခုလည်း မေမေ ကျွေးနေရတာပါပဲ ကိုကို့ ပိုက်ဆံက တစ်လကို အရစ်ကျ သုံးသိန်းသွင်းနေရတာနဲ့ ကုန်နေရတာ.... မန်နီကျူရှင်လခအတွက် ကားဖိုးပိုက်ဆံ အစွန်းထွက်မှ ကိုကို နည်းနည်းချင်းစီ စုထားပြီး လကုန်ရင် ပေးနေရတယ်..”
ဆန်နိ ၀င်ငွေအကြောင်း သူနားလည်အောင်ရှင်းပြဖို့ ကြိုးစားရတာ ရင်မော သာလာရသည်..။
“ကိုကို့ ကားကြီး ရောင်းလိုက်ပေါ့..ပြီးရင် တစ်ခုခု လုပ်ပေါ့..”
“ဟာ.ကိုကို့ ဒီလို ကား တစ်စီးပိုင်ဖို့ ကားပေါင်းစုံ့ကို အသက် ၁၇ လိုင်စင်မရှိခင်ကတည်းက မောင်းခဲ့ရတာ မို့ရဲ့...ဒီလို ကားပိုင် ဘဝရောက်တာတောင် အုံနာက ယုံလို့ အရစ်ကျရောင်းပေးခဲ့လို့လေ...ဒါတောင် ငွေသွင်းဖို့ လေးလတောင်ကျန်ပါသေးရဲ့ဗျာ..”
“ကိုကို မေမေ့ လို စျေးရောင်းပေါ့..”
“အမေ စျေးရောင်းတာ သောင်းဂဏန်းတောင်ကျန်ရဲ့လား မရောင်းရရင် အရင်းပါပြုတ်ရောလေ...”
“စိတ်ညစ်စရာကြီး..”
ဆန်နီ မုန့်စားရင်း နှုတ်ခမ်းဆူပြောနေတဲ့ သူမလေးရဲ့ နဖူးပေါ်က ဆံပင်တွေကို တယုတယလေး သပ်တင်ပေးလိုက်သည်...။
“မို့ ကိုကို နဲ့ နေရတာ ပင်ပန်းတာပေါ့နော်...ကိုကို က ဘ၀သမားပဲ ကိုကို ပြောခဲ့ပါတယ်..”
“မို့ ပင်ပန်းပါဘူး..ကိုကို သာ အနားမှာရှိရင် ဘာမှလိုဘူး..”
“အခုဘေလ်လို နေပြီမလား..”ဆန်နီ ကြည်နူးစွာ ပြုံးမိရင်း နဖူးကို ခပ်ဖွဖွလေး လက်ညိုးနဲ့ ထောက်မေးတော့ ခေါင်းညိတ်ခါ
“အင်း ပျင်းလို့ပါ ထည့်ပေးပါနော်..”
“တစ်ထောင်..”
“ဟာ..မရဘူး..ကိုကို..”
“ပိုက်ဆံရှိရင် မို့ အကုန်သုံးမှာလေ...”
“မန်နီလည်း တစ်နေ့ကုန် ဖုန်းသုံးနေတာပဲဟာ”
မန်နီ့ကို သူနဲ့ ရွယ်တူတစ်ယောက်လို အပြစ်ဆွဲထုတ်ပြီး တိုင်ပြောနေတာ တကယ့် ကလေးဆိုး..။
“မန်နီက MLဆော့တာ...လက်ဖက်ရည်ဆိုင်မှာ wifi ရှိတယ်လေ...အဲတော့ တစ်နေ့ကုန် ဆော့လည်း ပိုက်ဆံမကုန်ပါဘူးဗျ...”
“ဟာ..ဒါဆို မို့လည်း လက်ဖက်ရည်ဆိုင်သွားထိုင်သုံးမယ်..”
“ဟေး..”
အဖြေစကားတစ်ခုကြောင့် မျက်လုံးပြူးပြီး ရင်ပါတုန်သွားရသည်..။
တကယ်ပြော အဟုတ်လုပ်မဲ့ ရုပ်ကလေး...။
“မသွားရဘူးနော်..”
“ဒါဆို မို့ကို ဘေလ်ထည့်ပေးလို့..မို့ တစ်နေ့ကုန် အိမ်မှာ ပျင်းတာပေါ့လို့ “
“အိုကေ..ထပ်တိုးမယ်..ဒီအိမ် ဖုန်းဘေလ် ဥပဒေအရ ငါးထောင်ထည့်ပေးမယ်..ဒါ တစ်လသုံးပဲ..”
“ဟမ် တစ်လ..ဘယ်လို သုံးကြလည်း...”
“ဘေ့စစ် လိုင်းပဲယူတာလေ.....ဗီဒီယိုလည်း ၄ကျပ် ဘာကြည့်ကြည့် လေးကျပ်ပဲ...လိုင်းတော့ မကောင်းဘူးပေါ့လေ...”
“ဟာ..ဒီလိုကြီး သုံးကြတာလား..”
“ဟုတ်တယ်..မို့ ကို အလိုလိုက်ပြီး ဒီလ သောင်းငါးထောင်ထည့်ပေးလိုက်တာ ဘယ်သူမှ မသိစေနဲ့နော်...”
“အမ်းပါ...”
နှုတ်ခမ်းကိုက်ပြီး မျက်လုံးလေး ပြူးခါ ခေါင်းဆတ်ညိတ်ပြတော့ အသည်းယားလို့ ပါးလေးကို ပုတ်လိုက်မိသည်..။
“အိမ်ရှေ့မှာ ဘယ်သူလည်း မသိဘူး ကိုကို..”
မို့ က လက်ညိုးထိုးပြီး ပြောတော့ ဆန်နီ လှည့်ကြည့်လိုက်တာ ဘယ်သူမှန်းမသိပေမဲ့ ဆံပင်ရှည်ရှည်နဲ့ ဆိုတော့ မိန်းမတစ်ယောက်မှန်းသိလိုက်သည်..။
“ကိုကို သွားကြည့်လိုက်မယ်..”
ဆန်နီ အိမ်ထဲက ခပ်သွက်သွက် ထွက်သွားပြီး ခြံတံခါးနားရောက်တော့မှ
“ဟဲ့ နွေးနွေး..”
“အောင်မလေး ဆန်နီ..နင့် အိမ်ကိုလည်း ရှာလိုက်ရတာ..”
“ငါနာမည်ကို တစ်ရပ်ကွက်လုံး သိပါတယ်ဟ...”
“သိလို့ ပဲ..ဆက်သွားပါအုံး ဆိုတော့ ငါလည်း ဆက်သွားတာ ပေါ့..”
“ဟား..ဟား..လာ၀င်လေ..”
ဆန်နီ ခြံတံခါးကို ဆွဲဖွင့်ပြီး ၀င်ခိုင်းတော့မှ နွေးနွေးက ခေါင်းညိတ်ပြီး လိုက်၀င်လာသည်..။
“အန်တီကော..”
“စျေးက ပြန်မလာသေးဘူးလေ..”
“ကဲ ပေါ်ပြီ ဟိုနေ့ က နင်ပြောတော့ အမေကိုကူနေရတာပါဆို..”
“ဟဲ..ဟဲ..အားတော့လည်း ကူပါတယ်ဟ...”
“အကြောင်းမသိတဲ့ သူဆိုတော့လေ..”
“၀င်လေ..”
“..ငါ နင့်ဆီ ဖုန်းဆက်ဖို့  ဒီဘက်ကို ရောက်တာနဲ့ လမ်းကြုံလို့ ၀င်လာတာ..”
“တော်သေးတယ်..ဒီနေ့ ငါ ရှိတာ...မဟုတ်ရင် နင် ငါ့ ညီမလေးနဲ့ တွေ့သွားရမှာ..”
“ဟင်..”
“မို့လေ...”
“သူက ...”
“ပြောပြီးပါကော..”
နွေးနွေးက အိမ်ထဲရောက်လာပြီး မို့ ကိုတွေ့ချိန် လက်ညိုးထိုးမေးတော့ ဆန်နီ စလိုက်သည်..။
“သြော်..နင့်ညီမလေး ရှိတာ ငါ မသိလိုက်ဘူး..မို့တဲ့လား ချစ်စရာလေးနော်..အသက်မကွာပါဘူး..ငါတို့ ကျောင်းမှာတက်တာလား..”
“ဟအေး...”
ဆန်နီ စကားပြောနေတုန်း မို့က ခုံက ထပြီး ထွက်သွားတော့...
“မို့ ဘယ်လည်း..”
“အပေါ်...”
“ပန်းကန်တွေ သိမ်းသွားအုံးလေ...”
“ဟုတ်ကဲ့...”
မို့ ကော်ဖီ ခွက်နဲ့ စားလက်စ ကိတ်မုန့်ကို ကပျာကယာ သိမ်းပြီး ဘယ်တုန်းကမှ မသုံးသည့် မီးဖိုခန်း ဘက် ၀င်ပြေးလာခဲ့လိုက်သည်...။
ဒီမိန်းမ နဲ့ ကိုကို က ဘာတွေလည်း..ဘာလို့ အိမ်လိုက်လာရတာလည်း ကိုကို က ဘာလို့ ညီမပါလို့ လိမ်ပြောတာလည်း...အတွေးပေါင်းများစွာနဲ့ မေမေ့ အခန်းရှေ့မှာရပ်ပြီး မျက်ရည်တွေ တာကျိုးလာရသည်..။
“ထိုင်လေ..နွေးနွေး မြင်တဲ့ အတိုင်းပဲပေါ့..”
“ရပါတယ်ဟ...”
“သြော်..ငါ နင့်ဆီလာတာ မနက်ဖြန် ကားငှားချင်လို့ ရမလား..”
“ရတာပေါ့...ဘယ်လည်း..”
“မန်းလေး အသွားအပြန် ပေါ့ဟာ..ဆယ်ရက်လောက်တော့ ကြာမယ်ထင်တယ်...”
ဆယ်ရက်တောင်ဆို ဒီဘက်က ပို့နေကျ သူတွေ ဘယ်လို လုပ်မလည်း...။
“နင် အဆင်မပြေရင်..”
“အေးဟာ...သူငယ်ချင်းဆိုတော့လည်း အားမနာတော့ပါဘူး...ငါ ဒီဘက်မှာ စျေးသမားတွေ ရှိတော့ သူတို့ကို ဆယ်ရက်လောက် ပစ်ထားဖို့ ကျ အဆင်မပြေဘူးဟ...”
“ဟင်..ဟုတ်လား..ဆိုင်က ကောင်မလေးတွေကလည်း တ၀လည်ချင်ကြတယ်....သုံးရက်ဆိုရင်ကော အဆင်ပြေမလား မပြန်ချင်သေးတဲ့ သူ ထားခဲ့လိုက်မယ်..”
ဆန်နီ စျေးထဲက သုံးယောက်ကို ကိုအာကြီးကားနဲ့ ချိတ်ပေးခဲ့ရင်တော့ သုံးရက်လောက် ထားသွားလို့ရမှာပါ...သူ့ရဲ့ ကရီးနား ကားကြီးကို ပစ္စည်း အိတ်တင်ရလို့ အသံတွေထွက်မှာပေါ့လေ...ငိုပြရမှာပဲ...။
“ရတယ်..မနက်ဖြန် ဘယ်အချိန် စထွက်မလည်း..”
“မနက်စောစောပဲ ထွက်ချင်တယ်...”
“ငါ ကားစစ်ကြည့်ပြီး ဖုန်းပြန်ဆက်မယ်နော်..”
“အေး..ဒါဆို ငါလည်း ပြန်တော့မယ်..”
“ဟ..နင်က ကားငှားဖို့လာတာလား..ငါ့ သူငယ်ချင်း မဟုတ်ဘူးလား...အလုပ်စကားသိပ်ပြောနေတယ်နော်...မာနကြီးလိုက်တာ...”
“ဟုတ်ပါဘူး..ဟာ..”
ဆန်နီ ရေခဲဘုံးထဲက အသီးအရွက်တွေ ရဲ့ ဘေးဘက် အကန့်လေးမှာ ထည့်ထားတဲ့ မတ်ဘူးကို ဖောက်ပြီး ပိုက်တပ် လှမ်းပေးလိုက်ခါ
“မဟုတ်ရင် ထိုင်နေ ငါ ပြန်ပို့ပေးမယ်...”
“ရပါတယ်...”
“မရပါဘူး...”
သီချင်းသံထွက်လာတော့ နွေးနွေး လက်ကိုင်အိတ်ထဲက ဖုန်းကို ထုတ်ပြောနေသည်..
ဆန်နီ အိမ်နောက်ဖက် ၀င်သွားတဲ့ မို့ ကို သတိရတော့ အခန်းဘက်ကို လျှောက်လာတာ အမေ့ အခန်းရှေ့မှာ ထောင့်ကပ်ရပ်ပြီး ဘာလုပ်နေတာလည်း မသိ..။
“ဟာ..မို့..ဘာလုပ်နေတာလည်း..”
“ဧည့်သည်ရှိလို့..”
“ဧည့်သည် မဟုတ်ပါဘူးကွာ...”
ကိုကို က အနားရောက်လာပြီး မို့ မျက်နှာကို ငုံ့ကြည့်ရင်း နီမို့မို့ ဖြစ်နေသည့် မျက်လုံးတွေကို တွေ့သွားသည်
“ဟာ..ဘာဖြစ်တာလည်းမို့...ဘာဖြစ်လို့လည်း..”
“ဟင့်အင်း..”
မျက်လုံးတွေကို ကွယ်ဝှက်ပြီး ခေါင်းသာ တွင်တွင်ရမ်းရင်း အဖြေပေးလိုက်ပေမဲ့ ၀မ်းနည်းစိတ်တွေ လှိုက်တက်လာပြီး မျက်ရည်ကျမိပြန်သည်..။
“ဟော..မော့စမ်း...ဟာ..မျက်ရည်တွေကျနေတာ ဘာမှ မဟုတ်ဘူးလားကွာ..”
ကိုကို က မို့ မေးဖျားကို ဆွဲမော့ယူပြီး မျက်ရည်တွေကို လက်နဲ့ တို့ထိသုတ်ပေးတော့ ခံစားချက်က တစ်မျိုးပြောင်းသွားရသည်..။
“ဟင့်..ဟင့်....ကိုကို က မို့ ကို မောင်းထုတ်တာကိုး ...ညီမလေးလို့လည်း လိမ်တယ်..”
“ကိုကို မောင်းမထုတ်ပါဘူးကွာ...မို့ က ထသွားလို့ ပန်းကန်တွေပါ ယူသွားခိုင်းလိုက်တာပါကွာ..ကလေးလည်း မဟုတ်ပါပဲ..လာ မိတ်ဆက်ပေးမလို့ အခုတော့ မျက်လုံးရဲရဲတွေ နဲ့ မလှမပ ဖြစ်နေပြီ ရေချိုးခန်းထဲ မျက်နှာသစ်လိုက်..”
ရေချိုးခန်းဘက်ကို တွဲခေါ်လာတော့ မို့ မျက်နှာသစ်လိုက်ရသည်..။
“ဆေးသောက်ပြီးပြီလား..”
“ဟုတ်..”
“အင့်..”
မန်နီ အခန်းထဲက မျက်နှာသုတ်ပုဝါဆွဲယူပြီး ကိုယ်တိုင်သုတ်ပေးတော့ မို့ မျက်နှာမှာ အပြုံးလေး ပြန်တင်သွားရသည်..။
“ဟေ့ နွေး...ဆောရီးဟာ...”
“ရတယ်ဟ...ငါဖုန်းပြောနေတာကြာသွားတယ်..”
“ဒါနွေးနွေး...ကိုကို့ သူငယ်ချင်း...”
“ဒါ မို့မို့ဖြူတဲ့ ငါ့ မိန်းမ...”
“ကြည့်စမ်း ကောင်စုတ် ငါထင်တော့ထင်သား..နင်ပါးစပ်က အတည်အကြည် ဘယ်တော့မှ မထွက်ဘူး..ဒီရုပ်နဲ့ ဒီရည် ညီမလေးတဲ့ လိမ်ရဲတယ်နော်.....ချောလိုက်တာ...မိန်းမချင်းတောင် ငေးရတယ်ညီမရဲ့..”
မို့ က အထင်လွဲပြီး ငိုမိခဲ့ပေမဲ့ သူက ကောင်းကောင်းမွန်မွန် နှုတ်ဆက်လာတော့ ကိုယ့်စိတ်က မလုံမလဲဖြစ်ခါ  ခေါင်းငုံ့ထားမိသည်..။
“ဟား..ဟား..ကဲ..သွားမယ်လေ...”
ကိုကိုက ချိတ်ထားတဲ့ ကားသော့ယူပြီး မို့ ဘက်ကို တစ်ချက်လှမ်းကြည့်တာ သိပေမဲ့ မျက်လုံးပင့် မကြည့်တော့ပါ...။
“မို့.”
“ဟင်...”
“ဗိုက်က ဘယ်လိုနေသေးလည်း.”
ကိုကို ကလည်း ဧည့်သည်ရှေ့ စိုးရိမ်ပြတော့ အဲဒီ အစ်မကပါ မို့ ဗိုက်ကို ငုံ့ကြည့်ပြီး
“ကိုယ်၀န်လား...”
“ဟင်...ဟုတ်ဘူး..ကိုကိုကလည်း...”
“ဟား..ဟား...မဟုတ်ပါဘူးဟာ..ဒီကလေး အဆော့လွန်ပြီး ဗိုက်အောင့်နေလို့...”
‘သြော်..ရေနွေးအိတ်လေး ကပ်ပေးညီမ...”
“ဟုတ်...”
မို့ ခေါင်းကို ပုတ်ပြီး ကိုကို က အိမ်ထဲက ထွက်သွားတော့  ရင်ထဲ ဟာသွားရပြန်သည်..။
.
“သမီး ရဲ့ ဘာလို့ အိမ်၀ထွက်နေတာလည်း..”
စာအုပ်တစ်အုပ်ကို လက်ကြားညှပ် ကိုင်ပြီး ခြံထဲ ၀င်လာတဲ့ ဖေဖေ့ အမေးကြောင့်
“ကိုကို ပြန်မလာသေးလို့..”
“သြော်..ဒီနေ့ ကားစစ်မယ်တဲ့လေ..သူ ခရီး ထွက်ခါနီးတိုင်း စစ်နေကျပါ...ပြန်လာမှာပေါ့ လာလာ...အိမ်ထဲ၀င်နေ..”
ဖေဖေ့ စကားကြောင့် စိတ်နည်းနည်း သက်သာသွားပေမဲ့လို့ မနက်က မနွေးနွေးဆိုတဲ့ တစ်ယောက်နဲ့ တူတူထွက်သွားတာ ဖေဖေ မှ မသိတာပဲလေ...။
“ဖေဖေ ကား၀ပ်ရှော့ကို သိလားဟင်..”
“မသိဘူးသမီးရဲ့..ဘာဖြစ်လို့လည်း..”
“မို့ လိုက်သွားချင်လို့ပါ..”
“ရော်..ခက်လိုက်တာ ဆန်နီ တစ်ကောင်ဟာလေ...စိတ်ပူအောင် သပ်သပ် လုပ်နေတယ်..မပြီးလည်း ထားခဲ့ပြန်လာပေါ့...ပြန်လာပါစေ တွေ့မယ်.”
မေမေ က တီဗီ ကြည့်နေရင်း ကိုကို့ ကို အပြစ်တင်ဆူနေတော့  မို့ ထပ်မပြောတော့ပဲ တီဗီရှေ့မှာ ထိုင်လိုက်ရသည်..။
တီဗီထဲ စိတ်မရာက်ပဲ ခြံ၀ကိုသာ လှည့်ကြည့်လွန်းလို့  လည်ပင်းတွေလည်း ညောင်းလာပြီ ကိုကို က ပြန်မလာသေး..။
“ဟာ..”
အိမ်ရှေ့မှာ ကားမီးရောင်ရောက်တော့ .မို့ မတ်တက်ရပ်မိတာ ဘေးက မန်နီက အူကြောင်ကြောင်နဲ့ မော့ကြည့်သည်..။
ကားက ဖြတ်ကျော်သွားမှ သက်ပြင်းနဲ့အတူ ပြန်ထိုင်လိုက်ပြီး မန်နီကို စောင်ပေပေ ကြည့်လိုက်ခါ တီဗီကို အကြည့်ရွေ့ထားလိုက်သည်..။
တီဗီ ထဲ စိတ်နှစ်ထားပြီး နွေးနွေးဆိုတာကို မေ့အောင်ကြိုးစားနေချိန် ဘေးက မန်နီက ထသွားလိုက် ပြန်ထိုင်လိုက်လုပ်နေတာ စိတ်ရှုတ်လိုက်တာ...။
“ဟင်..”
လက်ကို ဆုပ်ကိုင်လိုက်တဲ့ မန်နီ့ ကို အလန့်တကြားပြန်ကြည့်လိုက်တော့
“ကိုကို..”
ကိုကို က လက်ညိုးကို နှုတ်ခမ်းပေါ် ထောင်ပြပြီး တိတ်တိတ်နေဖို့ အချက်ပြသည်..။
မန်နီကို ကြည့်လိုက်တော့ တိုင်ဘက်မှာ သွားထိုင်ပြီး ကြည့်နေတာ ကိုကို နဲ့ နေရာပြောင်းလိုက်တာလား..။
မို့ အံသြ၀မ်းသာခြင်းနဲ့ အတူ ကိုကို့ လက်တွေကို ဖိဆုပ်ကိုင်ပြီး ကိုကို့  မျက်နှာကို ပြန်ငေးနေမိပေမဲ့
ဘယ်ကိုသွားပြီး ဘာတွေ လုပ်လာသလည်း ဆိုတဲ့ အတွေးဆိုးတွေ ၀င်လာပြန်သည်..။
“ဆန်နီ တစ်ကောင်ဟာလေ..”
“ဗျာ အမေ..”
“ဟေ...”
အမေက နောက်သို့ လှည့်ကြည့်ပြီး ဆန်နီကို တွေ့တော့မှ မျက်နှာ ပိုတည်ခါ..
“နင် ဘယ်ကြွနေတာလည်း.”
“၀ပ်ရှော့လေ အမေရဲ့..”
“နာရီကြည့်စမ်း..”
“ကျွန်တော် ပြန်ရောက်တာ ကြာလှပြီ...အမေတို့ ရုပ်ရှင်ထဲ မု ပျက်သွားမှာ စိုးလို့မခေါ်တာ...နော်...မို့..”
မို့ ကို ပါ အကူအညီတောင်းလိုက်တော့ ယောင်ရမ်းပြီး ခေါင်းသာ တွင်တွင်ညိတ်ပြနေတော့သည်..။
“ဒါဆို ဂျွန်ရောင်း ဘယ်က ပြန်လာတာလည်း..”
အမေရဲ့ စစ်ဆေးရေး ကို လွယ်လွယ်မဖြေနိုင်လို့ လျှောက်စဉ်းစားရင်း ဘေးက မို့ကို မေးငေါ့ပြီး အကူအညီတောင်းမိသည်..။
နှုတ်ခမ်းလေးကို ဝိုင်းပြီး အသံမထွက်ပဲ အမူအယာ ဖြင့် လုပ်ပြတော့ ဆန်နီ သဘောပေါက်ခါ..
“စျေး...”
“ခွေးကောင်..အမေ့ကို လိမ်တာ...”
“အ..အ....မားကပ်...”
“နင့်ကြီးတော်..ကော်ဖီဆိုင်ဟဲ့..နင့်ထက်လည်လို့ အမေ လုပ်နေတာ..ငါ့ကို လှည့်ဖို့ မကြိုးစားနဲ့..”
အမေက နားကိုလိမ်တော့ ဘေးမှာ ပါးစပ်အုပ်ပြီးရယ်နေတဲ့ ငညစ်မလေးကို လက်ညိုးထောင်ပြီး ကျိမ်းလိုက်သည်..။
“ထမင်းစားဖို့..”
“စားခဲ့ပြီ...ကျွန်တော် မနက် မန္တလေး သွားရမယ်..သုံးရက်ကြာမယ်..”
“ဘယ်သူတွေနဲ့လည်း..”
“နွေးနွေးနဲ့ သူ့ ဆိုင်က ကောင်မလေးတွေပါ...မိန်းကလေးတွေချည်း ဆိုတော့ သူစိမ်းမငှားချင်လို့တဲ့လေ...”
“နင့် စျေးထဲက မလှမြင့်တို့ကောဘယ်လို လုပ်မလည်း.”
“ကိုအာကြီးကို ပြောခဲ့တယ်...သူ့ကားမဟုတ်တောင် ဟိုက်ဂျက်နဲ့ လိုက်ပေးပါလို့ တောင်းပန်ခဲ့ရတယ်..”
“ဒါဆို သွားအိပ်တော့လေ...ကားအကြာကြီး မောင်းရအုံးမယ်”
ကိုကို က မို့ ဘေးက ထထွက်သွားတော့ မို့လည်း နောက်က အပြေးတစ်ပိုင်းလေး လိုက်လာခဲ့မိသည်..။
အခန်းထဲရောက်တော့ အိပ်ယာခင်းကို ခြေနဲ့ ဆွဲဆန့်ပြီး ခေါင်းအုံးကို နေရာချခါ လှဲအိပ်လိုက်တာ မို့ မျက်နှာကိုတောင် တစ်ချက်မှ မကြည့်...။
“ကိုကို..”
“ဟင်..”
“တကယ် အိပ်တော့မလို့လား..”
“အင်း ကိုကို မနက်စောစော ထွက်ရမှာ မို့ရဲ့...”
“ကိုကို မသွားရဘူး..”
“ဟင်..”
မို့ရဲ့ လေသံမာမာ နဲ့ တားဆီး ပိတ်ပင်တဲ့ စကားကြောင့် ကိုကိုရဲ့ မျက်တောင်ထူထူတွေ ဖျတ်ခနဲ့ ပွင့်ပြီး မို့ ကို အံသြသလို ပြန်ကြည့်သည်..။
“မလိုက်ရဘူးလို့..”
“ဟော..”
ကိုကို က ငုတ်တုတ်ထထိုင်လိုက်ပြီး မို့ ရှေ့မှာ ဒူးတုပ်ထိုင်ခါ. မို့ မေးဖျားတွေကို လက်ညိုးနဲ့ ပင့်ယူသည်..။
“ဘာဖြစ်လို့လည်း...”
ကိုကို့ ရဲ့ မျက်၀န်း တွေကို မရင်ဆိုင်ရဲလို့ အိပ်ရာခင်း ဂွမ်းစောင်ပေါ်က ပန်းပွင့် ဝါ၀ါတွေကိုသာ ငေးကြည့်နေမိသည်..။
“ကိုကို မေးနေတယ်လေ...ဘာဖြစ်လို့လည်းလို့..”
“မို့ စိတ်မချလို့.”
“ဟ...ဘာကို စိတ်မချတာလည်း..”
နားလည်မှု မရှိတဲ့ ကိုကို့ကို မကျေမနပ်ဖြင့် မျက်၀န်းစူးစူးလေးနဲ့ ပြန်ခံကြည့်မိသည်...။
“ကိုကို ပင်ပန်းမှာစိုးလို့လား...မိန်းမကလည်းကွာ ကိုကို သွားနေကျပါ..”
“မိန်းကလေးတွေ အများကြီးနဲ့ သွားရမှာ စိတ်မချတာ ကိုကိုရဲ့...”
မို့ ဒေါသကြောင့် အသံမြှင့်သွားသလို ၀မ်းနည်းစိတ်ကလည်း ပါလာတော့ မျက်ရည်က ဆို့လာရပြန်သည်..။
“ဟာ...မို့ရယ်..”
ကိုကို က မို့ ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ပါးကို လက်ဝါးနဲ့ ကိုင် ၍ မျက်ရည်တွေကို လက်မနဲ့ သုတ်ပစ်သည်..။
“မသွားပါနဲ့...ကိုကို..နော်..”
“ကိုကို က ကားမောင်းတာလေ မို့ရယ်..ဘယ်လိုလူဖြစ်ဖြစ် ကားတားစီးရင် ကိုကို က လိုရာကိုပို့ပေးရတယ်..ဒါ ကိုကို့ အလုပ်ပဲလေ...”

နန်းထိုက်ပန်းမို့Where stories live. Discover now