နန်းထိုက်ပန်းမို့
#နန်းထိုက်ပန်းမို့
အပိုင်း (၄)“ပေး..ပေး...ငါ့ကို ဖုန်းပေး..”
စီစီ က မို့ လက်ထဲက ဖုန်းကို လုယူသွားတော့ ပြန်လုလို့လည်း မရတော့..။
“ဟလို...ဟုတ်ကဲ့...ကျွန်မတို့ GG မှာ စောင့်နေပါတယ်...”
“ဟုတ်ကဲ့...ရပါတယ်..”
ဖုန်းချသွားနဲ့ သုံးယောက်စလုံး စီစီ ကို ပြူးကြည့်နေတော့ စီစီ က ပခုံးတွန့်ရင်း..
“လူကောင်းပါဟယ်..ပြန်လာပေးမယ်တဲ့...”
“နင် ကလည်း ကိုယ့်ဖုန်း ဘယ်မှာထားမိလည်း သတိမရဘူးလား.”
“ဟင့်အင်း...ငါက ဖုန်း တစ်ခြား လူတစ်ခြား အမြဲဖြစ်နေတာပဲလေ..”
“ကျစ်..ငါတို့ မနေ့ နောက်ဆုံးခေါ်တာ..နင့်ဂေးကြီး ဆီသွားတုန်းကမလား..”
မို့ မုန့်စားနေရင်း မျက်လုံးအပြူးသားဖြင့်
“ဟယ်..ဖုန်းက သူ့ဆီမှာလား..”
“ဟုတ်မယ်...နင် စီးတာ သူ့ကားလေ..”
“အား..ငါ သူ့ကို မတွေ့ချင်တော့ဘူး..ပြန်မယ်...မတွေ့ရဲဘူး.”
မို့ ပျာပျာသလဲ အိတ်ကိုကောက်ဆွဲပီးထတော့ ရီလေးက လက်ကိုဆွဲထားသည်။
“ဘာလို့လည်း..နင့်ဖုန်းလာပေးမယ်ပြောထားတယ်လေ..”
“ငါကြောက်လို့..သူ့ရဲ့ အကြည့်တွေကို ကြောက်တယ်..”
“ဟဲ့..ငါတို့လည်း ရှိတာပဲဟာ...ငါတို့လည်း နင့် ကို အော်ထားတာ မကျေနပ်ဘူး ရှင်းရမယ်...”
“ပြန်တော့မယ်..နင်တို့ပဲ ယူထား..”
မို့ အတင်းရုန်း ပြီး ထွက်လာချိန်..နောက်က စီစီ လှမ်းအော်တာက
“တွေ့ပြီ..”တဲ့..
တံခါးအ၀ အရောက်တော့ မျက်နှာချင်းဆိုင်မှာ သူဖြစ်နေသည်.။
“ဟင်...မနေ့က ညိမ မလား..”
“ရှင်...”
‘သြော်..ဒါ ညီမ ဖုန်းလား...”
“ဟုတ်...ဟုတ်ကဲ့...”
မို့ သူ့ အကြည့်တွေကို ကြောက်လို့ ခေါင်းငုံ့ထားလိုက်မိသည်..။
ယောင်္ကျားတွေကို အပျော် ပဲ တွဲခဲ့တယ်..
မကျေနပ်တဲ့ အကြည့်၊ စူးဝါးတဲ့ အကြည့် ၊ရမ္မက်ဝေတဲ့ အကြည့်တွေကို ရင်ဆိုင်ရဲပါရဲ့ နဲ့ သူ့ ရဲ့ မူလတောက်ပတဲ့ သာမန် အကြည့်တွေကို ကြောက်နေမိသည်..။
“အင့်...အိတ်ကို ပြန်စစ်ပါအုံး..”
“..မ...မစစ်တော့ပါဘူး...”
“အကိုကြီး..ဒီမှာ...ဒီကိုလာပါ..”
စားပွဲဝိုင်းက စီစီ က မတ်တက်ရပ်ပြီး လက်ပြခေါ်တော့ သူက မို့ ကို ငုံ့ကြည့်ပြန်သည်..။
“မတူဘူးလား..ညီမဟာ..မဟုတ်ဘူးလား..”
“လာပါ အကိုကြီး ရဲ့..”
ဆန်မို ကြောင်တောင်တောင် ရပ်ပြီး ခေါင်းငုံ့နေတဲ့ ကောင်မလေးကို ကျော်ပြီး ခေါ်နေတဲ့ စားပွဲဝိုင်းဆီ ဦးတည်သွားလိုက်သည်..။
“ထိုင်ပါအုံး..အကို...ညီမတို့ ကျေးဇူးတင်နေတာ..”
“ရပါတယ်..ပစ္စည်းစစ် လိုက်ပါ..အကို အလုပ်ရှိလို့...”
“ဟဲ့...မို့...လာလေ..”
“ဟင့်အင်း..”
မို့ ရောက်နေတဲ့ နေရာက ကျောခိုင်းရင်း ခေါင်းရမ်းပြလိုက်သည်..။
ရှေ့ဆက်ထွက်သွားဖို့လည်း အားမရှိသလို သူတို့ဆီသွားဖို့လည်း စိတ်က မရဲ...။
“လာပါဟ..”
မြတ်က လက်ကို လာဆွဲခေါ်တော့ မို့ တောင့်ထားပေမဲ့ အားမပါလို့ ပါသွား၇သည်..။
“ဘာဖြစ်လို့လည်း..”
‘ဟီးဟီး ..သူက အကို့ ကို ကြောက်လို့တဲ့..”
‘ခင်ဗျာ..”
“သြော်...မနေ့ သူ့ကို အော်လို့တဲ့လေ...တစ်နေ့ကုန် စိတ်မကောင်းဖြစ်ပြီး ငိုနေတယ်....အကိုက ယောင်္ကျားတွေပဲ ကြိုက်ပြီး မိန်းမတွေကို ကြည့်မရဘူးမလား ညီမတို့နားလည်ပါတယ်..”
“ဟမ်...မဟုတ်ပါဘူး..”
“ရပါတယ်..အကိုရဲ့...ခုခေတ်မှာ ဒါ ရှက်စရာမဟုတ်တော့ပါဘူး..အကို မနေ့က ဖုန်းပြောတော့ အကို့ ယောင်္ကျားအထင်လွဲမှာ စိုးလို့ အော်လိုက်တာမလား....ဟုတ်တယ်နော်...”
ဆန်နီ ခေါင်းတွေ ရှုပ်လာရင်း ဘာတွေ ပြောနေတာလည်း စဉ်းစားလို့လည်းမရ..။
ကိုယ် လာပေးတာ ဖုန်း သူတို့ ပြောနေတာ က ဂေး..
“အကို သူ့ကို မအော်ပါဘူး..”
“အော်တယ်လေ...အကို့ မိန်းမ နဲ့ ဖုန်းပြောပြီး တော့ အော်တယ်လေ...”
နှုတ်ခမ်းမဲ့ ပြီး ငိုသံပါပါ နဲ့ ရန်တွေ့သလို ပြောတော့ ဆန်နီ လည်း ပြန်စဉ်းစားကြည့်ရတာ..
ကူညီမိတာ ဆယ့်ငါးပါးတော့ မှောက်ပါပြီ...။
ဒါကြောင့် ခြေ နှစ်ချောင်းမကယ်ကောင်းလို့ ဆိုရိုးရှိတာလေ...။
“မဟုတ်ပါဘူး..အကို့ သူငယ်ချင်းကို ဒီလိုပဲ နောက်ပြီး မိန်းမခေါ်နေတာပါ....ဂေးမဟုတ်ပါဘူး.ယောင်္ကျား စစ်စစ်ပါဗျာ...မိန်းမတွေကိုလည်း မမုန်းပါဘူး..ဒီက ညီမ က အကို စေတနာ နဲ့ လိုက်ပို့တာကို ကားခဘယ်လောက်လည်း မေးတော့ တင်းပြီး အော်မိသလို ဖြစ်သွားတာ ဆောရီးနော်..ဒါပဲမလား..ဒီမှာ အိတ်ဆိုတော့ အကို ပြန်လို့ရပြီလား..”
“ဟုတ်..”
“ဟင်...”
ပြောလည်းပြီး ထသွားတာ မို့ လှည့်ကြည့်ချိန် သူက ထွက်သွားပြီ..။
“သေပါတော့ဟာ...”
“အရှက်တော့ ကွဲပါပြီ..”
“မို့ တို့ လုပ်လိုက်ရင် တစ်လွဲတွေချည်းပဲ..”
“အေးလေ...”
တစ်ယောက်တစ်ပေါက်. ဝိုင်း အပြစ်တင်နေကြပေမဲ့ မို့မှာတော့ ပျော်သလို ၀မ်းည်းသလို ဘာမှန်း မသိတဲ့ ခံစားချက်ဖြင့်သာ ငိုင်နေမိသည်..။
.
“မို့...ရေ....”
“ဟေး...မို့..”
“ဟင်..”
“အမလေးလေး...ငေး ငိုင်နေလိုက်တာ..အသက်မပါတဲ့ ကျောက်ရုပ်ကြီး ကျနေတာပဲ..တို့တွေ ဒီနေ့ ရှော့ပင်း တိုင်းမ်လေ...”
“သွားချင်ဘူး..”
နူးညံ့ ဖြူလွှနေသည့် အမြင့်ထူထူ မွေ့ယာပေါ် ပစ်လဲချလိုက်ပြီး မျက်နှာကျက်ကို ငေးကြည့်တော့လည်း ဖန်ပန်းဆွဲတွေနဲ့ မီးဆိုင်းကြီးမှာ သူ့မျက်နှာ ပေါ်လာပြန်သည်..။
“ငါ သူ့ကို တကယ်ချစ်တာ..”
“သြော်..ဒုက္ခ..ဒုက္ခ မို့လို့ အလှဘုရင်မ က အခုတော့ မိန်းမ နောက်ပိုးဘ၀ကို ရောက်သွားရပြီ..”
စီစီ က မို့ကို ဝေဖန်ရင်း မို့ ဘီဒိုထဲက charm လက်ပတ်ကလေးကိုယူပြီး ကပ်ကြည့်သည်..။
“ဒါလေး ကြိုက်တယ်...စီ့ ပေးပါလားဟင်..”
“ယူလေ...ကောင်းကောင်းတော့ ၀တ်နော်....bracelets နဲ့ဆို၂၀ကျော်တယ်..”
“ကျေးဇူး..အာ့ကြောင့်ချစ်..”
“နင့်တို့ က ချစ်တယ်ပဲပြောနေတယ်..မို့ ဝေဒနာကျ မကုစားပေးကြဘူး..”
“ဟဲ့..ချစ်ဝေဒနာက ဒေါက်တာတောင် မကုနိုင်ဘူး..”
“တစ်ခုတော့ ရှိတယ်..”
“ဘာလည်း..”
ပစ်လှဲအိပ်ပြီး ငိုင်နေသည့် မို့က ရီလေး စကားကြောင့် အားတက်သရော ထထိုင်လိုက်မိသည်..။
“တို့ သူ့ ကို ကားတင်ပြေးမယ်..”
“ဟာကွာ...အကောင်းမှတ်လို့..”
မို့ ဘေးက အရုပ်တွေထဲက ကြောင်ရုပ်နဲ့ ကောက်ပေါက်လိုက်တော့ ရီလေးက ရှောင်ပြီး.
“ဟ..တကယ်ပြောနေတာ...သူ့ကားကို ငှားပြီး ချောင်းသာ ငွေဆောင် တစ်ခုခု ဒိုးမယ်..”
“ဟာ..နင်ကလည်း..သူ့ကားကြီး စီးသွားရင် ငါတို့ သေမှာပေါ့ ....”
“နိုး...ငှားဖို့ပဲ ပြောတာ..”
“ငှားပြီးတော့..”
မို့ မေးထောက်ထိုင်ပြီး မေးလိုက်တော့ ရီလေး က ခေါင်းကိုပုတ်ပြီး..
“ပစ္စည်းတင်မယ်..ပြီးရင် နင်က သူကကားထဲဒိုးပေါ့..”
“သေမှာပေါ့ ..ဒီလောက် ပူနေတာ..”
“မတက်နိုင်ဘူးလေ.....အဲလိုမှ နီးစပ်မှာ...နင်က ပူချင်တာကိုး..”
“ဟမ်...”
“ကောင်မ..စကားပြောပုံကကြည့်အုံး..”
“သြော်..ကားကောင်းကောင်းစီးနိုင်တဲ့ နေမျိုးကိုကျတော့ ဆောရီးပါရှင် လုပ်ထားတာကိုး..”
ရီလေး အကြံပေးတာကို မို့ ခေါင်းညိတ်လိုက်ရပေမဲ့..
“နေအုံး..သူက မာနကြီးတဲ့ပုံပဲ..ငါတို့ဆိုတာသိရင် လိုက်ပါ့မလား..”
“အမလေး..အလုပ်လုပ်တာပဲဟာ..ကြီးကျယ်နေရင် ခွေးဖြစ်သွားမှာပေါ့..”
“သူများ ကို ကို ပြောတာကြည့်အွန်း..ငါ့ လက်ကောက် ပြန်ပေး.”
“အဲ..အဲ ဆောရီး..ဆော်ရီး..ပေးပြီးသားပြန်ယူရဘူးလေ..မျက်ခမ်းစွံတက်တယ်...”
“ငါ သူ့ကို ဖုန်းမဆက်ရဲဘူး..’
“ငါ ဆက်ပေးမယ်..”
မြတ်က ဖုန်းလုပြီး .မို့ လက်ထဲက ကဒ် ဆွဲလုခါ နံပါတ်တွေကို နှိပ်သည်..။
“..မကိုင်ဘူး..”
“ထပ်ခေါ်ပါအုံး..”
“တကယ်..”
မြတ်က အသံဖွင့်ခေါ်တော့ အားလုံးငြိမ် နားထောင်နေတာ မတိုင်ပင်ထားပါပဲ...။
“ဟလို..”
ယောင်္ကျားပီသသံ တစ်ခုကြောင့် .မို့ နောက်ဆုတ်သွားမိသလို မြတ်ကလည်း ဖုန်းက ခွါလိုက်သည်..။
“ဟ...ဟလို....ကိုဆန်နီလား..”
“ဟုတ်ပါတယ်..ခင်ဗျာ..”
“ကားငှားချင်လို့ပါ..အကို..”
“ဟုတ်ကဲ့..”
“ညီမတို့ ချောင်းသာသွားချင်လို့ပါ...”
“ချောင်းသာ....ဘယ်တော့သွားမှာလည်း..ညီမ..”
“သောကြာညနေ သွားပြီး. တနင်္ဂံနွေ ညနေပိုင်း ပြန်လာမယ်..”
“ဟာ..ဆောရီးပါ..ညီမရယ်..အကို က စနေ တနင်္ဂနွေမအားဘူး..ဖြစ်နေတယ်..ကိုအာကြီး နဲ့ ချိတ်ပေးလိုက်မယ်..သူလည်းလူကောင်း ကားမောင်းကျွမ်းကျင်ပါတယ်..”
“ဟာ..မရဘူး...ဒါဆို အဂ င်္ါကော...ရမလား..”
“ဟင်..”
“သြော်..ညီမတို့က အကို့ကို ပဲ ယုံတာလေ..မှတ်မိလား..ဖုန်းပြန်ပေးတဲ့ ကလေး တစ်သိုက်လေ..”
“သြော်..မှတ်မိပြီ..ဒီ တစ်ပတ်တော့ တကယ်မအားဘူး ညီမရဲ့..”
“ဒါဆို နောက်တစ်ပတ်ပေါ့...သူငယ်ချင်းတွေ စုသွားမှာ ဆိုတော့ ပစ္စည်းလည်း များမှာမို့.”
“အိုကေလေ...နောက်တစ်ပတ်ကျ ပြန်ချိတ်ကြပေါ့..ဒါပဲနော်..”
‘ဟုတ်ကဲ့ပါ..ဘိုင်ဘိုင်..အကို..ဟိ...”
စီစီ က ခုန်ဆွလုပ်ရင်း ဖုန်းချလိုက်တာနဲ့...လေးယောက်သား ထခုန်မိသည်..။
“ရေး...”
“ဘယ်သူ့ အကြံလည်း..”
“ဆရာမကြီး စီစီ..ကျေးဇူးကြီးမားလှပါတယ်...”
မို့ ပျော်လွန်းလို့ စီစီ ပခုံးကို ဖက်ပြီး ပါးတွေချည်း နမ်းပစ်လိုက်သည်..။
“ဟေး..ဟေး..ဒိတ်..ခွင့်မပြုဘူးနော်..”
“အား..ရဘူး..ကို့ ပဲချစ်တာ..”
“မရတော့ဘူး..ရင့်သွားပြီ..”
“ရင်တွင်းဖြစ်ဝေဒနာပြီးရင်လည်း ဒိုးကြမယ်လေ..”
“ဟုတ်တယ်..ထ...အ၀တ်လဲတော့ .မို့ရာ...နောက်ကျနေပြီ..”
ရီလေးနဲ့ မြတ်က တွန်းတော့ မို့ ဘီဒိုနားရောက်လာရပြီး...။
“မာမီဆီမှာ ပိုက်ဆံတောင်းရအုံးမယ်..”
“မြန်မြန်နဲ့ များများနော်..”
“အေးပါ..”
မို့ ခုန်ဆွခုန်ဆွလုပ်ပြီး လှေကားတွေကို ကရင်း ဆင်းလာလိုက်သည်..။
.
“ဘယ်သူလည်း..”
“ချာတိတ် တစ်သိုက်..ချောင်းသာသွားချင်လို့တဲ့..”
“အဲဒါ ..”
“သြော် စနေ တနင်္ဂနွေ သွားချင်တာ..ငါမအားလို့ နောက်တစ်ပတ်စောင့်မယ်တဲ့လေ..”
“မနာလိုလိုက်တာကွာ..”
ကိုအာကြီး ပခုံးရိုက်ရင်းပြောတော့ ဆန်နီရှောင်လိုက်ပြီး..
“ဆာဂျရီလုပ်လေ..”
“သောက်ပြားမှ မရှိတာ..”
“ရှိတာဖြုတ်ရောင်း..”
ဆန်နီ လည်းပင်းနေရာကို မေးငေါ့ပြလိုက်တော့ ကိုအာကြီးက သူ့ လည်ပင်းက ဆွဲကြိုးကို ကိုင်ကြည့်ပြီး..
“တစ်ဆစ်စီလျော့နေတာ..ခွေးလည်ပတ်ဖြစ်နေပြီ..”
“ဟား..ဟား...မညီးပါနဲ့ဗျာ...ခင်ဗျား..ဘယ်သူက မိန်းမ ယူခိုင်းလည်း..”
“အေး..မင်းလည်း မယူနဲ့..ကားသမားဘ၀မှာ မိန်းမယူတာ..သဲခွက်ထဲက ဆပ်ပြာလိုပဲ..”
“အဆန်းကြီး..”
“အခွင့်အရေး နည်းသွားတာကို ပြောတာကွ...ဘယ်သူမှ မသုံးချင်ဘူး..”
“ပါးပါးလှီးချပေါ့ဗျ..”
‘ခွေးကောင်..”
“ဟား..ဟား..”
ဆန်နီ ကားသော့ ကို ခုံပေါ်က ပြေးယူပြီး ကားဆီထွက်ပြေးလာရသည်..။
မဟုတ်ရင် လက်ထဲက သတင်းစာ အဟောင်းကို ကျစ်အောင်လိပ်နေတာက ဆန်နီ့ကျောပေါ်ကျလာတော့မှာ မလွဲမသွေ...။
.
“ဟလို...”
“ဟုတ်ကဲ့.ပြောပါ...”
လမ်းထိပ် လက်ဖက်ရည်ဆိုင် ဘောလုံးပွဲကြည့်နေချိန် ၀င်လာတဲ့ ဖုန်းကြောင့် စိတ်ပျက်လက်ပျက် အ၀ ထွက်လာပြီး ကိုင်လိုက်တာ ကောင်မလေး အသံ..။
ဒီအချိန်ကြီး ကောင်မလေး တစ်ယောက် ဖုန်းဆက်ရလောက်အောင် ...ပတ်သက်ထားသူလည်း မရှိပါဘူး.
“ဟလို..”
‘ပြောလေ..ကြားပါတယ်..”
“ဟို..ဟို....နေမျိုးလား..”
“ဟမ်...မဟုတ်ဘူး..”
ဆန်နီ စိတ်ပျက်စွာဆောင့်အော်လိုက်ပြီး ဖုန်းချပစ်လိုက်သည်..။
“ကျစ်...စိတ်ဆင်းရဲတာ..ဖုန်းပိတ်ထားသင့်တာ..”
“ဟေ့ရောင်..နိုင်ကို..ဟိုဘက်ကြွ..ဒါ ငါ့နေရာ..”
ပြောလိုက်မှ စပ်ဖြဲဖြဲ ရုပ်နဲ့ ထပြီး ဖယ်ပေးသည့် နိုင်ကို ကို ဘုကြည့်ကြည့်ခါ တီဗီဆီ အကြည့်ရွေ့လိုက်ရသည်..။
“သောက်ရေးထဲ ဖုန်းမှားတဲ့လူနဲ့.. ခုံလုမဲ့ကောင်နဲ့...ဘာတွေမှန်းကို မသိဘူး.”
‘ကျစ်..”
“ဆောရီး..”
ဘေးကတစ်ယောက်က ကျစ်သပ်လိုက်မှ ဆန်နီ ပါးစပ်ပိတ်ပြီး လီဗာပူးပွဲဆီ အကြည့်ပြန်ရောက်ရတော့သည်..။
.
“မို့..”
‘လာမယ်..”
မို့ ဖုန်းကို ဆုပ်ကိုင်ရင်း ဝဲတက်လာသည့် မျက်ရည်တွေကို လက်ခုံနဲ့ သုတ်ပစ်လိုက်သည်.။
သူ့ကို သတိရလို့ သူ့ အသံလေးကြားချင်လို့ ဖုန်းကဒ် အသစ်၀ယ်ပြီး ခေါ်ကြည့်တာ..
အသံတော့ ကြားရပါသည်..
“ဟွန့်..မြတ်တို့ဆို ကောင်းကောင်းပြောပြီး မို့ ဆို အော်ဖို့ချည်းပဲ..အဟင့်..”
တွေးမိတော့ ၀မ်းနည်းမှုက ပိုတိုးလာပြန်ပြီ...။
“မို့..”
“ဟင်.”
အနားကပ်လာသည့် နေမျိုးကြောင့် မို့ စိတ်ညစ်သွားရပြီး ထိုင်နေတဲ့ ခုံက ထလိုက်တော့ လက်ကို ဆွဲထားသည်..။
“ကိုယ့် ကို အဖြေပေးပါ မို့ရယ်..”
“မို့ပြောပြီးသား..မို့ မချစ်ပါဘူးဆို..”
“အကြောင်းပြချက်ကဘာလည်း..’
“မို့မှာ ချစ်ရတဲ့သူ ရှိတယ်..”
“စည်သူလား..”
“မဟုတ်ဘူး..”
“ဘာပဲဖြစ်ဖြစ် ကိုယ် လက်မလျော့ဘူး...မို့ အချစ်ကို ရဖို့ ကိုယ် အမြဲကြိုးစားနေမယ်..”
နူးညံ့သိမ်မွေ့သိတက်လွန်းသည့် သူ့ကို မချစ်ပဲ ဘာလို့ ဒီလူဝံ ကြီးကိုမှ သွားချစ်မိတာလည်း..
မို့ မျက်လုံးတွေတော့ ဖြုတ်ရေဆေးသင့်နေပါပြီ..။
.
“ဟယ်...မာမီလည်း မသိရပါလား..”
“ဟွန့်..ဟွန့်..စလာပြီ..မာမီကလည်း သွားခါနီးတိုင်း ဒီလိုပဲ..”
နှုတ်ခမ်းစူ ခြေဆောင့်နေတဲ့ မို့ ကို မာမီက ကြည့်ရင်း သက်ပြင်းချခါ..
“ဘယ်သူတွေ ပါသေးလည်း..”
“ရီလေး..စီစီ မြတ်သူ..”
“ဒါပဲလား..”
“အွန့်..”
“သေချာလား..”
မာမီရဲ့ ထပ်ဆင့် အမေးကြောင့်. မို့ တွေးလိုက်မိရင်း ခေါင်းရမ်းခါ..
“သေချာဘူး..စီစီ ဘဲ ပါသေးတယ်..”
“တွေ့လား..”
“မာမီကလည်း အရင်ကလည်း သူတို့ပါနေကျပါ..”
“မနှစ်ကလို နိုက်ပါတီမှာ မကဲရဘူးနော်..”
“ဟုတ်..”
“ရေကူးရင်လည်း အကြာကြီး..”
“ရပြီ..ရပြီ...ဟိုရောက်တာနဲ့ ဗီဒီယိုကော ခေါ်ထားမယ်..မာမီ ကြည့်ပြီးတော့ပဲပြော..”
“ဟွန့် ပြောတာပဲ...ဟိုရောက်တာနဲ့ အကုန်မေ့တာ..”
“အာ့ကြောင့် အကြီးကြီးချစ်တာ..”
မို့ လိုချင်တာရသွားပြီမို့ မာမီ့ ပါးလေးကို နမ်းပြီး ဖက်ထားလိုက်သည်..။
“ဒယ်ဒီ နဲ့ မာမီ ဘယ်သူ့ ပိုချစ်လည်း..”
“မာမီပေါ့..”
“အေး..ဟုတ်ပြီ..ဒီမှာ ရီကော့လုပ်ထားတယ်..”
“အား..မာမီ ညစ်တာ...”
မာမီက လက်ထဲက ဖုန်းကို ထောင်ပြပြီး အခန်းထဲ ၀င်သွားတော့ မို့ ခြေဆောင့်ရင်း ကျန်ခဲ့ရသည်..။
“နင်တို့ကားရော..”
“ဟဲ့..တိုးတိုးပြောစမ်းပါ..ငါတို့မှာ ကိုယ်ပိုင်ကားမှ မရှိတာ..မြတ် ကား ကပ်စီးနေရတာလေ..”
“ဒါဆို မြတ်ကော..”
“လာလိမ့်မယ်..စောစောက ဖုန်းဆက်တော့ လမ်းရောက်နေပြီတဲ့..ခုထိ မရောက်သေးဘူး..”
“ငါ့ကား ယူသွားရင် ကောင်းမလား..”
“နင့်ကားယူသွား ငါမောင်းမယ်လေ...”
စီစီ က လက်ညိုးထောင်ပြီး ပြောတော့ မို့ နှုတ်ခမ်းတွန့်ပြီး ခေါင်းရမ်းလိုက်ရင်း..
“ဒီ တစ်ခါ လယ်ကွင်း မဟုတ်ဘူး..ချောက်ထဲရောက်မှ..”
“ဟယ်..သူ့ကားကို တစ်ခါလေး မောင်းမိပြီး လယ်ထဲရောက်တာကို မပြီးတော့ဘူး..တော်တော် ကပ်စေးနှဲတဲ့မို့..”
“ဟုတ်ပါဘူးဟာ..ဒါလေးက ငါ့ အသည်းကျော်လေးမို့ပါ...”
“တီ..တီ...”
“ဟော..လာပြီထင်တယ်..”
မို့ ကျောပိုးအိတ်အသေးလေးကို ကောက်လွယ်ပြီး ခြံ၀ကို ပြေးထွက်လာခဲ့လိုက်သည်..။
“ဟင်...နေမျိုး...”
“တိတ်တိတ်ကလေး သွားကဲဖို့ကြံစည်နေကြတာမလား..ဘယ်ရလိမ့်မလည်း..”“ဟင်..မောင်လည်း ပါတာလား..”
စီစီရဲ့ ရည်းစားကလည်း နေမျိုး ကားပေါ်မှာ ပါသလို ရီလေးကို လိုက်နေသည့် ကောင်တစ်ကောင်လည်းပါလာသေးသည်..။
“နင်တို့ဘာလို့သွားပြောလည်း..”
“ပြောဘူး..”
မို့ နောက်လှည့်ပြီး မျက်စောင်းထိုး ပြောလိုက်တော့ စီစီ က လက်ကာရင်း ငြင်းသည်..။
“ဒါဆို..စီစီ နဲ့ ရီလေး နေမျိုးကားနဲ့ လိုက်သွားလေ...ငါ မြတ်ကားနဲ့ လိုက်ခဲ့မယ်..”
“ဟာ...အကုန်ကန်ချမှာ...ကိုယ်က မို့ နဲ့ သွားချင်လို့ လိုက်တာနော်..”
“မဖြစ်ဘူး..မြတ် တစ်ယောက်တည်းရယ်..ဒီကားက alphard ဆိုတော့ လူကာတယ်..’
“ဟူး...ဆွေးပြီ...တက်...မြန်မြန်..”
နေမျိုးအော်လိုက်တော့ စီစီ နဲ့ ရီလေး က အလျှိုလျှို တက်သွားပြီး လက်ပြ နှုတ်ဆက်သည်..။
“သွားနှင့် လှိုင်သာယာ အကျော်မှာစောင့်နေ..”
“အင်း..မြတ်ဆီ ဖုန်းဆက် ကြည့်အုံး..”
“အွင်း...ဘိုင်...”
မို့ ကျောပိုးအိတ်ကလေးကို လက်မချိတ်ဆွဲရင်း လမ်းဘက်က ၀င်လာမဲ့ မြတ်ရဲ့ကားကို ခေါင်းစောင်းကြည့်နေလိုက်သည်..။
“ဟ...လာပြီ..လာပြီ...ဘိုင်....မစ္စတာအေ့ပ် “
ခြံအ၀မှာ အလှစိုက်ထားသည့် အပင်ကို တာ့တာ ပြရင်း လမ်းမထွက်ပြီး ရပ်လိုက်သည်..။
“ဟွင့်...ဘယ်လိုဖြစ်တာလည်း..မို့ရဲ့..အပြင်တောင် ရပ်စောင့်နေပါလား..”
“မြတ်က နောက်ကျတာကိုး..ကိုကိုအေပ်က ဘယ်ကားမှာလည်း..”
“ဟိ..သိဝူးကွ...မြတ်ကား ကိုတော့ ကိုဆန်နီ မောင်းမှာလေ...’
“ဟင်..”
မို့ ကြောက်လန့်တကြား ငုံ့ကြည့်လိုက်တော့ ကားမောင်းသူ နေရာမှာ အခန့်သား..
အိုး..ရှက်ဖို့ကောင်းလိုက်တာ...။
“တက်လေ...”
“အွင်း..”
နောက်ခန်း တံခါးကို ဖွင့်ပြီး ၀င်ထိုင်လိုက်တော့ နောက်ကြည့်မှန် က တစ်ဆင့် မျက်လုံးချင်းဆုံသွားပြီး .မို့ နှလုံးခုန်နှုန်းတွေ စည်းချက် မမှန် ဖြစ်ရသည်..။
“ကားလမ်းတွေကြပ်တယ်နော်..”
“အင်း..ဒီနား အဆိုးဆုံးပဲ..”
“မို့သာဆို ဒီနားမှာ အိမ်တွေဖြို လမ်းတွေ အများကြီး လုပ်ပစ်လိုက်မှာပဲ..”
“ဟား..ဟား..ဒီလိုသာဆို အလုပ်ပြုတ်လိမ့်မယ်..”
“ဟုတ်တယ်...မို့ရဲ့...”
မို့ ရဲ့ စကားက ကလေးဆန်သလိုမျိုး သူက အော်ရယ်လို့ မကျေနပ်ရတဲ့ကြားထဲ မြတ်ကပါ ထောက်ခံတော့ စိတ်ဆိုးချင်သည်..။
“If only you saw what I can see
You'll understand why I want you so desperately🎶
Right now I'm looking at you and I can't believe
You don't know oh oh🎶
You don't know you're beautiful oh oh🎶
You don't know you're beautiful oh oh
That's what makes you beautiful🎶..”
သီချင်းသံထ ထွက်လာချိန် ဆန်နီ မှန်ထဲက ကြည့်လိုက်တော့ သူ လွယ်ထားတဲ့ အိတ်ကို လှည့်ပတ်ဖြုတ်သည်..။
တော်သေးတာပေါ့ ဝါးဟားဟား ဆိုတဲ့ ရယ်သံကြီး ထွက်မလာတာ ကံကောင်းတာပဲ...။
“ဟလို...”
“အင်း ရောက်သေးဘူး..ဘယ်နားလည်း မသိဘူး..”
မို့ သူ့ကို မှန်ထဲက ကြည့်ရင်း မေးသလို ဖုန်းပြန်ဖြေ လိုက်ပေမဲ့ သူကတော့ မကြည့်...
“တံတားလား..ဟအေး..မကျော်သေးဘူး..အင်း.. စောင့်လေ..”
“ဘာဖြစ်လို့လည်း မို့..”
မို့ ဖုန်းချလိုက်ပြီး အိတ်ထဲ ပြန်ထည့်ခါ..
“သူတို့ လှိုင်သာယာကျော်ပြီတဲ့..”
“မြန်လိုက်တာ..ထွက်တာစောလို့ဖြစ်မယ်..’
“နေမျိုးက ကားမောင်း၇င် အရူးလို မောင်းတာကိုး..”
မို့ မကျေမနပ်နဲ့ နှုတ်ခမ်းစူပြီး ပြောလိုက်တော့ မြတ်က အော်ရယ်နေပေမဲ့ သူကတော့ စိတ်မ၀င်စားသလို ကားကိုသာ ဂရုစိုက်မောင်းနေသည်..။
“ဒါနဲ့ နေမျိုးကို ဘယ်သူ ခေါ် လိုက်တာလည်း..”
“သိဘူး..”
“မို့ကြောင့်လိုက်လာတာ ဖြစ်မယ်..”
“ဟာ..”
မြတ်ပြောလိုက်တာ သူ ရိပ်မိသွားမလားစိုးရိမ်ပြီး နှုတ်ခမ်းကိုက်လိုက်ပေမဲ့ မြတ်ကတော့ ဘာမှ မသိ..။
“ဟော...ဟိုမှာ...သောက်စားတောင် နေပြီ..”
ကားလမ်းဘေးထိုးပြီး ကော်ဖီခွက် ကိုယ်စီဖြင့် လမ်းမဘေးမှာ လေညှင်းခံနေကြသည်..။
“ဟေး..မြတ်ကြာတာကွာ..”
“ဆောဒီးပါ...အိမ်မပိုင်လို့ ကြာသွားတယ်..”
‘ဟား..ဟား..”
နေမျိုးက ကားဆီလျှောက်လာပြီး မို့ ဘက်ကားတံခါးနားရပ်တော့ သူက ရှေ့ကနေ ကားမှန်ချလိုက်လို့ မှန်ကျသွားသည်..။
“ဘယ်လိုလည်း...ကိုယ်တို့ ကားကို လာမလား..ကိုယ်လာရမလား..”
“မို့ ဒီမှာ အဆင်ပြေတယ်..”
နေမျိုးက ကားတံခါးဘောင်ပေါ် လက်တင်ပြီး ရှေ့တိုးခါ..
“ကိုယ် အဆင်မပြေဘူး..”
“ဆောရီး..အဆင်မပြေလည်း....မို့...အိမ်ပဲ ပြန်တော့မယ်..”
မို့ မျက်နှာတည်ပြောလိုက်တော့မှ ပျာပျာသလဲပုံစံဖြင့် နေမျိုး က နောက်ဆုတ်သွားခါ
“ဟာ...စတာကိုကွာ....ကိုယ်ကမို့ ပျင်းနေမှာစိုးလို့ပါ....ဒါရိုင်ဘာလည်း ပါတာလား...အဆင်ပြေတာပေါ့..ဖြည်းဖြည်းပဲ သွားကြတာပေါ့..”
“အင်း..”
“ဆရာ..သိပ်မကွာနဲ့နော်..”
“ဟုတ်ကဲ့..”
သူတို့ အုပ်စုလိုက် ကားပေါ် ပြန်ရောက်သွားတော့မှ ဒီဘက်ကားက စက်နှိုးတော့သည်..။
“မို့ရေ...အဆင်ပြေရဲ့လား..”
“အင်..”
သူ က ရှေ့ခလုတ်ကို နှိပ်ပြီး ကားမှန်တင်လိုက်တော့ မို့ ခေါင်းရမ်းရင်း..
“မှန်ပြန်ချပါ..”
“ဒီနား လမ်းမကောင်းဘူးညီမ...ဖုန်၀င်လိမ့်မယ်..”
ငိုချင်နေတဲ့ စိတ်က သူ့စကားသံကြောင့် ပိုငိုချင်လာသည်..။
“ဟုတ်..”
“မုန့်စားမလား..မို့..”
မြတ်က ရှေ့ခန်းက မုန့်ထုတ်လှမ်းပေးတော့ မို့ယူလိုက်ပြီး ဘေးချထားလိုက်သည်..။
“ကိုဆန်နီ တို့ အဲ့မှာနေတာကြာပြီလား..”
“ကြာပြီ မွေးကတည်းကပါပဲ..”
“ဒီဘက်ပိုင်း ဘာလို့ ပြောင်းမလာလည်း..”
“ကိုယ့် အမေက စျေးမှာ ကုန်စိမ်းရောင်းတယ်..”
‘သြော်..ဒါကြောင့်ကိုး...မြတ့် ဦးလေး လည်း အဲဒီမှာ နေတယ်.”
ရင်းရင်းနှီးနှီး ပြောနေရုံမက မြတ် က သူ့ကိုယ်သူ မြတ်လို့ ထည့်ပြောတာ မို့ စိတ်ထဲ လှုပ်ခတ်သွားရသည်..။
“အားရင် အိမ်လာလည်လို့ရလား..”
“ဟား..ဟား..လာပါ..ရတယ်...မြတ်တွေ့တဲ့ အတိုင်းပဲ ကိုတို့ အိမ်က လူမှုရေးတော့ သိပ်မကောင်းဘူး..”
“အဟွင်း..အမေ က သဘောကောင်းပါတယ်..ချဉ်ဖက်လုပ်နည်းကို ပညာ မလျှိုပဲ သင်ပေးတယ်...”
“ဟုတ်တယ်...ဘာစိတ်ကူးပေါက်နေလို့လည်း မသိဘူး..”
“ဟီး..မြတ်ကိုတွေ့တော့ သားလေးတဲ့လေ...”
“ဟား..ဟား..အမေကတော့ ပါဝါတိုးရတော့မယ်..”
မြတ်ကသူ့အိမ်တောင်လိုက်သွားတာလား.. အဲဒါကြောင့်နောက်ကျနေတာပဲကိုး..
မို့က သူ့ဘေးမှာ ထိုင်ချင်တာကို မြတ်က ဘာလို့ မသိချင်ယောင်ဆောင်နေတာလည်း..
သူတို့များအရမ်းရင်းနှီးသွားပြီလား.. မို့မော့ကြည့်မိသည်..။
သူက ရယ်မောရင်း မြတ်ဘက်ကို လှည့်ပြီး စကားပြောလိုက် အရှေ့ကို ပြန်ကြည့် ကားကို အာရုံစိုက်လိုက်လုပ်နေသည်..။
သူနောက်တည့်တည့်မှာ ထိုင်နေတဲ့
မို့ ကတော့ သူ့ကို နောက်ကြည့်မှန်က တစ်ဆင့် ကြည့်နေတာ မျက်ခုံးနဲ့ မျက်တောင်ရှည်တွေ ကာရံထားတဲ့ မျက်လုံးအရောင်တောက်တောက် ကိုပဲ တွေ့ရသည်။
အကြည့်ချင်းလည်း မဆုံ..မို့ကို ရှိသည်တောင် ထင်ရဲ့လား မသိ...။
“အကို..မုန့်စားပါလား..”
“ရတယ်..မြတ်...ကိုယ် မဆာဘူး..”
“အားနာနဲ့နော်..”
“ဟား..ဟား..ကိုယ် က အားမနာတက်ဘူး..”
မို့ စိတ်တွေ ပင်ပန်းလွန်းလာလို့ မျက်လုံးမှိတ်ရင်း နေရာပါရွေ့နေလိုက်သည်..။
“ဟူး..”
ဆန်နီ မှန်က တစ်ဆင့် နေရာရွေ့သွားတာတွေ့တော့မှ သက်ပြင်းချနိုင်သည်..။
ဒီကောင်မလေး...ဒီလောက် ဆိုက်ကြည့်နေမှတော့ ကားနောက်ကြည့်မှန်တောင် မသုံးရဲလောက်အောင် လူက ကြောင်တောင်တောင်ဖြစ်နေရသည်..။
ဘာတွေ ဒီလောက်တောင်ကြည့်စရာဖြစ်နေလို့လည်း...။
မလုံမလဲ ဖြစ်ခါ ရင်တွေခုန်ရသည်..။
သူသိတဲ့ သဌေးသားတွေထက်များ ပိုချောနေလို့လား..
ကိုယ့်ကိုယ်ကို မိုးပေါ်မြှောက်တွေးရင်း ပြုံးလိုက်မိသည်..။☆━━━━━━━━━━━━━━━☆
🙈
ဖတ်မကောင်းရင် ခွင့်လွှတ်ပါ 🙏
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ
YOU ARE READING
နန်းထိုက်ပန်းမို့
Romance"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွေ့တော့ ကားမပါလို့များလား တွေးမိပြီး ရပ်မေးလိုက်ဖို့ စီစဉ်ထားပေမဲ့ အနားရောက်မှ ခြေထောက်က အလန့်တကြား အ...